← Chapters

အခန်း (၅၃)

Vol. 4 Ch. 53

အခန်း (၅၃)

Vol. 4 Ch. 53

“စနစ်‌ရေ ငါ့ကို ၁ ဘီလီယံ အရင်ဖြည့်ပေး”

“တင်း!စနစ်သတိပေးချက်:အသုံးပြုသူမှ ပွိုင့် ၁၀၀၀၀ ကို ရရှိလိုက်ပြီး ပွိုင့် ၁၀၀၅၀ ဖြစ်သွားပါပြီ”

လင်းဖေးဟန်က ခဏမျှ စဥ်းစားလိုက်ပြီး ပြောလိုက်သည်။

“စနစ်။ အရင်ဆုံး ခွန်အားကို ပွိုင့် ၃၀, အလျင်နှုန်းကို ၂၀, တုံ့ပြန်နိုင်စွမ်းကို ၂၀ နဲ့ ကျန်တာကိုတော့ ကားမောင်းစွမ်းရည်မြှင့်တင်ပေး”

“တင်း!စနစ်သတိပေးချက်:အသုံးပြုသူ၏ ခွန်အား;၁၆၀ အလျင်နှုန်း; ၁၃၀, တုံ့ပြန်နိုင်စွမ်း;၁၄၀, ဆွဲဆောင်မှု; ၁၆၀(သာမန်လူတွေက ၁၀၀), ကားမောင်းစွမ်းရည်; အလယ်အလတ်အဆင့်ကို မြှင့်တင်ပြီး”

လင်းဖေးဟန်က သူ့ရဲ့ ဂုဏ်ရည်အဖြာဖြာနဲ့ပတ်သက်ပြီး အကျေနပ်ကြီးကျေနပ်လျက်ရှိ၏။ သူက သေရမှာ ကြောက်သကိုး။ စကားပုံလေးတစ်ခုအတိုင်းပဲ။ သိုင်းပညာဘယ်လောက်ကောင်းကောင်း မီးဖိုချောင်သုံးဓားကိုတော့ ကြောက်ကြတယ်ဆိုတာမျိုးလေ။ ဇာတ်လိုက်က တောင်အောက်ဆင်းလာပြီး ရန်သူတွေကို သုတ်သင်တော့မယ်ဆိုတော့ ငါ့လို အသေးစားဘော့စ်လေးက ဒီအန္တရာယ်များတဲ့မြို့ကြီးမှာ ရှင်သန်ဖို့ နည်းလမ်းရှာရမှာပေါ့။ လင်းဖေးဟန်က သေရမှာကြောက်တယ်တဲ့လား။ လင်းဖေးဟန်က သူသေရမှာကို ကြောက်တယ်ဆိုပြီး ကိုယ်တိုင်ဝန်ခံထားတယ်။ ဘယ်သူကရော သေရမှာ မကြောက်လို့လဲ။ တစ်ယောက်ယောက်ကများ သေရမှာကို မကြောက်ဘူးဆိုပြီး ပြောခဲ့မယ်ဆိုရင် အဲ့ဒီလူက သေခြင်းတရားက နီးကပ်လာတာကို အမှန်တကယ် မခံစားဖူးသေးလို့ပဲ။

သေမှာကြောက်တာက ရှက်စရာ မဟုတ်ဘူး။ ခန္ဓာကိုယ်က မလိမ်တတ်ဘူးလေ။ ခန္ဓာကိုယ်က အရေးအကြီးဆုံးပဲ။ အင်း။ ကျောက်ကပ်တွေလည်း အရေးကြီးပါတယ်။ မနက်ဖြန်အရင်ရောက်မလား ။မတော်တဆတစ်ခုခု အရင်ဖြစ်သွားမလားဆိုတာ ဘယ်တော့မှ သိရတာမဟုတ်ဘူး။ လင်းဖေးဟန်က သူ့ခန္ဓာကိုယ်က ပြောင်းလဲမှုတွေကို ခံစားကြည့်လိုက်တော့ အတွင်းထဲကနေ စွမ်းအားတွေ အဆက်မပြတ် လှိုက်တက်လာတာကို အာရုံခံစားမိလိုက်သည်။ အဲ့ဒီအခိုက်အတန့်မှာ သူ့အနေနဲ့ ဆင်တစ်ကောင်လုံးကိုတောင် လက်သီးတစ်ချက်တည်းနဲ့ အလဲထိုးနိုင်မယ်လို့ ခံစားလိုက်ရ၏။

