ရွှေကြက်ဖ
Vol. 7 Ch. 105
ယွီယွီ။
ဖီးနစ်၏နာမည်ဖြစ်မည်။ ချစ်စရာကောင်းသည်။ သူ့စကားသံအရ အရွယ်ရောက်သေးဟန်မတူ။ သို့သော် စွမ်းရည်က မနိမ့်လှ။ သူ့သခင်မလိုပင်ဖြစ်သည်။
ထိုအတွေး ဖုန်ချင်အန်းခေါင်းထဲဝင်လာသည်။ ထို့နောက် အဝတ်ပြန်ဝတ်၍ တုန်ဟွမ်းနောက်သို့ လိုက်သွားသည်။ ထိုကြက်ဖ ညာဉ့်နက်သန်းကောင် ဘာကြောင့်အော်၍ အနှောက်အယှက်ပေးနေသည်ကို သူလည်းသိလိုသည်။ အနိုင်ပွဲကိ ချဲ့ထွင်ရန် အသင့်ပြင်ထားသည်။
ခြံထဲသို့ဆင်းလာချိန်တွင် ကြက်ဖ၏အမောက်က မီးနီရောင်တောက်ပနေသည်ကို မြင်လိုက်ရသည်။ အမွှေးအတောင်များ ထေင်ထနေသည်။ နောက်ဘက်တွင်ကွေးကျနေသည့် အမြီးများပင် ဖွာထွက်၍ ကော့တက်သည်။ နည်းနည်းအသွင်ဆန်းနေသည်။
သို့သော် ထိုကြက်ဒေါသထွက်နေသည့်အရာကို ဖုန်ချင်အန်းမြင်လိုက်ချိန်တွင် အော်ရယ်မိမတတ်ဖြစ်သွားသည်။ ထိုကြက်ဖနှင့်မျက်နှာချင်းဆိုင်တွင် လက်တစ်ဆုပ်အရွယ် ငရဲဖီးနစ်ရှိနေသည်။
ရဲတင်းလွန်းလျသည်။
ထိုကြက်ဖသည် သတ္တိကောင်းလွန်းသည်။ မသေမျိုးငရဲဖီးနစ်ကို တိုက်ခိုက်မည့်အမူအရာပြရဲသည်။ ထိုနှစ်ကောင်ကြား ကွာဟချက်က နှစ်ကမ္ဘာလောက်ခြားနေသည်။
“တုဟွမ်သခင်မ၊ ဒီကြက်က မူမမှန်ဘူး။ တစ်ခုခုတော့ တစ်ခုခုပဲ”
ဖီးနစ်က တောင်ပံတဖျတ်ဖျတ်ခတ်၍ ပျံသန်းလာပြီး တုန်ဟွမ်းပုခုံးပေါ်တွင်နား၍ ပြောသည်။ လေသံနည်းနည်းတင်းနေသည်။
“ဘာမူမမှန်တာလဲ”
တုန်ဟွမ်း ပြန်မေးသည်။ ဖုန်ချင်အန်းလည်း သိချင်သည်။
ဖီးနစ်ပြန်မဖြေရသေးမီ ကြောက်လန့်နေခဲ့သည့် ကြက်ဖက နှုတ်သီးကိုဟလျက် တွန်သံပေးလိုက်သည်။ မီးတောက်အလင်းတန်းတစ်ခု ညအမှောင်ထဲသို့ ထိုးထွက်လာပြီး မြေပေါ်ကျသွားသည်။ အပြာရောင်အုတ်ခင်းပေါ်တွင် ရေဇလုံအရွယ် တွင်းခွက်တစ်ခု ဖြစ်လာသည်။
ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ အုတ်ခင်းပျော့ကျသွားသည် တွင်းခွက်ထဲတွင် မီးတောက်များပြည့်နေဆဲ ဖြစ်သည်။
“အကဲဖြတ်မယ်”
(မျိုးနွယ် - နွေဦးအာရုဏ်ဘရိုကိတ်ကြက်)
(ဗီဇ - မီး၊ ယန်၊ အိမ်မွေး)
(စွမ်းရည် - ဂျင်နရယ်၊ အခြေခံအဆင့်)
