← Chapters

လိုအင်

Vol. 8 Ch. 114

လိုအင်

Vol. 8 Ch. 114

“မင်းရဲ့ဝိညာဉ်စွမ်းအင်တွေ စုပ်ယူခံလိုက်ရပြန်ပြီ”

တုန်ဟွမ်း ဘေးမှ အနီးကပ်စိုက်ကြည့်နေသည်။ အပင်ပေါက်နှင့်ဖုန်ချင်အန်းအဖြစ်ကို သူရိပ်မိသည်။

“ထင်တဲ့အတိုင်းပဲ”

ဖုန်ချင်အန်း လက်ကိုလွှတ်၍ ‌ခြေတစ်လှမ်းဆုတ်လိုက်သည်။ မျက်မှောင်ကျုံ့၍ အပင်ငယ်ကိုကြည့်နေသည်။

“နောက်ဆုတ်ပါ။ ငါစမ်းကြည့်မယ်”

တုန်ဟွမ်း ရှေ့တိုးလာပြီး အပင်ငယ်ထဲသို့ သူ့စွမ်းအင်များ ပို့လွှတ်ကြည့်သည်။

သို့သော် ဖုန်ချင်အန်းထက်များစွာ သာလွန်သည့် သူ့စွမ်းအင်များ သစ်ပင်ထိပ်မှ လျှံထွက်လာသည်။

မည်မျှပို့လွှတ်သည်ဖြစ်စေ အပင်ငယ်က လက်ခံခြင်းလုံးဝမရှိ။

“မင်းစွမ်းအင်ကို ပြန်ပေါင်းစပ်ကြည့်ပါဦး။ ငါအားဖြည့်ပေးမယ်”

တုန်ဟွန်းခဏတုံ့ဆိုင်းနေပြီးနောက် ဖုန်ချင်အန်းကို လှည့်ကြည့်သည်။

ဝိညာဉ်စွမ်းအားပေါင်းစပ်လိုက်သည်။ ဘေးပတ်လည်ဝိညာဉ်ချီများကိုပင် စုပ်ယူမနေတော့။ တုန်ရွှမ်းက သူ့စွမ်းအားပို တစ်ပြိုင်တည်း ပို့လွှတ်ပေးသည်။ ဤတစ်ကြိမ်တွင် စွမ်းအင်များ လျှံထွက်မလာတော့။ အပင်ငယ်က အားလုံးကိုစုပ်ယူသွားသည်။

နေမီးတောက်သစ်ပင်တစ်ခုလုံး တောက်ပစူးရှသည့်အလင်းများ ဖျာထွက်လာသည်။ နည်းနည်းပို၍ ရှည်ထွက်လာသည်။ ထို့ကြောင့် အချက်တစ်ချက်သေချာသွားသည်။

“ဒီသစ်ပင်က မင်းရဲ့ဝိညာဉ်စွမ်းအားကို လိုအပ်တာပဲ။ ကျန်တဲ့ ပတ်ဝန်းကျင်ဝိညာဉ်ချီ၊ ယင်ချီ၊ ငါပိုင်ထားတဲ့ချီစွမ်းအင်တွေအားလုံးက မင်းစွမ်းအားကို ဘေးကနေဖြည့်ပေးရတဲ့သဘောပဲ”

တုန်ဟွမ်းက ဖုန်ချင်အန်းကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။ သူမကြုံဖူးသည့်အပြောင်းအလဲသည် သူ့ရှေ့မှ ကောင်လေးကြောင့် ဖြစ်နေသည်။

“မင်းတစ်ယောက်ပဲ ဒီသစ်ပင်ကို ပြုစုပျိုးထောင်ပြီး ကြီးထွားအောင်လုပ်နိုင်မှာ”

“ဒီသစ်ပင် အတော်ဂျေးများတာပဲ”

ဖုန်ချင်အန်း နှာခေါင်းရှုံ့လိုက်သည်။

“ဂျေးများတာ မဟုတ်လောက်ဘူး...”

