← Chapters

မီးငှက်

Vol. 9 Ch. 130

မီးငှက်

Vol. 9 Ch. 130

ကြောက်ရွံ့ခြင်း။

အထီးကျန်ရသည်ကို ကြောက်ရွံ့ခြင်းဖြစ်သည်။

“ဂူး ဂူး”

တောင်ပံတဖျတ်ဖျတ်ခတ်၍ သစ်ပင်အထက်တွင် ဝဲပျံနေသည်။ ဖုန်ချင်အန်းနှင့်နန်းကော၏ တည်နေရာကို ရှာဖွေရန် ကြိုးစားသည်။ သို့သော် ရှာမတွေ့။ တောင်တန်းများကြားတွင် ပျောက်ဆုံးသွားပြီဖြစ်သည်။

လေးငါးကြိမ် ပတ်ပျံနေပြီးနောက် ဖုန်ချင်အန်း မည်သို့ထွက်သွားသည်ကိုပင် သူမမှတ်မိတော့။

တောင်တန်းများ၏ သိပ်သည်းသည့် တိတ်ဆိတ်မှုသာ ကြီးစိုးနေသည်။

နန်းကောကိုကျောပိုး၍ လူသားကမ္ဘာသို့ ပြန်နေသည့် ဖုန်ချင်အန်း ရုတ်တရက် ခြေလှမ်းရပ်လိုက်သည်။ မျက်မှောင်ကျုံ့နေသည့်သူ့ကို နန်းကောက လှည့်ကြည့်သည်။

“ဘာဖြစ်တာလဲ”

ဖုန်ချင်အန်း ပြန်မဖြေ။ နွေးထွေးသည့် အပူလှိုင်းတစ်ခု ခုနကတည်ဆောက်ခဲ့သည့် လေးခုမြောက်ဝိညာဉ်စာချုပ်မှ ထိုးထွက်လာသည်ကို သူခံစားလိုက်ရသည်။ ထိုအပူလှိုင်းက သူ့နဖူးမှ အောက်ဘက်သို့ ဆင်းလာသည့် သူ့နှလုံးနေရာတွင် တည်နေသည်။ သူ့ရင်ဘတ်တစ်ခုလုံး အပူလှိုင်းများ ပြည့်လာသည်။

“အောက်ကိုဆင်းဦး”

နန်း‌ကိုအောက်သို့ ချလိုက်သည်။ ထို့နောက် နဂါးဝတ်ရုံကိုဖွင့်၍ သူ့ရင်ဘတ်ကို လှန်ကြည့်သည်။ နန်းကောကလည်း သာမန်မျက်နှာအတိုင်း ကြည့်နေသည်။ ရှက်ရွံ့ဟန်မရှိ။ အကြိမ်များစွာ သူမြင်ဖူးပြီဖးြစ်သည်။

“ထွက်ခဲ့”

ဖုန်ချင်အန်း ခေါင်းငုံ့၍ ခပ်တင်းတင်းအော်လိုက်သည်။ သို့သော် ပျော်ရွှင်ကြည်နူး၍ အပြစ်ကင်းသည့် သိစိတ်အာရုံလှိုင်းတစ်ခုကို သူခံစားနေရသည်။

“ကူး ကူး”

ရင်းနှီးနေသည့်အသံ ပေါ်လာသည်။ နန်းကောမျက်လုံးရှေ့မှာပင် ဖုန်ချင်အန်း ရင်ဘတ်ပေါ်၌ အနီရောင်ငှက်သဏ္ဌာန်ပုံရိပ်တစ်ခု ပေါ်လာသည်။ ထို့နောက် အနီရောင်အလင်းများ ထွက်လာသည်။ မီးငှက်လေး ရုန်းကန်ထွက်လာသည်။ ဖုန်ချင်အန်း ဘေးပတ်လည်တွင် နိမ့်ချည်မြင့်ချည် ပျံသန်းနေသည်။

“ဖုန်ချင်အန်း၊ ဒီငှက်က နင့်ခန္ဓာကိုယ်ထဲက ထွက်လာတာ”

“အင်း”

ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။ မီးငှက်လေးကိုထိရန် လက်လှမ်းလိုက်သည်။ ဤတစ်ကြိမ်တွင် ငှက်ကလေးက ထွက်မပြေး။ ဖုန်ချင်အန်းကို အသာတကြည့်ဖမ်းဆီးခွင့်ပေး၍ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။

“ဒီကောင်လေးက...”