အခုဆို ငါ ဇာတ်လိုက်ယဲ့ဖန်းကို မကြောက်တော့ဘူး။ ယဲ့ဖန်းရဲ့ ဂုဏ်သတ္တိတွေက စစချင်းမှာ ၁၆၀ ပဲရှိတာလို့ စနစ်က တစ်ခါပြောဖူးတယ်လေ။ လင်းဖေးဟန်က သူ့အနေနဲ့ ၁၆၀ ကို မရောက်သေးဘူးဆိုရင်တောင်မှ အများကြီး နောက်ကောက်ကျမနေဘူးဆိုတာသိသည်။ ဇာတ်လိုက်ယဲ့ဖန်းနဲ့ တိုက်ခိုက်ရမယ်ဆိုရင်တောင် သရေကျမယ်လို့ လင်းဖေးဟန်က အခိုင်အမာယုံကြည်လျက်ရှိ၏။

ဘယ်ကောင်လာရဲသေးလဲ! လင်းဖေးဟန်ရဲ့ နှလုံးသားထဲမှာ အာဏာပြချင်ဇောတွေ ဖြစ်ပေါ်လာသည်။

“တင်း!အသုံးပြုသူရဲ့ စိတ်နှလုံးက များပြားလွန်းတဲ့ စွမ်းအားတွေကို ရရှိလိုက်တာကြောင့် ယိုယွင်းသွားတာကို စနစ်ကနေပြီး အာရုံခံမိတဲ့အတွက် လျှပ်စစ်ရှော့ခ်တိုက်တဲ့ကုထုံးကို စတင်လိုက်ပါပြီ”

ရုတ်တရက်ကြီး လင်းဖေးဟန်တစ်ကိုယ်လုံး လျှပ်စစ်စီးသွားပြီး သူ့ကို မထိန်းချုပ်နိုင်လောက်အောင် တွန့်လိမ်သွားစေ၏။ သန်မာတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားတာနဲ့ သူက မထိခိုက်နိုင်တော့ဘူးလို့ မဆိုလိုဘူးလေ။

“ဘာလုပ်နေတာလဲ။ အန္တရာယ်ရှိတယ်လို့ ငါခံစားနေရတယ်”

လင်းဖေးဟန်က အံ့ဩတကြီးမေးလိုက်သည်။ စနစ်ကသာ ချက်ချင်း မရပ်တန့်လိုက်ဘူးဆိုရင် သူ လျှပ်စစ်ရှော့ခ်တိုက်ခံရပြီး သေတော့မည်ဟု လင်းဖေးဟန်က ခံစားလိုက်ရ၏။ လင်းဖေးဟန်ရဲ့ ထက်မြက်လွန်းတဲ့ ဦးနှောက်က တစ်ခုခု လွဲမှားနေတာကို အာရုံခံလိုက်မိသည်။

