အခန်း (၅၂)
Vol. 4 Ch. 52
လုရွှယ်ယင်က အလျင်စလို ပြောလိုက်သည်။
“ငါဒီနေ့ နည်းနည်းပင်ပန်းနေတယ်။ အရင်အိပ်နှင့်တော့မယ်”
ထိုသို့ပြောအပြီးမှာပဲ လုရွှယ်ယင်က အခန်းထဲကထွက်ကာ တခြားအခန်းရှိရာ လျှောက်သွားလိုက်ပြီး အခန်းတံခါးပိတ်လိုက်တော့၏။ သူမ ခုနက ထွက်လာလိုက်တဲ့အခန်းက သူမရဲ့ ကိုယ်ပိုင်အခန်းဆိုတာကို လုရွှယ်ယင်မေ့သွားခဲ့သည်။
လုရွှယ်ယင်ရဲ့ အခန်းထဲက လွီရွှမ်က ပိတ်သွားတဲ့တံခါးကိုကြည့်ပြီး ကြောင်တောင်တောင်ဖြစ်သွား၏။ လုရွှယ်ယင် ဘာတွေတွေးနေသလဲဆိုတာ သူမ မသိတော့ပါ။ လုရွှယ်ယင်က အိပ်ယာပေါ်လှဲကာ မျက်နှာကျက်ကို ကြည့်နေလိုက်သည်။ သူမစိတ်ထဲမှာတော့ အတွေးများပြည့်နှက်လျက်ရှိ၏။
ဒီကနေ့မှာ လင်းဖေးဟန်က သူမရဲ့ အမြင်သုံးခု(လောကကြီးအပေါ်အမြင်၊ ဘဝကြီးအပေါ်အမြင်နဲ့ တန်ဖိုးထားမှုခံယူချက်)ကို ပြောင်းလဲပစ်ခဲ့သည်။ လွီရွှမ်ပြောတာက အမှန်ပဲလား။ လင်းဖေးဟန်က တကယ်ပဲ ဂုဏ်သရေရှိပြီး အသိပညာကြွယ်ဝတဲ့ ရတနာကောင်လေးလား။ ဒါပေမဲ့ သူမ ဘာလို့ အဲ့ဒီကောင်းကွက်တွေကို မမြင်တွေ့ခဲ့ရတာလဲ။ လုရွှယ်ယင်က လင်းဖေးဟန်ကို လက်ခံဖို့ အရင်တုန်းက မကြိုးစားဖူးတာ မဟုတ်ဘူး။ သူမ တကယ်ကို သည်းမခံနိုင်လို့သာ။ အထက်စီးဆန်မှု၊ အေးစက်ပြီး ရက်စက်မှုဆိုတာတွေက လင်းဖေးဟန်ရဲ့ စရိုက်သင်္ကေတတွေပဲ။ အဲ့လို အကျင့်မျိုးနဲ့ဆိုမှတော့ လင်းဖေးဟန်က သူမလက်ထပ်ချင်တဲ့သူမျိုး မဟုတ်ဘူးလေ။
သို့သော် လောလောဆယ် လုရွှယ်ယင်ရဲ့စိတ်ထဲမှာတော့ သူမ တစ်ချိန်တုန်းက အပြစ်ချည်းမြင်ခဲ့တဲ့ လင်းဖေးဟန်က တဖြည်းဖြည်းနဲ့ သူမ ကောင်းကောင်းနားမလည်နိုင်သလို ဖော်လည်းမဖော်ပြတတ်တော့တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲလာပုံပေါ်သည်။ လင်းဖေးဟန် သူမကို ဆုံးရှုံးစေခဲ့တာတွေက ဒီလိုမျိုး စကားလုံးရိုးရိုးလေး၊ ပြောင်းလဲမှုလေးနည်းနည်းနဲ့ ဖာထေးနိုင်ဖို့ဆိုတာ အလှမ်းဝေးသေး၏။
