ရွှေကျီးကန်းဖြစ်ချင်သူ
Vol. 9 Ch. 132
“အဲဒါဘာလဲ”
မြားပစ်သူ အရိုးစုသရဲဘုရင် ဒွိဟဖြစ်နေစဉ် ယင်တိမ်တိုက်များကြားမှ ခေါင်းသုံးလုံးရှိသည့် ငှက်သားရဲတစ်ကောင် ဆူညံစူးရှစွာအော်ဟစ်၍ ထွက်ပေါ်လာသည်။
“မင်းတို့ဘာလို့ ပုန်းနေကြသေးတာလဲ။ စန်းလော်ဓားကိုတောင် သုံးနေပြီလေ။ သူရွေးချယ်စရာမရှိတော့ပါဘူး”
အတူတူလက်တွဲပြီး သူ့ကိုဖိတိုက်ကြမယ်။ စန်းလော်ဓားကိုယူမယ်။ ယုဟွမ်ကို ခွဲယူမယ်။ သူ့ကို အားပြန်ဖြည့်ဖို့ အချိန်ပေးနေကြတာလား”
“ငါသူ့ရဲ့ စန်းလော်ဓားသေတ္တာပဲ ယူမယ်။ တစ်ခြားဘာမှ မလိုချင်ဘူးကွ”
လေဟာနယ်ထဲမှ နွယ်ပင်ခြောက်များ မြွေနဂါးပမာ ထိုးဆင်းလာသည်ည။ ယင်ချီများ ထိုးထွက်လာသည်။လာသည်။ အဆုံးစမဲ့ လူသတ်ရိပ်များ တုန်ဟွမ်းကို ဝါးမျိုရန် လိမ့်ဝင်လာသည်။
"ဟားဟား၊ ငါတို့အတူပေါင်းပြီး ယုဟွမ်ကို သိမ်းပိုက်နိုင်ရင်တောင် ဒီဓားသေတ္တာကတင် နိုင်ငံတစ်ဝက်လောက်တန်တယ်။ မင်းကဒါကို အကုန်ယူချင်တယ်ပေါ့။ နည်းနည်းလောဘကြီးလွန်းမနေဘူးလား။ နှစ်ခုတော့ ခွဲသင့်ပါတယ်”
"ရွှီး ရွှီး”
တောက်ပသည့် လျှပ်စိးမိုးကြိုးတစ်ခု ပေါက်ကွဲထွက်လာသည်။ နားကျည်းရိပ်စွမ်းအင်ရောင်များ ပြည့်နေသည်။ ကြီးမားခံ့ညားသည့် အသွင်တစ်ခု မိုးကြိုးများကြားတွင် ပေါ်လာသည်။ မျက်လုံးများက ပြူးကျယ်သည်။ ဆံပင်များက ထောင်နေသည်။ အဝတ်အစားများတဖျတ်ဖျတ်ခါနေသည်။ ခေါင်းတွင် ဦးချိုတစ်ချောင်းရှိသည်။ လည်ပင်းတွင် ရတနာတစ်ခုရှိသည်။ လက်နှစ်ဘက်တွင် ဗုံတီးတုတ်တံ တစ်ချောင်းစီ ရှိသည်။ ဗုံရှစ်ခုကို စက်ဝိုင်းပတ်အနေအထားဖြင့် ကိုယ်ပေါ်တွင် ချိတ်ဆွဲထားသည်။
နောက်ထပ် သရဲဘုရင်ဖြစ်သည်။ တုတ်တံဖြင့် ဗုံကိုတီးလိုက်သည်နှင့် မိုးကြိုးလျှပ်စီးကို ထုတ်လွှတ်နိုင်သူဖြစ်သည်။ ရှာပါးသည့် သရဲမျိုးဖြစ်သည်။
“အကဲဖြတ်မယ်”
(မျိုးစိတ် - မိုးကြိုးသရဲ)
(ဗီဇစွမ်းရည် - သရဲ၊ မိုးကြိုး၊ ယင်)
(စွမ်းရည် - မိုနာ့၊ ထိပ်တန်း)
(တိုက်ခိုက်စွမ်းအား - မိုနာ့၊ ထိပ်တန်း)
