← Chapters

အစွမ်းပြသူ

Vol. 9 Ch. 133

အစွမ်းပြသူ

Vol. 9 Ch. 133

“အောက်အစ်အီးအောက်”

ကြက်ဖတွန်သံက သရဲမြို့ထဲ ပဲ့တင်ထပ်သွားသည်။ မကောင်းဆိုးဝါးဝိညာဉ်နှင့် အမှောင်စွမ်းအင်များကို တွန်းလှန်နိုင်သည့်စွမ်းအားမျိုး ရှိပုံပေါ်သည်။ အနီးတွင်ရှိနေသည် သရဲဝိညာဉ်များ စူးစူးဝါးဝါး‌ အော်ဟစ်နေကြသည်။

“အဲဒီ့မှာပဲ”

ထူးခြားသည့်အသံကြောင့် ယင်လေပြင်းကိုစီး၍ သရဲသတ္တဝါများကြား မြေအောက်သားရဲများကြားတွင် ရှာနေသည့် ငရဲကျီးကန်းတို့အဖွဲ့ အသံလာရာဆီ ကြည့်လိုက်ကြသည်။ သူ့နဲ့အတူလိုက်လာသည် တောင်နက်နှင့်ဖုန်ချင်အန်းလည်း မြင်လိုက်ရသည်။ တစ်နှစ်ခွဲခန့် ခြံထဲတွင်နေခဲ့သည့်ကြက်ဖက အကြီးအကျယ်ပြောင်းလဲသွားပြီဖြစ်သည်။

အမောက်နီရောင်စုံကြက်ဖက ဆယ်ပေနီးပါးမြင့်သည်။ အရွယ်အစားသာ ပြောင်းလဲသွားသည်မဟုတ်။ အသွင်အပြင်လည်း ပြောင်းလဲသွားသည်။ အထူးသဖြင့် အမြီးမှအတော်များက ရှည်ထွက်လာသည်။ အရင်ကလိုခွေလိပ်မနေ။

အတောင်ဖြန့်၍ မြေပေါ်မှပျံတက်လိုက်သည်နှင့် လှပရှည်လျားသည့်အမြီးက ဒရွတ်တိုက်ဆွဲ၍ ပါသွားသည်။ ရစ်ငှက်နှင့် အသွင်တူသည်။ သို့သော် ဖီးနစ်နှင့်တူဖို့ဆိုသည်မှာ သုံးလေးကမ္ဘာခန့် ခြားနေသည်။

ဖီးနစ်အစစ်များကို ဖုန်ချင်အန်း မြင်ဖူးသည်။ ယွီယွီသည် အနည်းငယ်တုံးတုံးအအပုံ ရှိသော်လည်း လှုပ်ရှားသည့်ပုံစံတိုင်းက ဖီးနစ်တစ်ကောင်၏ မြင့်မြတ်တင့်တယ်မှုမျိုး ရှိသည်။ အမွှေးအားလုံးကျွတ်သွားလျှင်ပင် ဤရောင်စုံကြက်ဖနှင့်တော့ ယှဉ်၍မည်မဟုတ်။

“အောက်အစ်အီးအောက်”

ကြက်ဖက နောက်တစ်ကြိမ် တွန်ပြန်သည်။ ရွှေရောင်အလင်းများ စုဝေးလာသည်။ ဦးခေါင်းနောက် ရွှေရောင်အလင်းစက်ဝန်းတစ်ခု ဖြစ်လာသည်။ သူ့အသွင်ဟန်ပန်က ပို၍ထူးခြားတင့်တယ်လာသည်။

“မင်းက ငါ့အတွက်ပဲကွ”

ဝဖိုင့်၍ အဆီများပြည့်နေသည့် မြွေသရဲက ကြက်ဖကို လောဘတကြီးကြည့်၍ ချက်ချင်းတိုးကပ်လာသည်။ ပါးစပ်ကိုဟ၍ ကြက်ဖကိုမျိုချရန် ဟန်ပြင်သည်။

လတ်ဆတ်သည့် သွေးနှင့်အသားနံ့သည် သရဲများအတွက် စွဲမက်ဖွယ်ကောင်းလွန်းသည်။ ငြိမ်မနေနိုင်ကြ။ မြေအောက်ဘုံမှာပင် သရဲဘုရင်တို့သည် ယန်စွမ်းအင်ပြည့်နေသည့် သွေးနှင့်အသားများကို တောင့်တကြသည်။

