← Chapters

အဆင့်တက်ခြင်း

Vol. 8 Ch. 106

အဆင့်တက်ခြင်း

Vol. 8 Ch. 106

နန်းကောပါးစပ်အ‌ဟောင်းသားဖြစ်နေသည်။ သူ့အမစကားကြောင့် စိတ်တစ်လုံး ကြေမွသွားသည်။ တုန်ဟွမ်းထက် သူနုနယ်မှန်း၊ အားနည်းမှန်း၊ တုံးအမှန်သိပါသည်။

မီးတောက်နေကြာပန်း။

အမှောင်မြေအောက်‌လောကတွင်ပေါက်သည့် ပန်းမျိုးဖြစ်သည်။ သရဲဘုရင်အများစုအတွက် အန္တရာယ်ရှိသည်။ ထွက်လာသည့်အလင်းနှင့် ထိရုံဖြင့် ဒဏ်ရာအပြင်းအထန်ရနိုင်သည်။

သရဲဘုရင်အဆင့်အောက်မှ သရဲဝိညာဉ်များ မြေအောက်သားရဲများအတွက် ထိုပန်းကိုမြင်ရုံဖြင့်ပင် ဝိညာဉ်ပျောက်ဆုံးသွားနိုင်သည်။

သရဲမသေမျိုးဖြစ်လာနိုင်ခြေရှိသည့် စွမ်းအားအကြီးဆုံးသရဲဘုရင်များသာ ထိုပန်းမျိုးကို ရှာကြသည်။ ပန်းပွင့်မှာထွက်လာသည့် ယန်မီးတောက်သည် သရဲဘုရင်ကိုယ်တွင်း ယင်ချီကိုလှုံ့‌ဆော်၍ ယန်ဓာတ်သို့ ပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်။

သရဲမသေမျိုးအဖြစ် အဆင့်တက်ရာတွင် အသက်ရှင်သန်နိုင်ခြေ မြင့်မားသည်။ သန်းချီသည့်သရဲဝိညာဉ်များကြားတွင် ထူးခြားသည့် သရဲစွမ်းအားရှင် ဖြစ်လာနိုင်ခြေရှိသည်။

ထိုမှော်ဝင်ပန်းသည့် မြေအောက်လောက်ကတွင် မွေးဖွားသည်။

သရဲဝိညာဉ်များ ကြောက်လန့်တကြားရှောင်ရျားကြသော်လည်း စွမ်းအားအကြီးဆုံးဘုရင်များကတော့ အန္တရာယ်ကြားမှပင် မရမကရှာဖွေကြသည်။

နန်းကောလည်း သူ့အမလို့ ဖုန်ချင်အန်းအတွက် နေမီးတောက်ပန်း ရှာပေးချင်သည်။ သို့သော် ရှာနိုင်သည့်အစွမ်းမျိုးမရှိ။ လက်ရှိစွမ်းအားမျိုးနှင့် သွားထိလျှင် ဒဏ်ရာအကြီးအကျယ် ရသွားပေလိမ့်မည်။

“ပြောတာမှတ်ထားပါ။ နောက်ဆုံးစည်းမျဉ်းကို မကျော်နဲ့။ သူ့အခြေခံကို မထိခိုက်စေနဲ့”

တုန်ရွှမ်း ထိုသိုပြောပြီးနောက် ဖီးနစ်က အသွင်စစ်ပြောင်း၍ ကောင်းကင်သို့ ပျံတက်သွားသည်။ တုန်ဟွှမ်းကို သရဲနိုင်ငံသို့ ခေါ်သွားသည်။

ထွက်ခွာသွားသည့် သူ့သန္ဓာန်ကိုကြည့်၍ နန်းကော စမ်းချောင်းဘေးတွေင် ငြိမ်၍ ထိုင်နေသည်။ အရင်လို လူသားကမ္ဘာသို့ အပြေးအလွှား မသွားတော့။

သူ့ဘေးတွင် တိုက်ခတ်နေသည့် ယင်လေပြင်းများ အကြောင်းမရှိဘဲ ရပ်တန့်သွားသည်။ ယင်စွမ်းအင်များ သူ့ဆီ စုစည်းလာသည်။ စွမ်းအင်ဝဲဂယက်တစ်ခု သူ့ဘေးပတ်လည်တွင် ပေါ်လာသည်။ အားနည်းနေသည့် သူ့စွမ်းအင်ရောင် တဖြေးဖြေးမြင့်တက်လာသည်။