လုရွှယ်ယင်ရဲ့ စိတ်ထဲမှာ လင်းဖေးဟန်က တကယ်ပဲ သူမ မသိတဲ့ သူစိမ်းတစ်ယောက်လို ပြောင်းလဲသွားတယ်လို့ ခံစားနေရသည်။ ဒါပေမဲ့ အဲ့ဒီလိုဆိုတော့ရော ဘာဖြစ်လဲ။ အဲ့ဒါက သူမအနေနဲ့ သူ့ကို မုန်းတီးတာကို ဘယ်လိုမှ မတားဆီးနိုင်ပါ။ သူမ ဆက်မတွေးချင်တော့ပေ။ မီးကိုပိတ်ကာ အိပ်လိုက်တော့၏။ ထိုညတွင် လုရွှယ်ယင်က အိပ်မက်တစ်ခုမက်ခဲ့ပြီး ထိုအိပ်မက်ထဲတွင် သူမက ဂိမ်းတစ်ခုကို ဆော့ကစားနေသည်။ ထိုဂိမ်း၏အမည်က HOK ဖြစ်၏။
ညသန်းခေါင်ရောက်တော့ လင်းဖေးဟန်က အိပ်မရတော့ပေ။ သူ့ရဲ့ဓားက ဓားအိမ်ထဲမှ လွတ်လာတော့သည်။ ထို့ကြောင့် လင်းဖေးဟန်က သူ့မိတ်ဆွေများကို ဆက်သွယ်လိုက်ပြီး အတော်လေးမိုက်တဲ့ သီးသန့်ပါတီပွဲတစ်ခုကို တက်ရောက်ခဲ့၏။ ပါတီပွဲတွင် အချောအလှလေးများက ဓားရေးပြရန် လင်းဖေးဟန်ကို အထာပေးခဲ့ကြသည်။ သို့သော် လင်းဖေးဟန်က မိတ်ကပ်အထူကြီး လိမ်းခြယ်ထားသော ထိုအလှလေးများကို သဘောမခွေ့ချေ။
ယခုဆို လင်းဖေးဟန်ရဲ့ လက်ထဲတွင် ဖဲချပ်များလိုပင် မိန်းမလှလေးများရဲ့ နာမည်ကတ်များ ရရှိထားပြီဖြစ်၏။ ကတ်များထဲမှတစ်ခုကို လင်းဖေးဟန်က ဆွဲထုတ်လိုက်သည်။ ထိုအမျိုးသမီးအနေနဲ့ အတော်လေးကြည့်ကောင်းပြီး လင်းဖေးဟန်ကလည်း သူမကို စိတ်တိုင်းကျ၏။ အဲ့ဒီနောက် လင်းဖေးဟန်က သူမနဲ့ အိပ်ယာပေါ်တွင် ဓားအသွင်းအထုတ်လုပ်ကာ ဓားရေးစတင်လေ့ကျင့်တော့သည်။ လေ့ကျင့်ရေးအတန်ငယ်အပြီးတွင် ထိုအမျိုးသမီးက အကြိမ်ကြိမ် ညည်းညူခဲ့လေတော့၏။
ထိုအမျိုးသမီးက နာမည်ကျော် လုပ်ငန်းရှင်တစ်ယောက်ရဲ့ ဇနီးဖြစ်ပြီး သူမကိုလက်ထပ်ယူရန် ထိုလူက ငွေအမြောက်အများကို သုံးစွဲခဲ့သည်။ အခုကျ သူမက သူနဲ့ အိပ်ယာပေါ်တွင် ဓားရေးလေ့ကျင့်နေ၏။ ထိုအကြောင်းတွေးမိတော့ လင်းဖေးဟန်က ပိုမိုကြမ်းတမ်းလာသည်။ လင်းဖေးဟန်က အတော်လေးသန်စွမ်းပြီး လေးချီဆက်တိုက်ပြီးသွားခဲ့သည်။ ထိုအမျိုးသမီးရဲ့ အသနားခံတဲ့ မျက်လုံးများကိုကြည့်ပြီး လင်းဖေးဟန်က ထိုနာမည်ကျော်လုပ်ငန်းရှင်ကို အမှန်တကယ်တစ်ခုခုပြောချင်မိခဲ့၏။