သားရဲထိန်းသခင်ဖြစ်သော်လည်း ထိုမြင်ကွင်းမျိုးကြုံရမည်ဟု မတွေးခဲ့ဖူး။ မီးငှက်လေးက သူ့ကိုယ်ထဲသို့ ဝိညာဉ်စာချုပ်မှ တိုက်ရိုက်ဝင်နိုင်သည်။

မီးငှက်တွင် အသားမရှိ။ နေမီးတောက်သန္ဓေဖြင့် ဖြစ်တည်နေခြင်းဖြစ်သည်။ ထိုအဖြစ်မျိုး ရလာသည်မှာ အတော်အံ့ဩစရာကောင်းသည်။

“နောက်တစ်ကြိမ် ထပ်လုပ်ပြစမ်း”

ဖုန်ချင်အန်း အမိန့်ပေးလိုက်သည်။

“ကူး ကူး”

ငှက်အသွင်က ဝင့်ကြွားဟန်ပေါ်နေသည်။ ဖုန်ချင်အန်း လွှတ်ပေးလိုက်သည်။ သူ့ရင်ဘတ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။ အနီရောင်အလင်းတန်းအဖြစ်ပြောင်း၍ ပျောက်ကွယ်သွားသည်။ အပူလှိုင်းတစ်ခုကိုသာ ဖုန်ချင်အန်း ခံစားရသည်။

“နတ်ဘုရားပို့ဆောင်ခြင်းစွမ်းရည်”

သူ့သိစိတ်အာရံဒကို နေမီးတေက်သစ်ပင်ဆီ ပို့လွှတ်လိုက်သည်။ မီးငှက်လေး၏ သက်ဝင်လှုပ်ရှားနေသည့် သိစိတ်အာရုံကို သူရှင်းလင်းစွာ အာရုံခံမိသည်။ ထို့အပြင် တစ်ခြားသိစိတ်အာရုံတစ်ခုလည်း ဖြစ်တည်စပြုနေသည်။ နည်းနည်း မှေးမှိန်နေသေးသည်။

ဒုတိယပန်းပွင့်။

“ပြီးသွားပြီ ပြန်လာခဲ့”

နေမီးတောက်သစ်ပင်နှင့် စာချုပ်လိုက်ရပြီးနောက် ကြုံလာရသည့်အဖြစ်က သူထင်ထားသည်ထက် ကျော်လွန်နေသည်။ ဘာမှ ထပ်ပြောစရာမလိုတော့။ ဤသစ်ပင်ကို ထိပ်တန်းဦးစားပေးအဖြစ် ပြုစုပျိုးထောင်ရမည်။

ဘယ်တော့မှ အသက်ဝင်လာမည်မှန်းမသိသည့် အရိုးစုကြီးနှင့် ယှဉ်လျှင် ဒုတိယပန်းဖူးထွက်နေသည့် နေမီးတောက်သစ်ပင်က ပို၍မျှော်လင့်စရာကောင်းသည်။

ထို့အပြင် ထိုသစ်ပင် ထပ်ရှည်နိုင်သေးသည်မှာ သေချာသည်။ နောက်ထပ် သစ်ကိုင်းများ နောက်ထပ် ပန်းဖူးများ ပွင့်လန်းလာဦးမည်။ ပန်းပွင်းတိုင်း မီးသန္ဓေဝိညာဉ်တစ်ခု မွေးဖွားနိုင်လျှင် အလွန်တရာအံ့ဩဖွယ် မြင်ကွင်းကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

