နေမင်း၏မီးငှက်
Vol. 9 Ch. 129
ဖုန်ချင်အန်း သေချာဂရုစိုက်၍ မီးငှက်လေးကို စူးစမ်းကြည့်သည်။ ယွီယွီ၏ အသေးဆုံးအရွယ်အစားထက်ပင် ပိုငယ်သေးသည်။ အမွှေးအများက မီးတောက်ကဲ့သို့ နီရဲနေသည်။ တစ်ကိုယ်လုံး မီးဖြင့်ပြုလုပ်ထားသကဲ့သို့ ဖြစ်နေသည်။
သာမန်ငှက်မျိုးနွယ်တို့၏ တောင်ပံများနှင့် များစွာကွဲပြားသဖြင့် မီးငှက်ကို သူအတ်ောကြာစိုက်ကြည့်နေသည်။ ပုံစံက စကြည့်လျှင် ခိုငှက်နှင့်တူသယောင်ရှိသည်။ ကျီးကန်းနှင်လည်း တူသည်။ အမှန်တော့ ခိုနှင့်ကျန်းကန်းကြားမှ ပုံစံမျိုးဖြစ်သည်။
သို့သော် ထိုသတ္တဝါသည် သာမန်ဝိညာဉ်မဟုတ်မှန်း ဖုန်ချင်အန်း ချက်ချင်းနားလည်လိုက်သည်။
မွေးဖွားသည့် နည်းလမ်းကိုက သာမန်မဟုတ်။ သူအကြိုက်တွေ့လျှင် ထိုငှက်၏ရုပ်သွင်ကို ပြုပြင်ပေးစရာမလို။
“ကူး ကူး”
မီးငှက်က ဖုန်ချင်အန်းအား ကြည့်နေရသည်ကို ငြီးငွေ့လာဟန်ဖြင့် တောင်ပံတဖျတ်ဖျတ်ခတ်၍ ပျံသန်းသွားသည်။သွားသည်။ ဖုန်ချင်အန်း လက်လှမ်း၍ ဖမ်းချုပ်ရန် ကြိုးစားလိုက်သည်။
သူလပေါင်းများစွာ ဝိညာဉ်စွမ်းအင်ပို့လွှတ်၍ ပြုစုပျိုးထောင်ခဲ့ရခြင်းဖြစ်သည်။ ထိုငှက်အကြောင်း ကောင်းကောင်းပင် မခန့်မှန်းနိုင်သေး။
မီးငှက်၏အရှိန်က မမြန်လှ။ ဖုန်ချင်အန်းက လှမ်းဖမ်းချုပ်မည်ဟု ထင်မထားခြင်းလည်း ဖြစ်မည်။ ထို့ကြောင့် အလွယ်တကူ ဖမ်းမိသွားသည်။ သို့သော် ဆုပ်ကိုင်လိုက်သည်နှင့် တစ်ခုခု မှားနေမှန်း သိလိုက်သည်။
ရုပ်ဒြပ်ထုဟူ၍ မတွေ့ရ။ ရေကို သို့မဟုတ် လေကိုဆုပ်ကိုင်ရသလိုသာဖြစ်သည်။ နွေးထွေးသည့် အာရုံတစ်ခုမှလွဲ၍ မည်သည့်အရာကိုမျှ မခံစားရ။
သူ့လက်ကြားမှ မီးတောက်အလင်းများ စိမ့်ထွက်လာသည်ကို မြင်ရသည်။ ထို့နောက် သူ့လက်သီးဆုပ်ပေါ်တွင် မီးငှက်အသွင်က ပြန်ပေါ်လာသည်။
မီးငှက်က တောင်ပံတဖျတ်ဖျတ်ခတ်၍ ဖုန်ချင်အန်းကို စိတ်ပျက်ဟန်ဖြင့် အော်မြည်နေသည်။ သို့သော် မကြာမီ ငှက်ကလေးမျက်နှာတွင် ဝင့်ကြွားသည့်အသွင်မျိုး ပေါ်လာသည်။
“ငါမင်းကို ဖမ်းလို့မရဘူးပေါ့”
