← Chapters

နာနာကျင်ကျင်

Vol. 8 Ch. 111

နာနာကျင်ကျင်

Vol. 8 Ch. 111

စွမ်ရည်နိမ့်ခြင်း တိုက်ခိုက်စွမ်းအားမရှိခြင်းကို သူစိတ်မပျက်ပါ။ ထိုအရာများက တိုးမြှင့်ပေး၍ရသည်။ အဓိကအချက်က သဘာဝဗီဇဖြစ်သည်။ ဤအရာသည် သစ်စေ့တစ်ခုထက်မပို။

အံ့ဩစရာကောင်းလွန်းသည်။

ပင်ကိုယ်သဘာဝဖြစ်တည်မှု။

ထိုသစ်စေ့သည် အနည်းဆုံးတော့ သဘာဝဖြစ်တည်မှုမျိုးနှင့် ဆက်စပ်နေပေလိမ့်မည်။

သစ်စေ့ကိုလက်ထဲဆုပ်ကိုင်ရင်း သူစိတ်လှုပ်ရှားနေသည်။ စိတ်တည်ငြိမ်အောင် မနည်းထိန်းချုပ်ရသည်။ ပထမအကြိမ်အကဲဖြတ်စဉ်က ထိုပန်းပွင့်သည် ဝိညာဉ်ရတနာတစ်ခုဟု အဖြေထွက်သည်။ သို့သော်ယခု သစ်စေ့အဖြစ်ပြောင်းသွားသည်။ ဝိညာဉ်စာချုပ်ချုပ်နိုင်သည့် သစ်စေ့မျိုးဖြစ်သည်။

“ဟိုတစ်ချိန်က ကျဆုံးခဲ့တဲ့ အဓိပဓိစွမ်းအားရှင်ဟာ ပြန်ရှင်သန်မွေးဖွားနိုင်ဖို့ ဒီသစ်စေ့ကို ကြိုတင်ပြင်ဆင်ထားခဲ့တာများလား”

သူ့စိတ်ထဲတွေးမိသည်။ ထိုတွေးဆချက်ကလည်း ဖြစ်နိုင်ခြေရှိသည်။ ထိုပန်းပွင့်သည် ထိုစွမ်းအားရှင်၏ နောက်ဆုံးလက်ဆောင်ဖြစ်သည်။ ပြန်ရှင်သန်ဖို့ တမင်ကြိုတင်ပြင်ဆင်ထားသည့်အရာဖြစ်နိုင်သည်။

မြေအောက်လောက အဓိပဓိသရဲဘုရင်များက နေမီးတောက်ပန်းပွင့်ကို စားသောက်နိုင်သည့်ရတနာဟု သဘောထားကြသည်။ ပန်းပွင့်ထဲမှ စွမ်းအင်သန္ဓေများ အနှစ်တည်၍ သစ်စေ့အဖြင့် ပြောင်းလဲခွင့်မပေး။

“တုန်ဟွမ်း ငါ့ဆီလာမှ မေးကြည့်ရမယ်”

စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။ နောက်ခံမသိသေးသည့်သစ်စေ့နှင့် ဝိညာဉ်စာချုပ် အလျင်စလိုမချုပ်သေး။ သစ်စေ့ကလည်း အပင်ပေါက်မည့်အဆင့်မရောက်သေး။

တုန်ဟွမ်းပြန်လာဖို့လည်း သူသိပ်ကြာကြာစောင့်ရမည်မထင်။ အချိန်နည်းနည်းကြာသွားလျှင်ပင် သူ့ဆီပြန်လာမည်မှာ သေချာသည်။

ထိုအချက်ကို သူယုံကြည်မှုအပြည့်ရှိသည်။

ယုံကြည်သည့်အတိုင်းလည်း ဖြစ်လာသည်။ နှစ်ရက်ကြာပြီးနောက် ညနေမိုးချုပ်ချိန်တွင် သူ့အခန်းတံခါးပွင့်လာသည်။ အရပ်မြင့်မြင့် ရှည်လျားသွယ်လျသည့် သဏ္ဌာန်တစ်ခု ခေါင်းငုံ့၍ ဝင်လာသည်။ ထို့နောက် နောက်ထပ်ဘာမှမလှုပ်ရှားသေး။ သူ့မျက်လုံးများက ဖုန်ချင်အန်းလက်ထဲမျှ နီရွှေရွှေအလင်းခဲကို စိုက်ကြည့်သည်။