စစချင်းမှာ စနစ်က သူ့ရဲ့ အကြီးမားဆုံးရန်သူက ယဲ့ဖန်းဖြစ်ကြောင်းဆိုကာ တိုက်ခိုက်ဖို့ကို အသားပေးခဲ့၏။ အဲ့ဒီအချက်က လင်းဖေးဟန်ကို ဒီလောကကြီးမှာ သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုက ယဲ့ဖန်းဆိုပြီး ယုံကြည်စေခဲ့သည်။ လောလောလတ်လတ် လျှပ်စစ်ရှော့ခ်တိုက်ခံရအပြီးမှာတော့ လင်းဖေးဟန်က ထိုအရာက မှားယွင်းနေတာကို ခံစားလိုက်ရ၏။ သူ့ကို တလွဲတွေးစေခဲ့တာက စနစ်ပင်ဖြစ်သည်။ စနစ်ကသာ သူ့အတွက် ပုန်းလျှိုးနေတဲ့ အကြီးမားဆုံး အန္တရာယ်ဖြစ်၏။ သူ့အတွက်တော့ စနစ်က ဆန်းကြယ်လွန်းလှသည်။ စနစ်ဟာ ဘယ်ကလာသလဲ သူမသိသလို ဘာကြောင့် သူ့ကိုမှ ရွေးချယ်ရတာလဲဆိုတာကိုလည်း သူမသိပါ။ စနစ်ကသာ ဆန္ဒရှိမယ်ဆိုရင် သူ့ကို စောစောလေးကတင် တန်းသတ်ခဲ့နိုင်သည်။ ဟုတ်တယ်။ အပြတ်ရှင်းခဲ့လို့ရတယ်။ လင်းဖေးဟန်ရဲ့ အတွေးတွေကို ကြားပြီး စနစ်က ဘာပြောရမှန်းမသိ သက်ပြင်းသာချလိုက်မိတော့၏။

စနစ်က ဖြည်းဖြည်းချင်းပြောလိုက်သည်။

“အသုံးပြုသူကို သိပ်ပြီး မတွေးဖို့ အကြံပေးချင်ပါတယ်။ စနစ်က အသုံးပြုသူကို ဘယ်တော့မှ ထိခိုက်အောင်လုပ်မှာ မဟုတ်ပါဘူး”

“ခုနက အသုံးပြုသူက ကြီးမားတဲ့စွမ်းအားရှိတာကြောင့် ဇာတ်လိုက်နဲ့ ယှဥ်နိုင်မယ်လို့ တွေးလိုက်တဲ့အတွက် စနစ်အနေနဲ့ ရွေးချယ်စရာမရှိပဲ လျှပ်စစ်ရှော့ခ်တိုက်လိုက်ရတာပါ”

လင်းဖေးဟန်က မှုန်ကုပ်ကုပ်ဖြင့် မေးလိုက်သည်။ “ဘာကိုဆိုလိုတာလဲ။ အခုထိ ငါက ဇာတ်လိုက်နဲ့ ယှဥ်လို့မရနိုင်သေးဘူးလား”

“ကံကြမ္မာရဲ့သားတော်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ဇာတ်လိုက်က ဂုဏ်အင်အကုန် ၁၆၀ ပဲ ရှိနေမယ်လို့ အသုံးပြုသူက ထင်နေတာလား။ ရိုးအလိုက်တာ။ အသုံးပြုသူရဲ့ စိတ်အားထက်သန်မှုကို လျော့နည်းအောင်လုပ်မိမှာစိုးလို့သာ စနစ်က အသုံးပြုသူကို လိမ်ညာထားတာ”

“ယဲ့ဖန်းရဲ့ ဂုဏ်အင်တွေက ၁၆၀ ရောက်မရောက် မပြောသေးနဲ့ဦး။ အဲ့ဒီလောက်ထိ မရောက်သေးဘူးဆိုရင်တော

င် ဇာတ်လိုက်ယဲ့ဖန်းက တောင်အောက်ဆင်းလာရင် စွန့်စားခန်းတွေ မကြုံရဘူးလို့ အသုံးပြုသူက ထင်လို့လား။ ကံကြမ္မာရဲ့သားတော်ကို လွယ်လွယ်သာ အနိုင်ယူလို့ရမယ်ဆိုရင် ယဲ့ဖန်းက ဝတ္ထုအဆုံးအထိတောင် ရှင်ကျန်မှာ မဟုတ်ဘူး”

လင်းဖေးဟန်က တွေးကြည့်လိုက်သည်။ အင်း။ ဟုတ်သားပဲ။

“အဲ့လိုဆို ယဲ့ဖန်းမှာ စွမ်းရည်ဘယ်လောက် ပိုင်ဆိုင်ထားလဲ”

“အသုံးပြုသူရဲ့ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ကိုငဲ့ကွက်ပြီး ဒီကိစ္စကို သိပ်မသိတာပဲ ပိုကောင်းပါတယ်”

