← Chapters

အခန်း (၅၄)

Vol. 4 Ch. 54

အခန်း (၅၄)

Vol. 4 Ch. 54

မွန်းလွဲပိုင်းတွင် လင်းဖေးဟန်က စွန်းရှင်းယွဲ့အတွက် အပ်စိုက်ပေးပြီးလျှင် ရုံးခန်းသို့ ပြန်ခဲ့လေသည်။ ထိုအချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရ၏။

“ဝင်လာပါ”

ရုံးတက်ဝတ်စုံကို ဝတ်ဆင်ထားသော လျှို့ရှင်းယာက ဖြည်းဖြည်းချင်းလျှောက်ဝင်လာခဲ့သည်။

“လင်းဥက္ကဌ”

လျှို့ရှင်းယာက ဆက်မပြောပဲ တုံ့ဆိုင်းနေဟန်ပေါ်၏။ လင်းဖေးဟန်က အာရုံခံကောင်းတာကြောင့် လျှို့ရှင်းယာရဲ့ အခြေအနေကို ချက်ချင်းရိပ်မိလိုက်သည်။

လင်းဖေးဟန်က ဖြည်းဖြည်းချင်းပြုံးပြကာ မေးလိုက်၏။

“ဘာဖြစ်လို့လဲ။ မပြောနိုင်တာ တစ်ခုခုများ ရှိလို့လား။ ဘာဖြစ်ဖြစ် ငါတို့က ဒီလိုဆက်ဆံရေးတောင် ရှိနေတာပဲ”

ထိုစကားကို ကြားလိုက်ရတော့ လျှို့ရှင်းယာက ခေါင်းလေးငုံ့ကာ နှုတ်ခမ်းကိုက်လိုက်သည်။ သူမ၏ပါးပြင်တွင်တော့ ရှက်သွေးဖြာလျက်ရှိ၏။

“လင်းဥက္ကဌ။ ကျွန်မ ဒီနေ့ နေလို့မကောင်းဘူး။ ကျွန်မ…မနက်ဖြန်ကျ ခွင့်တစ်ရက်လောက်လိုချင်တယ်”

လျှို့ရှင်းယာက သူမ၏ လက်သွယ်သွယ်လေးများဖြင့် ပါးစပ်ကိုအုပ်ကာ ချောင်းဟန့်ပြလိုက်သည်။ အဟုတ်ပင်။ လျှို့ရှင်းယာက လတ်တလော သူနဲ့ အိပ်ယာပေါ်တွင် သိုင်းချတာများပြီး အနည်းငယ်ပင်ပန်းနေ၏။ ခွင့်တစ်ရက်လောက်ယူတာက ပြဿနာ မဟုတ်ပေ။

လင်းဖေးဟန်က ပြုံးပြီးပြောလိုက်သည်။

“ကောင်းပြီလေ။ ကောင်းကောင်းအနားယူလိုက်။ ကျန်းမာရေးက အဓိကပဲ။ မင်းရဲ့ခန္ဓာကိုယ်ကို မဖျက်ဆီးနဲ့။ သန်ဘက်ခါကျရင် အတူတူ ဓားရေးလေ့ကျင့်ကြမယ်”

လင်းဖေးဟန်က လူယုတ်မာပြုံးပြုံးလိုက်သည်။ လင်းဖေးဟန်စလိုက်တာကြောင့် လျှို့ရှင်းယာရဲ့မျက်နှာကြီး ချက်ချင်းနီတက်သွား၏။ ထို့နောက် သူမပြောလိုက်၏။

“အိုး လင်းဥက္ကဌကလည်း။ ဘာလို့ ဒီလောက်ဆိုးရတာလဲ”

“ယောကျ်ားတစ်ယောက်ကမဆိုးရင် မိန်းမတွေက သူ့ကို ကြိုက်မှာမဟုတ်ဘူး”

