စိတ်ကူးတစ်ခု
Vol. 9 Ch. 127
“အရမ်းကြီးလွန်းတယ်”
တောင်ထိပ်မှ ကြီးမားသည့်အရိုးစုကြီးကို မော့ကြည့်လိုက်သည်။ ဖုန်ချင်အန်းင်အန်းအသွင်က အရင်တစ်ခေါက်လာစဉ်ကလို ကြမ်းတမ်းသည့်အသွင်မျိုးမဟုတ်။ ရေခဲသားအေးစက်နေသည်။ နန်းကောက သူ့ကျောကုန်းပေါ်တွင် လိုက်ပါလာသည်။
အဝေးမှလှမ်းကြည့်ရသည်ထက် အနီးကပ်ကြည့်ရသည်က ပို၍အံ့အားသင့်ဖွယ်ကောင်းသည်။
“ဖုန်ချင်အန်း၊ ဘာလို့ ဒီအရိုးစုဆီလာတာလဲ။ ဘာလုပ်မလို့လဲ”
ဖုန်ချင်အန်း လည်ပင်းပေါ်ခေါင်းတင်နေရာမှ နားမလည်ဖြစ်လာဟန်ဖြင့် သူမော့ကြည့်၍မေးသည်။
သူစဉ်းစားမရ။ ဖုန်ချင်အန်းဆီ သူသွားတွေ့သည်။ ဖုန်ချင်အန်းက သူ့ကို မြေအောက်ကမ္ဘာမှ ဤအရိုးစုကြီးဆီ သူခေါ်လာသည်။
ထိုအရိုးများထက် သူက ပိုမကောင်းလို့လားမပြောတတ်။
အပျက်အစီးများပြည့်နေသည့် ဤနေရာသို့လာသည်ထက် အခန်းထဲတွင် အချင်းချင်း ပွတ်သပ်ကျီစယ်၍ နေရသည်က ပိုကောင်းပေလိမ့်မည်။ ယင်လေပြင်းများ တိုက်ခိုက်နေသည့်နေရာတွင် အရိုးစုအကြွင်းအကျန်များသာ ကြည့်စရာရှိသည်။
သူနားမလည်နိုင်တော့။
သို့သော် ဖုန်ချင်အန်းက ကြည်ချင်သည်ဆိုသဖြင့် သူလိုက်လာရုံမှလွဲ၍ တစ်ခြားရွေးစရာမရှိ။ ဖုန်ချင်အန်းရင်ခွင်ထဲမှ သူမခွာနိုင်။ သွားလေရာသို့ သူလိုက်မည်။
“နန်းကော၊ ငါအပေါ်ကိုတက်ပြီး အနီးကပ်ကြည့်ချင်တယ်”
“အင်း”
နန်းကောက ကျောပေါ်မှ ဆင်းမည့်လက္ခဏာမရှိ။ ဖုန်ချင်အန်း သက်ပြင်းချသည်။ နန်းကောကိုသယ်၍ အရိုးစုဆီသွားသည်။ နန်းကောခန္ဓာကိုယ်က ပေါ့ပါးသည်။ သူ့အတွက် အားသိပ်မစိုက်ရ။ ယခု သူအသုံးပြုနေသည့်စွမ်းအားကိုလည်း နန်းကောက ပေးထားခြင်းဖြစ်သည်။
“ဖုန်ချင်အန်း၊ ဒီအရိုးစုကြီးကို နင်ဘာလို့စိတ်ဝင်စားတာလဲ”
ဖုန်ချင်အန်း အရိုးစုကြီးကြောင့် ဖြစ်နေသည့် အရိုးချောက်ကမ်းပါးများကြား လျင်မြန်စွာပြေးလွှားနေချိန်တွင် နန်းကောက မေးသည်။
“ဒါကြီးကို အသက်သွင်းလို့ရမလား ကြည့်ချင်လို့ပါ”
သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်စရာလိုမည်မထင်။ တစ်ကြိမ်နှစ်ကြိမ် အသက်သွင်းရုံဖြင့် ရမည်မဟုတ်ဟု သူတွက်ထားသည်။ အသက်ဓာတ်စွမ်းအင်ထွက်ပေါ်နေသည့် နေမီးတောက်ပန်းသည် အပွင့်ပွင့်ရန် ဆယ်ရက်ကြာခဲ့သည်။ ဤအရိုးစုကြီးက အရိုးများသက်သက်သာ ကျန်ခဲ့သဖြင့် ကျောက်သားအဖြစ်ပြောင်းသွားသည်။
