← Chapters

ရလာဒ်

Vol. 8 Ch. 113

ရလာဒ်

Vol. 8 Ch. 113

ရှေးခေတ်အရိုးစုကြီး၏ ထူးခြားသည့်အရွယ်အစားနှင့်အင်အားကို သူမှန်းဆကြည့်မိသည်။ တောင်နက် ပထမဆုံးတွေ့ခဲ့စဉ်က အံ့ဩခဲ့သည်မှာလည်းမဆန်းလှ။ ယခု သူကိုယ်တိုင်ပင် အတော်အံ့အားသင့်နေမိသည်။

“အဲဒီအရိုးစုက ရှေးခေတ်သားရဲသွေးဆက်မျိုးဖြစ်မှာပါ။ ဒါပေမယ့် အခု ဘာမှအသုံးမဝင်တော့ပါဘူး။ ပုံစံကြည့်ရုံနဲ့ အသေဆိုးနဲ့သေခဲ့မှန်း သိသာနေတာပဲ”

“အသေဆိုးနဲ့သေတယ်လို့ ဘယ်လိုလုပ်သိတာလဲ”

ဖုန်ချင်အန်း တအံ့တဩ ပြန်မေးသည်။

“မင်းနားမလည်ပါဘူး။ ဒီတိုက်ပွဲနေရာမှာ အပျက်အစီးတွေ ပြန့်ကျဲနေတာကိုကြည့်ပါ။ ဒီအရိုးစုကြီးလို ပုံမပျက်ဘဲရှိနေတဲ့ တစ်ခြားအရိုးစုတွေ တွေ့လို့လား။ အရိုးစတစ်ချို့ရှာတွေ့ရင်တောင် ကံကောင်းပဲ”

“အဲဒီတော့ ဘာဖြစ်လဲ”

“အဲဒီတော့ သူတိုက်ပွဲကျတုန်းက သူပိုင်တဲ့ဝိညာဉ်ချီအားလုံး ဖျက်ဆီးခံလိုက်ရတဲ့သဘောပဲ။ ဒါကြောင့် ဘာမှတန်ဖိုးမရှိတဲ့ အရိုးအသားတွေပဲ ကျန်ခဲ့တာ။ ဒါကြောင့်လည်း နှစ်ထောင်ချီကြာပြီးတာတောင် မပျက်မစီးမြင်နေရသေးတာပါ”

ဖီးနစ်က အသိဗဟုသုတကြွယ်ဝပုံကို ကြွားလုံးထုတ်၍ ဝင့်ကြွားသည့်လေသံဖြင့် ပြောသည်။ အမှန်တကယ်လည်း ထိုဗဟုသုတမျိုးရှိနိုင်သူ ရှားသည်။

ဖုန်ချင်အန်း တွေးတွေးဆဆဖြင့် ခေါင်းငြိမ့်သည်။

ထိုသတ္တဝါကြီး သေဆုံးပြီးနောက် တန်ဖိုးရှိသည့်စွမ်းအင်တစ်ခုခု ကျန်ခဲ့လျှင် သူထိုင်နေသည့် တောင်တန်းတစ်ခုလုံး သူ့အ‌လေးချိန်ကြောင့် ပြိုကျပျက်စီးသွားပေလိမ့်မည်။

“ဒီနေရာမှာ ဘာရတနာမှမရှိဘူး။ ဟိုအရင်ကတည်းက အကြိမ်ကြိမ်အခါခါ ရှာဖွေခဲ့ကြပြီးပြီ။ ဒီအရိုးစုကြီးက ကြောက်စရာပုံစံမျိုးဖြစ်နေတာရယ်၊ အရိုးတွေမာကျောတာရယ်ကလွဲရင် ဘာမှမသုံးမဝင်ဘူး”

“မာကျောတယ်ဆိုရင် တစ်စစီဖြုတ်၊ နည်းနည်းပြုပြင်ပြီး လက်နက်တစ်ခုခု ဖန်တီးလို့ရရင် မဆိုးပါဘူး”

တုန်ဟွမ်း၏တော်ဝင်နန်းတော်မှ နွားခေါင်းအစောင့်သရဲကြီးများအသွင်ကို ဖုန်ချင်အန်း ပြန်သတိရလာသည်။