လင်းဖေးဟန်က ဖြည်းဖြည်းချင်းလျှောက်သွားပြီး လျှို့ရှင်းယာရဲ့ပါးကို သူ့ရဲ့ လက်ဖဝါးပြင်ကျယ်ကြီးနှင့် ပွတ်သပ်လိုက်သည်။ လက်ချောင်းထိပ်များက တဖြည်းဖြည်းနဲ့ လျှို့ရှင်းယာရဲ့ ပါးတစ်လျှောက် ပွတ်တိုက်သွားသဖြင့် သူမ၏ပါးပြင်များကို ပိုမိုနီရဲသွားစေ၏။ လျှို့ရှင်းယာ၏စိတ်ထဲတွင်တော့ အကျေနပ်ကြီး ကျေနပ်လျက်ရှိသည်။ လင်းဥက္ကဌဆီကနေ ကြင်နာခံရတာက ဂုဏ်ယူစရာပါပဲ။

“ကျေးဇူးတင်ပါတယ် လင်းဥက္ကဌ”

လျှို့ရှင်းယာက လင်းဖေးဟန်ကို စိတ်ရင်းနဲ့ ကျေးဇူးတင်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူမက ခြေဖျားထောက်ရပ်ကာ လင်းဖေးဟန်ကို နမ်းလိုက်၏။ ထို့နောက် လှည့်ထွက်ပြေးသွားသည်။ လင်းဖေးဟန်က ထွက်သွားတဲ့ အတွင်းရေးမှူးလေးရဲ့ ယိမ်းနွဲ့နေတဲ့ကိုယ်လုံးကိုကြည့်ပြီး ပြုံးလိုက်မိ၏။ သူ အစခံလိုက်ရတာလား။

လျှို့ရှင်းယာက သူ့ကို လိမ်လိုက်တယ်ဆိုတာကို လင်းဖေးဟန် ကောင်းကောင်းကြီးသိသည်။ လျှို့ရှင်းယာက ဒီနေ့ လုရွှယ်ယင်ဆီကနေ ရုတ်တရက်ကြီး စာလက်ခံရတာကို ထည့်တွက်ရင် သူမက မနက်ဖြန်ကျရင် တစ်စုံတစ်ယောက်ကို သွားတွေ့မှာဖြစ်ပြီး အဲ့ဒီလူက လုရွှယ်ယင်ဆိုတာ လင်းဖေးဟန်က ၉၉ ရာခိုင်နှုန်း သေချာ၏။

လျှို့ရှင်းယာလိမ်တာကို လင်းဖေးဟန်က ဘယ်လိုသိတာလဲ။ လျှို့ရှင်းယာရဲ့ မသိသာတဲ့လှုပ်ရှားမှုလေးတွေကို သူက သတိထားမိတယ်လေ။ လင်းဖေးဟန်ရဲ့ စိတ်ပိုင်းဆိုင်ရာပညာက အခုဆို အဆင့်မြင့်အနေအထားကို ရောက်နေပြီ။ လျှို့ရှင်းယာရဲ့ လှုပ်ရှားမှုသေးသေးလေးတွေကို သူက ကောင်းကောင်းကြီးသိသည်။ ယေဘုယျအားဖြင့် လောလောဆယ် လင်းဖေးဟန်ကို ဘယ်သူမှ မလှည့်စားနိုင်ပါ။ လင်းဖေးဟန်က လူတွေရဲ့ အတွင်းအကျဆုံးပြောင်းလဲမှုများကို သိရှိရန် သူတို့ရဲ့ မျက်နှာအမူအယာ, အပြုံး, ခေါင်းငြိမ့်တာ, ဒါမှမဟုတ် မျက်နှာကြွက်သားနည်းနည်းလှုပ်သွားတာ စသည်တို့ကိုသာ မြင်တွေ့ရန်လို၏။