(မျိုးစိတ် - ခေါင်းသုံးခုသရဲ)
(ဗီဇစွမ်းရည် - ယင်၊ သားရဲ)
(မျိုးစိတ် - အရိုးသန္ဓေ)
(ဗီဇ - သန္ဓေ၊ ယင်)
(မျိုးစိတ် - သရဲပျံ)
(ဗီဇ - ယင်၊ သားရဲ)
(မျိုးစိတ် - မိုးကြိုးသရဲ)
(ဗီဇ - ယင်၊ သရဲ၊ မိုးကြိုး)
(မျိုးစိတ် - ဝိညာဉ်စားနွယ်)
(ဗီဇ - ယင်၊ သစ်သား၊သရဲ)
(စွမ်းရည် - မိုနာ၊ အခြေခံဆင့်)
(တိုက်ခိုက်စွမ်းအား - မိုနာ့ ထိပ်တန်းအတင့်)
သရဲမြို့တော်ကို ပတ်လည်ဝိုင်းထားသည့် သရဲများထက် ပို၍ကြောက်စရာကောင်းသည့် သရဲဘုရင်ငါးယောက်ကို ဖုန်ချင်အန်း စိုက်ကြည့်နေသည်။ ထိုသရဲများသည့် မိုနာ့ထိပ်တန်းများဖြစ်သည်။ နွယ်ပင်သရဲသာ စွမ်းရည်အနည်းငယ်နိမ့်ကျသည်။ သို့သော် တိုက်ခိုက်စွမ်းအားက ထိပ်ဆုံးသို့ ရောက်နေသည်။
ထိုသရဲဘုရင်ငါးယောက်တွင် အရိုးသရဲသည် အားအနည်းဆုံးဖြစ်သည်။ သို့သော် သူကိုင်ထားသည့် လေးကြီးကို ယွီယွီပင် ထိတ်လန့်ရသည်။
ထိုသရဲများအားလုံး စွမ်းအားကြီးကြသည်။ သာမန်နောက်ခံမျိုးမဟုတ်ကြ။ ထူးခြားစွမ်းရည်ပိုဆိုင်ကြသည်။ သို့မဟုတ် ဤအဆင့်အတန်းမျိုးရောက်လာနိုင်သည့် လျှို့ဝှက်နည်းလမ်းများ ရှိကြသည်။
သို့သော် တုန်ဟွမ်းသည် သာမန်ဖြစ်တည်မှုမဟုတ်။ မူဝိညာဉ်စွမ်းအင်ကို ခွဲပေးထားသော်လည်း ဖုန်ချင်အန်း သူ့အကြောင်း ရှင်းလင်းစွာ မြင်နေရသည်။
(တတိယဝိညာဉ်စာချုပ် - တုန်ဟွမ်း)
(မျိုးစိတ် - မွေးရာပါယင်ဝိညာဉ်)
(ဗီဇ - ယင်၊ကောင်းကင်၊ဝိညာဉ်)
(စွမ်းရည် - မိုနာ့, ထိပ်တန်း)
(တိုက်ခိုက်စွမ်းအား - မိုနာ့၊ ထိပ်တန်း)
မူလစွမ်းအင်ကို ခွဲထုတ်ထားသည့်တိုက် စွမ်းရည်နှင့်တိုက်ခိုက်စွမ်းအားက ကျမသွား။
သူ့စွမ်းအားအမြင့်ဆုံးရှိချိန်တွင် မည်မျှဖျက်ဆီးနိုင်စွမ်းရှိမည်မသိ။ ထို့ကြောင့်လည်း စွမ်းအားနည်းနေမှန်းသိချိန်မှာပင် ထိုသရဲဘုရင်များ ပူးပေါင်း၍သာ လာတိုက်ရဲခြင်းဖြစ်သည်။
ကောင်းကင်မှ တိုက်ပွဲကို ဖုန်ချင်အန်း စိတ်ဝင်တစားကြည့်နေသည်။ ထိုစဉ် တောင်နက်၏ ဟိန်းဟောက်သံ ပေါ်လာသည်။ ထိုအချိန်ကျမှ ယုဟွမ်၏သရဲမြို့တော်တစ်ခုလုံး တိုက်ပွဲကွင်းဖြစ်နေကြောင်း သူနားလည်လိုက်သည်။ နေရာတိုင်း တိုက်ခိုက်နေကြသည်။