“ကူး ကူး”

ငှက်ကလေးက ဖုန်ချင်အန်းရင်ဘတ်ထဲမှ ပြန်ထွက်လာပြီး လူသားကမ္ဘာထိ သူနှင့်အတူလိုက်လာသည်။ တစ်ခုခု မသက်မသာဖြစ်သည့်ပုံစံမျိုး လုံးဝမရှိ။ အလွန်တရာပျော်ရွှင် စိတ်လှုပ်ရှားနေပုံရသည်။

“ဒီနေ့ ဒီမှာပဲ ရပ်ရ‌အောင်။ နေထွက်တော့မယ်။ မင်းလိုက်လာစရာ မလိုတော့ပါဘူး။ မနက်ဖြန်ကျမှ မင်းဆီကို ငါလာတွေ့မယ်”

မြေအောက်ဘုံအက်ကြောင်းတွင်ရပ်၍ နန်းကောကို ဖုန်ချင်အန်း နှုတ်ဆက်စကားပြောသည်။ သူ့ပုခုံးပေါ်တွင် မီးငှက်ကလေးက လူသားကမ္ဘာဆီ စူးစမ်းသလိုကြည့်ရင်း နားခိုနေသည်။

မြင်ကွင်းက မြေအောက်ဘုံနှင့် လုံးဝကွဲပြားနေသည်။ မွေးကင်းစမီးဝိညာဉ်ငှက်အတွက် အတော်စိတ်လှုပ်ရှားစရာဖြစ်နေသည်။ ခြောက်သွေ့သည့် မြေအောက်ဘုံနှင့်ယှဉ်လျှင် လူသားကမ္ဘာကို သူပိုသဘောကျသည်။ ဖုန်ချင်အန်းသာ ထိန်းချုပ်မထားလျှင် ဘေးအနီးအနားသို့ သူလှည့်ပတ်စူးစမ်းမိမည်ဖြစ်သည်။

“လာပါ။ လျှောက်မသွားနဲ့။ မင်းတို့မျိုးနွယ်က လူသားကမ္ဘာကမဟုတ်ဘူး”

နေမြင့်လာသည်နှင့် မြေအောက်ဘုံအက်ကြောင်း ပိတ်သွားသည်။ ဖုန်ချင်အန်း အိမ်ပြန်လျှောက်လာသည်။ မီးငှက်လေးကို ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရန် တွန်းလိုက်သည်။

“ကူး ကူး”

မီးငှက်က ငြင်းဆန်ခြင်းမပြုဘဲ ဖုန်ချင်အန်း အစီအစဉ်အတိုင်း လိုက်နာသည်။ ဖုန်ချင်အန်းအမိန့်ကို ဆန့်ကျင်ခြင်းသည် မကောင်းနိုင်ကြောင်း သူနားလည်သည်။

နောက်ရက်များတွင် ဖုန်ချင်အန်း အတော်အလုပ်များသည်။ နေ့ခင်းပိုင်းတွင် တစ်ခြားအလုပ်များလုပ်ရင်း ကုန်ခန်းသွားသည့် သူ့ဝိညာဉ်စွမ်းအင်များကို ပြန်ဖြည့်ရသည်။ ညဘက်တွင် မြေအောက်ကမ္ဘာသို့သွား၍ အရိုးစုကြီးကို အသက်သွင်းရသည်။ နေမီးတောက်သစ်ပင်ကို ဆက်လက်ကြီးထွားအောင် ဝိညာဉ်စွမ်းအင်ပေးရသည်။

သူ့စိတ်ထဲ မျှော်လင့်ချက်များရှိသည်။ တစ်နေ့နေ့ နေမီးတောက်သစ်ပင် အဆုံးစွန်ကြီးထွားချိန်သို့ ရောက်လျှင် လူသားကမ္ဘာပ ညာဉ့်နက်သန်းခေါင်ချိန်တွင်ရပ်လျက် အချိန်ကို ပြောင်းပြန်လှန်မည်။ ညကို နေ့အဖြစ်ပြောင်းမည်။ ထိုအချိန်ကျလျှင် “ငါသည် နေမင်းဖြစ်သည်