လူတစ်ယောက်ရဲ့ ခံစားချက်တွေက စစ်မှန်ခဲ့ရင် သူ့ရဲ့ စကားနဲ့အမူအယာက အလိုလိုတစ်ထပ်တည်းကျလိမ့်မည်။ အဲ့လိုမဟုတ်ပဲ အတုအယောင်တွေဆိုရင်တော့ သူတို့အပြောနဲ့အမူအယာတွေက တစ်ထပ်တည်းကျရန် ခက်ခဲလိမ့်မည်။ ကျိန်းသေ သရုပ်ဆောင်စွမ်းရည်လည်း ထည့်တွက်ရတာပေါ့။ တချို့လူတွေက သရုပ်ဆောင်ကောင်းလွန်းလို့ တခြားသူတွေအနေနဲ့ ပြစ်ချက်ရှာတွေ့ဖို့ ခက်ခဲ၏။ တချို့ကတော့ သိပ်မတော်တော့ သူတို့သရုပ်ဆောင်တာကြည့်ရတာ အတင်းလုပ်ယူထားဟန်ပေါ်သည်။ လျှို့ရှင်းယာ ခုနကလုပ်သွားတာက အဲ့ဒါပင်ဖြစ်၏။

စောနက လျှိုု့ရှင်းယာက နားမလည်နိုင်အောင်လို့ သူမရဲ့လက်နဲ့ ပါးစပ်ကိုအုပ်ကာ ချောင်းဖြည်းဖြည်းလေးဆိုးလိုက်သည်။ သူမ တကယ်နေမကောင်းကြောင်းကို ပြသချင်ခဲ့ပြီး လင်းဖေးဟန်ကိုလည်း ယုံကြည်စေချင်ခဲ့၏။ သို့သော် သူမ မသိစိတ်ထဲတွင်တော့ မလိမ်ချင်ခဲ့ပေ။ ထို့ကြောင့် အပြောနှင့်ကိုက်ညီရန် ခက်ခဲခဲ့သည်။ အဲ့ဒီအပြင် လျှို့ရှင်းယာရဲ့ မျက်လုံးများထဲတွင်လည်း ပြဿနာအကြီးကြီးရှိသေး၏။ လိမ်ပြောသူများတွင် ဂနာမငြိမ်သောမျက်လုံးများရှိကြပြီး သူတစ်ပါး၏မျက်လုံးကို စိုက်မကြည့်ရဲပေ။ လျှို့ရှင်းယာရဲ့ မျက်လုံးများက အဲ့ဒါကို သက်သေပြသွားသည်။

သို့သော် အရာအားလုံးက သူ့လက်ထဲတွင် ရှိနေသောကြောင့် လင်းဖေးဟန်က အဲ့ဒါတွေကို စိတ်မပူပါ။ လျှို့ရှင်းယာက စိတ်ရောလူပါ သူ့အပိုင်ဖြစ်၏။ လျှို့ရှင်းယာက သူ့ဘက်ကနေ ရပ်တည်မည်ဆိုတာကို လင်းဖေးဟန်က သေချာသည်။ နေက တောင်စောင်းကနေ လျင်လျင်မြန်မြန်ဝင်ကာ ပြန်ထွက်လာခဲ့၏။ ‌

နွေခေါင်ခေါင်ဖြစ်သောကြောင့် ရာသီဥတုက အလွန်ပူပြီး မသက်မသာဖြစ်သည်။ လျှို့ရှင်းယာကတော့ ပူမှန်းမသိ သူမ၏မျက်နှာတွင်လည်း သွေးတစ်စက်ပင် မကျန်တော့ချေ။ သူမက အနည်းငယ် စိုးရိမ်နေ၏။ သူမ တုန်တုန်ရီရီအသံဖြင့် ပြောလိုက်၏။

“မမလေးလု။ မမလေးအတွက် ကျွန်မဘာလုပ်ပေးနိုင်မလဲဆိုတာ မေးလို့ရမလား”

