ပထမဆုံးရောက်ရှိသူ
Vol. 8 Ch. 110
“အတော်ဆိုတးာပဲ”
သိစိတ်အာရုံ ပြန်ရုတ်သိမ်းပြီးနောက် ဖုန်ချင်အန်း သက်ပြင်းချသည်။ တိတ်ဆိတ်ငြိမ်းချမ်းသည့် သူ့အိပ်ခန်းကို မျက်လုံးဝေ့ကြည့်လိုက်သည်။
သိစိတ်အာရုံသိမ်းဆည်းခါနီးအချိန်တွင် တောင်နက်ပါးစပ်မှ မီးတောက်များ ထွက်နေသည်ကို မြင်ခဲ့ရသည်။ အမှောင်စွမ်းအင်တိုက်စားမှုကြောင့် အသိစိတ်ကင်းလွတ်၍ ရူးသွပ်နေသည့် သရဲသတ္တဝါတစ်ကောင်နှင့် တိုက်ခိုက်နေသည်။
ထိုသရဲအဆင့်က ကွန်မန်ဒါအနိမ့်စားအဆင့်ဖြစ်သည်။ တောင်နက်နှင့် သိပ်မကွာဟုထင်ရသော်လည်း အဆင့်ကြီးတစ်ဆင့်ကွာခြားနေသည်။ သို့သော် ထိုသရဲသည် သိစိတ်မရှိတော့ဘဲ သတ်ဖြတ်လိုသည့် သွေးဆာသည့် ဗီစစိတ်သာကျန်တော့သည်။ တောင်နက် အနိုင်ရနိုင်ခြေရှိသည်။
သူသိစိတ်အာရုံဖြင့် စောင့်ကြည့်မနေတော့။ ဆက်ကြည့်နေစရာမလို။ တောင်နက် သရဲ(နတ်ဆိုး)သားရဲနှင့် ရင်ဆိုင်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့။
တိုက်ပွဲသုံးလေးခု သူစောင့်ကြည့်ခဲ့သည်။ တောင်နက်၏ သွေးဆာနေသည့်စိတ် ပျောက်မသွား။ သရဲဝိညာဉ်များကိုစားသုံး၍ စွမ်းအားမြှင့်နိုင်သည့် နတ်ဆိုးတစ်ကောင်၏ကြမ်းတမ်းမှုမျိုး ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် သိစိတ်အာရုံကိုဖြတ်၍ သူ့ဘာသာ လွှတ်ထားလိုက်သည်။
ခန္ဓာဖွဲ့စည်းမှုစွမ်းရည်တစ်ချို့ကု တောင်နက်ထံ လွှဲပြောင်းပေးထားသည်။ ယွမ်ဝိညာဉ်၊ ခွန်(မြေ)နတ်ဘုရား စွမ်းရည်များဖြစ်သည်။ တောင်နက်၏ တိုက်ပွဲခုခံနိုင်စွမ်းနှင့် ဒဏ်ရာပြန်ကုစားမှုစွမ်းအားကို တိုးမြှင့်ပေးနိုင်သည်။ တိုက်ခိုက်စွမ်းအားကို တိုက်ရိုက်မြှင့်တင်ပေးသည်တော့မဟုတ်။
သို့သော် လုံလောက်သည်။ တိုက်ပွဲတစ်ခုပြီးတိုင်း ဒဏ်ရာရထားလျှင်ပင် လျင်မြန်စွာ ပြန်ပျောက်ကင်းသွားမည်။ နောက်ထပ် တိုက်ပွဲတစ်ခု ဆက်နွှဲနိုင်မည်။