အသက်ဓာတ်မရှိလျှင် သူကိုယ်တိုင် သွင်းပေးရမည်၊
“ဒါကြီးကို အသက်သွင်းချင်တယ်ပေါ့”
“ဟုတ်တယ်”
“တကယ်အသက်သွင်းလို့ ရနိုင်ပါ့မလား”
အရိုးစုကို နန်းကော စိတ်ဝင်တစားကြည့်နေသည်။ အနီးကပ်ကြည့်ရသည်ဖြစ်၍ အရိုး၏ အပိုင်းအစတစ်ခုကိုသာ မြင်ရသည်။ အရိုးတစ်ခုချင်စီကပင် ပြိုကျနေသည့် တောက်ကုန်းငယ်တစ်ခုစာမျှ ရှိနေသည်။ မြင်ကွင်းအားလုံးကို ဖုံးကွယ်နေသည်။
ထိုမျှကြီးမားသည့် ခန္ဓာကိုယ်ကြီးကို တကယ်အသက်သွင်းနိုင်ဖို့မလွယ်။ ဖုန်ချင်အန်းသည် ထူးခြားသူဖြစ်သော်လည်း ဤအရိုးစုသည် တစ်ချိန်က သူ့အမထက်ပင် များစွာပိုသန်မာခဲ့သည်။ သေဆုံးသည်မှာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ အသက်ဝင်လာဖို့မလွယ်။ ဖုန်ချင်အန်း ကြီးမားသည့်ပေးဆပ်မှုမျိုး လုပ်ရနိုင်သည်။
“ငါမသိဘူး။ ဒါပေမယ့် စမ်းကြည့ချင်တယ်”
ဖုန်ချင်အန်း အရိုးခံအတိုင်း ဖြေလိုက်သည်။ သူ့အစီအစဉ်က ထိုအတိုင်းဖြစ်သည်။
အခွင့်အရေးရှိလျှင် ကြိုးစားရမည်။ အောင်မြင်လျှင် ရလာမည်အကျိုးက ကြီးမားမည်။ ကျရှုံးလျှင် ဘာမှပြောင်းလဲမသွား။ သူလည်း များများစားစား နစ်နာသွားသည်မဟုတ်။
“ကောင်းပြီလေ။ နင်စမ်းကြည့်ချင်တယ်ဆိုရင်လည်း ငါအဖေါ်ပြုပေးပါ့မယ်”
ဖုန်ချင်အန်းအစီအစဉ်ကို နားထောင်ပြီးနောက် နန်းကော သူ့ကျောပေါ် ပြန်လည် မျက်နှာအပ်သွားသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် မွှေးပျံ့သည့်ရနံ့ကို ရှူရှိုက်နေသည်။
ထိုင်နေသည့်အနေထားမှာပင် တောင်တစ်လုံးစာရှိနေသည့် အရိုးစုသည် ဖုန်ချင်အန်းအတွက် အခက်အခဲမရှိ။ နန်းကော၏စွမ်းအားကို ငှားသုံးထားသဖြင့် မကြာမီ အရိုးစုဦးခေါင်းထိပ်သို့ ရောက်သွားသည်။
တစ်ချိန်က တိုက်ပွဲသုံးဦးထုပ် ဝတ်ခဲ့သည်။ သို့သော် နှစ်များစွာကြာခဲ့ပြီဖြစ်၍ ဦးထုပ်သားက ဦးခေါင်းရိုးနှင့် တစ်သားတည်းဖြစ်နေသည်။ ကြောက်စရာအသွင်ကို ဆောင်နေသည်။
“နန်းကော၊ ဆင်းတော့”
ကျောပေါ်မှ မိန်းကလေးကိုလှုပ်ခါ၍ သူပြောလိုက်သည်။
“မဆင်းဘူး။ ငါနင်နဲ့ မခွာချင်ဘူး”
နန်းကော ဂျီကျနေသည်။ သို့သော် ဖုန်ချင်အန်းအတွက် အရေးတကြီးလုပ်စရာများ ရှိသေးသည်။
“မင်း အဲလိုနေလို့ အဆင်မပြေဘူး။ ခဏဆင်းပါဦး”