သူ့လိုပင် မွေးရာပါစွမ်းအင်ရင်းမြစ်ချို့ယွင်း၍ ‌ထောက်ပံ့မှုလိုနေခြင်းဖြစ်မည်။ တစ်ခြားစွမ်းအင်များကို ထိုသစ်ပင် မစုပ်ယူနိုင်။ စုပ်ယူနိုင်လျှင်ပင် ကြာရှည်ထိန်းမထားနိုင်ခြင်းဖြစ်မည်။

တုန်ဟွမ်း စကားကိုဆုးအောင်မပြော။ သူပြန်လည်သုံးသပ်လေ့လာကြည့်ရဦးမည်။ ရှေးဟောင်းကျမ်းစာများထဲတွင် အဖြေရှာတွေ့ကောင်းတွေ့နိုင်သည်။

“မဟုတ်ရင် ဘာလဲ”

တုန်ဟွမ်းဆက်ပြောမည့်စကားကို ဖုန်ချင်အန်း စောင့်နေသည်။

“ဘာမှမဟုတ်ပါဘူး။ ဒီသစ်ပင်ကို ပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်ပြီးပြီလား။ မင်းအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နိုင်တယ်နော်”

“အပင်တောင်ပေါက်နေပြီပဲ။ ဆက်ထိန်းထားပြီး ဘာဖြစ်လာမလဲ ကြည့်ကြတာပေါ့။ သူဘယ်လိုပြောင်းလဲလာဦးမလဲ ကျုပ်ကြည့်ချင်တယ်”

ဖုန်ချင်အန်း တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပြန်ဖြေသည်။ ထိုသစ်ပင် သူ့အတွက်မည်သို့အကျိုးပြုနိုင်မည် မသိသေး။ သို့သော် ပြုစုရသည့်ကုန်ကျစရိတ် သိပ်မများသဖြင့် သူစမ်းကြည့်ချင်သည်။

“လူသားကမ္ဘာဝင်ပေါက်နဲ့သိပ်မနီးတော့ မင်းအတွက် ပြုစုစောင့်ရှောက်ရတာ ဒုက္ခနည်းနည်းများနိုင်တယ်”

“ကိစ္စမရှိပါဘူး။ တောင်နက်က မကြာခင် စွမ်းအားတိုးလာလောက်ပါတယ်။ သူ့ဆီကနတ်ဆိုးစွမ်းအား ပိုရလာရင် ဒီကိုလာဖို့ သိပ်အချိန်မကြာနိုင်ပါဘူး”

တောင်နက်စွမ်းအားတိုးလာသည်ကို သူအာရုံခံမိသည်။ ကြမ်းတမ်းသည့်တိုက်ပွဲများဖြင့် ကိုယ်ရည်သွေးခြင်းကြောင့်သာမဟုတ်။ အောင်ပွဲရတိုင်း ဝိညာဉ်ဆိုးများကို စားသောက်ခွင့်ရသောကြောင့်လည်း ဖြစ်သည်။ တုန်ဟွမ်းစီစဉ်ထောက်ပံ့ပေးထားသည့် အကျိုးကျေးဇူးဖြစ်သည်။

“မင်းဆန္ဒရှိရင်လည်း သဘောပါပဲ”

တုန်ဟွမ်း ထပ်မပြောတော့။ သူပေးခဲ့သည့်ပန်းပွင့်က ထင်မထားသည့်အပြောင်းအလဲမျိုး ဖြစ်လာသည်။ အဆိုးကြီးတော့လည်းမဟုတ်ပါ။

ထို့အပြင် သစ်ပင်ကြီးလာလျှင် မည်သို့ဆက်ဖြစ်မည်ကို သူလည်းသိလိုသည်။ သူကြားဖူးထားသည့် ဒဏ္ဍာရီက အတည်မပြုနိုင်သော်လည်း ထိုအကြောင်းပြောခဲ့သည့်လူက သာမန်နောက်ခံမျိုးမဟုတ်။

“ကောင်းပါပြီ”

“ယွီယွီ၊ နန်းကောကို သွားခေါ်လိုက်ပါ။ သူ့ကိုငါ ပြောစရာရှိတယ်”