လင်းဖေးဟန်က တုန်လှုပ်သွား၏။ ကြည့်ရတာ ယဲ့ဖန်းက တကယ်ကို အံ့အားသင့်စရာပဲ။

မဟုတ်ဘူးလေ။ ငါ ဒီအကြောင်းမေးမှာ မဟုတ်ဘူး။ စနစ်က ငါ့ကို အတွေးချော်အောင်လုပ်ခွင့် ထပ်ပေးမိတော့မလို့။ စနစ်က လူသားဦးနှောက်ထက် သာလွန်တဲ့ ဥာဏ်ရည်ရှိတာကို လင်းဖေးဟန် သိရှိလိုက်သည်။ သူက စနစ်ရဲ့ ပြိုင်ဘက် ဘယ်သောအခါမှ မဖြစ်နိုင်ပါ။ အသက်ဝဝရှူလို့အပြီးမှာ လင်းဖေးဟန်က သူ့အတွေးတွေကို ရှင်းလင်းအောင်လုပ်လိုက်ပြီး မေးလိုက်၏။

“ငါ အဖြေသိရမှဖြစ်မဲ့ ကိစ္စတချို့ရှိတယ်။ မဟုတ်ရင် ငါ ဘယ်တော့မှ ယဲ့ဖန်းရဲ့ရန်သူ လုပ်မှာမဟုတ်ဘူး။ ယဲ့ဖန်း ငါ့ဆီကို လာခဲ့ရင်တောင် ဒူးထောက်ချပြီး အသနားခံမယ်။ အဲ့လိုဆို ဇာတ်လိုက်ရဲ့ရန်သူဖြစ်တော့မှာ မဟုတ်ဘူး”

လင်းဖေးဟန်က လက်သီးဆုပ်ကာ အခိုင်အမာပြောလိုက်၏။

“အလွန်ဆုံး ငါတို့ အတူသေကြရုံပေါ့”

“ကောင်းပြီလေ။ ပြောကြည့်ပါ”

စနစ်က စိတ်ပျက်လက်ပျက်နှင့် စတင်လိုက်လျောလာသည်။

“ငါက ဘာလို့ ဒီကမ္ဘာကို ရောက်လာရတာလဲ”

လင်းဖေးဟန်က သူ့ရဲ့ အကြီးမားဆုံးမေးခွန်းကို မေးလိုက်တော့၏။

ဤနေရာက အပြိုင်ကမ္ဘာဖြစ်ပြီး အရာတော်တော်များများက သူ့ရဲ့ နဂိုကမ္ဘာနဲ့ အတူတူပင်ဖြစ်သည်။ ဘာကြောင့် သူက အချိန်ခရီးသွားလာရတာလဲ။ စနစ်က ကမ္ဘာပေါ်မှာ လူတွေအများကြီးရှိတဲ့အထဲကမှ သူ့ကို ဘာလို့ရွေးချယ်ရတာလဲ။ ထိုအရာက လင်းဖေးဟန်ရဲ့စိတ်ထဲတွင် အကြီးမားဆုံးမေးခွန်းတစ်ခု ဖြစ်လာခဲ့၏။

စနစ်က ဖြည်းဖြည်းချင်းပြောလိုက်သည်။

“တကယ်တော့ အသုံးပြုသူတို့ရဲ့ လူမှုအဖွဲ့အစည်းမှာတော့ ဒါကို ကံတရားလို့ သိမ်းကြုံးခေါ်လို့ရတယ်။ အသုံးပြုသူရဲ့ ကံတရားက ဒီနေရာမှာဖြစ်ပြီး ဒီနေရာက အသုံးပြုသူရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တယ်။ အသုံးပြုသူနဲ့ ကျွန်ုပ်ရယ် အရာအားလုံးရယ်ကို ကံတရားက ချည်နှောင်ထားတယ်။ အဲ့ဒါကို ပြောင်းလဲလို့လည်း မရသလို အစားထိုးလို့လည်း မရနိုင်ပါဘူး”

