သန့်စင်ရှင်းလင်းခြင်း
Vol. 9 Ch. 131
“တုန်ဟွမ်း၊ ဘာကြောင့်များမင်းငါ့ကို ဒီလိုဆက်ဆံရက်တာလဲ”
အလိုမကျသသည့် အက်ကွဲရှတသည့် အော်ဟစ်သံတစ်ခု ကောင်းကင်အထက်တွင် ပဲ့တင်ထပ်သွားသည်။ သို့သော် ငွေရောင်အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ကို နှစ်ခြမ်းခွဲ၍ ထိုးဖောက်လာပြီးဖြစ်သည်။ ခန္ဓာကိုယ်နှစ်ပိုင်း ဖြေးညှင်းစွာ ဘေးသို့ကျသွားသည်။ ဝိညာဉ်ပြိုကွဲပျက်စီးသွားသည်။ နောက်တစ်ကြိမ် အသံမထွက်နိုင်တော့။
‘နွား’သရဲတစ်ယောက်။
ထိုသရဲကို သူမှတ်မိသည်။ တုန်ဟွမ်းက တောင်နက်ကို ခေါ်၍ပြန်သွားသည့်အခေါက်က လာရောက်ကြိုဆိုခဲ့သည့် သရဲဘုရင်တစ်ယောက်ဖြစ်သည်။ သရဲဘုရင်များ လေးလေးစားစားဆက်ဆံနေသည့်အတွက် သူအတော်အထင်ကြီးခဲ့ဖူးသည်။ ယခု ထိုသရဲဘုရင်များက တုန်ဟွမ်းကို ဆန့်ကျင်၍ ရန်သူဘက်သို့ ပြောင်းသွားကြသည်။
နွားသရဲ၏နောက်ဆုံးစကာားထဲတွင် အဖြစ်အပျက်များစွာ ပါနေဟန်ရှိသည်။ သို့သော် ထိုအဖြစ်တို့သည် အရေးမကြီးတော့။ အားလုံးအဆုံးသတ်သွားပြီဖြစ်သည်။ ဖုန်မှုန့်အဖြစ်ပြောင်းသွားသည်။
“တုန်ဟွမ်း၊ မင်းတကယ်ရက်စက်တာပဲ”
သရဲသတ္တဝါများစွာရှိနေသည့် တိမ်သားများကြားမှ ကျောက်ပျဉ်အရွယ် အနီရောင်မျက်လုံးတစ်စုံ ပွင့်လာသည်။ ခြောက်ကပ်အက်ကွဲသည့် ရယ်သံလည်း ပေါ်လာသည်။ တောင်နက် ကြက်သီးမွှေးညှင်းများ ထလာသည်။ ထိုသရဲဘုရင်သည် တိမ်တိုက်ကြားတွင် အိမ်ဆောက်၍နေထိုင်သည့် သရဲဘုရင်ဖြစ်သည်။
“မင်းက မင်းနဲ့အတူ နှစ်နှစ်ထောင်လောက် အတူရှိခဲ့တဲ့ ဖူလီကို မျက်တောင်တစ်ချက်မတွန့်ဘဲ သတ်ပစ်ခဲ့တယ်ပေါ့”
“သူက ပုန်ကန်တယ်။ ငဲ့ညှာနေစရာ အကြောင်းမရှိဘူး”
အေးစက်စက်စကားသံ ပေါ်ာလသည်။ ထို့နောက် ဓားအလင်းရောင်က ကောင်းကင်မှ မိုင်ရာချည်သည့်တိမ်းမည်းများကြားမှ ထိုးခွဲဖြတ်ထွက်လာသည်။
“ဒီလောက်ထက်တဲ့ဓား။ ဒါပေမယ့် ကောလဟာလသတင်းတွေက စိတ်မကောင်းစရာပဲ။ မင်းသန္ဓေပျက်စီးသွားပြီတဲ့။ မင်းရဲ့ဓားက အရင်လိုစွမ်းအားမကြီးနိုင်တော့ပါဘူး။ အရင်တစ်ခါလို ငါ့ကိုမခြိမ်းခြောက်နိုင်တော့ပါဘူး”
အမှောင်တိမ်တိုက်ကြားမှ သရဲလက်သည်းတစ်ခု ထိုးထွက်လာသည်။လာပြီး ဓားရောင်ကိုလျင်မြန်စွာ ဖမ်းဆုပ်လိုက်သည်။ ထို့နောက် ဖျောင်းခနဲ အသံတစ်ချက်မြည်၍ ဓားအလင်းကြေမွပျက်စီးသွားသည်။ ထို့နောက် ဓားအလင်းများစွာ ပျံ့ထွက်၍ သရဲသတ္တဝါအတော်များများကို သတ်ဖြတ်သွားသည်။
