← Chapters

အားကိုးရာ

Vol. 9 Ch. 122

အားကိုးရာ

Vol. 9 Ch. 122

“စမ်းကြည့်တာပေါ့”

ဓားရှည်ထံ သူလျှောက်သွားသည်။ စိတ်ထွေပြားခြင်းမဟုတ်။ ဖုန်ချင်အန်းရင်ဘတ်မှ သူ့လက်နှစ်ဘက်ကို ပြန်ရုတ်သိမ်းပြီးကတည်းက စိတ်ထဲမှဒွိဟမျာ ပျောက်ကွယ်သွားသည်။ ထိုဓားကို သူဆွဲထုတ်နိုင်မည်ဟု ယူဆမိသည်။

ထို့ကြောင့် အကြမ်းထည်ဓားလက်ကိုင်ကို သူကြည့်သည်။ အားမစိုက်ဘဲ လက်ကိုအသာမ၍ အုတ်သားထဲစိုက်ဝင်နေသည့် ဓားရှည်ကို ဆွဲလိုက်သည်။ ဓားက ရိုးရိုးရှင်းရှင်းဖြစ်သည်။ သာမန်ပန်းပဲဆရာတစ်ယောက်ထံမှ သာမန်ဓားတစ်လက်လိုပင်ဖြစ်သည်။

“နတ်ဆိုးဝိညာဉ်တွေ အကောက်ကြံမှာကို စိုးရိမ်နေတုန်းပဲလား စီနီယာ”

တုန်ဟွမ်းမျက်နှာတွင် မခိုးမခန့်အပြုံး ဝင့်ကြွားသည့်အပြုံးမျို ပေါ်လာသည်။

ယခု သူ့လက်ထဲတွင် ဓားရှိနေခြင်းသည် အသိအမှတ်ပြုခံရခြင်းပင် ဖြစ်သည်။ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို သူချခဲ့ခြင်းဖြစ်သည်။

“အခု မင်းလက်အောက်ခံတွေထဲက ဘယ်သူများ သတ္တိကောင်းပြီး ဒီဓားအောက် လည်စင်းခံမလဲဆိုတာပဲ ကြည့်ချင်ပါတယ်”

“တစ်ယောက်တည်းတော့မဟုတ်လောက်ဘူး။ ကျွန်မ အကဲခတ်မမှားရင်ပေါ့”

မသေမျိုးခေါင်းလောင်း ဘာမှမပြောတော့။ အလင်းတန်းအသွင်ပြောင်း၍ တုန်ဟွန်း၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်သွားသည်။

(ခန္ဓာအသွင်ပြောင်းခြင်း ပြည့်စုံပါပြီ)

(ဂုဏ်ယူပါတယ်။ သားရဲသခင်။ သန့်စင်ယန်ခန္ဓာကိုယ်ကို ရရှိပါပြီ”

“အင်း.... တကယ်ပေါ့ပါးနေတာပဲ”

စွမ်းအင်ပြည့်၍ တစ်ကိုယ်လုံးလန်းဆန်းနေသည့်ဖုန်ချင်အန်း ကတင်ပေါ် ထထိုင်လာသည်။ အမှန်တကယ် အဆုံးသတ်သွားခြင်းမဟုတ်သေးသော်လည်း ယခုတကြိမ် ခန္ဓာကိုယ်ပြောင်းလဲရသည်က သက်တောင့်သက်သာရှိသည်။ အရင်နှစ်ကြိမ်ကထက် ပိုကောင်းသည်။

(သားရဲသခင်ဟာ အခု ဝိညာဉ်တစ်သောင်းခန္ဓာကို ပိုင်ဆိုင်ပါတယ်)

(ခန္ဓာပေါင်းစပ်နိုင်စွမ်းအရ ဝိညာဉ်တစ်သောင်းခန္ဓာဟာ သန့်စင်ယန်စွမ်းအင်နဲ့ ပေါင်းစပ်နိုင်ပါတယ်)

(ပေါင်းစပ်လိုပါသလား)

“အင်း”

(စွမ်းရည်ပေါင်းစပ်နေပါတယ်)

