တာအိုနှလုံးစမ်းသပ်ချက် (၂)
Vol. 9 Ch. 124
ကောင်းကင်ဆင်းရဲက ဖုန်ချင်အန်းအား ပစ်မှတ်ထားနေသည်ကို သူမြင်ခဲ့သည်။ ထို့နောက် သူ့ကို ဖီးနစ်က ပြန်ခေါ်လာသည်။ နောက်ပိုင်း ဘာဆက်ဖြစ်သည်ကို သူမသိ။ မြေအောက်ဘုံတွင် စိတ်ပူပန်စွာ ထိုင်စောင့်နေခဲ့ရသည်။
“ဖုန်ချင်အန်း ဘာမှမဖြစ်ပါဘူး”
တုန်ဟွမ်း သူ့ညီမမေးခွန်းကို ချက်ချင်းပြန်ဖြေသည်။ ပုံမှန်ဆိုလျှင် ထိုအဖြေမျိုးကြားလျှင် နန်းကောမျက်နှာ ပျော်ရွှင်သွားရမည်။
“ဒါပေမယ့် မင်းမှာ ပြဿနာအကြီးကြီး ရှိနေတဲ့ပုံပဲ။ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ မင်းစွမ်းအားတွေ ဒီလောက်ထိုးကျသွားတာလဲ”
ဖီးနစ်က တုန်ဟွမ်းပုခုံးပေါ်ရောက်လာသည်။ အနီးကပ်စစ်ဆေးပြီးနောက် အပြောင်းအလဲများကို ပို၍ရှင်းလင်းစွာ ခံစားရသည်။ သူတို့သည် မခွဲမခွာ အတူရှိခဲ့ကြခြင်းဖြစ်၍ ခန္ဓာကိုယ်အပြောင်းအလဲကို နန်းကောထက် ပိုအာရုံခံနိုင်သည်။ နန်းကောသည် အမြဲတမ်း အဝေးတွင်သာ ရှိနေခဲ့ခြင်းဖြစ်၍ သိပ်သတိမထထားမိ။
“ဘာမှမဟုတ်ပါဘူး။ စတေးမှုလေးတစ်ချို့ လုပ်ခဲ့တာ။ ဒါပေမယ့် ခဏပါပဲ။ နောက်ကျရင် အားလုံး ပုံမှန်ပြန်ဖြစ်သွားမှာပါ”
“ဘာကို စတေးခဲ့တာလဲ။ ဘယ်အချိန် ပြန်ယူနိုင်မှာလဲ”
ယွီယွီက အလေးအနက်လေသံဖြင့် ချက်ချင်းမေးသည်။
ယုဟွမ်သခင်မ စွမ်းအင်လျော့ကျသွားခြင်းသည် ပေါ့သေးသေးမဟုတ်။ နိုင်ငံတွင်း ဆန့်ကျင်မှုများပေါ်လာနိုင်သည်။ ထိုသတင်းအပြင်သို့ ပျံ့နှံ့သွားလျှင် တစ်ခြားသရဲနိုင်ငံများကပါ တိုက်ခိုက်လာနိုင်သည်။
သတင်းပေါက်ကြားသည်နှင့် နိုင်ငံအတော်များများ ထိခိုက်နိုင်သည့် စစ်ပွဲတစ်ခု ပေါ်လာမည်။ သန်းဆယ်ချီရာချီသည့် သရဲသတ္တဝါများ သေကြေပျက်စီးကြမည်။ လေထဲသို့ပျောက်သွားမည်။ ကျဆုံးသွားမည့် သရဲဘုရင်အရေအတွက်ပင် အတော်များနိုင်သည်။