လုရွှယ်ယင်ရဲ့မျက်နှာတွင် မည်သည့်ခံစားချက်ကိုမှ မပြသထားပေ။ သူမက ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဘာလို့လဲ။ အခု ဘာမှလုပ်စရာ မရှိတော့ဘူးဆိုတော့ ငါနင့်ဆီ လာလို့မရတော့ဘူးပေါ့”

“မဟုတ်..မဟုတ်တာ။ လင်းဥက္ကဌ တစ်ခုခုကို သိသွားမှာကိုပဲ ကျွန်မကကြောက်တာ”

လျှို့ရှင်းယာက တစ်ခုခုကို ရှင်းပြရန်လုပ်လိုက်သော်လည်း လုရွှယ်ယင်ကြားဖြတ်ပြောတာကို ခံလိုက်ရသည်။

“ငါ ဘာရှင်းပြတာကိုမှ နားမထောင်ချင်ဘူး။ ရှောင်ယာ။ ဘာလို့ နင်ငါ့ကို အခုဆက်ဆံပုံက ပြောင်းလဲသွားတယ်လို့ ခံစားနေရတာလဲ”

လျှို့ရှင်းယာက အောင့်သက်သက်ပြုံးလိုက်၏။ ထိုအပြုံးက အတင်းလုပ်ယူထားပုံပေါ်သည်။ လျှို့ရှင်းယာက အမြန်ပြောလိုက်၏။

“ဒါက…မဟုတ်တာ။ ကျွန်မက တကယ်ကို လင်းဥက္ကဌ ဒီကိစ္စကို သိသွားမှာကို ကြောက်လို့ပါ။ အဲ့ဒါကြောင့် လောလောဆယ် ကျွန်မက နည်းနည်းစိတ်လှုပ်ရှားနေတာ”

လုရွှယ်ယင်က ခေါင်းငုံ့ကာ ကော်ဖီတစ်ငုံသောက်လိုက်ပြီး ညင်ညင်သာသာပြောလိုက်သည်။

“နင့်ရဲ့ အပြောနဲ့အလုပ် ကိုက်ညီဖို့ ငါမျှော်လင့်ပါတယ်”

အစကနေအဆုံးထိ လုရွှယ်ယင်က လျှို့ရှင်းယာကို ကြည့်တောင်မကြည့်ခဲ့ပေ။

လုရွှယ်ယင်က ဒီနေ့ ရိုးရိုးလေးဝတ်ဆင်ထားပြီး လူအုပ်ထဲတွင် ထိုးထွက်မနေပါ။ အဲ့လိုဆိုရင်တောင် သူမဆီအနီးကပ်လျှောက်သွားကြည့်မယ်ဆိုရင် ရိုးရှင်းတဲ့ ဆံပင်ပုံစံက သူမရဲ့ အရောင်အဝါကို မဖုံးကွယ်နိုင်ဘူးဆိုတာကို တွေ့မြင်နိုင်သည်။ သူမတွင် မြင့်မားသောအရပ်အမောင်းနှင့် သွယ်လျသောခြေတံများရှိ၏။ သူမ၏ နက်မှောင်သောဆံပင်က ရေတံခွန်လို ကျဆင်းလျက်ရှိသည်။ သူမ၏မျက်လုံးများကတော့ ခံစားချက်ကင်းမဲ့နေ၏။ တစ်ချက်ကြည့်ရုံနှင့် ကြောချမ်းစေနိုင်သည်။

လုရွှယ်ယင်၏ ပြင်းထန်တဲ့ အရှိန်အဝါက လျှို့ရှင်းယာကို အင်မတန်ချွေးပြန်စေ၏။ လျှို့ရှင်းယာက သူမ၏ရုပ်ရည်နဲ့ပတ်သက်ပြီး ယုံကြည်ချက်အတော်ရှိသော်လည်း လုရွှယ်ယင်ရှေ့တွင်တော့ နေမင်း၏ တောက်ပမှုကို မယှဥ◌်နိုင်သည့် ကြယ်တစ်ပွင့်ကဲ့သို့ ခံစားလိုက်ရသည်။ လုရွှယ်ယင်၏ မျက်လုံးများထဲကို သူမ မစိုက်ကြည့်ရဲပေ။

