← Chapters

အပ်သူ

Vol. 9 Ch. 121

အပ်သူ

Vol. 9 Ch. 121

ကောင်းကင်ပြင်တွင် မိုးခြုန်းသံများ ဟိန်ထွက်နေဆဲ။ သို့သော် အခန်းထဲမှ ငြိမ်သက်အေးချမ်းသည့်လေထုက ပြိုကွဲမသွား။ အံ့အားသင့်ဖွယ်စွမ်းအင်တစ်ခုက ခြိမ်းခြောက်မှုအားလုံးကို ကာကွယ်ပေးထားသည်။

“တစ်ခုခုတော့မှားနေပြီ ဟွမ်မိန်းကလေး။ သူ့သန့်စဉ်ယန်ကို ပိတ်ဆို့ဖို့ နည်းလမ်းတစ်ခုရှာပါ။ သူ့အသက်စွမ်းအင်တွေ နောက်ထပ်မယိုစိမ့်အောင် ကာကွယ်ပါ။ ကောင်းကင်စမ်းသပ်ချက်က ပိုပြီးပြင်းထန်လာပြီ။ ငါထိန်းမထားနိုင်တော့ဘူး”

စိုးရိမ်တကြီးစကားသံတစ်ခုပေါ်လာသည်။ သို့သော် တုန်ဟွမ်းခေါင်းငုံ့၍ ပြုံးနေသည်။ စိတ်ပူဟန်မရှိ။ ထိုသို့ဖြစ်လာမည်ကို သိပြီးဖြစ်ဟန်တူသည်။

ကောင်းကင်ဆင်းရဲလျှပ်စီး ကျလာပြီးဖြစ်သည်။ အပြာရောင်လျှပ်စီးတစ်ချက်တိုင်းက အားလုံးကို တုန်ခါစေရန် လုံလောက်သည်။ တောင်တန်းများကိုပင် အမှုန့်ဖြစ်သွားစေနိုင်သည့် ထိုလျှပ်စီးကို ခေါင်းလောင်းငယ်တစ်ခုက အပြည့်အဝပိတ်ဆို့တားဆီးသည်။ လျှပ်စီးဓာတ်တစ်ချို့ကိုပင် စုပ်ယူနိုင်သေးသည်။

ယိုယွင်းပျက်စီးနေသည့် အခြေအနေမှာပင် သူ့အားက မသေးလှ။

တစ်ချိန်ကလို ပြီးပြည့်စုံသည့် အခြေအနေမဟုတ်တော့သည်မှာ ဝမ်းနည်းဖွယ်ကောင်းသည်။

“သန့်စင်ယန်ကို ပိတ်ဆို့ဖို့လား။ ငါ့ရဲ့အဆုံးစွန်ယင်ဓာတ်နဲ့ပဲ ဒါကိုလုပ်နိုင်မယ်ထင်တယ်။ ဒါကရော မင်းအတိတ်ဘဝက ကြိုတွက်ထားတဲ့ အစီအစဉ်ပဲလား”

သတိမေ့နေဆဲဖြစ်သည့် ဖုန်ချင်အန်းကို ယုဟွမ်သခင်မငေးစိုက်ကြည့်သည်။ သူ့ရယ်သံက ပျောက်ကွယ်မသွားဘဲ ပိုပြင်းထန်လာသည်။ ပိုကြမ်းတမ်း၍ တက်ကြွလာဟန်ရှိသည်။

“ဒါက ရှင့်တွက်ချက်မှုဆိုရင်တောင် ကျွန်မရဲ့ကိုယ်တိုင်ရွေးချယ်မှုလည်းဖြစ်တယ်။ ဒီနေ့ ကျွန်မရှင့်ကို ပေးဆပ်မယ်။ နောင်တစ်ချိန် ရှင်ပြန်ပေးဆပ်ရမယ်”

သေးသွယ်သည့်လက်ချောင်းဖြင့် ဖုန်ချင်အန်းရင်ဘတ်ကို ဖိလိုက်သည်။ အေးစိမ့်ယင်ဓာတ်များ တုန်ဟွမ်းဆီမှ စိမ့်ထွက်လာသည်။ နဂါးငယ်လေးများပမာ လူးလွန့်လှုပ်ရှား၍ လက်မောင်းများမှတစ်ဆင့် ဖုန်ချင်အန်းကိုယ်ထဲ တိုးဝင်သွားသည်။

သန့်စင်ယန်စွမ်းအင်ကြောင့် ပူပြင်းသည့်အပြောင်းအလဲကြုံနေရသည့် ဖုန်ချင်အန်းမှာ အေးစိမ့်ယင်ဓာတ်များ ဝင်လာသည်နှင့် ချက်ချင်းစိတ်သက်သာယာရသွာသည်။ ကျုံ့နေသည့်နဖူးပြင် ပြန်ပြေလျော့သွားသည်။ မျက်နှာလည်း ပြေလျော့သွားသည်။ သက်သာသွားဟန်ရှိသည်။