“မင်းရဲ့ မိန်းမနဲ့သမီးကို ငါစောင့်ရှောက်ပေးပါ့မယ်”
ထိုအမျိုးသမီးကို ပြန်လွှတ်အပြီးမှာ လင်းဖေးဟန်က အိပ်ယာပေါ်တွင် ငြိမ်ငြိမ်လေးလှဲနေလိုက်သည်။ သူမကို ဆက်ခေါ်ထားရင် သူ့ရဲ့ ပွိုင့်ရရှိရန် အားထုတ်မှုကို အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် လင်းဖေးဟန်က အဆိုပါအမျိုးသမီးကို တစ်ညလုံးဆက်ခေါ်မထားခဲ့ပေ။ လင်းဖေးဟန်က ဂိမ်းဆက်ဆော့ခဲ့သည်။
မွန်းလွဲပိုင်းတွင်တော့ လင်းဖေးဟန်က လင်းအုပ်စုကို ရောက်ရှိခဲ့၏။ ရုံးခန်းထဲထိုင်ကာ အလုပ်လုပ်ချင်ယောင်ဆောင်လိုက်သည်။ လျှို့ရှင်းယာက သိမ်မွေ့တဲ့ကြောင်လေးတစ်ကောင်လို လင်းဖေးဟန်နား ထပ်မံကပ်လာခဲ့၏။ သူမရဲ့ ဘောလုံးနှစ်လုံးဖြင့် လင်းဖေးဟန်ရဲ့ လက်မောင်းကို ဆက်တိုက် ပွတ်သပ်နေခဲ့သည်။ လင်းဖေးဟန်က မနေ့က လေးကြိမ်တိတိ ဓားရေးလေ့ကျင့်ခဲ့သဖြင့် ဓားရောလူရော နွမ်းလျနေပြီဖြစ်၏။
အစက လင်းဖေးဟန်က သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ရည်ရွယ်ထားသော်လည်း သူ့ရဲ့ ခန္ဓာကိုယ်ကို စနစ်က မည်မျှသန်မာအောင်လုပ်ပေးခဲ့သည်ကို လျော့တွက်လိုက်မိသည်။ အဲ့ဒါက အင်မတန်စွမ်းပြီး သူ့ဓားက ချက်ချင်းဆိုသလို ဆွဲထုတ်ပြီးနှင့်ပြီဖြစ်၏။ လင်းဖေးဟန်က သူ့ရဲ့ ဆယ့်သုံးခုမြောက် ဓားသိုင်းနှင့် အဆိပ်မိုးကြိုးနဂါးလွန်သွားကို ထုတ်သုံးလိုက်သည်။ ခဏအကြာမှာတော့ လျို့ရှင်းယာက ရေပွက်ထနေတဲ့ ရေပူစမ်းလို တုံ့ပြန်လာခဲ့ပြီး ဂရုဏာထားရန် အသနားခံလာခဲ့၏။
လင်းဖေးဟန်က ဒီအရာအားလုံးကို ဂရုမစိုက်ပေ။ ဒါက လေ့ကျင့်ခန်းပြုလုပ်ခြင်းတစ်မျိုးဟုသာ သူက သတ်မှတ်ထားသည်။ မဟုတ်လည်း တစ်နေကုန်ရုံးခန်းထဲထိုင်နေလျှင် ကျန်းမာရေးထိခိုက်လာမည်မဟုတ်လား။ အချိန်အတန်ကြာအပြီးမှာတော့ လျို့ရှင်းယာက လင်းဖေးဟန်ရဲ့ ရင်ခွင်ထဲတွင် ပျော့ပြောင်းတဲ့ရွံစေးလေးလို ခွေကျသွား၏။ သူမရဲ့မျက်လုံးထဲတွင်တော့ အဆုံးမရှိသော ကြည်နူးမှုများဖြင့် ပြည့်နှက်လျက်ရှိသည်။