(တိုက်ခိုက်စွမ်းအား - ဝိညာဉ်နိုးထခြင်း၊ အလတ်တန်းအဆင့်)
အကဲဖြတ်ရလာဒ်ထွက်လာသည်။ ထိုကြက်ပြောင်းလဲသွားသည်မျှာ သေချာသည်။ သာမန်ကြက်မဟုတ်တော့။ တောင်နက်လည်း မီးတောက်အလင်းမှုတ်ထုတ်သည်ကို မြင်ဖူးသည်။ ထိုအလင်းသည့် နေအလင်းမှ စုစည်းထားသည့် မီးတောက်ဖြစ်သည်။
ထိုကြက်မှုတ်ထုတ်သည့် မီးတောက်က အားနည်းသော်လည်း စွမ်းအင်ပုံစံချင်း အတော်တူသည်။ ပြင်းထန်သည့်စွမ်းအင်ကိုလက်ခံနိုင်သည်။ တိုက်ခိုက်ဖို့ပင် အသုံးပြုနိုင်သည်။ ထို့အချက်ကြောင့် ဤကြက်သည့် ဤကမ္ဘာမှ နတ်ဆိုးသရဲဝိညာဉ် ကိုးဆယ့်ကိုးရာနှုန်းထက် သာလွန်နေကြောင်း သိနိုင်သည်။
“ရွှေကျီးကန်းသွေးဆက်ပဲ”
ခပ်တင်းတင်းစိုက်ကြည့်နေသည့်ဖီးနစ် ရေရွတ်လိုက်သည်။ ပျော်ရွှင်ကျေနပ်သည့်အသွင်သို့ ချက်ချင်းပြောင်းသွားသည်။ သူ့အသိဗဟုသုတ ကျယ်ပြန့်ပုံကို ကြွားလုံးထုတ်နေသည့်သဘောလည်း ဖြစ်သည်။
“အရမ်းအားနည်းနေတာ စိတ်မကောင်းစရာပဲ။ ငါသာလှုံ့ဆော်မပေးခဲ့ရင် သူနိုးထလာမှာမဟုတ်ဘူး”
“မင်းက ဘယ်လိုလှုံ့ဆော်လိုက်တာလဲ”
တုန်ဟွမ်းက တိုက်ခိုက်ရန်ပြင်နေသည့်ကြက်ကိုကြည့်ရင်း စိတ်ပူနေဟန်ဖြင့် မေးလိုက်သည်။
တိုက်ခိုက်ရန်ပြင်နေသည့် ကြက်ဖက အမြီးများပင် တုန်ရင်နေသည်။ ဘယ်လောက်အနိုင်ကျင့်ခံလိုက်မှန်မသိ။ ယခု အသေအကြေတိုက်ခိုက်ရန်ပြင်နေသည်။
“ဘာမှသိပ်မလုပ်လိုက်ပါဘူး။ ငါ့မီးတောက်လေးနဲ့ စနောက်လိုက်တာပါ။သူချက်ချင်း နိုးထလာတာပဲ”
ဖီးနစ်က ခပ်အေးအေးလေသံဖြင့် လှည့်ကြည့်၍ ပြောလိုက်သည်။
ဖီးနစ်မီးတောက်။
အမှောင်နယ်မြေသို့ကျခဲ့သည့် ငရဲဇီနစ်တစ်ကောင်ဖြစ်သော်လည်း သူ့မီးတောက်သည် ကြက်တစ်ကောင်ခုခံနိုင်သည့် စွမ်းအားမျိုးမဟုတ်။ သေမင်းဖြစ်သည်။ ထိမိသည်နှင့် ပြာကျသွားမည်။
ဘရိုကိတ်ကြက်သည် သူ့အသက်အတွက် ပြင်းထန်သည့် ခြိမ်းခြောက်မှုကြောင့် သူ့အတားအဆီးကို သူ့ဘာသာကျော်ဖြတ်၍ ပုးန်ကွယ်နေသည့်သွေးဆက် နိုးထလာခြင်းဖြစ်သည်။ သို့သော် ဖီးနစ်က ကစားစရာအရုပ်တစ်ခုဟုသာ မြ်ငသည်။