သူသက်သာသွားသည်။ သို့သော် အသွင်အပြင်ခံ့ညားထည်ဝါခဲ့သည့် တုန်ဟွမ်းမှာ စွမ်းအင်ထိန်းချုပ်နိုင်စွမ်း လျော့ပါးလာသည်။ ကျင့်စဉ်စွမ်းအားများစွာ တိုးတက်ထားခဲ့ရာမှ မူလအဆင့်သို့ ချက်ချင်းထိုးကျသွားသည်။ နောက်ထပ်ပင် စွမ်းအားကျဆင်းဦးမည့်အသွင်မျိုးဖြစ်သည်။

သို့သော် သူ့မျက်နှာတွင် နာကျင်ရိပ်မရှိ။ ကြီးမားသည့်ပေးဆပ်မှုမျိုးဖြစ်သော်လည်း ထိုက်တန်သည်ဟု သူယုံကြည်သည်။

မသေမျိုးမိုနာ့က သူ့အတွက် မူလရင်းမြစ်ပြန်ပေးရန် စီစဉ်ထားလျှင်လည်း သူ့ကံကြမ္မာသာဖြစ်သည်။ တာအိုကိုလက်ခံယူချိန်တွင် ပြန်ပေးရမည်ဖြစ်သည်။

တုန်ဟွမ် လက်ကိုဖြေးညှင်းစွာ ပြန်ရုတ်လိုက်သည်။ မျက်နှာမပျက်။ သို့သော် သူ့ခန္ဓာကိုယ်က အလင်းပေါက်ကျောက်စိမ်းရုပ်ထုတစ်ခုလို ဖြစ်လာသည်။ နတ်သမီးဝိညာဉ်အလင်းတစ်ခုလိုဖြစ်လာသည်။ ဒြပ်ဖြစ်တည်မှုမရှိဘဲ ပျောက်ကွယ်လုမတတ်ဖြစ်နေသည်။

အထက်ကောင်းကင်မှ မိုးခြုန်းသံများ လျော့ပါးသွားသည်။ သန့်စင်ယန်စွမ်းအင်လည်း သိပ်မထင်ရှားတော့။ ကောင်းကင်တာအို၏ ဒေါသကို မခံစားရတော့။ မိုင်‌ရာထောင်ချီဆန့်ထွက်နေသည့် တိမ်မည်းများလည်း ပျောက်ကွယ်သွားသည်။ လနှင့်ကြယ်ရောင် ပြန်ပေါ်လာသည်။

“အရူးမလေး၊ မင်းရဲ့မူလစွမ်းအင်ကို သူ့ကိုခွဲပေးလိုက်တယ်ပေါ့။ ဒီလောက်ထိ ဒုက္ခရောက်နေတာ မလုံလောက်သေးလို့လား”

နီရွှေရောင်မသေမျိုးအလင်း ဆင်းသက်လာသည်။ သေးငယ်လှပသည့် ခေါင်းလောင်းပျက်လေးအသွင်ပြန်ပြောင်းသွားသည်။

ကောင်းကင်ဆင်းရဲကို တားဆီးခဲ့သော်လည်း အားနည်းသွားပုံမရ။ လျှပ်စီးစွမ်းအားကြောင့် အဟာရဖြစ်၍ ပိုအားကောင်းလာသလိုပင် ရှိနေသည်။

“ဘာမှမဖြစ်ပါဘူး။ သူကျွန်မကို ပြန်ပေးမှာပါ”

တုန်ဟွမ်း ပြုံး၍ပြောလိုက်သည်။

“ပြန်ပေးမယ်တဲ့လား။ သန့်စင်ယန်ကို မသေမျိုးခန္ဓာအဖြစ်ပြောင်းနိုင်ပြီးရင်တော့ ဟုတ်မှာပေါ့။ ဒါပေမယ့် အခုသူက ကျင့်ကြံမှုတောင် မစရသေးဘူးလေ။ သူ့ဝိညာ်စွမ်းအင် နည်းနည်းပိုကောင်းတာလေးပဲရှိတာ။ မင်းသူ့ကို စောင့်နိုင်မှာတဲ့လား”

မသေမျိုးခေါင်းလောင်း ပြန်မေးသည်။

အတိတ်ဘဝသန့််စင်ယန်ကြောင့် ဖုန်ချင်အန်းထံမှ အသက်ဓာတ်များ ခဏတာပြည့်လျှံနေသည်ကိုသာ သူမြင်ရသည်။ ပိတ်ဆို့ခြင်းသည် လက်ရှိအခြေအနေကို ထိန်းချုပ်ရန် အကောင်းဆုံးဖြစ်သည်။