မျှခြေပျက်သွားသည်နှင့် အားနည်းနေသည့်တုန်ဟွမ်းကို တစ်ခြားသရဲဘုရင်များ လုံးဝကြောက်ရွံ့ကြမည်မဟုတ်။ အားလုံး၏ပစ်မှတ်ဖြစ်လာမည်။
“ဆက်မမေးနဲ့တော့။ ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး။ နောက်ကျနေပြီ။ ပြန်ကြစို့”
တုန်ဟွမ်း တည်ငြိမ်စွာ ပြောလိုက်သည်။
နန်းကော ဖုန်ချင်အန်းအတွက် အရမ်းဂရုစိုက်သော်လည်း သူ့အမကို လုံးဝလျစ်လျူရှုထားသည်တော့မဟုတ်။ ဖီးနစ်စကားကြောင့် သူ့အမကို သေချာအကဲခတ်၍ကြည့်လိုက်သည်။
“ဘာဖြစ်တာလဲ မမ”
“ငါအတွက် နင်စိတ်ပူစရာမလိုဘူး။ ငါစွမ်းအင်အတော်များများ ကုန်ခမ်းသွားလို့ပါ။ အဲဒါပါပဲ။ ပြဿနာမရှိပါဘူး”
တုန်ဟွမ်းမျက်နှာက တင်းမာအေးစက်ဆဲဖြစ်သည်။ သို့သော် မျက်လုံးအတွင်းပိုင်းမှ ကရုဏာရိပ်တစ်ချို့ ပေါ်လာသည်။
“သွားကြစို့ ယွီယွီ”
“ဒါပေမယ်...”
“အခု ငါ့အမိန့်က မင်းအတွက်တောင် အသုံးမဝင်တော့ဘူးလား။ ငါ့ကို ပထမဆုံးဆန့်ကျင်မယ့်လူက မင်းလား”
တုန်ဟွမ်းအကြည့်ကြောင့် ယွီယွီ ဘာမှတ်မတတ်နိုင်တော့ဘဲ ငရဲဖီးနစ်အသွင်ပြောင်း၍ ကောင်းကင်သို့ ပျံတက်သွားသည်။ တုန်ဟွမ်းက သူ့ကျောကုန်းပေါ် ခုန်တက်သွားသည်။ သူထွက်မသွားမီ အောက်သို့ငုံ့ကြည့်၍ နန်းကောကို သတိပေးလိုက်သည်။
“နန်းကော၊ ဖုန်ချင်အန်းအပြောင်းအလဲက ပြီးသွားပြီ။ ငါမရှိတဲ့အချိန် သူ့ဆီက သင့်တော်တာကိုပဲ တောင်းဆိုပါ”
နန်းကော အံ့အားသင့်သွားသည်။ ဆက်မေးချင်သည်။ သို့သော် သူ့အမက ထွက်သွားပြီဖြစ်သည်။
“မမ”
ထွက်သွားသည့် သဏ္ဌာန်ကိုကြည့်ပြီး နန်းကောမျက်ခုံးတွင် စိုးရိမ်စိတ်အရိပ်အယောင်တစ်ချို့ ပေါ်လာည်။ သူ့အမ ပြဿနာတစ်ခုရှိနေကြောင်း သူသိသည်။ သေးသေးမွှားမွှား ပြဿနာမျိုးဟုတ်မည်မထင်။
“တုန်ဟွမ်း၊ မင်းရဲ့လက်ရှိအခြေအနေနဲ့ နိုင်ငံကို ပြန်သွားလို့ဖြစ်မှာလား။ တကယ် ဝရုန်းသုန်းကားဖြစ်သွားလိမ့်မယ်နော်”