လျို့ရှင်းယာက သူမကိုယ်သူမ ဘာလဲဆိုတာ ကောင်းကောင်းသိ၏။ ဘာဖြစ်ဖြစ် သူမက သာမန်မိသားစုက မိန်းကလေးတစ်ယောက်ပဲလေ။ သူမနဲ့ လင်းဖေးဟန်ကြားမှာ ကြီးမားတဲ့ကွာဟချက်ရှိနေပြီး အဲ့ဒါကို တစ်ကိုယ်ရည်အထိအတွေ့ဆက်ဆံရေးလေးနဲ့တင် ဖာထေး၍မရပေ။ သို့သော် လျို့ရှင်းယာက အတော်လေးရောင့်ရဲတတ်ပြီး ဘယ်လိုတင်းတိမ်ရမလဲဆိုတာကိုသိသည်။ သူမက လောဘကြီးတဲ့ အမျိုးသမီး မဟုတ်ချေ။ လင်းဖေးဟန်နဲ့ ခဏမျှရှိနေရမည်ဆိုရင်တောင် သူမအတွက် လုံလောက်၏။ ပိုးဖလံ မီးတောတိုးသည့် အခိုက်အတန့်လိုမျိုးဆိုရင်တောင်ပေါ့။
“လင်းဥက္ကဌ ဒီနေ့တကယ် မိုက်တယ်”
“ငါ ဘယ်တုန်းက မမိုက်ဖူးလို့လဲ။ ပိုမိုက်သွားအောင် လုပ်ပြစေချင်လား”
လျို့ရှင်းယာက ကြောက်လန့်တကြားနဲ့ လက်ခါလိုက်သည်။
ထိုအချိန်တွင် လျို့ရှင်းယာရဲ့ ဖုန်းမျက်နှာပြင်က လင်းလာခဲ့၏။ လင်းဖေးဟန်က သူ့ရဲ့ တိုက်တေနီယံလျှပ်စစ်မျက်လုံးတွေနဲ့ကြည့်လိုက်ရာ အလွန်ရင်းနှီးနေသော နာမည်ကို မြင်လိုက်ရသည်။ တစ်ဖက်လူမှာ လုရွှယ်ယင်ဖြစ်၏။ လုရွှယ်ယင်က လျို့ရှင်းယာကို အခုအချိန်ကြီး စာပို့နေပြီပေါ့။ ဘာကိစ္စရှိလို့လဲ။ လင်းဖေးဟန်က သိချင်သော်လည်း အင်မတန်စိတ်လှုပ်ရှားနေသော အရိပ်အယောင်ကို မပြသခဲ့ပေ။
လျို့ရှင်းယာရဲ့ ခန္ဓာကိုယ် တောင့်တင်းသွား၏။ အပြစ်ရှိသလို သူမ ခံစားလိုက်ရသောကြောင့်ဖြစ်မည်။ မည်သူစာပို့လိုက်သည်ကို လင်းဖေးဟန် မြင်တွေ့နိုင်သလို လျို့ရှင်းယာက ပိုရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ ထိုအခိုက်အတန့်တွင် သူမက အလွန်စိတ်လှုပ်ရှားလျက်ရှိ၏။ လင်းဖေးဟန်သာ တစ်ခုခုမူမမှန်တာကို သိရှိသွားမယ်ဆိုရင် သူမ ဘောင်းဘီမှာ ရွံ့ဝါပေသလို(ရွံ့ပေတောင် ချီးပေတယ် မှတ်ယူနိုင်၊ ရှင်းပြမရဖြစ်)ဖြစ်မည်။ အပြစ်ရှိရှိ မရှိရှိ သူမ သေဖို့ ကြမ္မာဖန်သွားလိမ့်မည်။
လင်းဖေးဟန်က ဘာမှမဖြစ်ချင်ဟန်ဆောင်ကာ ပြုံးပြုံးလေးမေးလိုက်သည်။
“ဘာဖြစ်တာလဲ”