ဟု သူကြွေးကြော်နိုင်လောက်သည်။

ထိုသို့လုပ်လျှင် လူတစ်ချို့ အိပ်ရေးပျက်သွားကြမည်မှာ သေချာသည်။ သူလည်း လူအများနှင့်အသားမကျဖြစ်လာမည်။

ထိုအတွေးက ခဏတာ စိတ်ကူးယဉ်အတွေးသာဖြစ်သည်။ ဒဏ္ဍာရီလာ ရွှေကျီးကန်း(နေမင်း)သည် မယှဉ်နိုင်သည့် အဆင့်အတန်းမျိုးဖြစ်သည်။ အလွယ်တကူ အောင်မြင်မည်မဟုတ်။ နေ့စဉ် ကောင်းကင်တွင် လူသားများက ရွှေကျီးကန်းဟု ခေါ်ကြသည့် နေမင်းက ရှိနေဆဲဖြစ်သည်။

ငြိမ်းချမ်းသည့်နေ့ရက်များက သက်တောင့်သက်သာရှိလှသည်။ သို့သော် ရေရှည်မခံ။ ဆောင်းရာသီတစ်ရက် နှင်းများကျနေချိန်တွင် ဖုန်ချင်အန်း ရွာကျောင်း၌ ဆရာဖြစ်သူ၏ ပို့ချချက်များကို နားထောင်ရင်း စွမ်းအားလေ့ကျင့်နေသည်။

သူ့စိတ်များ ရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားလာသည်။ ပထမနှင့် တတိယဝိညာဉ်စာချုပ်များ ပြိုင်တူ တုံ့ပြန်လာသည်။ ပြင်းထန်သည့်စွမ်းအင်လှိုင်းများ ပေါ်လာသည်။ သို့သော် တတိယဝိညာဉ်စာချုပ်၏ တုံ့ပြန်မှုက ချက်ချင်းပျောက်ကွယ်သွားသည်။

တုန်ဟွမ်းက အာရုံသိစိတ်ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ ဝိညာဉ်စာချုပ်မှတဆင့် လက်ရှိအခြေအနေကို သူမစူးစမ်းနိုင်တော့။ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကိုလည်း သုံးမရတော့။

ပထမစာချုပ်သာ ပြင်းထန်သည့်စိတ်လှုပ်ရှားမှုများ ရှိနေကြောင်း အာရုံမှသိနေရသည်။ ကြီးမားသည့်ကပ်ဆိုးတစ်ခုကို ရင်ဆိုင်ရသကဲ့သို့ တောင်နက် ကြောက်ရွံ့တုန်လှုပ်သွားသည်။နေသည်။

“နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်”

ဖုန်ချင်အန်း၏ သိစိတ်အာရုံ တောင်နက်ဆီရောက်လာသည်။ ဝိညာည်စာချုပ် ထိုသို့တုန့်ပြန်လာခြင်းသည် ယုဟွမ်နိုင်ငံတွင် ကိစ္စတစ်ခုထူး၍သာဖြစ်သည်။

တောင်နက်အာရုံသို့ ဝင်လိုက်သည်နှင့် အခြေအနေကို သူချက်ချင်းနားလည်လိုက်သည်။

သရဲမြို့တော်အထက်ကောင်းကင်နှင့် ဘေးပတ်လည် မျက်စိတစ်ဆုံး နားကျည်း(အမှောင်)တိမ်တိုက်များ ပြည့်နေသည်။ သရဲသတ္တဝါသန်းချီ၍ ကောင်းကင်တွင်ပျံဝဲနေကြသည်။ ကြောက်စရာသရဲနတ်ဆိုးဆယ်ယောက်ကျော်က ခေါင်းဆောင်လာသည်။ သရဲမြို့တော်ကို လောဘမျက်လုံးဖြင့်ကြည့်၍ ဝိုင်းရံပိတ်ဆို့ထားကြသည်။