မီးငှက်သည့် နေမီးတောက်သစ်ပင်မှ မွေးဖွားလာခြင်းဖြစ်သည်။ နေမီးတောက်သစ်ပင်သည် နေအလင်းစွမ်းအင်ကို ထုတ်လွှတ်နိုင်သည့် ဝိညာဉ်သစ်ပင်သက်သက်မဟုတ်တော့။ တိုက်ခိုက်နိုင်စွမ်း ခုခံကာကွယ်နိုင်စွမ်းလည်း ရရှိလာသည်။
နေမီးတောက်သစ်ပင်နှင့် စာချုပ်ချုပ်ပြီးဖြစ်၍ မီးငှက်၏ခံစားချက်ကို ဖုန်ချင်အန်း ကောင်းစွာနားလည်သည်။ သူ့အတွေးက ရိုးရှင်းလွန်းသည်။
သိလိုစိတ်၊ စိတ်လှုပ်ရှားမှု၊ ဒေါသ၊ ဝင်ကြွားမှု။
ထိုငှက်ကလေးခံစားသမျှအားလုံး အလွယ်တကူနားလည်နိုင်ည်။
“နတ်ဘုရားထိန်းချုပ်ခြင်းစွမ်းရည်”
ရွှမ်သားရဲဂိုဏ်းအဆင့် ဝိညာဉ်စာချုပ်မှတစ်ဆင့် ဖုန်ချင်အန်း၏ သိစိတ်ဝိညာဉ် ချက်ချင်းဝင်လာသည်။ နေမီးတောက်သစ်ပင် ခုခံနိုင်စွမ်းမရှိ။ အသစ်မွေးဖွားပြီးစ မီးငှက်၏ သိစိတ်ဝိညာဉ်ကို အသာတကြည်လွှမ်းိုး၍ ထိန်းချုပ်လိုက်သည်။
ကလေးတစ်ယောက်ကို နှိပ်ကွပ်ခြင်းသာဖြစ်သည်။
သို့သော် အရှင်းဆုံးဆိုရလျှင် မီးငှက်ကို ကလေးတစ်ယောက်ဟု ယူဆ၍ပင်မရ။ မွေးလာသည်မျာ ဆယ့်ငါးမိနစ်ပင် မပြည့်သေး။ မွေးစသန္ဓေလောင်းသာဖြစ်သည်။ သို့သော် လူသားကလေးငယ်ထက် ပို၍စွမ်းအားကြီးသည်။
“ငှက်ကလေး၊ ငါ့ရှေ့မှာ လာမာန်မတက်နဲ့။ ဆက်ပြေးပါ”
လက်ခုံပေါ်တွင်နားနေသည့် မီးငှက်ကို ဖမ်းဆုပ်လိုက်သည်။ ဤတစ်ကြိမ်တွင် ဒြပ်ထုအစစ်ကို ကိုင်မိသည်။ မီးငှက်ကို ထိန်းချုပ်ပြီးဖြစ်၍ ငှက်ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ခံစားနိုင်သည်။
သဘောမကျ။ အလိုမကျ။
ဖိနှိပ်ခံရသည်နှင့် မီးငှက်၏ စိတ်ခံစားချက်များ ပြန်ပေါ်လာသည်။ အတော် နားလည်ရလွယ်သည်။ ထို့ကြောင့် ဖုန်ချင်အန်းက နတ်ဘုရားထိန်းချုပ်စွမ်းရည်ကို ဖယ်ရှား၍ မီးငှက်ကို ပြန်လွှတ်ပေးလိုက်သည်။
“ကူး ကူး”
ဖုန်ချင်အန်းကို တစ်ချက်ကြည့်ပြီးနောက် မီးငှက်က မီးတောက်အသွင်ပြောင်း၍ သူ့လက်ဝါးထဲမှ ထွက်ပြေးသွားသည်။ သို့သော် လေထဲတွင် သူ့အသွင်ပြန်ပေါ်လာသည်နှင့် နတ်ဘုရားထိန်းချုပ်စွမ်းရည်ကို ပြန်ဖွင့်လိုက်သည်။ မီးငှက်ကို ပြန်ဖမ်းသည်။ ထို့နောက် ငှက်က လေထဲမှ ကျလာသည်။
“ဘယ်လိုလဲကွ”
ဖုန်ချင်အန်း ပြုံး၍မေးလိုက်သည်.