(ပေါင်းစပ်ခြင်း ပြည့်စုံပါပြီ)

ဖုန်ချင်အန်း ရယ်ချင်မိသည်။ အတော်စိတ်ဝင်စားစရာကောင်းသည့်ဖြစ်စဉ် ဖြစ်သည်။ သူနိုးလာကတည်းက ပေါင်းစပ်ခြင်း ပြည့်စုံပြီးဖြစ်ဟန်ရှိသည်။

“အကဲဖြတ်ဖန်သားပြင်”

(သားရဲထိန်းသခင် - ဖုန်ချင်အန်း)

(အဆင့် - ရွှမ်သားရဲဂိုဏ်း)

(ခန္ဓာဖွဲ့စည်းမှု - ဝိညာဉ်တစ်သောင်းခန္ဓာ) (စစ်ဆေးရန်)

(ပထမဝိညာဉ်စာချုပ် - တောင်နက်) (စစ်ဆေးရန်)

(ဒုတိယဝိညာဉ်စာချုပ် - နန်းကော) (စစ်ဆေးရန်)

(တတိယဝိညာဉ်စာချုပ် - တုန်ဟွမ်း) (စစ်ဆေးရန်)

“ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးမယ်”

(ဝိညာဉ်တစ်သောင်းခန္ဓာ)

(အသွင်ပြောင်းနှုန်း ၀.၀၀၁ ရာနှုန်း)

(ခန္ဓာပေါင်းစပ်စွမ်းရည် တစ် - မသေမျိုးဝိညာဉ်)

(ခန္ဓာပေါင်းစပ်စွမ်းရည် နှစ် - ယွမ်ဝိညာဉ်)

(ခန္ဓာပေါင်းစပ်စွမ်းရည် သုံး - ခွန်ရှန်း(မြေနတ်ဘုရား))

(ခန္ဓာပေါင်းစပ်စွမ်းရည် လေး - သန့်စင်ယန်) (စစ်‌ဆေးရန်)

“နံပါတ်လေးကို စစ်ဆေးမယ်”

(မကောင်းဆိုးဝါးအားလုံးကို မောင်းထုတ်နိုင်တယ်။ အာရုံမှားပုံရိပ်ယောင်တွေကို မခံစားရဘူး။ စိတ်ဓာတ်က တည်ငြိမ်တယ်။ ဝိညာဉ်စွမ်းအင်ဆုံးရှုံးတာမရှိဘူး)

“အတော် လေးစားစရာကောင်းတာပဲ”

သန့်စင်ယန်အချက်အလက်ကိုကြည့်၍ ဖုန်ချင်အန်းမျက်နှာ ဝင်းထိန်သွားသည်။ အမှောင်စွမ်းအားကြောင့် ဖြစ်လာသည့် ပျက်စီးမှုများကို သူတွန်းလှန်နိုင်တော့မည်။ ပုံရိပ်ယောင်အာရုံများကိုလည်း သူခံစားရတော့မည်မဟုတ်။

မြေခွေးဝိညာဉ်၏ ဆွဲဆောင်ခြင်းမျိုးသည် သူ့အတွက် အကျိုးမရှိနိုင်တော့။

လူအသွင်မပြောင်းနိုင်သဖြင့် ပုံရိပ်ယောင်ဖြင့် သာမန်လူများကို လှည့်စားနိုင်သည့် မြေခွေးဝိညာဉ်ငယ်များ သူ့ကို နောက်ထပ်လှည့်စားနိုင်မည်မဟုတ်။

နည်းနည်းငြီးငွေ့စရာကောင်းသည်။ တစ်ခါတစ်ရံ ပုံရိပ်ယောင်များကို ကြည့ရသည်မှာ အတော်ပျော်စရာကောင်းသည်။

ယခု သူခံစားလိုသည့်အချိန်တွင် ပျော်စရာတစ်ဝက်လောက်က မရှိတော့။ ကြည့်လိုလျှင် တကယ့်အစွမ်းထက် မြေခွေးဝိညာဉ်ကို ရှာဖို့လိုသည်။

“မင်းပြောင်းလဲတာ ပြီးသွားပြီလား”