သူအနိုင်ရလျှင် သရဲသတ္တဝါကို တစ်စစီဆုတ်ဖြဲ၍ နာကျည်းဒေါသနှင့် တစ်ခြားညစ်ညမ်းဓာတ်သတ္တိများကို ဝိညာဉ်စားသရဲမီးတောက်ဖြင့် သန့်စင်ရှင်းလင်း၍ စွမ်းအားတိုးမြှင့်ရန် ဝါမျိုးနိုင်သည်။
ရှုံးသွားအသက်အန္တရာယ်ကြုံလာလျှင် ယုဟွမ်နိုင်ငံ စွမ်းအားမြင့်သရဲတစ်ကောင်က တောင်နက်ကို ကယ်ထုတ်သွားမည်။ အချိန်ယူ၍ ပြန်အားဖြည့်ခိုင်းမည်။
ထိုအမိန့်မျိုး ယုဟွမ်သခင်မ ချမှတ်ထားသည်။ ထို့ကြောင့် မြွေစိမ်းတောင်တန်းမှ ဝံပုလွေဖြူနှင့်အဆင့်တူရှိသည့် စွမ်းအားမြင့်သရဲတစ်ကောင်က တောင်နက်လေ့ကျင့်မှုနှင့် ဘေးကင်လုံခြုံရေးအတွက် တာဝန်ယူထားရသည်။
ထို့ကြောင့် ဖုန်ချင်အန်း ဆက်၍စောင့်မကြည့်တော့။
ဘရိုကိတ်ကြက်ဖလည်း သရဲနိုင်ငံသို့ အတူပါသွားသည်။ ထိုကြက်ဖ၏ အော်သံများကို သူကြားရသည်။ သို့သော် အမြင်အာရုံဆက်သွယ်မထားသဖြင့် မည်သည့်အဖြစ်ဆိုးမျိုး ခံစးနေရသည်ကို သူမသိ။ အသက်အန္တရာယ်မရှိနိုင်သော်လည်း လွယ်လွယ်ကူကူတော့ ဟုတ်မည်မထင်။
“ဘာတွေဖြစ်နေတာလဲ”
အချိန်ခဏကြာပြီးနောက် သူအသိပြန်ဝင်လာသည်။ နေမီးတောက်ပန်း၏ ပွင့်ချပ်အပြင်ပိုင်းမျာ ညှိုးခြောက်သည့်အသွင် ပေါ်လာသည်။
သူ့အာရုံအရ ပန်းပွင်ရှိနေသည့်စွမ်းအင်က လျော့ပါးမသွား။ အလယ်ဗဟိုဆီသို့ စုလာသည်။ သာမန်မျက်လုံးဖြင့်ပင် ထိုအပြောင်းအလဲကို သတိပြုမိနိုင်သည်။
“ရပ်မသွားသေးဘူးလား”
သူတစ်ခု အတည်ပြုလိုက်သည်။ သူ့ဝိညာဉ်စွမ်းအား လွှမ်းမိုးမှုကြောင့်လားတော့မသိ။ ပန်းပွင့်စွမ်းအင်များက အလယ်ဗဟိုတွင်စုလာသည်။ ဖြစ်စဉ်ကနှေးကွေးသော်လည်း ရပ်တန့်သွားခြင်းမရှိ။
“စိတ်ဝင်စားစရာပဲ”
နေမီးတောက်ပန်း၏စွမ်းအင်က လျော့မသွားပဲ တိုးလာသည်။ ထွက်ပေါ်နေသည့်အလင်းက မှိန်မသွားဘဲ ပိုတောက်ပလာသည်။
“နောက်ဆုံးကျရင် မင်းဘယ်လိုအသွင်ပြောင်းသွားမလဲ ငါကြည့်ချင်သေးတယ်”
သူ့စိတ်ဝင်စားမှု ပိုမြင့်တက်လာသည်။ ဝိညာဉ်ပေါင်းစပ်မှု နောက်တစ်ကြိမ် ထပ်လုပ်သည်။
မှန်သည်။ ပန်းပွင့်၏စွမ်းအင်များက အလယ်ဗဟိုသို့ လျင်မြန်စွာ စုဝေးသွားသည်။ ပွင့်ချပ်အပြင်ပိုင်းအလွှာများ နွမ်းခြောက်ကြွေကျသွားသည်။