“အဲဒါဘာလဲ”

တုန်ဟွမ်း မေးသည်။ ထိုစ္စည်း၏ ဝိညာဉ်စွမ်းအင်ရောင်က သိပ်အပြောင်းအလဲမရှိ။ သို့သော် ကွဲပြားနေသည်။ တစ်ခါမှမမြင်ဖူးသည့် အပြောင်းအလဲမျိုးဖြစ်သည်။

“နေမီးတောက်ပန်းပွင့်လား”

“ဟုတ်တယ်၊ ခင်ဗျားပေးခဲ့တဲ့ ပန်းပွင့်ပါပဲ”

ဖုန်ချင်အန်း ပန်းပွင့်ကို တုန်ဟွမ်းလက်ထဲထည့်လိုက်သည်။

“ဒါဘယ်လိုဖြစ်သွားလဲဆိုတာ နားလည်လား။ ဘာလို့ သစ်စေ့အဖြစ်ပြောင်းသွားတာလဲ”

“သစ်စေ့”

တုန်ဟွမ်း အလင်းခဲကိုယူ၍ သေချာစစ်ဆေးကြည့်သည်။ ဖုန်ချင်အန်း၏ မျှော်လင့်နေသည့်မျက်လုံးများကို ပြန်ကြည့်သည်။

“ဒါကို သစ်စေ့ဆိုတာ မင်းဘယ်လိုသိတာလဲ”

“ခံစားမှုအာရုံပေါ့”

ဖုန်ချင်အန်း ခပ်အေးအေးပြန်ဖြေသည်။

“သစ်စေ့တစ်ခုလို ခံစားမှုမျိုး ရနေတယ်လေ”

“မင်းဘယ်လိုလုပ်လိုက်တာလဲ”

တုန်ဟွမ်း စိတ်ဝင်စားသွားသည်။ တစ်ခြားကိစ္စများကို ဘေးဖယ်ထားလိုက်သည်။

“ဘာမှသိပ်မလုပ်ပါဘူး။ ပတ်ဝန်းကျင်ဝိညာဉ်ချီတွေကို ကျုပ်ရဲ့ဝိညာဉ်စွမ်းအားနဲ့ လမ်းညွှန်ပေးလိုက်တာပါ။ မထင်မှတ်ဘဲ ဒီပန်းပွင့်က ကျုပ်ရဲ့ဝိညာဉ်စွမ်းအားတွေစုပ်ယူပြီး အခုလိုပုံစံပြောင်းသွားတာပဲ”

“ဝိညာဉ်စွမ်းအား”

အဓိကအချက်ကို တုန်ဟွမ်းချက်ချင်းရိပ်စားမိသည်။ နေမီးတောက်ပန်းပွင့် သန္ဓေပြောင်းသွားကြောင်း သိလိုက်သည်။

“နေမီးတောက်ပန်းပွင့် သစ်စေ့အဖြစ်ပြောင်းသွားတာမျိုး အရင်က မြင်ဖူးလား”

“မမြင်ဖူးရုံမကဘူး။ ကြားကိုမကြားဖူးတာ”

“သစ်စေ့မရှိပဲ နေမီးတောက်ပန်းပွင့်တွေက ဘယ်လိုပေါ်လာတာလဲ”

“ဒီပန်းပွင့်တွေက သဘာဝအတိုင်းပေါ်လာတာ။ မြေအောက်ဘုံက ယင်စွမ်းအင်တွေသိပ်သည်းတဲ့နေရာမျိုးမှာ ပေါ်လေ့ရှိတယ်။ တစ်ခါတစ်လေ သရဲမြို့တော်တွေမှာ ပေါ်လာရင် မြို့တစ်ခုလုံး ချက်ချင်းပျက်စီးသွားတယ်”

“ဒါဆို၊ မျိုးစေ့ဆိုတာ မရှိဘူးပေါ့”

“မရှိဘူး”

တုန်ဟွမ်း အတည်ပြုသည်။ ဖုန်ချင်အန်းကို အလေးအနက်စိုက်ကြည့်၍ အကြံပြုသည်။

“ဒါပေမယ့် ဒါကိုသစ်စေ့လို့ မင်းပြောနေတယ်ဆိုတာ့ စိုက်ပျိုးကြည့်ပါလား။ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ပေါ့”