“ငါ့သွန်သင်ဆုံးမတဲ့နည်းလမ်းတွေက သိပ်မသင့်တော်ဘူး။ ယွီယွီကို ငါအရမ်းအလိုလိုက်ခဲ့မိတယ်”
အခြေအနေကို နားလည်သဖြင့် တုန်ဟွမ်းက ဖုန်ချင်အန်းကို လှည့်ကြည့်၍ တောင်းပန်သည်။
“ရပါတယ်။ ပျော်စရာကစားပွဲတစ်ခုပဲလေ။ ဒီကြက်ဖက တကယ်ကံထူးတဲ့ကောင်ပဲ”
ဖုန်ချင်အန်း လက်ဝှေ့ယမ်းပြသည်။ ငရဲဖီးနစ်ကြောင့် ထိုကြက်ဖအသွင်ပြောင်းသွားခြင်းဖြစ်ကြောင်း သူသိသည်။ ဖီးနစ်၏ ရည်ရွယ်ချက်ကလည်း စနောက်ခြင်းဖြစ်သည်။
အစကတည်းက ထိုကြက်ကို အန္တရာယ်ပေးရန် ဖီးနစ်စိတ်မကူးခဲ့။ မဟုတ်လျှင် ယခုအချိန် ထိုကြက်၏အရိုးပြာကိုသာ မြင်ရပေတော့မည်။ ဘာမှကျန်ခဲ့မည်မဟုတ်။
“သခင်မ၊ ကြားတယ်နော်။ သခင်မရဲ့...”
သူ့စကား ရုတ်တရက်ရပ်သွားသည်။ သခင်မ၏လက်က သူ့ကိုဖျစ်ညှစ်လိုက်သောကြောင့်ဖြစ်သည်။ စကားဆက်မပြောနိုင်တော့။ ဆက်ပြောမည့်စကားများကို ပြန်မျိုသိပ်လိုက်ရသည်။
တုန်ဟွမ်းက ဖုန်ချင်အန်းကို လှည့်ကြည့်သည်။
“ဒီနေ့ နှောက်ယှက်မိတာအတွက် ဆောရီးပါ။ နောက်သုံးလေးရက်ကြာမှ လာလည်တော့မယ်။ ယွီယွီဆိုးခဲ့တာကိ တောင်းပန်တဲ့အနေတဲ့ နောက်ထပ်လက်ဆောင်တစ်ခု ယူလာပါ့မယ်။ အဲဒါလည်း မင်းလိုအပ်တဲ့ပစ္စည်းဖြစ်မှာပါ”
ထို့နောက် ခြံထဲမှထွက်သွားသည်။ သူ့ကျောပြင်ကိုကြည့်၍ ဖုန်ချင်အန်း ငြိမ်ကြည့်နေသည်။ ဆက်နေရန် သူမပြော။
“ငါဘာလိုအပ်ပြန်ပြီလဲ။ ငါ့မှာ ရတနာတွေ အဲလောက်လိုအပ်နေတာလား”
စိတိ်ထဲကျိတ်တွေးမိသည်။ သို့သော် တုန်ဟွမ်းကို သူယုံကြည်သည်။ ယခုတစ်ကြိမ် သူလိုအပ်သည့် လိုချင်သည့် ရတနာကိုပေးသွားသည်။
သို့သော် ထိုရတနာမှလွဲ၍ တစ်ခြားဘာလိုအပ်သည်ကို သူစဉ်းစားမရ။ ကျင့်စဉ်နည်းလမ်းဖြစ်နိုင်သည်။ သို့သော် နိုင်ငံသခင်မအတွက် ကျင့်ကြံနည်းသည် တန်ဖိုးကြီးရတနာမဟုတ်။
အတွေးများစွာ သူ့ခေါင်းထဲဝင်လာသည်။ တုန်ဟွမ်ပြောသွားသည့် အထူးလက်ဆောင်ကို သူသိချင်မိသည်။ တုန်ဟွမ်းသည် စွမ်းအားကြီး၍ အဆင့်အတန်းမြင့်မားသည်။ ယူလာသည့်လက်ဆောင်လည်း သာမန်မဖြစ်နိုင်။
နည်းနည်းအားနာမိသော်လည်း အဖိုးဖြတ်မရသည့်ရတနာကို မယူပဲမနေနိုင်။ ထိုမျှကောင်းမွန်သည့်လက်ဆောင်ကို သူမငြင်းနိုင်ပေ။