“တုန်ဟွမ်း၊ သရဲဘုရင်နယ်မြေဆယ်ခုလုံး နွားသရဲမင်းနဲ့ပူးပေါင်းတာ သူမင်းကိုသဘောကျလို့ဆိုတာ လူတိုင်းသိကြတယ်။ သူ့အဆင့်အတန်းအရဆိုရင် တိုင်းပြည်တစ်ခု သူ့ဘာသာ တည်ထောင်လို့ရတယ်။ ဒါပေမယ့်အခုတော့ ဒီလိုဆိုးဝါးတဲ့အဆုံးသတ်မျိုးကြုံသွားရတယ်။ အတော်ရင်နာရပြီး ရယ်စရာကောင်းတာပဲ”
ကြီးမားသည့် ဒုတိယသရဲဘုရင်တစ်ယောက် မိုင်ရာချီအမှောင်ထုထဲမှ ပေါ်လာပြန်သည်။ နောက်ထပ်စွမ်းအားမြင့် သရဲတစ်ယောက်လည်း တုန်ဟွမ်းစွမ်းအင်လျော့သွားသည့်သတင်းကို ကြားပြီးနောက် အခွင့်ကောင်းယူရန် ရောက်လာခြင်းဖြစ်သည်။
သရဲမြို့တော်ဘေးပတ်လည်မှ သရဲဘုရင်များသည် သတင်းစူးစမ်းရန် လွှတ်ထားသည့် သရဲငယ်များသာဖြစ်သည်။ ထို့ကြောင့် သူတို့နှင့်မဟာမိတ်ဖွဲ့ထားသည့် နွားသရဲသေသွားချိန်မှာပင် သူတို့အရေးမစိုက်ကြ။ သူတို့ထိုအဖြစ်မျိုးကြံရနိုင်သောကြောင့်ဖြစ်သည်။
“နင်တို့နှစ်ယောက်တည်းလား”
လေပြင်က ညင်သာစွာ တိုက်ခတ်နေသည်။ ဖီးနစ်က အတော်ဖြန့်ထားသည်။ ယုဟွမ်သခင်မ သူ့ကျောကုန်းပေါ်တွင်ရပ်လျက် သရဲဘုရင်နှစ်ယောက်ကို ငုံ့ကြည့်နေသည်။ ထိုသရဲဘုရင်များသည် ကိုယ်ပိုင်သရဲနိုင်ငံပိုင်ဆိုင်သူများဖြစ်ပြီး သူ့အပေါ် ရန်ညှိုးရှိကြသူများဖြစ်သည်။ အစက သူတို့နိုင်ငံကိုသာ တည်မြဲအောင် ထိန်းနေခဲ့သည်။ ယခု အခွင့်အရေး ပေါ်လာပြီဖြစ်သည်။
“ငါတို့နှစ်ယောက်တည်း ဘယ်ဟုတ်မှာလဲ. မင်းကို မလေးမစားမလုပ်ရဲပါဘူး”
“မင်းစီးတဲ့သားရဲအတွက်တောင် ပြိုင်ဘက်ကောင်း တွေ့ထားပါသေးတယ်”
ထိုစဉ် ကြမ်းတမ်းသည့် စွမ်းအင်လှိုင်းတစ်ခု ဆင်းလာသည်။ အရိုးစုတစ်ခု ဖြစ်သည်။ သာမန်သရဲဝိညာဉ်များလောက် အရွယ်အစားမကြီး၊ မမြင့်မား။ အချိန်အတော်ကြာအောင် လေလွင့်နေခဲ့ပြီး ယခုမှ ကိုယ်ထင်ပြလာခြင်းဖြစ်သည်။
ကြည်လင်သည့် သံချပ်ကာကို ဝတ်ထားသည်။ အေးစိမ့်သည့် ရေခဲလေးကြီးတစ်ခု ကိုင်ထားသည်။ ထိုအရိုးစုပေါ်လာသည်နှင့် ဘေးပတ်လည်မှ သရဲသတ္တဝါများ ချက်ချင်းပေါ်က်ကွဲထွက်သွားပြီး ကြမ်းတမ်းသည့်စွမ်းအင်ရောင်က စုပ်ယူလိုက်သည်။ မည်သည့်အချိန်က အဆင့်သင့်ဖြစ်နေမှန်းမသိသည့် အဖြူရောင်မြားတစ်ချောင်း လေးပေါ်မှ ရုတ်တရက် ထွက်သွားသည်။
“ချွင်”
ယွီယွီ ရုတ်တရက် သံကုန်ဟစ်၍ အော်ဟစ်လိုက်သည်။ အသက်ခြိမ်းခြောက်နိုင်သည့် အန္တရာယ်တစ်ခုကို ကြုံလိုက်ရသောကြောင့်ဖြစ်သည်။ သူ့ကို သတ်ဖြတ်နိုင်ရန် ပစ်ချသည့် မြားချက်ဖြစ်သည်။
“ယွီ ယွီ”
တုန်ဟွမ်း မျက်နှာပျက်သွားသည်။ အားလုံးကို ဓားဖြင့်ယမ်းပစ်ရန် ပြင်လိုက်သည်။ ယွီယွီ သူ့မျက်စိရှေ့တွင် အသေမခံနိုင်။ ဒဏ်ရာပင် အဖြစ်မခံနိုင်ပေ။