“အင်း၊ စမ်းကြည့်တာပေါ့”

ဖုန်ချင်အန်း မငြင်း၊ သူလည်း ထိုသစ်စေ့အပြင်ပေါက်လာလျှင် မည်သည့်ပုံစံရှိမည်ကို သိလိုသည်။

“ဒီပန်းက မြေအောက်ဘုံကလာတာဆိုတော့ မြေအောက်ဘုံမှာပဲ စိုက်ပျိုးသင့်တယ်ထင်တယ်”

တုန်ဟွမ်း အကြံပေးသည်။

ထိုစဉ် လက်တစ်ဆုပ်စာဖီးနစ်က ပျံဝင်လာပြီး တုန်ဟွမ်းပုခုံးပေါ်တွင် နားလိုက်သည်။ အန္တရာယ်ပေးနိုင်သည့်အသွင် လုံးဝမရှိ။ မြေအောက်ကမ္ဘာတွင် တောင်ပံတစ်ဖြတ်ဖြတ်ခတ်၍ ကြောက်စရာအရှိန်အဟုန်မျိုးဖြင့် ပျံသန်းခဲ့သည်ဆိုလျှင် ယုံနိုင်စရာမရှိ။

“ကောင်းပြီလေ၊ ကျုပ်အဝတ်အစား အရင်လဲလိုက်ဦးမယ်”

နဂါးဝတ်ရုံ ပြောင်းဝတ်ရန်ပြင်သည်။ သို့သော် တုန်ဟွမ်းကို နောက်လှည့်ပေးဖို့ပြောရန် တုံ့ဆိုင်းနေသည်။ စကားလုံးများ ထွက်မလာ။ ပြဿနာလည်းမရှိပါ။ မျက်စိရှေ့မှာပင် အဝတ်အစားချွတ်ချလိုက်သည်။

“အား... ရှက်စရာကောင်းလိုက်တာ။ ဖုန်ချင်အန်း၊ မင်းတကယ်အရှက်မရှိတာပဲ”

တုန်ဟွမ်းက ဘာသံမှမထွက် မျက်နှာလည်းမပျက်ဘဲ ကြည့်နေသည်။ သို့သော် သူ့ပုခုံးပေါ်မှ ဖီးနစ်လေးက အသံစာစာဖြင့် အော်လိုက်သည်။ ဖုန်ချင်အန်း အရှိန်မြှင့်၍ အဝတ်လဲသည်။

သို့သော် သူမော့ကြည့်ချိန်တွင် ဖီးနစ်လေးက ဦးခေါင်းကို အတောင်တစ်ဘက်ဖြင့် ကာထားသည်ကိုတွေ့ရသည်။ သို့သော် အတောင်ကြားအက်ကြောင်းထဲမှ ချောင်းကြည့်နေသည်။ သေးငယ်သည့်မျက်လုံးများက စိတ်ဝင်စားမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။

ဖုန်ချင်အန်း နဂါးဝတ်ရုံကို လဲဝတ်သည်။ မျက်နှာတွင် အပြောင်းအလဲမရှိ။

ထိုနှစ်ယောက်ရှိနေခြင်းသည် သူ့တစ်မိသားစုလုံး ရှိနေသည်ထက်ပင် များစွာပိုသာလွန်နေသည်။

“အတော်မြန်တာပဲ”

ဖီးနစ်၏စကားသံက နည်းနည်းအားမလိုအားမရဖြစ်နေသည့်အရိပ်များ ပါသည်။ ဖုန်ချင်အန်းနှင့်ပတ်သက်၍ သူအတော်စိတ်ဝင်စားမိသည်။ တုန်ဟွမ်းသည် အချိန်တိုအတွင်း အကြိမ်များစွာ လာရောက်လည်ပတ်သည်။ ဖုန်ချင်အန်း အဘယ်ကြောင့် ထိုမျှဆွဲဆောင်နိုင်သည်ကို သူစဉ်းစားမရ။

“သွားစို့”

ယွီယွီ၏စကားကို အရေးမစိုက်ဘဲ ဖုန်ချင်အန်းက တုန်ဟွမ်းကို လှည့်ပြောလိုက်သည်။ လေဟာနယ်ကို ထိုးခွဲ၍ ဖုန်ချင်အန်းကို မြေအောက်ဘုံသို့ ချက်ချင်းခေါ်သွားသည်။