“သူ့ကို ဂရုစိုက်ဖို့ မလိုတော့ဘူးလား။ သူက အဆင့်တက်နေပြီ”

ဖီးနစ်၏ အပြစ်ကင်းသည့် အသံစာစာတွင် စိတ်ဝင်စားမှု နာမလည်နိုင်မှုအရိပ်များ ပြည့်နေသည်။

“သူတစ်ယောက်တည်းပစ်ထားလိုက်ပါ”

တုန်ဟွမ်း မူလမျက်နှာထားမျိုး ပြန်ပြင်လိုက်သည်။ သူ့နောက်ဘက်တွင် သူစွမ်းအင်နှင့်တူသည် မွေးရာပါမူလချီစွမ်းအင်များ မြင့်တက်လာသည်ကို သူခံစားမိသည်။ သစ်စေ့တစ်ခု အမြစ်ထွက်ကာ အပင်ပေါက်လာသလို တဖြေးဖြေးကြီးလာခြင်းဖြစ်သည်။

“ဒါဆိုလည်း ကောင်းပြီလေ”

အမကိုယ်တိုင်ပင် ထိုသို့ပြောလျှင် ဖီးနစ် ဘာမှပြောစရာမရှိ။

တုန်ဟွမ်းလည်း ဂရုမစိုက်ချင်၍မဟုတ်။ နန်းကောသည် စွမ်းအင်ရင်းမြစ်ကို တွေ့နေပြီဖြစ်၍ စွမ်းအင်ကို ဆက်ဖိနှိပ်ထားစရာမလိုတော့သောကြောင့် ဖြစ်သည်။

မူလစွမ်းအင်ချို့ယွင်းနေသဖြင့် အဆင့်တက်ရာတွင် အန္တရာယ်ဖြစ်မည်စိုး၍ ဖိနှိပ်ထားခဲ့ခြင်းဖြစ်သည်။ အခု မလိုတော့။

“သိပ်ခံစားလို့ကောင်းတာပဲ”

တုန်ဟွမ်း မျက်လုံးများမှေးစင်း၍ ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသည့်စွမ်းအားကို ခံစားလိုက်သည်။ သိပ်တော့ ထူးထူးခြားခြားမရှိလှ။

မိုင်သုံးဆယ်ခန့် ရောက်ပြီးလျှင် သူ့စွမ်းအား လုံးဝတိုးမလာတာ့။ သို့သော် ထိုအချိန်တိုလေးအတွင်း စွမ်းအားကို အထပ်ထပ်စုစည်း၍ ကျွမ်းကျင်အောင် လေ့ကျင့်ခဲ့သည်။ ယခု အပြောင်းအလဲသေးသေးလေးကို ခံစားမိလာပြီဖြစ်သည်။

မွေးရာပါစွမ်းအင်သန္ဓေချို့ယွင်းမှု ပြောင်းလဲစပြုလာသည်။ တစ်ခါမှ တိုးတက်မလာဖူးသည့် တိုးတက်မှုလေးကို ခဏတဖြုတ်ခံစားရသည်။

တိုးတက်မှုက သေးငယ်လွန်းသဖြင့် သူ့ဘေးမှ ဖီးနစ်ပင် မခံစားမိ။ သို့သော် သူသေချာခံစားမိသည်။

အဆုံးမဲ့အမှောင်ထုထဲမှ အလင်းရောင်ကို မြင်လိုက်ရသလိုပင် ဖြစ်သည်။ ထိုအလင်းရေင်ကို သူဖမ်းဆုပ်နိုင်ရမည်။

သူက ခဏသာ အရသာခံခဲ့ရသည်။ သူ့ညီမလို စိတ်လိုလက်ရ နေချိန်မရခဲ့။ သူ့သာ နန်းကောလို နေခဲ့ရလျှင် အဆင့်တစ်ခု ပြည့်စုံစွာ တက်လှမ်းခဲ့ပြီးဖြစ်မည်။ တစ်ဆင့်ထက်ပင် ပိုမြင့်ကောင်းမြင့်သွားနိုင်သည်။