တုန်ဟွမ်းကို ကျောပေါ်တင်လာသော်လည်း ယွီယွီက စိုးရိမ်စိတ်မပြေသေး။
“ငါ့ညီမရှေ့မှာ ငါ့အခြေအနေကို နင်မပြောခဲ့သင့်ဘူး။ အဲဒါ သူ့စိုးရိမ်စိတ်ပဲ တိုးလာလိမ့်မယ်။ ဘာမှ အကူအညီဖြစ်မှာမဟုတ်ဘူး”
တုန်ဟွမ်းမျက်နှာက အပြောင်းအလဲမရှိ။ အမေးကို ပြန်မဖြေဘဲ ယီယွီကို အော်ငေါက်လိုက်သည်။
“ဆောရီးပါ။ အဲဒီတုန်းက ငါအရမ်းအလျင်လိုနေလို့ နန်းကောအကြောင်း မတွေးမိဘူး။ နင့်ကိုမြင်တော့ ငါအရမ်းအံ့အားသင့်သွားသည်။သင့်သွားလို့ပါ”
“နောက်တစ်ကြိမ် ဒါမျိုးထပ်မဖြစ်စေနဲ့”
တုန်ဟွမ်း ဆက်မပြောတော့။ သတိပေးရုံသာ ပေးလိုက်သည်။ ကြီးမားသည့်ပြဿနာလည်း မဟုတ်။
“ငါတို့ တကယ်ပြန်သွားမှာလား”
“နင်ဘာတွေကြောက်နေတာလဲ။ ငါတို့မှာ နင်တစ်ယောက်လုံးရှိသေးတာပဲ”
“ဒါပေမယ့် ငါတစ်ယောက်တည်း ဟိုသရဲဘုရင်တွေကို မတားနိုင်ဘူးလေ။ ငါက နင့်ကိုမမီတာ နင်သိတာပဲ”
ယွီယွီ ယုံကြည်မှုမရှိ။ သူ့စွမ်းအားသည် တုန်ဟွမ်းထက် သိပ်မလျော့သော်လည်း နိုင်ငံတစ်ခုကို အုပ်ချုပ်နိုင်မည်ဟု သူမထင်။
“စိတ်ချပါ။ အားလုံးကို ထိန်းချုပ်နိုင်တဲ့နည်းလမ်းမရှိရင် ဘာလို့ငါ့သေတွင်းကို ငါတူးမှာလဲ။ နင်ငါနဲ့အတူရှိတာ ဒီလောက်တောင်ကြာပြီ။ ငါ့မှာ အစီအစဉ်မရှိဘဲ လှုပ်ရှားတာမျိုး နင်မြင်ဖူးလို့လား။ အန္တရာယ်ကြားကို မဆင်မခြင်တိုးဝင်ပါ့မလား”
တုန်ဟွမ်း ဖီးနစ်ကို နှစ်သိမ့်လိုက်သည်။
“ဒါပေမယ့် မနေ့ညက ကောင်းကင်ဆင်းရဲအောက်ကနေ နင်ငါနဲ့အတူ ပြန်လိုက်မလာခဲ့ဘူးလေ”
ယွီယွီ တုန်ဟွမ်းကို မျက်နှာသာမပေး။ မကြာသေးမီက ကိစ္စကို အစပျိုးလာသည်။ သို့သော် သူ့အသံက ပို၍လွတ်လပ်ပေါ့ပါးလာသည်။
အားလုံးကို ထိန်းကွပ်နိုင်သည့်နည်းလမ်းရှိသည်ဟု တုန်ဟွမ်းကပြောလျှင် တကယ်ရှိ၍ဖြစ်သည်။ ထိုအချက်ကို သူလိမ်ညာမည်မဟုတ်။
“ငါပြောခဲ့သားပဲ။ ငါ့မှာ အရံအစီအစဉ် ရှိတယ်လို့လေ။ ကောင်းကင်ဆင်းရဲတောင် ငါ့ကိုမခြိမ်းခြောက်နိုင်ပါဘူး”