“အဆုံးမရှိတဲ့ စကြ၀ဠာကြီးထဲမှာတော့ မတူညီတဲ့လူတစ်ယောက် သို့မဟုတ် နှစ်ယောက်လောက်ရှိနေတာက ဘာမဟုတ်တဲ့အရာလေးပါ”

“အဲ့ဒါဆို ငါက ဘာလို့ ဒီကို ကူးပြောင်းလာရတာလဲ။ ဘာသဘောလဲ”

လင်းဖေးဟန်ရဲ့အသံက အက်ကွဲစပြုလာ၏။ စနစ်က ခဏမျှ ငြိမ်သက်ပြီးနောက် ပြောလိုက်သည်။

“ဒီမေးခွန်းက စနစ်ရဲ့ ပရိုဂရမ်အပိုင်းအခြားကို ကျော်လွန်နေပါတယ်။ အဲ့ဒါကြောင့် မဖြေကြားနိုင်ပါဘူး”

“ဒါပေမဲ့ သေချာတာကတော့ ဒီကမ္ဘာကြီးရဲ့ ဖွဲ့စည်းထားတဲ့ပုံစံအရ အသုံးပြုသူက အဆုံးသတ်မှာ ယဲ့ဖန်းနဲ့ တိုက်ခိုက်ရမှာပါပဲ”

“အဲ့ဒါဆို မင်းငါ့ကို ထိခိုက်အောင်မလုပ်ဘူးဆိုတာ ငါက ဘယ်လိုစိတ်ချရမှာလဲ”

စနစ်က ရယ်မောကာပြောလိုက်သည်။

“စနစ်နဲ့ အသုံးပြုသူက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေအထားပါ။ အသုံးပြုသူသာ မကူးပြောင်းလာခဲ့ရင် စနစ်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ စနစ်က အသုံးပြုသူကို ထိခိုက်အောင်လုပ်မှာမဟုတ်သလို သစ္စာဖောက်မှာလဲ မဟုတ်ပါဘူး”

“ဒီအချိန်မှာ အသုံးပြုသူအတွက် ရွေးချယ်စရာတစ်နည်းပဲရှိတယ်။ အဲ့ဒါကို အသုံးပြုသူလည်း စိတ်ထဲကနေ သိနေတယ်မဟုတ်လား”

စကားအနည်းငယ် အပြန်အလှန်ပြောအပြီး အဆုံးသတ်မှာတော့ လင်းဖေးဟန်က စနစ်အသိပေးပြောပြတဲ့အချက်ကို လက်ခံလိုက်ရတော့သည်။ စနစ်က အစကနေ အဆုံးထိ သူ့ရဲ့ အမှုအရာအလုံးစုံကို စောင့်‌ကြည့်နေမည်ဆိုတာကိုလည်း လင်းဖေးဟန် သိလိုက်၏။

ဒါပေမဲ့ အဲ့ဒီအကြောင်းတွေးမိလိုက်တိုင်း လင်းဖေးဟန်က အနည်းငယ် အောင့်သက်သက်ခံစားရသည်။ ကျန်အချက်များက အဆင်ပြေ၏။ သူဓားရေးလေ့ကျင့်တာကကျ အက်ရှင်ဇာတ်ကားမဟုတ်ဘူးလေ။ ပြီးတော့ သိုင်းပညာလေ့ကျင့်မှုတွေကို အပြင်လူတွေဆီ လက်ဆင့်ကမ်းလို့မရဘူး။ ရှေးအခါတွေကဆို ပညာရှင်တစ်ယောက်ရဲ့ နည်းစနစ်တွေကို ခိုးယူရင် မျက်လုံးဖောက်ထုတ်ခံရတာနဲ့ အဆုံးသတ်သွားလိမ့်မည်။ လောလောဆယ်တော့ လင်းဖေးဟန်မှာ ရွေးချယ်စရာမရှိပါ။ ဒီပတ်၀န်းကျင်နဲ့ နေသားကျအောင် လုပ်ယူရမည်ဟုသာ သူ့ကိုယ်သူ တိတ်တဆိတ် သတိပေးရုံသာလုပ်နိုင်တော့သည်။

All Chapters