“ဖုန်ချင်အန်း၊ နင့်ဖြစ်တည်မှုက ငါခံယူချက်နဲ့ တာအိုနှလုံးကို လှုပ်ရှားအောင် လုပ်နိုင်တာပဲ”

ယုဟွမ်နိုင်ငံသခင်မ သက်ပြင်းချ၍ မျက်လုံးမှိတ်လိုက်သည်။ လှုပ်ရှားလာသည့် တာအိုနှလုံးကို ထိန်းလိုက်သည်။ စိတ်လွင့်ပါးစရာအတွေးများကို စုစည်းလိုက်သည်။

(မြေသားရဲဂျင်နရယ် မစ်ရှင်ခွဲ၊ နောက်ထပ် အဆင့်တက်ခြင်း၊ ပြည့်စုံပါပြီ”

(ဆုလာဒ် - ဝိညာဉ်စားအရိုးအသွင်ပြောင်းစွမ်းရည်။ လက်ခံလိုပါသလား”

စနစ်အသံ ထါက်လာသည်။ စဉ်းစားနေချိန်မရှိ။ သူလည်း ကျင့်ကြံမှုအာရုံသို့ ရောက်နေသောကြောင့်ဖြစ်သည်။ ဝိညာဉ်စာချုပ်မှတစ်ဆင့် အေးမြသည့်စွမ်းအင်က စမ်းချောင်းတစ်ခုလို အဆက်မပြတ် စီးဝင်လာသည်။

နန်းကောအဆင့်တက်ရာမှ အကျိုးရလာခြင်းဖြစ်သည်။

တောင်နက်အဆင့်တက်စဉ်ကလို သူ့အသက်ဓာတ်ကို တိုးမြှင့်ပေးသည်မဟုတ်။ ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးခြင်းဖြစ်သည်။ အသွေးအသားခန္ဓာစွမ်းအား တိုးတက်မှုမရှိသလောက်ပင်ဖြစ်သည်။

နန်းကော အဆင့်စတက်သည်နှင့် သူလည်းကျင့်ကြံသည့်အနေအထားသို့ ဝင်‌ရောက်လာသည်။ အော်တို အကျိုးရခြင်းမျိုးမဟုတ်။ သူ့ဝိညာဉ်ကို ထိုမျှရှင်းရှင်းလင်းလင်းတစ်ခါမှ မခံစားခဲ့ဖူး ဝိညာဉ်စွမ်းအားများ ထူးထူးခြားခြား နိုးကြားလာသည်။

ဝိညာဉ်စွမ်းအင်စုစည်းမှု တိုးပွားမှုက အရင်ထက်ပိုမြန်လာသည်။ အစက ယိုင်နဲ့နဲ့ တိုးတက်ပုံမျိုးဖြစ်သည်။ ယခု မြင်းပြေးသလို တိုးတက်ပုံမျိုးဖြစ်သည်။

တစ်ချိန်လုံး စွမ်းအင်ဖိနှိပ်ထားခဲ့သည့်နန်းကော အဘယ်ကြောင့် ယနေ့ညမှ ရုတ်တရက် အဆင့်တက်နေမှန်းမသိ။ စဉ်းလည်းမစဉ်းစားချင်။ နန်းကောထံမှ ရောက်လာသည့် စွမ်းအင်များကိုသာ အာရုံစိုက်၍ သန့်စင်နေသည်။

စွမ်းအင်ကို ကြာမြင့်စွာဖိနှိပ်ထားခဲ့ခြင်းကြောင့်လားမသိ။ အဆင့်တက်ဖြစ်စဉ်က အတော်ကြာသည်။ တိုးတက်နှုန်းက ဖြေးဖြေးမှန်မှန် သွားနေသည်။

ထို့ကြောင့် ဖုန်ချင်အန်း စိတ်ပူစရာသိပ်မလိုတော့။ ကြက်တွန်ချိန်ကျော်၍ မနက်လင်းအားကြီးမှ အဆင့်တက်ဖြစ်စဉ် ပြီးသွားသည်။

“နည်းနည်းထပ်တက်စမ်းပါဦး”

ဖုန်ချင်အန်း မျက်လုံးပွင့်လာသည်။ အားမလိုအားမရဖြစ်သည့်အရိပ်တစ်ချို့ ပေါ်လာသည်။ အဝါရောင်ဝိညာဉ်စွမ်းအင်ရိပ်များ သူ့မျက်လုံးတွင် တောက်ပနေသည်။