သရဲဘုရင်များကြားတွင် စွမ်းအားအကြီးဆုံးဖြစ်သော်လည်း တုန်ဟွမ်းသည် ဘုံနှစ်ခုကြား ပုံမှန်မဟုတ်သည့် အက်ကြောင်းများကိုရှာ၍ ဝင်ရထွက်ရသည်။

ထိုအက်ကြောင်းများရှိနေသည့်တိုင် သရဲဘုရင်တစ်ယောက်အတွက် လူသားကမ္ဘာသို့ ဆင်းလာနိုင်ရန် အချိန်ကိုက်နေရာကိုက် ရွေးချယ်ဖို့လိုသည်။ တစ်ခြားအကန့်အသတ်များစွာ ရှိသေးသည်။ အလွန်ခက်ခဲသည့်အလုပ်ဖြစ်သည်။

တုန်ဟွမ်း အလွယ်တကူ ကူးဖြတ်နိုင်သည်မှာ ထူးခြားသည့်ပင်ကိုယ်သဘာဝကြောင့်ဖြစ်သည်။ သူ့ကိုယ်သူ နည်းနည်းထိန်းချုပ်ဖို့တော့လိုသည်။

ညာဉ့်သန်းခေါင်းချိန်တွင် ဘုံနှစ်ခုကြားအက်ကြောင်းများက ချောမွေ့သည့် လမ်းကြောင်းများအဖြစ် ပြန့်ကားလာသည်။ အေးစိမ့်သည့် ယင်စွမ်းအင်လေပြင်းများကို ဖုန်ချင်အန်း ခံစားရသည်။ နုနယ်သည့် သူ့ခန္ဓာကိုယ် ပို၍မြင့်မားလာသည်။ ထွားကျိုင်းဖွံ့ဖြိုးလာသည်။ ဆံပင်နက်များ ရှည်ထွက်လာသည်။ တစ်ကိုယ်လုံး နတ်ဆိုးချီများဖုံးလွှမ်းနေသည်။

“သန္ဓေပြောင်းမကောင်းဆိုးဝါးလား”

ဖုန်ချင်အန်းပုံစံကို ယွီယွီ တအံ့တဩ ခေါင်းစောင်း၍ကြည့်သည်။ တောင်ပံတဖျတ်ဖျတ်ခတ်၍ တုန်ဟွမ်းကို လှမ်းပြောသည်။

“တုန်ဟွမ်း၊ ကြည့်လိုက်ပါဦး။ သူက သန္ဓေပြောင်းမကောင်းဆိုးဝါးပဲ”

“သရဲဝံပုလွေစွမ်းအား”

တုန်ဟွမ်း လှည့်ကြည့်သည်။ စိတ်ဝင်စားသည့်အရိပ်များ သူ့မျက်နှာတွင်ပေါ်လာသည်။

“ဒါသရဲဝံပုလွေစွမ်းအားပဲ။ ဒါကြောင့် တောင်နက်ကို မင်းမွေးထားတာလား”

“တောင်နက်ဆီကစွမ်းအားကို ငှားသုံးလိုက်တာပါ။ ဒါပေမယ့် အဲဒါအတွက် မွေးထားတာတော့မဟုတ်ဘူး။ အကာအကွယ်ရဖို့ မွေးခဲ့တာပါ”

ထိုကိစ္စမျိုးကို လျှို့ဝှက်ထားစရာမလို။ သူ့ခန္ဓာကိုယ်ပြောင်းလဲသွားသော်လည်း တုန်ဟွမ်းထက် ခေါင်းတစ်လုံးစာ နိမ့်နေဆဲဖြစ်သည်။

“တကယ့်အတုမဲ့နတ်စွမ်းအားမျိုးပဲ”

တုန်ဟွမ်း ချီးကျူးလိုက်သည်။ စဉ်းစားသုံးသပ်နေသည့်အရိပ်များ သူ့မျက်လုံးတွင် ပေါ်နေသည်။

“မင်းက ဒီလိုလည်း ငှားသုံးနိုင်တယ်ပေါ့”