မကျေနပ်။
ဖုန်ချင်အန်းက အားလုံးကို မီးငှက်ဆီ ပြန်လွှဲပေးသည်။ ထို့နောက် နတ်ဘုရားထိန်းချုပ်စွမ်းရည်ဖြင့် ပြန်ထိန်းချုပ်၍ ပြန်ဖမ်းဆီးပြန်သည်။
ဖုန်ချင်အန်း ခုနစ်ကြိမ်တိုင်တိုင် ထိုသို့လုပ်သည်။ အသစ်မွေးစမီးငှက်လေးသည် လူရိုင်းခေါင်းဆောင်တစ်ယောက်ကဲ့သို့ စိတ်ဓာတ်မာကျောသည်။ ဖုန်ချင်အန်း နောက်ထပ် ငါးကြိမ်ခန့် နှိပ်စက်လိုက်ပြီးနောက် မီးငှက်၏ မကျေနပ်ချက်များ၊ ဒေါသစိတ်များ ပျောက်ကွယ်သွားသည်။
မီးငှက်သည် သူနှင့်ဖုန်ချင်အန်းကြားမှ ဆက်နွယ်မှုကို လေးလေးနက်နက်နားလည်သည်။ သူ့ခန္ဓာကိုယ်ထိန်းချုပ်မှု ဆုံးရှုံးပြီး ဘေးလူတစ်ယောက် သူ့သိစိတ်အာရုံထဲ ဝင်လာသည့်အဖြစ်ကို သူအတော်ကြောက်လန့်သွာားသည်။
အကြောက်တရား။
“အခုချိန်ကစလို့ ငါ့နောက်ကို လိုက်ခဲ့ပြီး ကောင်းကောင်းနေပါ။ မင်းအတွက် အကျိုးကျေးဇူးတွေ ရလာပါလိမ့်မယ်”
မီးငှက်ကို မျက်လုံးရှေ့သို့ မြှောက်၍ ပြောလိုက်သည်။ ထို့နောက် လက်ဝါးကို ညာဘက်ပုခုံးဆီ ရွှေ့လိုက်သည်။ အပိုးကျိုးသွားသည့် မီးငှက်က လက်ချောင်းထိပ်မှ ပုခုံးပေါ် ခုန်ကူးသွားသည်။
“ကူး ကူး”
“ဖုန်ချင်အန်း၊ ဖုန်ချင်အန်း နေထွက်တော့မယ်။ နင်လူသားကမ္ဘာကို ပြန်ချင်လား”
နန်းကောက မီးငှက်လေ့ကျင့်သည်ကို ပျော်ရွှင်စွာ ကြည့်နေခဲ့သည်။ သို့သော် ယင်နှင့်ယန်အပြောင်းအလဲ ကိုလည်း သူသတိပြုမိလာသည်။ ဖုန်ချင်အန်းကို သူသတိပေးလိုက်သည်။
“အရင်ပြန်တာပေါ့”
နေမီးတောက်သစ်ပင်နှင့် ဝိညာဉ်စာချုပ်ချုပ်ပြီးနောက် မြေအောက်ယင်စွမ်းအင်များ သူ့အပေါ် မသက်ရောက်တော့သော်လည်း လူသားကမ္ဘာသို့ သူပြန်ချင်သေးသည်။ မြေအောက်ဘုံမြင်ကွင်းက လူသားများအတွက် မကောင်း။ သူကျင့်ကြံရန် သူ့ဝိညာဉ်စွမ်းအား ပြန်ဖြည့်ဆည်းရန် အဆင်မပြေ။
“ကောင်းပြီလေ”
နန်းကော ဝမ်းနည်းစိတ်ပျက်သွားသည်။ ဖုန်ချင်အန်းကို သူဆက်နေခိုင်း၍မဖြစ်။ မြေအောက်ဘုံသည် လူသားမျိုးနွယ်အတွက် သင့်တော်သည့်နေရာမျိုးမဟုတ်။
သူလုပ်စရာတစ်ခု တည်းသာရှိသည်။ သူ့စွမ်းအားသူ တိုးတက်အောင်လုပ်၍ ကြက်တွန်ချိန်နောက်ပိုင်းထိ လူသားကမ္ဘာတွင် အန္တရာယ်ကင်းကင်း နေနိုင်အောင် ကြိုးစားရမည်။ ထိုသို့ဆိုလျှင် ဖုန်ချင်အန်းကို နေ့ရောညပါ သူအဖေါ်ပြုပေးနိုင်လိမ့်မည်။
“သတ္တဝါလေး၊ မင်းဒီမှာနေခဲ့”
ဖုန်ချင်အန်းက မီးငှက်ကို နေမီးတောက်သစ်ပင်ပေါ် ပြန်တင်လိုက်သည်။ ဒုတိယသစ်ကိုင်းမှ ပန်းဖူးထွက်လာပြီဖြစ်၍ သူခဏတွေးဆနေသည်။ သို့သော် သူဆက်မနေတော့။ နန်းကောကို ကောက်ချီ၍ လူသားကမ္ဘာဆီ ပြန်သွားသည်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် လွတ်လပ်မှုပြန်ရသွားသည့် မီးငှက်က သစ်ပင်ပေါ်တွင် တစ်ကိုယ်တည်း ကျန်ခဲ့သည်။ ဘေးပတ်လည်မှ ခြောက်ကပ်ပျက်စီးနေသည့် တောင်တန်းများကိုကြည့်၍ ထူးဆန်းသည့် စိတ်ခံစားချက်တစ်ခု မီးငှက်လေး၏စိတ်ထဲတွင် ပေါ်လာသည်။
*******************************************************