ပဥ္စမဝိညာဉ်စာချုပ်တည်ဆောက်ပြီး၍ ဆဋ္ဌမဝိညာဉ်စာချုပ်တည်ဆောက်နိုင်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ မွေးရာပါယင်ဝိညာဉ်၏ ဂုဏ်သတ္တိကြောင့် အဆင့်တက်ချိန်တွင် နန်းကောလည်း သူ့ဝိညာဉ်စွမ်းအားကို ရသွားသည်။

“ဆိုးတာပဲ”

သက်ပြင်းတစ်ချက်ချလိုက်သည်။ ထိုကိစ္စကို အာရုံမစိုက်တော့။ နန်းကော၏လက်ရှိအဆင့်ကို စစ်ဆေးကြည့်လိုက်သည်။

(ဒုတိယဝိညာဉ်စာချုပ် - နန်းကော)

(မျိုးနွယ် - မွေးရာပါယာဉ်ဝိညာဉ်)

(ဗီဇ - ယင်၊ ကောင်းကင်၊ ဝိညာဉ်)

(စွမ်းရည် - မိုနာ့၊ ထိပ်တန်း)

(တိုက်ခိုက်စွမ်းအား - ဂျင်နရယ်၊ ထိပ်တန်း)

ဖုန်ချင်အန်း မျှော်လင့်ထားသလို အဆင့်ကြီးတစ်ဆင့် ကူးပြောင်းသွားခြင်းဖြစ်သည်။ ချက်ချင်းခုန်တက်သွားခြင်းဖြစ်သည်။ တိုက်ခိုက်စွမ်းအား ထိုသို့ခုန်တက်သွားခြင်းမှာ စွမ်းအင်ကို အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

“နန်းကော၊ မင်းဘာဖြစ်သွားတာလဲ။ အဆင်ပြေရဲ့လား”

အခြေအနေကို နားလည်သွားပြီးနောက် သိစိတ်အာရုံမှ နန်းကောကို အကျိုးအကြောင်းမေးသည်။

“ပြေပါတယ်”

အရင်ထက် အတွေးများ ရှင်းလင်းလာသော်လည်း နန်းကော၏စိတ်ကို ဝိညာဉ်စာချုပ်အာရုံဖြင့်ပင် သူမှန်းဆ၍မရ။

ဘာကြောင့် ထိုသို့ပြောင်းလဲသွားသည်ကို သူမသိ။ သို့သော် မနေ့ညက အဖြစ်အပျက်များကြောင့်ဖြစ်မည်ဟု သူခန့်မှန်းမိသည်။

သူ့အမ ယုဟွမ်သခင်မကလည်း တကယ်နိုင်ထက်စီးနင်းဆန်လွန်းသည်။

နန်းကောက ကလေးတစ်ယောက်သာဖြစ်သည်။

“ဒါဆို မင်းဘာလို့...”

သူသွယ်ဝိုက်မေးမြန်းရန် ကြိုးစားသည်။ သို့သော် နန်းကောစိတ်မကြည်မှန်းသိသဖြင့် ဆုံးဖြတ်ချက်ပြောင်းလိုက်သည်။

“ဒါဆို နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို လေ့ကျင့်ရအောင်”

“အင်း”

နန်းကော ချက်ချင်သဘောတူလိုက်သည်။ အရင်က ကျင့်ကြံစရာ တိုက်ခိုက်စရာလိုခဲ့။ ထို့ကြောင့် ဖုန်ချင်အန်း သူ့အတွက် မြှင့်တင်ပေးခဲ့သည့် စွမ်းရည်များက သိပ်အသုံးမဝင်။

သူ့စွမ်းအင် အားနည်းလျှင် ဖုန်ချင်အန်းအတွက်လည်း အသုံးမဝင်။ ထို့ကြောင့် အစပိုင်း နည်းနည်းလေ့ကျင့်ကြပြီးနောက် ဆက်မလုပ်ဖြစ်ခဲ့။

ယခု အခြေအနေက မတူတော့။ အေးအေးလူလူနေခဲ့သည့်မိန်းကလေးက သူ့အမကြောင့် အပြိုင်အဆိုင်စိတ်ဓာတ်များ ပေါ်လာသည်။ သူ့အမကို မီနိုင်ရန် ကြိုးစားချင်နေသည်။ တစ်နေ့နေ့တွင် တုန်ဟွမ်းထက် သူ့သာချင်သည်။