လျို့ရှင်းယာက မူမမှန်သည့်အပြုံးဖြင့် ပြောလိုက်၏။
“ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်း…ဗိုက်နည်းနည်းမကောင်းသလို ခံစားရလို့ပါ”
“အိုး။ ရာသီလာတာများလား။ ရပါတယ်။ ရေနွေးများများသောက်ပေါ့”
ထို့နောက် လင်းဖေးဟန်က လျို့ရှင်းယာကို အဝတ်ကူဝတ်ပေးလိုက်သည်။
လျို့ရှင်းယာက စာပြန်လိုသော်လည်း လင်းဖေးဟန်ဘေးမှာနေပြီး သူမ ဘယ်လိုလုပ်ပြီး စာပြန်နိုင်မည်နည်း။ လျို့ရှင်းယာက စိတ်လှုပ်ရှားနေရာမှ တဖြည်းဖြည်း တည်ငြိမ်သွား၏။ နောက်ဆုံးမှာတော့ သူမက စိတ်နှလုံးထိတွေ့သွားသည်။
“ရေနွေးများများသောက်ဆိုပဲ။ ကောင်းလိုက်တဲ့အပြော”
လင်းဖေးဟန်က အနည်းငယ်ပြုံးလိုက်၏။ အရာအားလုံးက သူ့ရဲ့ ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။ အခုဆို သူက လျို့ရှင်းယာရဲ့ ခန္ဓာကိုယ်တင်မက စိတ်နှလုံးသားကိုပါ ဖမ်းစားနိုင်ခဲ့ပြီဖြစ်၏။ လျို့ရှင်းယာက သူ့ကို ဘယ်တော့မှ သစ္စာဖောက်မည်မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေနဲ့ လိုအပ်လျှင် သူမက Infernal Affairs ထဲကအတိုင်း သရုပ်ဆောင်ပြသွားနိုင်သည်။ လျို့ရှင်းယာကို ပြန်ခိုင်းလိုက်ပြီးနောက် လင်းဖေးဟန်က အလုပ်တန်းလုပ်တော့၏။
ပထမဆုံးအနေနဲ့ သူက စနစ်ကို ဆင့်ခေါ်လိုက်ပြီး သူ့ရဲ့ လက်ကျန်ပွိုင့်ကို စစ်ဆေးးလိုက်သည်။ ပွိုင့် ၅၀ ကျော်သာကျန်၏။ ထို့နောက် သူ့ရဲ့ စွမ်းအားဂုဏ်သတ္တိအမျိုးမျိုးကို ကြည့်လိုက်သည်။
အသုံးပြုသူ; လင်းဖေးဟန်
ပွိုင့်; ၁၀
ပိုင်ဆိုင်မှု; အမေရိကန်ဒေါ်လာ 61 ဘီလီယံ
ခွန်အား; ၁၃၀
အမြန်နှုန်း; ၁၁၀
တုန့်ပြန်နိုင်စွမ်း; ၁၂၀
ဆွဲဆောင်မှု; ၁၆၀ (သာမန်လူက ၁၀၀)
အရည်အချင်းများ: တိုက်ခိုက်ရည်;အဆင့်မြင့်, ကားမောင်း; အလယ်အလတ်, လက်ရေးလှ; အခြေခံအဆင့်, အင်္ဂလိပ်စာ; အခြေခံအဆင့်…
ဘာဖြစ်ဖြစ် ငါ လောလောလတ်လတ် ပိုက်ဆံအများကြီး ရှာထားတာပဲလေ။ ပိုက်ဆံဖြုန်းရမှာကို မကြောက်ပါဘူး။