ဝိညာပေါင်းစပ်မှုအရှိန်ကို မြှင့်တင်နိုင်သော်လည်း ဝိညာဉ်စုစည်းနိုင်မှုနှုန်းက နှေးကွေးနေဆြဖြစ်သည်။ ကိုးရက်ဆက်တိုက် သူအာရုံစိုက်၍ လုပ်ဆောင်သည်။
နန်းကောကိုလည်း သူမေးမြန်းသည်။ ထိုနေမီးတောက်ပန်းသည် သရဲမျိုးနွယ်များကို တားဆီးရန် အသုံးပြုနိုင်ကြောင်း သိရသည်။ မြေအောက်ကမ္ဘာတွင် အလွန်တန်ဖိုးကြီးသည့် ပန်းမျိုးဖြစ်ကြောင်း သိလာရသည်။
နေမီးတောက်ပန်း နွမ်းခြောက်သည့်အဖြစ်မျိုး နန်းကောမကြားဖူး။ ပန်းပွင့်ထဲမှ နေစွမ်းအင် ကုန်ခမ်းသွားမှသာ ပန်းပွင့်နွမ်းခြောက်ကြေမွသွားတတ်သည်။
မကြုံဖူးသည့်အဖြစ်ဖြစ်၍ ဖုန်ချင်အန်း မေးခွန်းများ အဖြေထွက်မလာ။ တုန်ဟွမ်းကို သူမေးကြည့်ချင်သည်။ သို့သော် တောင်နက်သိစိတ်အာရုံကို ဆက်သွယ်ချိန်တွင် တုန်ဟွမ်းကိုမတွေ့ရ။ အလုပ်များနေခြင်းဖြစ်မည်။
ထို့ကြောင့် ဆယ်ရက်မြောက်နေ့အထိ သူ့ဘာသာ စဉ်းစားရသည်။ တစ်ပေအချင်းရှိသည့်ပန်းပွင်မှာ ပန်းပွင့်ဗဟိုသာ ကျန်ရစ်တော့သည်။ ပွင့်ချပ်အားလုံး နွမ်းခြောက်၍ ကြွေကျကာ မြူမှုန်အဖြစ် လွင့်ပါးပျောက်ကွယ်သွားသည်။ ဘာမှမကျန်ခဲ့။
ကျန်နေသည့်ပန်းပွင့်အလယ်ပိုင်းသည် လက်တစ်ဝါးခန့်သာရှိသည်။ ပုံပန်းသဏ္ဌာန်လည်း ဘဲဥပုံအဖြစ် ပြောင်းသွားသည်။
ထွက်လာသည့်အလင်းရောင်က အရင်ထက်ပိုထူးကဲသည်။ လက်ထဲတွင် သူကိုင်ကြည့်သည်။ နည်းနည်းပူနွေးနေသည်။ ဒုက္ခပေးခြင်းတော့မရှိ။
“အကဲဖြတ်မယ်”
နေမီးတောက်ပန်း အသွင်လုံးဝပြောင်းသွားသဖြင့် အရည်အသွေးသူပြန်စစ်ဆေးကြည့်သည်။
(နေမီးတောက်သစ်စေ့)
(ဂုဏ်သတ္တိ- ယန်၊ သစ်သား၊ ကောင်းကင်)
(စွမ်းရည် - ဝိညာဉ်နိုးထခြင်း၊ အခြေခံအဆင့်)
(တိုက်ခိုက်စွမ်းအား - မရှိ)
ဖုန်ချင်အန်း ခဏငြိမ်သွားသည်။ အသက်ရှူသံ တဖြေးဖြေးပိုပြင်းလာသည်။ လက်ထဲမှ အလင်းလုံးကိုစိုက်ကြည့်၍ အတွေးများစွာ ဝင်လာသည်။
ရှားပါးရတနာပန်းပွင့်က သူ့လက်ထဲတွင် သစ်စေ့အဖြစ် အသွင်ပြောင်းသွားပြီဖြစ်သည်။
ဘာကိုဆိုလိုသည် သူမသိ။