“အဲဒါကြောင့် တန်ဖိုးမရှိဘူးပြောတာပေါ့။ လက်နက်လုပ်ချင်တဲ့လူတွေအတွက် ပိုကောင်းတဲ့ရွေးချယ်စရာရင်းမြစ်တွေ အများကြီးရှိတယ်။ ဒါကြီးကို ပုံသွင်းဖို့မ‌ပြောနဲ့ တစ်ခုချင်းစီဖြုတ်ယူဖို့တောင် မလွယ်ဘူးလေ”

“အတော်ဆိုးတာပဲ”

“အခုထိရှိနေတယ်ဆိုတာကကို အသုံးမတည့်လို့ပါ။ သတင်းပို့ဆက်သွယ်ရေးပစ္စည်းမျိုးအဖြစ် သုံးလို့တော့ရနိုင်ပေမယ့် အရမ်းကြီးလွန်းတယ်”

ယွီယွီ ထပ်ပြောသည်။

“အချိန်ကြာလာရင် အရာဝတ္ထုတွေဟာ သိစိတ်ဝိညာည်တွေ ပေါ်လာတတ်တယ်လို့ ကြားဖူးတယ်။ တောင်တန်းတွေတောင် အသိဉာဏ်ရှိတဲ့ဝိညာဉ်တွေ မွေးဖွားပေးနိုင်တာပဲ။ ဒီအရိုးစုကြီးရှိနေတာ နှစ်ပေါင်းမနည်းတော့ဘူး။ ဝိညာဉ်သိစိတ်ပြန်ပေါ်လာအောင် လုပ်လို့မရနိုင်ဘူးလား”

“တောင်တန်းတွေ ဝိညာဉ်စိတ်မွေးဖွားနိုင်တာက ဟုတ်ပါတယ်။ ဒါပေမယ့် အဲလိုတောင်တန်းမျိုး ဒီ‌လောကမှာ ဘယ်လောက်များများရှိလို့လဲ။ ဝိညာဉ်ဘယ်လောက်များများ‌ မွေးဖွားနိုင်လို့လဲ။ အရာအားလုံးသာ မိုးမြေကောင်းချီးဆိုတာ လွယ်လွယ်မရဘူး။ ကောင်းချီးမရရင် ဘာမှထူးမလာဘူး”

ဖီးနစ်က ချက်ချင်းပြန်ဖြေသည်။ ထိုသတ္တဝါလေး ကြွားလုံးမထုတ်ခဲ့ရသည်မှာ အတော်ကြာမြင့်ခဲ့ဟန်ရှိသည်။

“ဒီသတ္တဝါကြီးသာ ဝိညာဉ်စိတ်ပြန်မွေးဖွားနိုင်ရင် မွေးဖွားပြီးရောပေါ့။ အခု တစ်ယောက်ယောက်က စွမ်းအားလှုံ့ဆော်ပေးတာမျိုးမဟုတ်ရင် သူ့အတွက် မျှော်လင့်ချက်မရှိ‌တော့ပါဘူး။ ဒါပေမယ့် ဘယ်သူကရော ဒီလောက်ကြီးတဲ့အရိုးစုကို ဝိညာဉ်စွမ်းအား သွင်းပေးမှာလဲ။ ရူးနေလို့ပဲ ဖြစ်မှာပေါ့”

“အင်း.. ဒါလည်းဟုတ်သားပဲ”

ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။ သို့သော် အရိုးစုထံမှ မျက်လုံးမခွာသေး။ သူ့ဘေးမှတုန်ဟွမ်းက ဘာမှဝင်မပြောဘဲ ငြိမ်၍သာနားထောင်နေသည်။

“ယင်စွမ်းအင်တွေ လျော့လာပြီ”

ယွီယွီ၏အသံကြောင့် ဖုန်ချင်အန်း ငုံ့ကြည့်လိုက်သည်။ ယင်စွမ်းအင်လေဝဲ လျော့ပါးသွားသည့်အဖြစ်ကို သူခွဲခြားမသိ။ သို့သော် အဆင့်မြင့်မိုနာ့ယွီယွီ၏စကားသည် အမှားအယွင်းမရှိနိုင်ပေ။