“သူမူလပိုင်ဆိုင်ခဲ့သည့်အရာ”ကို ပြန်လိုချင်သည်။

နန်းကောနှင့် ဖုန်ချင်အန်း ကမ္ဘာချင်မတူကြ။ သို့သော် အတူတိုးတက်အောင်ကြိုးစားရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုအချိန်တွင် တောင်တန်းများပေါ်တွင် ဝံပုလွေဖြူနှင့် ကစားနေသည့်တောင်နက်လည်း တစ်စုံတစ်ခုကို အာရုံခံမိသည်။

သူ့သခင်ခန္ဓာကိုယ်မှ ပြင်းထန်သည့်အပြောင်းအလဲကို ရိပ်စားမိသည်။ ထို့ကြောင့် ဝံပုလွေဖြူကို သုံးလေးကြိမ်နမ်းရှုံ့နှုတ်ဆက်၍ ရွာဆီသို့ ပြန်ပြေးလာသည်။ သူ့သခင်အန္တရာယ်မရှိမှန်းသိသော်လည်း မျက်လုံးဖြင့်တိုက်ရိုက် အတည်ပြုလိုသည်။

မနက်ခင်းနေရောင်ခြည်အောက်တွင် ခြံထဲသို့ သူဝင်လာသည်။ ဖုန်ချင်အန်း အခန်းထဲဝင်၍ အခြေအနေကြည့်ရန် ဟန်ပြင်နေစဉ် သူ့ခြေလှမ်းများ ရုတ်တရက် ရပ်သွားသည်။ ခြံထဲတွင် လျှောက်သွားနေသည့် ဘရိုကိတ်ကြက်ကို လှည့်ကြည့်သည်။

ထင်ယောင်ထင်မှားဖြစ်ခြင်းမဟုတ်။ ဖုန်ချင်အန်းအရေးမစိုက်သည့် ဤကြက်ဖထံမှ ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရသည်။ စွမ်းအားနည်းသ်ောလည်း အတော်ထူးဆန်းနေသည်။

“ဂါး”

သူတစ်ကြိမ် ခြိမ်းခြောက်ဟိန်းဟောက်လိုက်သည်။ ဘရိုကိတ်ကြက် ခေါင်းထောင်လာပြီး သတိအနေအထားဖြင့် ကြည့်နေသည်။

သူ့သခင်အကူအညီမပါဘဲ ထိုမျှရဲတင်းနေမည်မဟုတ်။ သူ့သခင် တစ်နည်းနည်းဖြင့် ကူညီထားခြင်းဖြစ်မည်။ ထို့ကြောင့်သာ အန္တရာယ်အငွေ့အသက်ကို ရနေခြင်းဖြစ်သည်။

“ကရော် ကရော်”

(အော်တတ်သလိုအော်ခြင်းဖြစ်သည်။ တွန်သံမဟုတ်)

ဘရိုကိတ်ကြက် တောင်ပံတဖျတ်ဖျတ်ခတ်လျက် ပြေးထွက်သွားသည်။ ထို့နောက် နံရံအက်ကြောင်းကြားတွင် ခေါင်းလျှို၍ တစ်ကိုယ်လုံး တုန်နေသည်။

ဖုန်ချင်အန်း အခန်းသို့ဝင်လိုက်သည်နှင့် အရိုးခိုက်မတတ်အအေးဓာတ်များ လွှမ်းခြုံနေသဖြင့် တောင်နက်တစ်ကိုယ်လုံး စိမ့်တက်လာသည်။

သူသေချာ အနီးကပ်ကြည့်လိုက်သည်။ အခန်းထဲတွင် ရေခဲလွှာတစ်ခု ဖြစ်ပေါ်နေသည်။ ရေခဲဂူလို ဖြစ်နေသည်။ ကုတင်ပေါ်တွင်ထိုင်နေသည့် သူ့သခင်အဖြစ်က ပိုဆိုးသည်။ ထူးဆန်းသည့် ရေခဲရုပ်ထုလိုဖြစ်နေသည်။ သွင်ပြင်ဟန်ပန်လည်း လုံးဝပြောင်းလဲသွားသည်။

All Chapters