သရဲဘုရင်များ။

ထိုမြင့်မားထွားကျိုင်းလှသည့် သရဲနတ်ဆိုးများသည့် မြေအောက်ကမ္ဘာသရဲဘုရင်များဖြစ်သည်။ တစ်ချိ့ကို ဖုန်ချင်အန်း မြင်ဖူးသည်။ တုန်ဟွမ်း၏ နန်းတော်တွင် တွေ့ဖူးသည်။ သို့သော်ယခုလို ထိုအရွယ်အစားမျိုးမဟုတ်။

ပုန်ကန်ခြင်း။ ရန်သူ့နှင်ပူးပေါင်း၍ ပုန်ကန်ခြင်း။

ဖုန်ချင်အန်း အခြေအနေကို ချက်ချင်းခန့်မှန်းမိသည်။

တုန်ဟွမ်းက စွမ်းအင်ရင်းမြစ်တစ်ချို့ သူ့ကိုပေးထားသည်။ ထို့ကြောင့် စွမ်းအားဆုံးရှုံးသွားမည်။ ထို့ကြောင့် စွမ်းအားကြီးစဉ်အချိန်ကလို သူ့လက်အောက်မှလူများကို မထိန်းချုပ်နိုင်တော့ခြင်းဖြစ်မည်။ သူ့ကိုဆန့်ကျင်ရဲသည့် သူနှင်အဆင့်တူ သရဲသတ္တဝါများရှိနေသည်။

ယခု တုန်ဟွမ်း ထိုအခြေအနေအား မည်သို့ဖြေရှင်းမည်ကို စိုးရိမ်မိသည်။ ထိုစဉ် စူးရှသည့် ဓားရောင်တစ်ခု မိုးမြေကြားတွင် ပေါ်လာသည်။ နဂါးငွေ့တန်းပမာ အောက်မှအထက်သို့ တက်သွားသည်။ မှောင်မိုက်နေသည့် ကောင်းကင်ကို ဖြတ်သန်းသွားသည်။

ဓားရောင်အောက်တွင် သရဲဝိညာဉ်များစွာ သေဆုံးပျောက်ကွယ်သွားသည်။ သောင်းချီသည့်သရဲဝိညာဉ်များ စူးရှစွာအော်ဟစ်ကြသည်။ ဓားအလင်းရောင်လှိုင်းဖြင့် သိမ်းယူသွားခံရသည်။ ဒဏ်ရာအပြင်းအထန်ရကြသည်။ တစ်စစီပြတ်ထွက်သွာားသည်။

မိုးများ သည်းထန်စွာ ရွာသွန်းလာသည်။ ညစ်ညမ်းနံစော်သည့် သရဲသတ္တဝါတို့၏ သွေးများ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြည့်နေသည့် မိုးစက်များဖြစ်သည်။ သရဲမြို့တော်တစ်ခုလုံး ငရဲတွင်းအစစ်တစ်ခုအဖြစ် ပြောင်းသွားသည်။

ခန္ဓာကိုယ်ပေါ်တွင် နာကျည်းဒေါသရိပ်အပြည့်စုစည်း၍ သေခြင်းစွမ်းအင်ရောင် ပေါင်းစပ်ထားသည့် သရဲတို့၏အကြည့်များ ချက်ချင်းကျောက်ရုပ်လို ဖြစ်သွားကြသည်။

သူတို့ထဲတွင် အနက်ရောင်အကြေးခွံများအပြည့်ဖြင့် နဖူးတွင်ဦးချိုပါသည့် သရဲဘုရင်တစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်မျဉ်းကြောင်းတစ်ခု ပေါ်လာသည်။

All Chapters