“ခွေးသူတောင်းစား”
ထို့နောက် ဆောင့်ကြောင့်ထိုင်၍ ခုနကနှင့်ပုံစံနှင့် လုံးဝမတူတော့သည့် ငါးရောင်ခြယ်ကြက်ဖကို သူကြည့်လိုက်သည်။
အရွယ်အစား သိပ်ကြီးမလာ။ သိ့သော် အမွေးအတောင်များ ပို၍အရောင်လက်လာသည်။ အထူးသဖြင့် ဦးခေါင်းထိပ်မှ အမောက်ဖြစ်သည်။ မီးတောက်လို နီရဲနေသည်။ မျက်လုံးထဲတွင်လည်း တဖျတ်ဖျတ်တောက်နေသည့် မီးပွားတစ်ခုရှိသည်။
“ရပါပြီကွ၊ သူတို့ထွက်သွားပါပြီ။ မင်းဘာလို့အဲလောက်ဂဏာမငြိမ်ဖြစ်နေတာလဲ။ စိတ်အေးအေးထားပါ”
ကြက်ဖခေါင်းကို သူပုတ်လိုက်သည်။ ထိုကြက်ဖ သာမန်တိရစ္ဆာန်များထက် ကြီးထွားလာမည်ကို သူမစိုးရိမ်ပါ။ တောင်နက်စွမ်းအားကို သူအချိန်မရွေးဆင့်ခေါ်နိုင်သည်။ သူ့ကိုလာစမ်းရဲလျှင် ချက်စားပစ်ရန် ဝန်မလေး။
ဘိုရိုကိတ်ကြက်ဖ နည်းနည်းငြိမ်သွားသည်။ အရင်လို တုံးတုံးအအပုံစံ ပြန်ဖြစ်လာသည်။ သို့သော် ဖုန်ချင်အန်းကို မော့ကြည့်၍ အတွေးနက်နေဟန်ရှိသည်။
“မင်းလုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး”
ကြက်ဖကို စိတ်မဝင်စားဟန်ဖြင့် သူကြည့်နေသည်။ အသက်အန္တရာယ်ဖိအားကြောင့်သာ ထိုကြက် နိုးထလာခြင်းဖြစ်သည်။ ထိုကဲ့သို့ ရုတ်တရက်ပြောင်းလဲပုံမျိုးက သိပ်မကောင်း။
သို့သော် ယနေ့ ထိုကြက်ဖစွမ်းရည်က ပုံမှန်အပြုအမူနှင့် ခွဲထုတ်၍မရနိုင်။ ထိုကြက်သည်။ ခြံထဲမှမထွက်ဘဲ ကြောင်တောင်တောင်ပုံစံမျိုး အမြဲဖမ်းနေသည်။ လက်ရှိသူ့အခြေအနေကြောင့် ထိုသို့လုပ်နေခြင်းလည်းဖြစ်နိုင်သည်။
“ဖျတ် ဖျတ်”
“အော်အစ်အီးအောက်”
ရောင်စုံကြက်ဖက တောင်ပံခတ်၍ တွန်လိုက်သည်။ သို့သော် ကြက်ဘာသာစကားကို ဖုန်ချင်အန်း နားမလည်။ ပြောလိုသည့်အချက်ကိုတော့ သူရိပ်စားမိသည်။ သို့သ်ော ထိုကြက်ကို ဂရုစိုက်ပေးရန် သူစိတ်မဝင်စား။
“ကောင်းကင် မင်းရဲ့အကန့်အသတ်ပဲ။ မြေပြင်က မင်းကစားစရာမြေပဲ။ ဒီခြံဝန်းနံရံတွေက သိပ်မမြင့်ပါဘူး။ မင်းဒီမှာမနေချင်ရင် ပျံထွက်သွာားပေါ့။ နေချင်ရင်လည်း ကောင်းကောင်းနေပါ။ သီးခြားအခွင့်အရေးရဖို့တာ့ မမျှော်လင့်နဲ့။ ဒီခြံထဲမှာရှိရင် မင်းဟာ ငါမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်ပဲ။ မင်းတာဝန်က အချိန်မှန်တွန်ဖို့ပဲ”