ဘေးမှ အေးစက်စက်အသံ ပေါ်လာသည်။ ဖုန်ချင်အန်း လှည့်ကြည့်သည်။ တုန်ဟွမ်းကိုသာမြင်သည်။ နန်းကောနှင့် ဖီးနစ်ကို မတွေ့ရ။

“မပြီးသေးဘူး”

တုန်ဟွမ်းကို နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။ တုန်ဟွမ်းကို မြင်နေရသည်မှာ အတော်ထူးဆန်းနေသည်။ အတော်အားနည်းသွားပုံမျိုးရှိသည်။ သို့သော်လည်း ဖြစ်နိုင်စရာတော့မရှိ။

“မပြီးသေးဘူးပေါ့”

တုန်ဟွမ်း မျက်မှောင်ကျုံ့သွားသည်။ သူ့မူလစွမ်းအားကို နောက်ထပ်ခွဲထုတ်ရလျှင် လက်ရှိစွမ်းရည်အဆင့်ကို ထိန်းထားနိုင်မည်မဟုတ်တော့။

ဝိညာဉ်စာချုပ်မှတစ်ဆင့် တုန်ဟွမ်းတစ်ခုခုမူမမှန်ကြောင်း ဖုန်ချင်အန်း ရိပ်မိသည်။

“ငါ့ရဲ့ မူလစွမ်းအားတစ်ဝက်က မင်းကိုယ်ထဲမှာပါ”

တုန်ဟွမ်း ဖုန်ချင်အန်းကို အေးစက်စက် ငုံ့ကြည့်နေသည်။

“ကျုပ်ကိုယ်ထဲမှာ....ဟုတ်လား”

ဖုန်ချင်အန်း ရင်ဘတ်ကိုဖိလိုက်သည်။ တွေးရခက်နေသည်။

“ဘာတွေဖြစ်ခဲ့တာလဲ”

“ဘာမှမဖြစ်ပါဘူး။ သန့်စင်ယန်ကို မင်းအခုထုတ်ပြလို့ မဖြစ်သေးဘူး။ ကောင်းကင်ဆင်းရဲကို ကျော်ဖြတ်ရနိုင်တယ်။ ဒါကြောင့် ငါ့ရဲ့မူလစွမ်းအားနဲ့ ပိတ်ဆို့ထားလိုက်တာပါ”

အရေးမကြီးသည့် သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ တုန်ဟွမ်း ခပ်အေးအေးပြောလိုက်သည်။

“သန့်စင်ယန်က ကောင်းကင်ဆင်းရဲကို ဆင့်ခေါ်တယ်ပေါ့”

ဖုန်ချင်အန်း နားလည်သွားသည်။ အဘယ်ကြောင့် သူ့မစ်ရှင်အတွက် ဆုလာဒ်ပြောင်းလဲသွားသည်ကို နားလည်လာသည်။

သူ့အသက်လုံခြုံရေးအတွက် ပထမဦးစားပေးဖြစ်သည်။ သာမန်စာချုပ်တစ်ခုအတွက် သန့်စင်ယန်ခန္ဓာပေးခြင်းသည် ကောင်းကင်ဆင်းရဲကိုတွေ့ကြုံရပြီး သေကြေပျက်စီးမှုနှင့် အဆုံးသတ်ရပေလိမ့်မည်။

သို့သော် သူသည် မွေးရာပါယင်ဝိညာဉ်နှင့် စာချုပ်ချုပ်လိုက်သည်။ စွမ်းအားများစွာ ကွာခြားသည့် တုန်ဟွမ်းကို သူထိန်းချုပ်စရာ နည်လးမ်းမရှိ။ ထို့ကြောင့် စနစ်က တန်ပြန်ထိန်းချုပ်နိုင်ရန် နည်းလမ်းတစ်ခု သုံးလိုက်ခြင်းဖြစ်သည်။

ထိုနည်းလမ်းအတွက် တုန်ဟွမ်းတွင် ရွေးချယ်စရ နှစ်ခုသာရှိသည်။ ဖုန်ချင်အန်းကို လျစ်လျူရှုထားဖို့။ သို့မဟုတ် မူလစွမ်းအင်လွှဲပြောင်းပေး၍ ကာကွယ်ဖို့ဖြစ်သည်။