အဆုံးစမဲ့ ရေတံခွန်များကဲ့သို့ သရဲသတ္တဝါများစွာ ယင်တိမ်တိုက်များဆီမှ ဆင်းလာကြသည်။ သရဲမြို့တော်ကြီးကို ဝါးမျိုရန် ကြိုးစားကြသည်။ မြို့ခံသရဲများကလည်း ရပ်ကြည့်မနေကြ။ နေရာတစ်ခုလုံး တိုက်ပွဲများ ပြည့်နေသည်။ အော်သံဟစ်သံ သတ်ဖြတ်သံများ ပဲ့တင်ထပ်နေသည်။
သရဲဘုရင်များထုတ်ပြသည့်စွမ်းအားက ကြောက်စရာကောင်းလွန်းသဖြင့် ထိုတိုက်ပွဲကွင်းကိုကျော်၍ သူကြည့်လိုက်သည်။
သရဲဘုရင်များနှင့်ယှဉ်လျှင် ထိုတိုက်ပွဲကွင်းမှသရဲများက ဘာမှမပြောပလောက်။
သို့သော် တောင်နက်သည်လည်း မြို့ခံသရဲသားရဲ သတ္တဝါများကြားမှ တစ်ကောင်သာဖြစ်သည်။ ရုန်းကန်ခုခံနေသည့် တစ်ခြားသရဲများနဲ့ မခြားလှ။ သရဲမြို့တော် ဖျက်ဆီးခံရလျှင် သူမည်သို့ ထွက်ပြေးရမည်မသိ။
ထွက်ပြေးစရာလည်းမရှိ။ တိုက်ခိုက်ရုံသာရှိသည်။ တိုက်ပွဲစကတည်းက သေဖိုရှင်ဖို့သာ ရှိသည်။
“သရဲဝံပုလွေလား။ ဟားဟား၊ သားရဲငယ်လေးပဲ။ မင်းက လူသားကမ္ဘာကို သွားနိုင်တယ်လို့ကြားတယ်။ မင်းအသွေးအသားတွေက ချိုမှာပဲ”
ရုပ်ဆိုးသရဲကြီးတစ်ကောင်က တောင်နက်ကို လောဘမျက်လုံးဖြင့် စိုက်ကြည့်သည်။ ပါးစပ်မှ သွားရေများ ကျနေသည်။ ကျောက်သားပေါ်သို့ ကျသွားသည်နှင့် ကျောက်သားများကို တိုက်စားဖျက်ဆီးသည်။ အခိုးမှိန်မှိန်ထလာသည်။ အဆိပ်မည်မျှပြင်းကြောင်း သိသာသည်။
(မျိုးစိတ် - နာကျည်းသရဲ)
(ဗီဇ - သရဲ၊ ယင်)
(စွမ်းရည် - ကွန်မန်ဒါ၊ ထိပ်တန်း)
(တိုက်ခိုက်စွမ်းအား - သခင်၊ အခြေခံ)
အဆင့်လွန်နေသည့်သရဲကိုကြည့်၍ ဖုန်ချင်အန်း မျက်နှာပျက်သွားသည်။ စွမ်းရည်သည် တိကျသည့် သတ်မှတ်ချက်မဟုတ်။ ထိုသတ်မှတ်ချက်ကို ချိုးဖျက်နိုင်သည့် သတ္တဝါတစ်ချို့ရှိနေသည်။ အားလုံးက ကိုယ်ပိုင်နည်းလမ်းဖြင့် ထူးခြားနေကြသည်။
“ပြေးတော့ တောင်နက်”
