စွမ်းရည်သစ်
Vol. 9 Ch. 125
(မစ်ရှင် လေး - ကောင်းကင်သားရဲသခင်အဖြစ် အဆင့်တက်ရန်)
(လိုအပ်ချက် - ဝိညာဉ်စာချုပ် ခုနစ်ခုမှ ဆယ်ခုအထိ တည်ဆောက်၍ သခင်အဆင့် စွမ်းရည် သို့မဟုတ် တိုက်ခိုက်စွမ်းအားရှိသည့် သားရဲတစ်ကောင်နှင့် စာချုပ်ချုပ်ပါ)
(ဆုလာဒ် - ဝိညာဉ်ပေါင်းစည်းခြင်းစွမ်းရည်)
“ရွှမ်သားရဲဂိုဏ်းသခင်အဆင့်ပြီးရင် ကောင်းကင်သားရဲသခင်အဆင့်ပေါ့”
အဓိကမစ်ရှင် ပြောင်းလဲသွားသည်။ ဖုန်ချင်အန်း တွေးတောနေသည်။ ကောင်းကင်သားရဲသခင်ဖြစ်လာရန် လိုအပ်ချက်များက သူထင်သည့်အတိုင်းပင်ဖြစ်သည်။
ထိုအဆင့်သားရဲသခင်သည် ဝိညာဉ်စာချုပ်လေးခုကို ဖွဲ့စည်းနိုင်သည်။ သခင်အဆင့် ဝိညာဉ်များနှင့် စာချုပ်ချုပ်နိုင်သည့် အရည်အသွေးများရှိသည်။ တစ်နည်းဆိုရလျှင် ကောင်းကင်သားရဲသခင်သည် နတ်ဆိုးသားရဲဆယ်ကောင်ကို ထိန်းချုပ်နိုင်သည်။
မြွေစိမ်းတောင်မှ နတ်ဆိုးသားရဲကြီးများအရေအတွက်၏ တစ်ဝက်ခန့်ပင်မရှိ။ တောင်တန်းနတ်ဘုရားကို ထည့်မတွက်ဘဲ ကောင်းကင်သားရဲသခင်သည် မိုင်တစ်ထောင်ပတ်လည်တောင်တန်းများကို သိမ်းပိုက်နိုင်စွမ်း ရှိပေမည်။
“ဟား၊ အတော်စွမ်းအားကြီးတာပဲ”
ကောင်းကင်သားရဲသခင်ရောက်နိုင်သည့် အဆင့်မျိုးကိုတွေးတောကြည့်သည်။ လိုချင်မက်မောမိသည်။ ထိုအဆင့်မျိုးသို့ ရောက်ခါနီးလိုလိုထင်ရသည်။ သို့သော် ခရီးရှည်ကြီးလျှောက်ရဦးမည်ဖြစ်ကြောင်း သူသိသည်။
သားရဲသခင်များအကြောင်း ထိုအဆင့်ထိသာ သူသိထားသည်။ တစ်ဆင့်ချင်းစီတွင် ဝိညာဉ်စာချုပ်အရေအတွက် ပြောင်းလဲသွားသည်။ ရွှမ်သားရဲဂိုဏ်းအဆင့်အတွက် ဝိညာဉ်စာချုပ်ခြောက်ခု သူပိုင်ထားသည်။
သီးခြားအခြေအနေတစ်ခုတွင် ထိုအဆင့်သားရဲသခင်မျိုးသည် ကွန်မန်ဒါအဆင့်သားရဲဝိညာဉ်ခြောက်ကောင်ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ သို့သော် ယခု သူ့စာချုပ်တစ်ဝက်ခန့်က လွတ်နေဆဲဖြစ်သည်။
သို့တိုင်အောင် သူနှင့်အဆင့်တူ ရွှမ်သားရဲဂိုဏ်းအဆင့် ကောင်းကင်သားရဲအဆင့်မျိုးကို အနိုင်တိုက်နိုင်သည့်အနေအထားတွင်ရှိသည်။
သူ့လိုသားရဲသခင်ကို သာမန်မျက်လုံးဖြင့် ကြည့်၍မရ။
သားရဲသခင်များ အဓိကနေထိုင်သည့်ကမ္ဘာမျိုးမှာပင် အသန်မာဆုံးရွှမ်သားရဲဂိုဏ်းအဆင့်ဟူသည့် သူ့အဆင့်အတန်းက ထည်ဝါလှသည်။
ဤကမ္ဘာတွင် သားရဲသခင်သူ၍ သူတစ်ယောက်တည်းသာရှိသည်။ သူ့ထက်ဘယ်သူမှ မသာနိုင်။