“ငါကိုင်တွယ်နိုင်ပါတယ်”
ဖီးနစ်က တုန်ဟွမ်းကို လှမ်းပြောသည်။ တုန်ဟွမ်းသည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ အန္တရာယ်အားလုံးကို အမြစ်ပြုတ်ဖြေရှင်းလိုခြင်းဖြစ်ကြောင်း သူသိထားသည်။ သူ့ရှေ့တွင် စွမ်းအားမြင့် သရဲဘုရင်သုံးယောက်သာရှိသည်။ သို့သော် တစ်ခြားစွမ်းအားမြင့်များ အမှောင်ထဲတွင် ရှိနေသေးသည်။ ဓားထုတ်လိုက်လျှင် ရှေ့မှသရဲဘုရင်များကို ရှင်းပစ်နိုင်သော်လည်း အမှောင်ထဲမှရန်သူများ ကြောက်လန့်၍ ထွက်ပြေးသွားမည်။
“မင်းတစ်ယောက်တည်း အသက်ကယ်ဝှက်ဖဲရှိတာမဟုတ်ပါဘူး။ ငါလည်း ရှိပါတယ်”
ဖီးနစ်က ဝင့်ကြွားသည့်လေသံဖြင့် ပြောလိုက်သည်။ တုန်ဟွမ်းနှင့်သူတွေ့ခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်သော်လည်း တုန်ဟွမ်းအကြောင်း အားလုံးမသိ။။ တုန်ဟွမ်းကလည်း သူ့အကြောင်း အပြည့်အဝ နားမလည်သေးပေ။
“ရဲတင်းလိုက်တာ”
ယွီယွီ၏စကားကို ယုံကြည်လိုက်ရန် တုန်ဟွမ်း ဆုံးဖြတ်လိုက်သည်။ သို့သော် ဓားကိုတော့ ဆွဲထုတ်ထားသည်။ မမြင်နိုင်သည့် ဓားအလင်းက မြားပစ်ခဲ့သည့် အရိုးစုပေါ် သိပ်သည်းစွာကျလာသည်။ ဆယ်မိုင်ပတ်လည်မှ တိမ်ညမ်းများ ပြိုကွဲသွားပြီး ရုန်းကြွလှုပ်ရှားလာသည်။လှုပ်ရှားလာသည်။
စန်းလော်ဓားသေတ္တာ။ အသွင်မဲ့အရိပ်ဓား။
အမှောင်ထဲတွင် ပုန်းခိုနေသည့် ရန်သူများကို ယခု သူအားနည်းနေကြောင်း ယုံကြည်သွားစေချင်သည်။ ထို့နောက် နည်းလမ်းကုန်ထုတ်သုံးရသည့်ပုံမျိုး ဖမ်းထားသည်။ အားလုံးကို မျှားခေါ်ရန် ကြိုးစားသည်။ သို့မှသာ အားလုံးကို တစ်ပြိုင်တည်း ရှင်းပစ်နိုင်မည်။
“ဖူး”
ဖီးနစ် အနက်ရောင်မီးတောက်များ မှုတ်ထုတ်လိုက်သည်။ တိုးဝင်လာသည့်မြားကို ရစ်ပတ်ဖုံးလွှမ်းသွားသည်။ သို့သော် အေးစိမ့်သည့်မြားစွမ်းအင်ရောင်က ပျောက်ကွယ်မသွား။ သူ့အတွက် အထူးတလည်စီစဉ်ထားသည့် စွမ်းအင်ရောင်မျိုးဖြစ်သည်။
“ရေခဲဝိညာဉ်သန္ဓေနဲ့ ဖန်တီးထားတဲ့မြားတွေ။ သူတို့က ငါ့ကိုသတ်ဖို့ အတော်ကြိုးစားအားထုတ်ထားတာပဲ။ ဒါပေမယ့် အချဉ်းအနှီးပါပဲလေ”
ဖီးနစ် ထိတ်လန့်ခြင်းမရှိ။ မီးတောက်များ သူ့ပါးစပ်မှ မှုတ်ထုတ်နေသည်။ တစ်ကြိမ်တွင် အနီရောင်အလင်းတစ်ခု ပေါ်လာသည်။ အနက်ရောင်မီးတောက်များကြားတွင် အနီရောင်မီးတောက်က အထူးထင်ရှားနေသည်။
*********************************************
ဘယ်အရာမှ ဖြစ်လာနိုင်မည်မဟုတ်။