ခဏကြာပြီးနောက် လေဝဲကျုံ့ဝင်သွားသည်ကို သူကိုယ်တိုင်မြင်လာရသည်။လေထဲမှ ယင်စွမ်းအင်များ တောင်ထိပ်တွင် စုဝေးနေပြီး အရောင်တလက်လက်တောက်နေသည်။

ဖုန်ချင်အန်း သစ်စေ့ချခဲ့သည့် မြေနေရာတွင် သုံးပေခန့်မြင့်သည့် သစ်ပင်ငယ်တစ်ခု ပေါ်လာသည်။ မှိန်ပြပြကောင်းကင်အောက်တွင် တောက်ပသည့်အလင်းများ ဖြန့်ကျက်နေသည်။

တုန်ဟွမ်း ဖုန်ချင်အန်းင်အန်းနှင့်အတူ အောက်သို့ဆင်းသည်။ ယွီယွီအတွက်တော့ သိပ်အရေးစိုက်၍ကြည့်စရာမလို။

“အားးး”

မြေပြင်ကို ခြေထောက်ထိသည်နှင့် ဖုန်ချင်အန်း ပင့်သက်တစ်ချက်ရှိုက်လိုက်ရသည်။ ခြေဗလာဖြင့် ရေခဲသားကို ထိလိုက်ရသကဲ့သို့ အေးစက်လွန်းလှသည်။

သရဲဝံပုလွေစွမ်းအားကို လည်ပတ်လိုက်သည်။ ယင်စွမ်းအင်အအေးဓာတ်များ ပျောက်ကွယ်သွားသည်။ သစ်ပင်ငယ်အလင်းရောင်က သူ့ကိုယ်ပေါ် ထိုးကျလာသည်။ တစ်ကိုယ်လုံး နွေးထွေးသွားသည်။

ခန္ဓာကိုယ်ထဲမှ မသက်မသာခံစားနေရသည့်အဖြစ်များ လုံးဝပျောက်ကွယ်သွားသည်။ သစ်ပင်ကို သူအနီးကပ်စစ်ဆေးကြည့်သည်။

ပင်စဉ်က ဖြောင့်တန်း၍ သေးသွယ်သည်။ သစ်ကိုင်းတစ်ခုသာ ထိုးထွက်လာသည်။နေသည်။ နူးညံ့သည့်သစ်ရွက်သုံးရွက်က ကျောက်စိမ်းသားလို တောက်ပနေသည်။ သစ်ကိုင်းတွင် မြေပဲတောင့်အရွယ် အဖူးလေးတစ်ခု ထွက်နေသည်။

ထိုအဖူးလေးက ပြင်းထန်သည့်အလင်းတစ်ခုကို ထုတ်လွှတ်နေသည်။ သူ့ခြေထောက်အောက်မှ တောင်တန်းတစ်ခုလုံးကို နှိပ်ကွပ်ထားသည်။ သူ့ကိုယ်ထဲမှ အအေးဓာတ်ကို ဖယ်ရှား‌ပေးသည်။

“အကဲဖြတ်မယ်”

(မျိုးစိတ် - နေမီးတောက်သစ်ပင်)

(ဂုဏ်သတ္တိ - ယန်၊ သစ်သား၊ ကောင်းကင်)

(စွမ်းရည် - ဂျင်နရယ်၊ ထိပ်တန်း)

(တိုက်ခိုက်စွမ်းအား - မရှိ)

ရလာဒ်ပြောင်းလဲသွားသည်။ စွမ်းရည်အဆင့်က အပင်ပေါက်စမှာပင် ငါးဆခန့်ထိုးတက်သွားသည်။ လက်ရှိအဆင့်က နိမ့်သေးသော်လည်း ဖုန်ချင်အန်း အလေးအနက်ထားသည်။ ထိုသစ်ပင်သည် ထူးခြားလွန်းသည်။ တစ်ခြားဝိညာဉ်သစ်ပင်များကဲ့သို့ ယူဆ၍မရ။