တုန်ဟွမ်း မျက်နှာနည်းနည်းတင်းသွားည်။
“ဒါပေမယ့် နင်တန်ဖိုးကြီးကြီးပေးဆပ်ပြီးမှ လွတ်လာတာပဲ”
“အားလုံးက ထိုက်တန်ပါတယ်”
“နင့်သဘောပါပဲ”
တုန်ဟွမ်း ဆက်မပြောလိုမှန်းသိသဖြင့် ယွီယွီ ဘာမှမမေးတော့။ တုန်ဟွမ်းသည် လျှို့ဝှက်ချက်ကြီးတစ်ခုကို သူမသိအောင်ပင် ထိန်းထားသည်။
သို့သော် သူစူးစမ်းရန်လည်း မကြိုးစားပါ။ မြေအောက်ဘုံတွင် လျှို့ဝှက်ချက်မရှိသည့် သရဲဘုရင်ဟူ၍ မရှိ။ သူသည်ပင် တစ်ခြားလူကို ဖွင့်မပြောနိုင်သည့် လျှို့ဝှက်ချက်များရှိသည်။ သို့သော် တုန်ဟွမ်းကလည်း ထိုလျှို့ဝှက်ချက်များအကြောင်း သူ့ကို လုံးဝမမေး။
“တုန်ဟွမ်း၊ မင်းဒီလိုပုံနဲ့ ပြန်သွားရင် ဂျင်နရယ်ကြီးတွေ သေချာပေါက် ဒွိဟဖြစ်လာကြလိမ့်မယ်။ မင်းမှာ အားလုံးကို နှိပ်ကွပ်နိုင်တဲ့နည်းလမ်းလည်း ရှိတယ်လိုပြောတယ်။ ဒီလိုဖြစ်အောင် မင်းတမင်လုပ်ခဲ့တာလား”
ယွီယွီက မေးသည်။
“ဟုတ်တယ်၊ ငါ့လက်အောက်မှာ သစ္စာဖေါက်တွေ ဘယ်နှစ်ယောက် ပုန်းနေသလဲဆိုတာ ငါကြည့်ချင်တယ်။ ငါအားကောင်းစွမ်းအားထက်ချိန် သူတို့ခေါင်းငုံ့ပြီး အမိန့်နာခံကြမယ်။ ဒါပေမယ့်အခု ငါအားနည်းတဲ့အချိန်မှာ ဘယ်နှစ်ယောက် ဆက်ပြီးသစ္စာရှိနေ ဘယ်နှစ်ယောက် ပုန်ကန်ဖို့ ကြံနေကြမလဲ”
တုန်ဟွမ်း ပြန်ပြောလိုက်သည်။
သူသည် သူ့လက်အောက်ငယ်သားများ၏သစ္စာကို အပြင်းပျေစမ်းသပ်မည့် မိုနာ့မျိုးမဟုတ်။ ယခု အခြေအနေမှန်တွင် ရောက်နေသည်။ အခြေအနေအတိုင်း စီးမျော၍ သူ့နောက်လိုက်များ၏အတွေးကို ခန့်မှန်းသည်။
“စိတ်ဝင်စားစရာကောင်းသားပဲ။ ငါ့ကိုရော ဟန်ဆောင်စေချင်သေးလား”
“မလိုပါဘူး။ ဘာမှမသိသလိုပဲ နေပါ။ ပြိးတော့ ငါစွမ်းအားလျော့သွားတဲ့ သတင်းတွေကို နင်ထိန်းချုပ်ထားဖို့မလိုဘူး”
“ကောင်းပြီ၊ အမိန့်နာခံပါ့မယ်။ ဒါပေမယ့် တုန်ဟွမ်း.....”