ယွီယွီ တအံ့တဩ ရေရွတ်လျက် တုန်ဟွမ်းပုခုံးပေါ်မှ ဖုန်ချင်အန်းပုခုံးပေါ်သို့ ပြောင်းသွားသည်။ တောင်နက်၏စွမ်းအားမှန်း သူလည်းသတိထားမိပါသည်။ သို့သော် လူသားတစ်ယောက်က ချောချောမွေ့မွေ့ အသွင်ပြောင်းနိုင်သည့်အဖြစ်ကြောင့် ဖုန်ချင်အန်းကို ပို၍ပင် စိတ်ဝင်စားလာသည်။

“ငါ့အစွမ်းကိုရော ငှားသုံးနိုင်လား”

“မသုံးနိုင်ပါဘူး”

ဖုန်ချင်အန်း ချက်ချင်းပြန်ဖြေသည်။

“ဘာလို့လဲ”

ဖီးနစ်က မသိရမခြင်း ဆက်မေးနေမည့်ဟန်ရှိသည်။

“ငါ့အစွမ်းကို ငှားသုံးနိုင်ရင် မင်းလည်း ငါ့လိုစွမ်းအားကြီးလာမှာပဲလေ”

“အဲဒါကြောင့်ပဲ ငါမသုံးနိုင်တာပေါ့။ မင်းက စွန်းအားကြီးလွန်းတယ်”

မြေအောက်ဘုံထဲသို့ ဖုန်ချင်အန်း ဝင်သွားသည်။ ဘေးတွင်အတူပါလာသည့် ယုဟွမ်သခင်မမျက်လုံးများ အရောင်လက်နေသည်။

‘စွမ်းအင်ငှားသုံးတယ်တဲ့လား၊ ဟား’

“ဖုန်ချင်အန်း”

ဖုန်ချင်အန်းကို မြင်သည်နှင့် အမဖြစ်သူကို မကျေနပ်သဖြင့် ဝိညာဉ်ရေစင်စမ်းချောင်းဘေးတွင် ဇွဲကောင်းကောင်းဖြင့် ကျင့်ကြံနေသည့်နန်းကော ချက်ချင်း ခုန်ပေါက်ပြေးထွက်လာသည်။ ထို့နောက် သူ့အမကို သတိထားမိသဖြင့် ချက်ချင်းခြေလှမ်းရပ်သွားသည်။ မျက်နှာပေါ်မှအပြုံးလည်း တဖြေးဖြေးပျောက်ကွယ်သွားသည်။

“မလာနဲ့ နန်းကော၊ နင်က အားနည်းလွန်းသေးတယ်။ ဖုန်ချင်အန်းက နေမီးတောက်ပန်းပွင့်ကို သစ်စေ့အဖြစ် ပြောင်းလဲထားတယ်။ ဒီသစ်စေ့ရဲ့စွမ်းအင်က ပိုပြီးတောင်ပြင်းထန်လာတယ်။ မင်းဒီစွမ်းအင်ဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး”

ဖီးနစ်က နန်းကောကိုကြည့်၍ စေတနာဖြင့် သတိပေးသည်။ သို့သော် တုန်ဟွမ်းက သူ့ညီမကို ဘာစကားမှမပြောဘဲ ဖုန်ချင်အန်းဘက်သို့လှည့်ကြည့်၍

“ဆက်သွားကြစို့၊ သစ်ပင်စိုက်ဖို့ သင့်တော်တဲ့နေရာကို မင်းကိုယ်တိုင်ရွေးလို့ရပါတယ်”

“နန်းကော၊ ငါမင်းကို နောက်မှလာတွေ့မယ်”

ဖုန်ချင်အန်း တုန်ဟွမ်းနောက်သို့ လိုက်သည်။ ဖီးနစ်လည်း သူ့ပုခုံးပေါ်မှခွာ၍ တောင်ပံကိုဖြန့်လိုက်သည်။ ခံ့ညားထည်ဝါ၍ ကြောက်စရာကောင်းသည့် ငရဲဖီးနစ်ပုံစံအစစ်သို့ ပြောင်းလိုက်သည်။

“ဝုန်း”

ဖီးနစ်က နှစ်ယောက်လုံးကိုခေါ်၍ ကောင်းကင်သို့ပျံတက်သွားသည်။ မကျေမချမ်းဖြစ်နေသည့်နန်းကောသာ မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်။ မျက်ရည်မကျအောင် သူအတင်းကြိုးစား၍ ထိန်းထားရသည်။

အမှန်ဆိုလျှင် သူသည် ပထမလူဖြစ်သည်။

ယခု ဘာကြောင့်မှန်းမသိ။

All Chapters