“လင်းဖေးဟန်ရဲ့ အလုပ်အချိန်ဇယားကို သိရပြီလား”

လုရွှယ်ယင်က သူမ၏ဖုန်းကအချိန်ကိုကြည့်ရင်း ဖြည်းဖြည်းချင်းမေးလိုက်သည်။

“ဟုတ်ကဲ့…သိရပါပြီ”

လျှို့ရှင်းယာက စကားပြောပြီးတာနဲ့ သူမပြင်ဆင်လာတဲ့ဖိုင်ကိုဖွင့်ပြီး ကွန်ပြူတာကို လုရွှယ်ယင်ဘက်ကို လှည့်ပြလိုက်၏။

လုရွှယ်ယင်က မောက်စ်ကို ဟိုဒီရွှေ့ကြည့်ပြီးနောက် သူမ၏မျက်လုံးများက တဖြည်းဖြည်းအေးစက်သွားသည်။ အင်မတန် စိတ်လှုပ်ရှားနေသည့် လျှို့ရှင်းယာကိုကြည့်ပြီး လုရွှယ်ယင်က အေးစက်စွာပြောလိုက်၏။

“နင်တစ်ခုခုကို ဖုံးကွယ်ထားတာပဲ”

လျှို့ရှင်းယာ၏မျက်နှာက ပို၍ပင် ဖြူဖက်ဖြူရော်ဖြစ်သွားသည်။ သူမက ခေါင်းခါပြီး ပြောလိုက်၏။

“ဘယ်လိုလုပ်ပြီး ကျွန်မက မမလေးလုဆီကနေ ဖုံးကွယ်ရဲမှာလဲ။ ဒါက ဒီရက်ပိုင်း လင်းဥက္ကဌ လုပ်နေကျ လုပ်ငန်းစဥ◌်တွေပါ။ အရင်ကနဲ့ ဘာမှမကွာပါဘူး”

လုရွှယ်ယင်က လက်ကိုဆန့်ပြီး လျှို့ရှင်းယာရဲ့မေးကို ပင့်တင်လိုက်သည်။ အနည်းငယ်ပြုံးကာ-

“လျှို့ရှင်းယာ လျှို့ရှင်းယာ။ နင်က အတွင်းရေးမှူးတစ်ယောက်။ အထူးသဖြင့် လင်းဖေးဟန်ရဲ့ အတွင်းရေးမှူး။ နင့်ရဲ့ရာထူးက ဘာကိုကိုယ်စားပြုလဲဆိုတာ နင်ကောင်းကောင်းကြီးသိသင့်တယ်လို့ ငါထင်တယ်။ ငါက ငတုံးမဟုတ်ဘူး။ ဒါတွေက ငါလိုချင်တာမဟုတ်ဘူးဆိုတာ နင်လည်း သဘောပေါက်သင့်တယ်”

စာဖိုင်ထဲက အချက်အလက်က အားလုံးအတူတူပင်ဖြစ်သည်။ လင်းဖေးဟန် အလုပ်လုပ်တာမဟုတ်ရင် စားတာ သို့မဟုတ် အိပ်တာပင်ဖြစ်၏။ ဒါက သတင်းအချက်အလက်မဟုတ်ပါ။ ဒါက လင်းဖေးဟန်ရဲ့ ကိုယ်ပိုင်ဘဝဖြစ်သည်။ လုရွှယ်ယင်က အဲ့ဒါတွေတစ်ခုကိုမှ မလိုချင်ပါ။

All Chapters