“ဘာလဲ”
“နင်အတော် ဆိုးတဲ့လူပဲ”
“ပါးစပ်ပိတ်ထား”
ကြုံရတော့မည့်ရှိုးပွဲကြောင့် ဖီးနစ်ပျော်သွားသည်။ တောင်ပံခတ်သံ ပိုပြင်းထန်လာသည်။ ပျံသန်းသွားသည်။နေသည့်အရှိန်လည်း မြင့်တက်လာသည်။
ယုဟွမ်နိုင်ငံ၏ စွမ်းအားသည် အရာအားလုံးကို အမှုန့်ချေပစ်နိုင်သည်။
တုန်ဟွမ်း ဖီးနစ်ကျောပြင်ပေါ်တွင်ရပ်၍ အဝေးသို့ လှမ်းကြည့်နေသည်။ သူပြန်ရောက်ပြီးလျှင် ဖြစ်လာမည့် ပုန်ကန်မှုများအကြောင်း စဉ်းစားနေသည်။ သူအားနည်းချိန်တွင် လက်စားလာချေနိုင်သည့် စွမ်းအားမြင့်ရန်သူများအကြောင်း စဉ်းစားနေသည်။
ယွီယွီ ထိုအဖြစ်ကို နားလည်သည်။ ထို့ကြောင့် မလိုအပ်ဘဲ စကားမပြောတော့။ တုန်ဟွမ်းကို စဉ်းစားသုံးသပ်ချိန် အစီအစဉ်ချချိန် ဖန်တီးပေးထားသည်။
သို့သော် အမှန်တော့ ယုဟွမ်သခင်မစိတ်ထဲတွင် တစ်ခြားအတွေးများရှိနေသည်။ ထိုပုန်ကန်မှုများ ရန်သူများထက် ပိုအရေးကြီးသည့် ကိစ္စ။
‘ဖုန်ချင်အန်းင်အန်းခန္ဓာကိုယ်သာ ပိုသန်မာလာရင် သူ့ကြောင့်ရလာမယ့် ငါ့အကျိုးမြတ်က ဆယ်ဆမက မြင့်တက်လာမှာပဲ။ ငါ့မူလစွမ်းအင်ကို မျှဝေခဲ့ရပေမယ့် တစ်ညတည်းနဲ့ အများကြီး အားပြန်ပြည့်လာတယ်’
သူ့စွမ်းအားများ ဖြေးဖြေးချင်းတိုးလာသည်ကို သူခံစားနေရသည်။ ကျင့်ကြံမှုမလုပ်ဘဲ ဖုန်ချင်အန်းနှင့် ထိတွေ့ရုံဖြင့် အလိုလိုတိုးလာသည်။
ထိုတိုးတက်သည့်ခံစားမှုမျိုး သူမရခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ ယခု သူ့ထံ ပြန်ရောက်လာသည်။ အားလုံးက ဖုန်ချင်အန်း၏လက်ဆောင်ဖြစ်သည်။
“ငါ့တာအိုနှလုံးကို တကယ်စမ်းသပ်နေတာပဲ”
သူ့ညီမနန်းကောကိုပင် မနာလိုဖြစ်မိလာသည်။ သူ့ညီမလို ဖြစ်ချင်မိသည်။ သို့သော် တစ်ကိုယ်ကောင်းဆန်သည့် ထိုအတွေးကို သူချက်ချင်းဖယ်ရှားလိုက်သည်။ ဖုန်ချင်အန်းထံမှ အကူအညီရသော်လည်း ထိုအဖြစ်ကို သူသာယာသွား၍မဖြစ်။
‘လူသားမျိုးနွယ် ယောက်ျားတစ်ယောက်ဟာ ရှစ်နှစ်အရွယ်မှာ ကျောက်ကပ်စွမ်းအင် စဖြစ်တယ်။ ဆံပင်တွေပြောင်းတယ်။ သွားတွေပြောင်းတယ်။ နှစ်ဆယ့်ရှစ်နှစ်အရွယ်မှာ ကျောက်ကပ်စွမ်းအား ကောင်းလာတယ်။ ကောင်းကင်ခြင်ဆီရောက်လာတယ်။ စွမ်းအင်သန္ဓေ ပေါ်များလာတယ်။ ယင်နဲ့ယန် မျှတသွားတယ်။ ဒါကြောင့် ကလေးမွေးနိုင်လာတယ်။ အခု ဖုန်ချင်အန်းဘေးမှာ ငါနဲ့နန်းကော ရှိနေတော့ သူကြီးပြင်းမှုအတွက် အတားအဆီးဖြစ်နေတယ်။ သူ့အသက်ဓာတ်စောစောစီးစီး ဆုံးရှုံးသွားမယ့်အန္တရာယ် ရှိနေတယ်။ သူ့ရဲ့ယန်ဓာတ်ကို အားဖြည့်နိုင်ဖို့ နည်းလမ်းရှာရမယ်’