“ကောင်းကင်သားရဲသခင်”
သူလိုချင်မက်မောသော်လည်း ဝိညာဉ်စာချုပ် ဆယ်ခုအကြောင်းတွေးမိပြီးနောက် အလျင်စလိုမလုပ်တော့။
သားရဲသခင်ကျင့်စဉ်သည် အစပိုင်းတွင် လွယ်သည်။ ထို့နောက် ခက်လာသည်။ အစပိုင်းတွင် ရိုးရှင်းသည်။ နောက်ပိုင်းအဆင့်များတွင် ပေးဆပ်ရသည့် တန်ဖိုးများက ပို၍ကြီးမားလာသည်။
အဆင့်တိုးပြီးနောက် ဝိညာဉ်စွမ်းအားကို သန့်စင်ရသည်။ အသွင်ပြောင်းရသည်။ အစောပိုင်းက ကျင့်ကြံထားသည့် ဝိညာဉ်စာချုပ်များကို အားဖြည့်ရသည်။ ပြန်လှန်လေ့ကျင့်ရသည့် သဘောမျိုးဖြစ်သည်။ ထိုသို့လေ့ကျင့်ရမှ စာချုပ်ပါသားရဲများအပေါ် ထိန်းချုပ်နိုင်စွမ်း ပိုမြင့်မားလာခြင်းဖြစသည်။
ယခုလာမည့် နောက်တစ်ဆင့်သည် အရင်ထက်များစွာ ပိုခက်ပေလိမ့်မည်။ ယခု တစ်ခြားအကြာင်းများကိုသာ အာရုံစိုက်သင့်သည်။
“ဝိညာဉ်တစ်သောင်းခန္ဓာ၊ စစ်ဆေးမယ်”
(ဝိညာဉ်တစ်သောင်းခန္ဓာ)
(အသွင်ပြောင်းလဲနှုန်း ၀.၀၁)
(ရှုပ်ဗီဇ တစ် - မသေမျိုးဝိညာဉ်ရင်းမြစ်) (မပြည့်စုံ)
(ရုပ်ဗီဇ နှစ် - ယွမ်ဝိညာဉ်)
(ရုပ်ဗီဇ သုံး - ခွန်ဝိညာဉ်)
(ရုပ်ဗီဇ လေး - ချွန်ယန်)
“ဆယ်ဆ”
ဖုန်ချင်အန်းက တည်ငြိမ်သည်။အသွင်ပြောင်းနှုန်း နိမ့်သော်လည်း အစောပိုင်းကလောက် မနိမ့်တော့။
“နတ်ဘုရားထိန်းချုပ်ခြင်းစွမ်းရည်”
အားလုံးတွက်ချက်ကြည့်ပြီးနောက် အခန်းထဲပြန်ဝင် ကုတင်ပေါ်ထိုင်၍ သူမနေ့ညက ရခဲ့သည့် ကျင့်စဉ်နည်းကို ပြန်ဖတ်ကြည့်သည်။ သားရဲသခင်၏ အခြေခံစွမ်းရည်လိုအပ်ချက်တစ်ခု ဖြစ်သည်။
‘ထင်တဲ့အတိုင်းပဲ”
ကျင့်စဉ်နည်းကို ငါးကြိမ်ဖတ်ပြီးနောက် သူသက်ပြင်းတစ်ချက်ချလိုက်သည်။ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို ထပ်၍မွမ်းမံထားသည့် ကျင့်ကြံနည်းဖြစ်သည်။
နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်သည် စာချုပ်မှဝိညာည်များအတွက် အဖြည့်စွမ်းဆောင်ရည်များ ထောက်ပံ့ပေးနိုင်သည်။ သားရဲများ၏အပြုအမူပေါ်တွင်လည်း သက်ရောက်မှုရှိသည်။ သို့သော် ယခု နတ်ဘုရားထိန်းချုပ်ခြင်းစွမ်းရည်၏ အနှစ်သာရက ထိန်းချုပ်ခြင်းဖြစ်သည်။
မွေးထားသည့်သားရဲ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သည်။ သားရဲ၏ စွမ်းအားကို ထိန်းချုပ်နိုင်သည်။
အထင်ကြီးစရာတော့ ကောင်းသလိုလိုရှိသော်လည်း အကန့်အသတ်များစွာ ရှိနေသည်။