သိပ်အရေးမစိုက်ခဲ့သည့်တုန်ဟွမ်းပင် ရှေ့တိုးလာသည်။ သစ်ရွက်များကို လက်ဖြင့်ညင်သာစွာ ပွတ်ကြည့်သည်။ မျက်လုံးတွင် အံ့ဩရိပ်သန်းနေသည်။ ထိုအဖြစ်မျိုးသည် သူ့အတွက်ပင် အမြင်ကျယ်စရာကိစ္စဖြစ်သည်။

နေမီးတောက်ပန်းက သစ်စေ့မှ ဖြစ်လာသည်မှာ အမှန်ဖြစ်လောက်သည်။ ထို့ကြောင့်သာ ပြန်လည်စိုက်ပျိုးနိုင်ခြင်းဖြစ်သည်။ ထိုအချက်ကို ယခုထိ သူလုံးဝမသိခဲ့။

“ဒီသစ်ပင်မျိုးအရင်က မြင်ဖူးလား”

ဖုန်ချင်အန်း မေးလိုက်သည်။

“မမြင်ဖူးဘူး။ ဒဏ္ဍာရီတစ်ခုတော့ ကြားဖူးတယ်”

“ဘာဒဏ္ဍာရီလဲ”

ယွီယွီက စိတ်ဝင်တစား ခေါင်းစောင်း၍ မေးသည်။ ထိုသစ်ပင်နှင့်ပတ်သက်သည့်အကြောင်းများကို သူမကြားဖူး။ မြင်လည်းမမြင်ဖူး။

“မြေအောက်ဘုံ အောက်ခြေမှာ အဆုံးအစမရှိတဲ့ နေမီးတောက်ပန်းပွင့်ပင်လယ်တစ်ခုရှိတယ်လို့ ပြောကြတယ်။ ပန်းပင်လယ်ရဲ့ ဗဟိုချက်မှာ နတ်သစ်ပင်တစ်ခုရှိတယ်။ အဲဒီ့သစ်ပင်ဟာ တစ်ချိန်က မြေအောက်လောကကို အုပ်စိုးခဲ့တဲ့ အဓိပဓိအင်ပါယာပဲ။ နောက်ပိုင်း ကပ်ဆိုးတစ်ခုကြောင့် သူသေသွားတယ်။ သူသေသွားတော့ သူ့သွေးကနေ နေမီးတောက်ပန်းပင်လယ်ဖြစ်လာတယ်တဲ့”

“မြေအောက်ဘုံအောက်ခြေတဲ့လား။ အဲဒီ့နေရာမျိုးရှိလို့လား”

မြေအောက်ဘုံအကြောင်း သိပ်မသိသဖြင့် ဖုန်ချင်အန်း အသံတိတ်နေသည်။ သို့သော် ယွီယွီက မယုံကြည်ဟန်ဖြင့် ပြန်မေးသည်။ ထိုဒဏ္ဍာရီကို ပထမဆုံးအကြိမ် သူကြားဖူးခြင်းဖြစ်သည်။

“ငါလည်း သေချာမသိဘူး။ ရှိချင်လည်းရှိမယ်။ ရှိချင်မှလည်းရှိမယ်။ ဘယ်သူမှ အတည်မပြုနိုင်သလို ဘယ်သူမှလည်း မငြင်းနိုင်ဘူး”

တုန်ဟွမ်း ပြန်ဖြေသည်။ သူ့ရှေ့မှ သစ်ပင်ငယ်ကြောင့်သာ ထိုဒဏ္ဍာရီကို သူပြန်သတိရလာခြင်းဖြစ်သည်။

ဖုန်ချင်အန်း ဘာမှမပြော။ အတွေးထဲ နစ်မျောနေသည်။ မိုနာ့နှစ်ယောက် အတည်မပြုနိုင်သည့် ထိုဒဏ္ဍာရီသည် အစစ်အမှန်ဖြစ်မည်ဟု သူယူဆသည်။