ဖုန်ချင်အန်း တုံ့ဆိုင်းမနေတော့။ အဆင့်တူဖြစ်လျှင် မတိမ်းမယိမ်းဖြစ်လျှင် သူမတာ။ ယခု အဆင့်ကွာခြားမှုက များလွန်းနေသည်။ တောင်နက် တိုက်ခိုက်နိုင်မည်မဟုတ်။
ပြေးခြင်းသာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ထို့အပြင် ဤနေရာသည် တိုက်ပွဲကွင်းဖြစ်နေပြီးဖြစ်သည်။ တိုက်ပွဲနိုင်လျှင်ပင် ဘာထူးလာမည်နည်း။ စွမ်းအင်များကုန်ခမ်းသွားသည်နှင့် သေရမည်သာဖြစ်သည်။
“ဂါး”
တောင်နက် အော်ဟစ်လိုက်သည်။ ပြေးရန်ပြင်သည်။ သို့သော် နာကျဉ်းသရဲမျက်လုံးတွင် သူ့ရည်ရွယ်ချက်က ထင်ရှားလွန်းနေသည်။
“သားရဲလေး။ မင်းက ဘယ်ကိုသွားမလို့လဲ။ လိမ်လိမ်မာမာနဲ့ ငါ့အစာပဲ ဖြစ်လိုက်စမ်းပါ။ စိတ်ချပါ။ မင်းအညံ့ခံရင် မင်းခေါင်းကို တစ်ခါတည်း ငါကိုက်ဖြတ်မယ်။ သိပ်ပြီး ဒုက္ခမခံစားစေရဘူး”
နားကျဉ်းသရဲက လှောင်ပြောင်ရယ်မောနေသည်။ သရဲဘုရင်များပြည့်နေသည့် တိုက်ပွဲကွဲတွင် သူ့ထက်အားနည်းသည့်အစာကို ရှာတွေ့ဖို့မလွယ်ပေ။ သရဲငယ်များက ပစ်ကြခတ်ကြရင်းအလွယ်တကူ ပြာကျပျက်စီးသွားကြသည်။
"ဘုန်း ဘုန်း ဘုန်း"”
ခြေထောက်တစ်ဘက်ကျလာသည်။ နာကျဉ်းသားရဲ ပြားချပ်သွားသည်။
မွေးဖွားစ သရဲသတ္တဝါများသည် ယင်ဓာတ်လေ နည်းနည်းပြင်းလျှင်ပင် သေသွားနိုင်သည်။ သို့သော် သရဲများ၏စွမ်းအား တိုးလာသည်နှင့် အသွေးအသားခန္ဓာကိုယ်မျိုး တည်ဆောက်နိုင်သည်။ သို့သော် နာကျည်းသရဲများသည် လူသားကမ္ဘာတွင် အလွန်တရာ ရှားပါးလှသည်။
“တောင်နက် မင်းဒီမှာဘာလုပ်နေတာလဲ။ ငါ့နောက်ကို လိုက်ခဲ့”
ယောက်ျားဆန်၍ တည်ကြညခန့်ညားသည့်မျက်နှာတစ်ခု ပေါ်လာသည်။ ခေါင်းတွင် ဦးချိုများရှိသည်။ အနက်ရောင်တောင်ပံများ နောက်ကျောတွင် ရှိနေသည်။ နာကျဉ်းသရဲကို ခြေတစ်ချောင်းတည်းဖြင့် ကြိတ်ချေခဲ့သည်။ တောင်နက်ကို အော်ပြောသည်။
ယခု ငရဲဖီးနစ်သရဲသည် အစောပိုင်းက ဓားတစ်ချက်ဖြင့်သေသွားသည့် နွားသရဲထက် စွမ်းရည်ပိုကောင်းသည်။
“ဂါး”
တောင်နက် အပြာရောင်မီးတောက်ပေါ်တက်၍ ကောင်းကင်သို့ပြေးထွက်သွားသည်။ ငရဲကျီးကန်းနောက်သို့ လိုက်သွားသည်။