ထိုသတ္တဝါကို လေကုန်ခံ၍ သူပြောမနေချင်တော့။ စကားဆုံးသည်နှင့် အခန်းထဲသို့ ပြန်လာခဲ့သည်။ ယနေ့ အဖြစ်အပျက်များစွာ ကြုံလိုက်ရသည်။ တိတ်ဆိတ်ငြိမ်းချမ်းမှုရှာ၍ ပြန်သုံးသပ်ရန် လိုအပ်သည်။
...................
မြေအောက်ဘုံ ဝိညာဉ်ရေစင်စမ်းချောင်း
တုန်ဟွမ်း ငရဲဖီးနစ်နှင့်အတူ ပြန်လာသည်။ ဖီးနစ်က သူ့ဘေးပတ်လည်တွင် ပျံဝဲလျက် စမ်းချောင်းရောက်သည်အထိ မကျေမနပ်အော်ဟစ်နေသည်။
စမ်းချောင်းရေထဲတွင် ခြေထောက်များနှစ်ထားသည့် နန်းကောကို တုန်ဟွမ်းကြည့်လိုက်သည်။
နန်းကောပါးနှစ်ဖက် အနည်းငယ်ဖောင်းနေသည်။ စိတ်ကောက်နေခြင်းဖြစ်သည်။ သူ့ကို ပြန်လွှတ်ခဲ့သည့်အတွက် သူ့အမကို မကျေနပ်။ အတော်စိတ်ဆိုးနေသည်။
“ဖုန်ချင်အန်းက လူသားမျိုးနွယ်ကပါ။ အရွယ်မရောက်သေးဘူး။ အရွယ်မရောက်ခင် မင်းသူ့ကိုပန်းဦးချွေ သူ့အခြေခံပျက်စီးသွားမှာ။ အဲလိုဖြစ်ရင် ငါမင်းကို ခွင့်မလွှတ်ဘူး။
တုန်ဟွမ်းက သူ့ညီမကို မချော့ဘဲ လေသံတင်းတင်းဖြင့် သတိပေးလိုက်သည်။ နန်းကောကလည်း ကျေနပ်ဟန်မပြ။
“ကျွန်မနဲ့ဖုန်ချင်အန်း ဘယ်လောက်ရင်းနှီးလဲ ကျွန်မသူ့ကိုဘယ်လောက်ကောင်းကောင်းဆက်ဆံလဲဆိုတာ အမမသိပါဘူး။ ကျွန်မက ဘာလို့သူ့ကို ဒုက္ခပေးရမှာလဲ”
နန်းကော ဒေါသတကြီး ပြန်အော်သည်။ တုန်ဟွ်း အတော်စိတ်ဆိုးနေပုံရသည်။
ဖုန်ချင်အန်း ဒုက္ခဖြစ်အောင် သူဘာမှမလုပ်။ သူ့ကိုယ်သူ အမြဲထိန်းချုပ်ခဲ့သည်။
“နင်ဘယ်လောက်ရင်းနှီးနိုင်မှာလဲ။ နင်သူ့ကို ဘယ်လောက်ကောင်းကောင်းဆက်ဆံနိုင်မှာလဲ”
တုန်ဟွမ်း အရေးစိုက်ဟန်မရှိ။ ဒေါသထွက်နေသည့် သူ့ညီမသည် သူ့ကိုမခြိမ်းခြောက်နိုင်။ သူ့ပြိုင်ဘက်မဟုတ်။ ညီအမဆက်ဆံရေးကြောင်းသာမဟုတ်လျှင် အစောကတည်းက ကန်ထုတ်ပစ်ပြီး တစ်ကိုယ်တည်းသာယာခံစားမည်သာဖြ်စသည်။
“သူက ကျွန်မသီချင်းဆိုတာကိုသဘောကျတယ်။ ညဘက် သူ့ဆီသွားလည်တိုင်း သူက...”