“ကောင်းပြီလေ”
စိတ်မပါ့တပါဖြင့် နန်းကော သူ့ကျောပေါ်မှ ဆင်းသွားသည်။ ထို့နောက် ဖုန်ချင်အန်း ဒူးထောက်၍ အရိုးစု၏ဦးထုပ်ပေါ် လက်တင်လိုက်သည်။ ရွှေရောင်ဝိညာည်စွမ်းအင်အလင်းများ သူ့လက်ဝါးမှ ထွက်ပေါ်လာသည်။
“နင်ဘာလုပ်နေတာလဲ ဖုန်ချင်အန်း”
ဖုန်ချင်အန်း လွတ်လပ်စွာလှုပ်ရှားနေပုံကိုကြည့်၍ သူမေးလိုက်သည်။
“စမ်းကြည့်ရတာပဲ။ အလုပ်ဖြစ်မဖြစ်တော့ ငါမသိဘူး”
ဖုန်ချင်အန်း ပြန်ပြောသည်။ နေမီးတောက်ပန်းပွင့်ကို စိုက်ပျိုးနိုင်သည့်သစ်စေ့အဖြစ် ပြောင်းလဲခဲ့စဉ်က ထိသို့ပင် လုပ်ခဲ့ခြင်းဖြစ်သည်။
သူ့ဝိညာည်တစ်သောင်းခန္ဓာအကြောင်း အချက်အလက်များကို သူမှတ်မိသည်။ သူ့သွေးတစ်စက်တိုင်း ဆံပင်တစ်ချောင်းတိုင်း မည်သည့်အရာမဆို ဝိညာဉ်ဓာတ်ပေးနိုင်သည်ဟု ဆိုထားသည်။ ထို့ကြောင့် ဝိညာဉ်စွမ်းအားကို ပြင်းပြင်းထန်ထန်လေ့ကျင့်လျှင် သူလည်း ထိုအကျိုးကျေးဇူးမျိုး ခံစားလာရပေလိမ့်မည်။
ဖြစ်နိုင်ခြေလည်းများသည်။ ထို့ကြောင့် စမ်းသပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မအောင်မြင်လျှင် ဝိညာဉ်စွမ်းအားသာ ဆုံးရှုံးမည်။ လေ့ကျင့်၍ ပြန်လည်ဖြည့်တင်းနိုင်သည်။ ထိုရင်းနှီးမှုလောက်က ထိုက်တန်ပါသည်။
“အိုး,”
ဖုန်ချင်အန်း မသေမချာမရေရာ ဖြစ်နေသည်ကိုကြည့်၍ နန်းကော ဘေးတွင် ငြိမ်သက်စွာရပ်နေသည်။ အနှောက်အယှက်မပေးတော့။ နူးညံ့တောက်ပသည့်မျက်လုံးများဖြင့် ဖုန်ချင်အန်းကို ငြိမ်၍ကြည့်နေသည်။
“အရမ်းကြီးလွန်းတယ်”
ယခု သူဝိညာဉ်စွမ်းအင်များ အရိုးစုကြီးထဲသို့ စိမ့်ဝင်သွားပြီဖြစ်၍ အသက်သွင်းရန် မည်မျှခက်ခဲကြောင်း နားလည်လာသည်။ အရိုးစုထဲတွင် မည်သည့်လက်ကျန်စွမ်းအင်မှ မရှိတော့။ ယွီယွီပြောသလို ဝိညာဉ်သန္ဓေများ မကျန်တော့သည့် သုံးစားမရသည့် ပစ္စည်းတစ်ခုသာဖြစ်သည်။ မာကျောသည်မှလွဲလျှင် ထိုအရိုးများသည် မည်သည့်တန်ဖိုးမှမရှိ။
ထိုကြောင့်လည်း ဖုန်ချင်အန်း ဝိညာဉ်စွမ်းအား အရိုးစုအတွင်းသားထဲ ထိုးဖေါက်ဝင်ရောက်သွားချိန်တွင် မည်သည့်ဆန့်ကျင်တုံ့ပြန်မှုမှ မတွေ့ရခြင်းဖြစ်သည်။ သို့သော် အဆုံးအစမရှိသည့် ကွင်းပြင်တစ်ခုကို ဖြတ်သန်းနေရသလို သူခံစားခဲ့ရသည်။ တစ်ဘက်ကမ်းကို မမြင်ရ။ အကန့်အသတ်မရှိ