ငရဲကျီးကန်းသည် တောင်နက်၏ လေ့ကျင့်မှုနှင့် အသက်လုံခြုံရေးအတွက် တာဝန်ယူထားရသူဖြစ်သည်။ အကြိမ်များစွာ တောင်နက်ကိုကယ်တင်ဖူးသည်။ ထို့ကြောင့် သူ့အပေါ် တောင်နက် အနည်းငယ်ယုံကြည်သည်။
“ငါနဲ့ကပ်လိုက်ခဲ့။ လမ်းပျောက်မသွားစေနဲ့။ ရွှေကျီးကန်းနောက်ကို လိုက်ပါ”
ငရဲကျီးကန်း တောင်နက်ကို တစ်ချက်ကြည့်၍ လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်။ မမြင်နိုင်သည့် ယင်လေပြင်းတစ်ခု တောင်နက်ဘေးပတ်လည်တွင် ရစ်ပတ်သွားသည်။
ရွှေ။
ဖုန်ချင်အန်း နည်းနည်းနားရှုပ်သွားသည်။ မြေအောက်ယင်သားရဲတို့သည် လူသားကမ္ဘာပိုင်ဆိုင်မှုဖြစ်သည့် “ရွှေ”လိုအရာမျိုးကို ဘာကြောင့်အစွဲပြုကြသည်မသိ။
“အူး...”
တောင်နက် တစ်ချက်အူလိုက်သည်။ “ရွှေကျီးကန်း”ဟူသည့် နာမည်သည် ရောင်စုံကြက်ဖက ကိုယ့်ကိုယ်ကို အမည်ပေးထားခြင်းဖြစ်ကြောင်းပြောသည်။
“ဆိုးဝါးလိုက်တဲ့နာမည်။ အတော်မခန့်လေးစားနိုင်တာပဲ”
ဖုန်ချင်အန်း မကြိုက်။ ဟောင်ရန်တော်ဝင်မြင့်မြတ်မှုများအကြောင်း အချိန်ကြာမြင့်စွာ သူသင်ယူခဲ့ဖူးသည်။
တောင်နက် ထပ်ရှင်းပြသည်။ ကြက်ဖသည် ထိုနာမည်ကို အရင်ဆုံးမှည့်ခေါ်ခဲ့ခြင်းမဟုတ်။ ရွှေကျီးကန်းနှင့် ဖီးနစ်တို့၏ အစစာလုံးတစ်လုံးစီယူ၍ ‘ဝူဟွမ်း” ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ ကြီးမားသည့် ရည်ရွယ်ချက်ကို ကိုယ်စားပြုသည်။
ထို့နောက်တွင်ထိုကြက်ဖကို အသိအမြင်ကျယ်သည့် ငရဲဖီးနစ်က လိုက်ရိုက်သည်။ လေးငါးကြိမ် အရိုက်ခံရပြီးနောက်မှ “ရွှေကျီးကန်း”ဟု နာမည်ပြောင်းသွားခြင်းဖြစ်သည်။
"ဟားဟား၊ ရွှေကျီးကန်း၊ ဖီးနစ်တဲ့လား။ ဒီကြက်ဖ အတော်စိတ်ကူးယဉ်တတ်တာပဲ ဒါပေမယ့် ရွှေကရောဘာလဲ။ (ရွှေ)ဖီးနစ်လား။ ဒီကောင် လက်မလျှော့သေးဘူး။ အတော်ရည်ရွယ်ချက်ကြီးတာပဲ”
နာမည်ပေးသမိုင်းကိုကြားပြီးနောက် ဖုန်ချင်အန်း ရယ်လိုက်သည်။ သို့သော် ထိုကြက်အပေါ် သူ့အမြင်လည်း ပြောင်းသွားပြန်သည်။
အောင်မြင်သည် မအောင်မြင်သည် အပထား။ အိပ်မက်ပင် မမက်ရဲလျှင်