ပထမဆုံးအချက်မှာ သားရဲများသည့် ပြင်းထန်သည့် ခုခံစိတ်မရှိရ။ ပူးပေါင်းဆောင်ရွက်လိုသည့်ဆန္ဒရှိလျှင် အကောင်းဆုံးဖြစ်သည်။ မဟုတ်လျှင် ထိုနည်းလမ်းအသုံးပြုရာတွင် အောင်မြင်နိုင်စွမ်း များစွာလျော့ကျသွားသည်။
သားရဲသခင်နှင့်သားရဲကြား စွမ်းအားကွာဟချက် သိပ်မရှိလျှင် သားရဲသခင်က သားရဲ့၏ ကိုယ်ပိုင်သိစိတ်ကို လျစ်လျူရှု၍ သားရဲခန္ဓာကို အတင်းထိန်းချုပ်နိုင်သည်။
သို့သော် ထိုသို့လုပ်ခြင်းက သိပ်တော့ အကျိုးမရှိ။ သားရဲက ထိုမျှအားနည်းနေလျှင် ထိန်းချုပ်နေလည်း ဘာမှသုံးစား၍ရမည်မဟုတ်။
သားရဲသခင်ထက် သားရဲဝိညာဉ်က စွမ်းအားမြင့်မားလွန်းလျှင်လည်း ထိုနည်းတူပင်ဖြစ်သည်။ သားရဲက ပူးပေါင်းလိုစိတ်ရှိလျှင်ပင် သားရဲသခင်က ခန္ဓာ၊ စွမ်းအားကို ထိန်းချုပ်နိုင်မည်မဟုတ်။
တုန်ဟွမ်းစွမ်းအားကို ထိန်းချုပ်နိုင်ဖို့ ဖုန်ချင်အန်း မတွေးဖူးပါ။ တုန်ဟွမ်းက သူ့ကိုထိန်းချုပ်ခွင့်ပေးလျှင်ပင် ထိန်းချုပ်နိုင်စွမ်းမရှိသေးသည်မှာ သေချာလှသည်။
“နတ်ဘုရား ပို့လွှတ်ခြင်းစွမ်းရည်”
ထိုလျှို့ဝှက်နည်းကို စမ်းကြည့်ချင်သည် ထို့ကြောင့် သူနှင့်လိုက်လျောညီထွေအဖြစ်ဆုံး တောင်နက်ကိုသာ ရွေးချယ်ရသည်။ တောင်နက်က သူ့ကို အပြည့်အဝထိန်းချုပ်ခွင့်ပေးသည်။
“တောင်နက်”
သူ့သိစိတ်အာရုံက အသက်ဓာတ်နှင့်သတ္တိများပြည့်ဝသည့် တောင်နက်အပေါ် ရောက်သွားသည်။
ခေါင်းလောင်းမျှော်စင်ကြီးလို ကြီးမားလှသည်။ ထူထဲနက်မှောင်သည့်အမွှေးများ ခန္ဓာကိုယ်မှ ထိုးထွက်လာသည်။နေသည်။ ကြွက်သားများ အမြှောင်းလိုက်ထနေသည့် ခန္ဓာကိုယ်က ပေါ်လွင်နေသည်။ သူ့ပါးစပ်နှင့် နှာခေါင်းကြားတွင် အသက်ရှူလိုက်တိုင်း အပြာရောင်မီးတောက်များ ထတောက်လာသည်။
“အူး...”
ဖုန်ချင်အန်းင်အန်းသိစိတ်ရော်လာသည်နှင့် သူတစ်ချက်ညည်းလိုက်သည်။ မျက်လုံးထဲမှ ကြမ်းတမ်းမှုများ ပျောက်ကွယ်သွားပြီး ကြည်လင်တောက််ပလာသည်။
“ဒီထက်နည်းနည်းပိုပြီး စွမ်းအားကြီးအောင်လုပ်ပါ။ အဲဒါပြီးရင် တုန်ဟွမ်းကိုပြောပြီး မင်းကို လူသားကမ္ဘာမှာ ခဏပြန်နားခွင့်ပေးမယ်”
တောင်နက်အတွေးကို သူသိပါသည်။ မြေအောက်ကမ္ဘာသို့ မသွားမီက တောင်နက်သည် ရည်ရွယ်ချက်များ ပြည့်နေခဲ့သည်။ သူ့ကိုယ်သူ အထင်အမြင်သေးမခံရစေရန် အသေအကြေတိုက်ပွဲများနွှဲပြီး စွမ်းအားရယူလိုခဲ့သည်။