“သွားစမ်း”

အမြီးလေးချောင်းမြေခွေးသရဲတစ်ကောင် ရှေ့သို့ခုန်ထွက်လာသည်။ ထိုသရဲနှစ်ကောင် အစာလုရင်း တိုက်ခိုက်ရန်ပြင်နေကြသည်။ ထိုစဉ်ကြက်ဖက သူတို့ကို မခိုးမခန့် တစ်ချက်ကြည့်သည်။ သူ့ဦးခေါင်းနောက်ဘက်ရှိ ရွှေအလင်းစက်ဝန်းမှ အလင်းတန်းများ ထိုးထွက်လာသည်။

မကောင်းဆိုးဝါးဝိညာဉ်များကို အဆုံးစီရင်၍ နတ်ဆိုးများကို နှိပ်ကွပ်ခြင်း။

သရဲနှစ်ကောင်၏ခန္ဓာကိုယ်တွင် အပေါက်များစွာ ဖြစ်ပေါ်လာသည်။ သရဲသွေးများ ထွက်ကျလာသည်။ နာနာကျင်ကျင်ဖြင့် မြေပေါ်လူလှိမ့်၍ အော်ဟစ်လိုက်ကြသည်။ ထို့နောက် အသိဝိညာဉ်ပျောက်သွားသည်။

“အင်း... အချိန်တိုအတွင်း အတော်တိုးတက်လာတာပဲ”

(မျိုးစိတ် - ကြက်ဖ)

(ဗီဇ - မီး၊ ယန်၊ အိမ်မွေး)

(စွမ်းရည် - ကွန်မန်ဒါ၊ အခြေခံ)

(တိုက်ခိုက်စွမ်းအား - ဂျင်နရယ်၊ အလတ်တန်း)

ကြက်ဖ၏ထူးခြားအရည်အသွေးများကို သူမြင်ခဲ့ပြီးဖြစ်သော်လည်း အကဲဖြတ်ရလာဒ်ကိုကြည့်၍ သူအံ့ဩမိသည်။ မြေအောက်ဘုံသို့ ဝင်ပြီး ဤကြက်ဖကို အကူအညီမပေးခဲ့။ ပေးနိုင်စွမ်းလည်း မရှိခဲ့။

ယခု ဤကြက်ဖက ကိုယ့်ဘာသာ တိုက်ပွဲကြားတွင် ရုန်းကန်၍ တိုးတက်လာခြင်းဖြစ်သည်။ တောင်နက်အတွက် ယုဟွမ်းသခင်မစီစဉ်ပေးခဲ့ပုံအတိုင်းဆိုလျှင် ဤကြက်ဖ၏လေ့ကျင့်ကွင်းသည်လည်း မလွယ်ခဲ့လောက်။

သရဲသတ္တဝါများ ဝိုင်းပိတ်ခံထားရသည့်အခြေအနေမှ ရုန်းထွက်လာနိုင်သည်မှာ ကောင်းကောင်းလေ့ကျင့်ထား၍သာဖြစ်သည်။

သို့သော် သူ့စွမ်းအားက သုံးကြိမ်သာခံသည်။ ထို့နောက်တွင်အရာအားလုံး ပြောင်းလဲသွားသည်။ မကောင်းဆိုးဝါးများကို တွန်းလှန်နိုင်သည့်စွမ်းအားမျိုး လူသားကမ္ဘာတွင် ထုတ်ဖေါ်ပြသလျှင် သာမန်လူတို့ ရှိခိုးပူဇော်ခံရမည်။ ကောင်းသောနိမိတ်ဟု ယူဆကြမည်သာဖြစ်သည်။

သို့သော် ဤနေရာသည် မြေအောက်ဘုံဖြစ်သည်။ အသိစိတ်မဲ့သည့် သရဲများ ထောင်သောင်းချီ လှုပ်ရှားနေသည်နေရာဖြစ်သည်။ ရွှေအလင်းတန်းဆိုသည်က အမှောင်ထဲထုထဲမှ ပိုးစုန်းကြူးပမာသာဖြစ်သည်။

ထို့ကြောင့် သရဲနှစ်ကောင်ကို အနိုင်ယူလိုက်ပြီးသည်နှင့် နောက်ထပ်သရဲများက သူ့ကို ပစ်မှတ်ထားလာကြသည်။ အတင်းတိုးဝင်တိုက်ခိုက်လာသည့် သရဲများကြောင့် ရွှေကြက်ဖ ဝင့်ကြွားမနေနိုင်တော့ဘဲ တောင်ပံအဆက်မပြတ်ခတ်လျက် ထွက်ပြေးလေသည်။ ထိုထက်ဆိုးသည့် ကံတရားမျိုး မရှိနိုင်တော့။