အကယ်၍ တုန်ဟွမ်း သူ့ကို လျစ်လျူရှုခဲ့လျှင် သူ့အသက်လုံခြုံရေးအတွက် စနစ်က သန့်စင်ယန်အသွင်ပြောင်းဖြစ်စဉ်ကို အလိုလိုရပ်ပစ်မည်ဖြစ်သည်။

ဤအချက်သည် တုန်ဟွမ်းအတွက် စမ်းသပ်ချင်ဖြစ်သည်။ စာချုပ်အရ ပိုအဆင့်မြင့်သည့်နေရာတွင် ရှိနေသည့် မိုနာ့တစ်ယောက်၏စိတ်သဘောကို သူရှင်းလင်းစွာမြင်လာရသည်။ ကောင်းကင်ဆင်းရဲကြောင့်သာ အမှန်တရား ပေါ်လာခြင်းဖြစ်သည်။

သို့သော် တစ်ဘက်တွင်လည်း သူမယုံနိုင်အောင်ဖြစ်နေသည်။ ထူးဆန်းသည့်ဟုထင်ရသည်။ အဘယ်ကြောင့် ထိုမျှသဘောကောင်းသည်မသိ။

မူလစွမ်းအားကိုပင် ခွဲ၍ပးသည်။

“တုန်ဟွမ်း၊ မင်းငါ့အတွက်လုပ်ပေးခဲ့တာ များလွန်းသွားပြီးထင်တယ်။ ငါဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲ”

သူသက်ပြင်းချသည်။ ဂဏာမငြိမ်ဖြစ်နေသည်။ သူသည် အပြန်အလှန်မဟုတ်ဘဲ အကျိုးအမြတ်ကိုသာယာတတ်သည့် လူစားမျိုးမဟုတ်။

သိစိတ်အာရုံဖြင့် တစ်ကိုယ်လုံးကို စစ်ဆေးကြည့်သည်။ ဝမ်းဗိုက်အောက်ပိုင်း တန်ထျန်နေရတွင် ထူးဆန်းသည့် အားလှိုင်းတစ်ခု မြူငွေ့များဖုံးလွှမ်းရစ်ပတ်နေသည်ကို သူမြင်ရသည်။ နဂါးပေါင်းရာချီ ပျံသန်းသွားသည်။နေသည်နှင့်တူသည်။ ရခဲပမာ အေးစိမ့်ငြိမ်သက်သည့် စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်ပေးနေသည်။

“နောက်ပိုင်းကျရင် ငါ့ကို စိတ်ပျက်အောင်မလုပ်နဲ့”

တုန်ဟွမ်း ပုံမှန်မျက်နှာဖြင့် တုံ့ပြန်လိုက်သည်။ သို့သော် တစ်စုံတစ်ခုကို သတိပြုမိသည်။

“မင်းအသွင်မပြောင်းခင်က သန့်စင်ယန်စွမ်းအင်ပေါ်လာမယ်ဆိုတာ မင်းသိခဲ့တာလား”

“မသိဘူး။ အသွင်ပြောင်းပြီးမှပဲ တစ်ချို့အသေးစိတ်တွေကို သိရတာ။ သန့်စင်ယန်က ကောင်းကင်ဆင်းရဲ ဆင့်ခေါ်နိုင်တယ်ဆိုတာလည်း မင်းပြောလို့ဘဲ သိရတာ”

“ဒါဆို နောက်ထပ်အသွင်ပြောင်းတာတွေက သန့်စင်ယန်ပေါ်လာဦးမှာလား။ ထပ်ဖြစ်လာရင်တော့ ငါမကူညီိနိုင်တော့ဘူးနော်။ ပြီးတော့ တော်ဝင်ချီလည်း သိပ်ကြာကြာ တောင့်ခံနိုင်တော့မှာမဟုတ်ဘူး”

“တော်ဝင်ချီ”

ဖုန်ချင်အန်း စာအုပ်စင်ဆီ ကြည့်လိုက်သည်။ အခန်းနှင့်ခြံဝင်းထဲအပြည့်ရှိနေသည့် တော်ဝင်စွမ်းအင်များ ပျောက်ကွယ်လုမတတ်ဖြစ်နေသည်ကို မြင်လိုက်ရသည်။