“ဒီလိုဒဏ္ဍာရီတွေ အများကြီး ငါကြားဖူးပါတယ်။ အဓိပဓိအင်ပါယာတစ်ယောက် မြေအောက်ကမ္ဘာကို အုပ်စိုးခဲ့တယ်တဲ့လား။ အခု မြေအောက်ဘုံက တစ်စစီပျက်စီးနေတာ။ ဘယ်လိုလူက စုစည်းအုပ်ချုပ်နိုင်မှာလဲ”

ဖီးနစ်က မယုံကြည်ဟန်ဖြင့် ပြောသည်။

မြေအောက်ဘုံ တစ်စစီပျက်စီးနေသည်ဟူသည့်စကားကြောင့် ဖုန်ချင်အန်း နည်းနည်းအံ့အားသင့်သွားသည်။သင့်သါားသည်။ နန်းကောနှင့်ဝိညာဉ်စာချုပ်ချုပ်ခဲ့စဉ်က ကြားခဲ့ရသည့်အသံကို သူပြန်သတိရလာသည်။

လျှို့ဝှက်မြေအောက်ဘုံအဆင့်ခြောက်၊ ခုနစ်ဆယ့်နှစ်ခုမြောက်။

(ထိုအကြောင်း အရင်အခန်းများတွင် မပါရှိခဲ့ပါ။ ဝတ္ထုတွင် အသစ်ပေါ်လာခြင်းဖြစ်ပါသည်)

ဖုန်ချင်အန်း အသေးစိတ်အချက်အလက်များကို ပြန်တွေးကြည့်သည်။ ထူးခြားသည့်သူ့မှတ်ဉာဏ်ကို ကျေးဇူးတင်မိသည်။ ပျက်စီးနေသည့် မြေအောက်ဘုံ၊ ဆဋ္ဌမအလွှာ၊ နယ်မြေခုနစ်ဆယ့်နှစ်ဟူ၍ ဖြစ်သည်။

ရိုးရှင်းသည့် ရှေးဟောင်းအချက်အလက်တစ်ခု သူ့စိတ်အာရုံတွင် ပေါ်လာသည်။

မရေမတွက်နိုင်သော အချိန်ကာလတစ်ခုက အဓိပဓိနတ်ဘုရားတစ်ယောက် မြေအောက်ဘုံကို အုပ်ချုပ်ခဲ့သည်။ အမှတ်မထင်ဖြစ်လာသည့်ကပ်ဆိုးကြောင့် ထိုနတ်ဘုရားကျဆုံးခဲ့သည်။ မြေအောက်ဘုံ တစ်စစီပြိုကွဲသွားသည်။ သူမသေဆုံးမီ နောက်ဆုံးလက်ဆောင် နောက်ဆုံးကောင်းချီးကို မြေအောက်ဘုံအတွက် ချန်ထားခဲ့သည်။ နေမီးတောက်ပန်းပွင့်များဖြစ်သည်။

မြေအောက်ဘုံအောက်ခြေမှ နေမီးတောက်ပန်းပွင့်ပင်လယ်နှင့် နတ်သစ်ပင်သည် တကယ်ရှိနိုင်သည်။

“မင်းဘယ်လိုထင်လဲ”

တုန်ဟွမ်းက ဖီးနစ်စကားကို အရေးမစိုက်ဘဲ ဖုန်ချင်အန်းကို မေးလိုက်သည်။

ဖုန်ချင်အန်း ပြန်မဖြေ။ သူ့ဘာသာ သုံးသပ်နေသည်။ ထုတ်ပြော၍လည်း ဘာမှကောင်းကျိုးမရှိ။ သူကိုယ်တိုင်လည်း သေချာရှင်းပြနိုင်သည်မဟုတ်။

နေမီးတောက်သစ်ပင်ဆီလျှောက်သွား၍ သွယ်လျသည့်ပင်စည်ကို သူဆုပ်ကိုင်လိုက်သည်။

ဝိညာဉ်ပေါင်းစပ်မှု စတင်သည်။

ဤတစ်ကြိမ်တွင် ဝိညာဉ်ချီများကို ပေါင်းစပ်ခြင်းမဟုတ်။ ဝိညာဉ်စွမ်းအားဖြင့်ထိန်းချုပ်၍ ယင်ချီများကို ပို့လွှတ်သည်။

All Chapters