“သုံးစားမရတဲ့မှင်သက်မိသွားသည်။စာတွေ။ ငါ့သခင်မရဲ့ ယန်အစားအစာကို လုယူချင်တယ်ပေါ့”

မြေအောက်ကျီးကန်း နှာခေါင်းတစ်ချက်ရှုံ့လျက် ငှက်မွှေးယပ်တောင်တစ်ခုထုတ်ကာ အသာဝှေ့ယမ်းလိုက်သည်။ လေပြင်းများက ဓားသွားပမာ လွင့်ပျံလာသည်။ ကြက်ဘေးတွင်ဝိုင်းအံ့နေသည့် သရဲများ အပိုင်းပိုင်းပြတ်ထွက်၍ သေသွားကြသည်။

ယန်အစားအသောက်။

မြေအောက်ကျီးကျန်းစကားကြောင့် ဖုန်ချင်အန်း ရယ်ချင်စိတ်ပေါ်လာသည်။ မြေအောက်ဘုံတွင် ကြက်ဖ၏အဆင့်အတန်းက တုန်ဟွမ်း၏ စားစရာတစ်ခု အဖြစ်သာ သတ်မှတ်ထားခြင်းဖြစ်သည်။

တုန်ဟွမ်းကလည်း ထိုကြက်ဖကို စားလိုစိတ်ရှိဟန်မတူပါ။ သူ့အတွက် ဖုန်ချင်အန်း ရှိနေပြီဖြစ်သည်။ ကြက်ဖကိုဂရုစိုက်ပေးနေရသည့် တစ်ခြားသရဲများက ယုဟွမ်သခင်မကို အထင်မှားနေကြခြင်းဖြစ်သည်။

“ဒီကိုလာပါ”

စိတ်ပျက်အားငယ်နေသည့် ကြက်ဖက ‌မြေအောက်ကျီးကန်းကိုမြင်သည်နှင့် ကယ်တင်ရှင်တွေ့သကဲ့သို့ ချက်ချင်းပြေးလာသည်။

“သွားစို့။ မင်းတို့ ပုန်းနေဖို့ ခေါ်သွားမယ်။ ဒီတိုက်ပွဲပြီးလို့ သခင်မက သစ္စာဖေါက်နဲ့ ရန်သူတွေကို အပြစ်ပေးပြိးမှ ငါမင်းတို့ကို ပြန်လာခေါ်မယ်”

တောင်နက်နှင့်ကြက်ဖကို တိုက်ပွဲတွင်းသို့ မဝင်ခိုင်း။ သူကိုယ်တိုင်လည်း မဝင်ပေ။

“အူး...”

ဖုန်ချင်အန်း အပြောကိုမစောင့်ဘဲ တောင်နက်က မြေအောက်ကျီးကန်းကို နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။

“ဒါက သခင်မရဲ့ အမိန့်ပဲ။ နန်းမြို့တော်ကို တိုက်ပွဲရောက်လာတဲ့အခါ မင်းတို့နှစ်ယောက်ကို တိုက်ပွဲပြီးသည်အထိ ပုန်းခိုင်းထားရမယ်တဲ့”

မြေအောက်ကျီးကန်း ပြန်ဖြေသည်။

မြေအောက်ဘုံဘာသာစကားကို ဖုန်ချင်အန်း နားမလည်။ တောင်နက်က နားလည်သည်။ မြေအောက်ကျီးကန်းပြောသည့်အကြောင်း ဖုန်ချင်အန်းကို ပြန်ပြောပြသည်။

ယုဟွမ်သခင်မအမိန့်။

ဖုန်ချင်အန်း နားလည်လိုက်သည်။ ယုဟွမ်သခင်မသည် ထိုတိုက်ပွဲကို အစကတည်းက ကြိုတွက်ထားပြီး ကြိုတင်ပြင်ဆင်ထားဟန်ရျိသည်။ ယခု ရှိနေသည့် မြေအောက်ကျီးကန်းသည် လူယုံတစ်ယောက် ဖြစ်ဟန်ရှိသည်။

“တကယ့် အရူးအုပ်စုတွေပါပဲလား”

All Chapters