“ငါသူ့ကို မသေမျိုးကျောက်စိမ်း(မိုးမြေသန္ဓေတံဆိပ်ပြား)တစ်ခု ပေးခဲ့တယ်..”
တုန်ဟွမ်းက လွှမ်းမိုးရိပ်အပြည့်ဖြင့် သူ့ညီမကို စိုက်ကြည့်၍ သူ့လုပ်ခဲ့သည့်လုပ်ရပ်ကို ခပ်အေးအေးပြောလိုက်သည်။
“မသေမျိုကျောက်စိမ်းပြားဟာ သူ့စွမ်းအင်ရောင်ကို ဖုံးထားနိုင်တယ်။ အန္တရာယ်တွေ သူ့ဆီရောက်မလာအောင် ဖုန်းကွယ်ပေးထားနိုင်တယ်။ ငါပေးတဲ့ရတနာကိုရတော့ သူအတော်ကျေနပ်သွားတယ်”
“မသေမျိုးကျောက်စိမ်း”
နန်းကော သူ့အမကို ကြောင်တက်တက်စိုက်ကြည့်နေသည်။ သူနှင့်ဖုန်ချင်အန်း မည်မျှရင်းနှီးကြောင်း ထုတ်ကြွားချင်ခဲ့သည်။ သို့သော်ယခု သူတစ်ခွန်းမှမပြောနိုင်တော့။ သူပြောရန်ပြင်ထားသည့်စကားများက အားနည်းလွန်းနေသည်။
“ကျွန်မ...”
“ငါအခု မီးတောက်နေကြာပန်း သွားရှာတော့မယ်”
တုန်ဟွမ်း စကားဖြတ်၍ ပြောလိုက်ပြန်သည်။
“မီးတောက်နေကြာပန်းကို ဘာအတွက်လိုတာလဲ”
နန်းကောစိတ်များ လေးလံလာသည်။
“ဖုန်ချင်အန်းက မြေအောက်ဘုံကို ရော်ကဖူးတယ်။ သူက လူသားမျိုးနွယ်ပါ။ ယင်ဓာတ်လေပြင်းကို ခုခံနိုင်တဲ့နည်းလမ်းရှိနေရင်တောင် ယင်ချီသက်ရောက်မှုကို အတိုင်းအတာတစ်ခု သူခံရမှာပဲ။ ပြီးတော့ ငါတို့နှစ်ယောက်လုံးက မွေးရာပင်ယင်ဝိညာဉ်တွေ။ အထူးသဖြင့် မင်းပေါ့။ မင်းက သူနဲ့နေ့တိုင်း ဖက်လှဲတကင်းနေတယ်။ ကမ္ဘာမြေကလူသားတစ်ယောက် မင်းနဲ့လက်ပွန်းတတီးနေရင် သူ့ခန္ဓာကိုယ် ဒုက္ခဖြစ်နိုင်တယ်ဆိုတာ မင်းစဉ်းစားဖူးလား”
နန်းကော ပြောစရာစကားမရှိတော့။
“မင်းကြောင့် သူ့ဆီမှာ ကျန်နေခဲ့နိုင်တဲ့ ယင်ဓာတ်တွေကို ရှင်းထုတ်ဖို့ မီးနေကြာပန်းကို ငါသွားရှာမှာ။ သူ့ကိုယ်ထဲက ယင်ဓာတ်အကြွင်းအကျန်တွေကို အဲဒီ့ပန်းပွင့်က ရှင်းပေးနိုင်တယ်”
************************************
“