“ငါမင်းတို့နှစ်ယောက်ကို သူ့ဆီပြန်ခေါ်သွားလို့ရော မရဘူးလား။ ဖုန်ချင်အန်းလည်း လူသားကမ္ဘာကိုပြန်ရမှာပဲလေ။ လမ်းကြောင်းသင့်နေတာပဲ”

ဖီးနစ်က နားမလည်ဟန်ဖြင့် ပြန်မေးသည်။

“မင်းက ငါ့အမိန့်ကို ဆန့်ကျင်လာပြီလား။ ငါတို့သဘောတူထားတာကို မေ့သွားပြီလား”

တုန်ဟွမ်း စိုက်ကြည့်လိုက်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ အခုချက်ချင်းသွားခေါ်ပေးပါ့မယ်”

ဖီးနစ် ဇက်ပုသွားပြီး တောင်ပံဖြန့်၍ မီးတောက်အလင်းတန်းအသွင်ပြောင်း၍ ချက်ချင်းပျောက်ကွယ်သွားသည်။ အလွန်တရာလျင်မြန်လှသည်။

“ငါ့မှာ အချိန်သိပ်မရှိဘူး။ ခဏနေရင် ယွီယွီက နန်းကောကို ခေါ်လာတော့မယ်”

တုန်ဟွမ်း ဖုန်ချင်အန်းကို လှည့်ကြည့်သည်။ ဖုန်ချင်အန်းအမူအရာကို အရေးမစိုက်ဘဲ ဆွဲဖက်လိုက်သည်။ တောင်နက်စွမ်းအားဖြင့် အသွင်ပြောင်းထားသ်ောလည်း သူ့ထက် ခေါင်းတစ်လုံးပိုနိမ့်နေသည်။ ယုဟွမ်သခင်မ၏ လွှမ်းမိုးမှုဩဇာကို နောက်တစ်ကြိမ်ပြလာပြန်သည်။ သို့သော် တိုက်ပွဲပြန်စသည်နှင့် ဖုန်ချင်အန်းက ကြမ်းတမ်းမှုအတုကို အလွယ်တကူ ချိုးဖျက်လွှမ်းမိုး၍ အတွင်းဘက်တွင် ပုန်းကွယ်နေသည့် နူးညံ့မှုအစစ်ကို ရယူခံစားသည်။

တုန်ဟွမ်း နည်းနည်းတော့ တိုးတက်လာသည်။ သို့သော် သူနှင့်ယှဉ်လျှင် အားနည်းလွန်းသေးသည်။ သူ့ကို လုံးဝမမီသေး။ သူအလွယ်တကူ ထိန်းချုပ်နိုင်သည်။ အသာစီးယူနိုင်သည်။

သို့သော် ဖုန်ချင်အန်း သိပ်ကြာကြာသာယာခွင့်မရ။ ဖီးနစ်၏စွမ်းအင်ရောင် ပြန်ပေါ်လာသည်။ တုန်ဟွမ်းက သူ့ကိုတွန်းဖယ်၍ ပုံမှန်အေးစက်တင်းမာသည့်မျက်နှာမျိုး ပြန်ပြောင်းသွားသည်။

“မမ၊ ဘာလို့ကျွန်မကို ဒီခေါ်လာတာလဲ”

ရင်းနှီးကျွမ်းဝင်ခဲ့သည့် သူ့အမကို တွေ့သော်လည်း နန်းကောမျက်နှာက မကြည့်လင်။

ဖုန်ချင်အန်းနဲ့အတူ လူသားကမ္ဘာကို နင်လိုက်သွးပါ။ ငါလုပ်စရာကိစ္စရှိသေးလို့ အရင်သွားနှင့်မယ်။ နောက်မှငါပြန်လာမယ်”

လိုအပ်ချက်ပြည့်သွားပြီးဖြစ်သည့် တုန်ဟွမ်းက ညွှန်ကြားသည်။ ဆူငေါက်နှိပ်ကွပ်ခံရမည်ဟု ထင်ထားခဲ့သည့်နန်းကော မှင်သက်မိနေသည်။ သူအံ့ဩနေစဉ်မှာပင် တုန်ဟွမ်းက ဖီးနစ်ကိုစီး၍ ထွက်သွားသည်။

All Chapters