“မင်းအတွက် ကောင်းကင်ဆင်းရဲကာကွယ်ရင်း ကုန်ခမ်းသွားတာ”

“ကျုပ်ဓား”

ဓားက တုန်ဟွမ်းလက်ထဲတွင် ရှိနေသည်ကို သူမြင်လိုက်သည်။

“ငါ့စွမ်းအားတွေ လျော့သွားပြီ။ ဒီဓားကို ခဏငှားလို့ရမလား”

“သုံးနိုင်လို့လား”

“သူက လက်ခံပြီးပြီ။ သုံးနိုင်လောက်ပါတယ်”

ဖုန်ချင်အန်းရှေ့မှာပင် ဓားကို အနည်းငယ်ဆွဲထုတ်လိုက်သည်။ ဖုန်ချင်အန်း တစ်ခါမှမမြင်ခဲ့ဖူးသည့် အဖြူရောင်ဓားသွား ပေါ်လာသည်။ မျက်နှာပျက်သွားသော်လည်း နောက်ဆုံးတွင်

“ဒါဆို မင်းသုံးနိုင်ပါတယ်”

“ကျေးဇူးပါ”

“မင်းစွမ်းအင်တွေ ငါ့ကိုပေးထားတာပဲလေ။ ဒါက ဘာအရေးကြီးလို့လဲ။ ကျေးဇူးတင်သင့်တာက ငါပါ”

ဖုန်ချင်အန်း လက်ဝှေ့ယမ်းပြသည်။

“ဒီဓားကို ခဏပဲ ငှားတာနော်။ ကောင်းကင်ဆင်းရဲကို မင်းမကြောက်တော့တဲ့အချိန် ငါ့ကိုပြန်ပေးသင့်တယ်”

“ကောင်းကင်ဆင်းရဲကို မကြောက်ဖူးတဲ့အခါလား။ အဲဒါဆို အမြဲတမ်းယူထားလို့ရတဲ့သဘောပေါ့”

ဖုန်ချင်အန်း ရယ်လိုက်သည်။ ထို့နောက် အလေးအနက်လေသံဖြင့်

“နောက်ထပ် ငါပြောင်းလဲတာတွေက သန့်စင်ယန် ထွက်လာမှာမဟုတ်ပါဘူး။ ငါ့ခန္ဓာကိုယ် ထူးခြားတဲ့အပြောင်းအလဲ တစ်ချို့ဖြစ်လာမယ်။ မင်းအပေါ် ဆွဲဆောင်နိုင်စွမ်း ပိုပြင်းထန်လာမယ်”

တုန်ဟွမ်းကို သူစိုက်ကြည့်သည်။ သူ့အပေါ် ထိုယင်ဝိညာဉ်၏သဘောထား ရှင်းလင်းပြီးဖြစ်သော်လည်း သတိပေးဖို့လိုသေးသည်။

“ဒီတော့ တတ်နိုင်သမျှ ကိုယ့်ဘာသာ ထိန်းချုပါပ။ အသွင်ပြောင်းတာ မပြီးမချင်း ငါ့ကိုအလွန်အကျွံမလုပ်ပါနဲ့”

“အိုး”

တုန်ဟွမ်းမျက်လုံးတွင် အလင်းတစ်ချက် ပေါ်လာသည်။ ဖုန်ချင်အန်းစကားကို သဘောပေါက်ဟန်ရှိသည်။

“ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်စွမ်းကို ယုံကြည်ချက်ရှိပါတယ်။ ပြောင်းလဲမှု ဆက်လုပ်ပါ”

“ကောင်းပြီလေ”

တုန်ဟွမ်းသည် နန်းကောလိုမဟုတ်။ ထိန်းချုပ်နိုင်စွမ်းက လောဘကြီးသည့်နန်းကောထက် ပိုသည်။

ထို့ကြောင့် ဖုန်ချင်အန်း စိုးရိမ်စိတ်ကို ဖျောက်လိုက်သည်

All Chapters