နည်းနည်းတွန်းအားပေး၍ သန့်စင်ယန်အပြည့်အဝ နှိုးဆွပြီး ကျင့်ကြံမှုစွမ်းအား မှော်စွမ်းအားများ ပြန်ရယူနိုင်ပါသည်။ ထိုသို့ဆိုလျှင် ကောင်းကင်ဆင်းရဲနှင့်ကြုံရမည်။ အသက်အန္တရာယ်ကြုံလာနိုင်သည်။ ထိုအဖြစ်သည် မသေမျိုးမိုနာ့၏ တစ်သက်တာကျင့်ကြံမှုများ ပြင်ဆင်မှုများ တွက်ချက်မှုများဖြစ်သည်။

မသေမျိုးမိုနာ့ကို သူတို့စော်ကားခွင့်မရှိ။ သို့သော် တုဟွမ်သခင်မ မသေမျိုးယင်မူလစွမ်းအင်သုံး၍ သန့်စင်ယန်ကို တားဆီးမည်ဟုတော့ မထင်ခဲ့။ မိုနာ့၏အစီအစဉ်ကို လိုက်လျောရသည်နှင့် ဘာမှမထူးတော့။

“စောင့်မယ်”

တုန်ဟွမ်းအဖြေက ပြတ်သားသည်။ ဖုန်ချင်အန်းကို ကာကွယ်နိုင်လျှင် မသေမျိုးမိုနာ့လူဝင်စားဖြစ်စေ အခြေခံမှစတင်ကျင့်ကြံရသည်ဖြစ်စေ ထိပ်ဆုံးစွမ်းအားအဆင့်ရောက်လာဖို့ သိပ်မကြာနိုင်ဟု သူယုံကြည်သည်။

“မင်းတကယ် ဆင်ခြင်းဉာဏ်နည်းတာပဲ။ ဖြစ်နိုင်ခြေတစ်ခုအပေါ် အားလုံးပုံအောလိုက်တယ်ပေါ့”

“ဒါကိုကျွန်မ နောက်တစ်ခါပြန်မကြားချင်တော့ဘူး”

“မင်းကိုငါ ဖျောင်းဖျလို့မရပါဘူး။ ဒါပေမယ့်အခု သရဲနိုင်ငံကို မင်းဘယ်လို ထိန်းချုပ်မလဲ။ အကြံဆိုးရှိနေတဲ့ သရဲတွေက မင်းအားနည်းတဲ့အချိန် အကောက်ကြံကြမှာကို မကြောက်ဘူးလား”

“စီနီယာ ရှိသေးတယ်မဟုတ်လား။ သရဲမသေမျိုးလာတိုက်ရင်တောင် စီနီယာက ကျွန်မကို ကာကွယ်ပေးမှာပါ။ ကျွန်မအန္တရာယ်မရှိနိုင်ပါဘူး”

“ငါဝင်မစွက်ဖို့ ရွေးချယ်မယ်ဆိုရင်ရော”

မသေမျိုးခေါင်းလောင်းက ပြန်‌မေးသည်။

တုန်ဟွမ်း သူ့အမေးကို ဂရုမစိုက်တော့။ အခန်းထဲတွင် စိုက်ဝင်နေသည့် ရှေးဟောင်းဓားဆီလှည့်၍ မေးသည်။

“ရှင့်ကိုကျွန်မ ငှားသုံးလို့ရမလား”

ဓားအလင်းများ တောက်ပလာသည်။ အေးစိမ့်သည့် အငွေ့အသက်မျာ ပြန့်နှံ့လာသည်။ တုံ့ပြန်သံမကြားရ။ ပြင်းထန်သည့် ဓားရိပ်စွမ်းအင်သာ အခန်းတစ်ခုလုံး ပြည့်နက်သွားသည်။

“ဒီဓားကိုမြေအောက်ကမ္ဘာကို ယူသွားသွားချင်တယ်ပေါ့”

ထိုဓားအစွမ်းကို မြင်ပြီးဖြစ်၍ မသေမျိုးခေါင်းလောင်း အံ့ဩနေသည်။ လောကတွင် အပြင်းထန်ဆုံးဖြစ်သည့် ကောင်းကင်ဆင်းရဲကိုပင် နှစ်ခြမ်းခွဲနိုင်သည်။ ဘယ်သူခုခံနိုင်မည်နည်း။

“ဒါပေမယ့် ဒီဓားကိုဆွဲထုတ်နိုင်လို့လား”

ထိုဓားတွင် ဝိညာဉ်ရှိသည်မှာ သိသာသည်။ သို့သော် အသိစိတ်ရှိနေသည့်အတွက် လူတိုင်းကိုင်တွယ်ခြင်းမပြုနိုင်။ အများစုက ထိုဓား၏လက်ခံမှု မရနိုင်။ သို့သော် အသိအမှတ်ပြုခံရသူသည် သေမျိုးဖြစ်နေလျှင်ပင် သက်ရှိသတ္တဝါအားလုံးကို ဦးညွှတ်စေနိုင်သူ ဖြစ်ပေလိမ့်မည်။

********************************************************

All Chapters