← Chapters

ပြန်လှန်ထိန်းချုပ်ခြင်း

Vol. 10 Ch. 136

ပြန်လှန်ထိန်းချုပ်ခြင်း

Vol. 10 Ch. 136

“ရပြီ”

“ဘာနာမည်လဲ”

“ကုကုကြီး”

“ဘယ်လိုနာမည်ကြီးလဲ”

ယွီယွီ ချက်ချင်းဝေဖန်လိုက်သည်။ နာမည်က သူ့အတွက်မဟုတ်သော်လည်း နာမည်ကောင်းဟု သူမခံစားရ။ မကြိုက်။

“အတူတူပဲမဟုတ်လား။ မင်းကို ယွီယွီလို့ ခေါ်တယ်။ သူ့ကို ကုကုကြီးလို့ ခေါ်တယ်။ အဲဒါ ဘာမှားလို့လဲ”

“အဓိပ္ပါတယ်မရှိတာ။ အဲဒီ့နာမည်က ငါ့နာမည်လောက် မကောင်းဘူး။ တစ်ခြားနားမည်ရွေးပါ။ နင့်အကိုစာပေသူတော်စင်ကို သိက္ခာချနေသလိုပဲ။ ဘယ်လိုမျက်နှာနဲ့များ အသက်ရှင်နေနိုင်တာလဲ”

ဖီးနစ်က ‌တောင်ပံတဖျတ်ဖျတ်ခတ်၍ ပျံတက်သွားသည်။ ငေါ့တော့တော့သူ့စကားကြောင့် ဖုန်ချင်အန်း အဖြစ်တစ်ခုကို သတိရသွားသည်။ ကြက်ဖကြီး ‘‌ရွှေ”စကားလုံးကိုယူ၍ နာမည်ပေးစဉ်ကလိုပင်ဖြစ်သည်။

“မပြောင်းဘူး။ သူ့နာမည် ကုကုကြီးပဲ။ အဲဒါကောင်းပါတယ်။ သူလည်း ကျေနပ်နေပုံပါပဲ”

လက်ကိုဆန့်ထုတ်၍ မီးငှက်လေး၏ နူးညံ့သည့်ရင်ဘတ်ကို ညင်သာစွာပုတ်လိုက်သည်။ မီးနီငှက် ချက်ချင်း အသံပေးသည်။

“ကူးကူး”

“အခုမှပေါက်ခါစငှက်လေးမို့ နင်က အနိုင်ကျင့်နေတာပဲ”

ယွီယွီက မီးငှက်ကိုယ်စား မကျေမနပ်ဖြစ်နေသည်။

“မဟုတ်ဘူး။ ဒီနာမည်က အဆင်ပြေဖို့ အဓိကရည်ရွယ်တာပါ။ နောင်တစ်ချိန် သူ့မှာ ညီအကိုမောင်နှမတွေ ရှိလာဦးမှာ။ တစ်ယောက်ချင်းစီ နာမည်ပေးနေရရင် ဘယ်လွယ်မလဲ။ ငါဦးနှောက်တွေ ပေါက်ကွဲထွက်သွားမှာပေါ့။ မွေးတဲ့အစီအစဉ်အလိုက် နာမည်ပေးတာပဲ ကောင်းပါတယ်”

ဖုန်ချင်အန်း အားတက်သရောရှင်းပြည်။ နေမီးတောက်သစ်ပင်သည် ကြီးထွားဆဲဖြစ်သည်။ ပန်းပွင်မည်မျှ ပွင့်လာမည်မသိနိုင်။ မီးသန္ဓေငှက် မည်မျှမွေးဖွားလာမည်မသိနိုင်။ အားလုံးကို နာမည်ပေးဖို့ မလွယ်။

“အကြီးကောင်က ကုကုကြီးပေါ့။ နောက်လာမယ့်ကောင်က ကုကုလေးပေါ့”

“နင်က အတော်ပျင်းတတ်တဲ့လူ”

ယွီယွီ ဆက်သည်းမခံနိုင်တော့။

"ဟားဟား၊ ကျေးဇူးတင်ပါတယ်”

ဖုန်ချင်အန်း ပြောင်ပြောင်တင်းတင်းဝန်ခံသည်။

“ယွီယွီ၊ ကုကုကို အပြင်မှာကစားဖို့ ခေါ်သွားပါ”

တုန်ဟွမ်း လှမ်းပြောပြီးနောက် ဖုန်ချင်အန်းဆီ အလိုလိုလှမ်းကြည့်မိသည်။

“အိုကေ”

ဖီးနစ်က သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်၍ ကုကုကြီးကို အော်သံပေး၍ ပြတင်းပေါက်မှ ပျံထွက်သွားသည်။

“ငါ့နောက်က လိုက်ခဲ့ပါ”

ဖုန်ချင်အန်းလည်း မီးငှက်ကို ထိန်းချုပ်မထားတော့ဘဲ ဖီးနစ်နှင့်အတူ ကစားခွင့်ပေးလိုက်သည်။ အရေးကြီးဆုံးက ယွီယွီကို အဝေးသို့ ပထုတ်နိုင်ဖို့ပင်ဖြစ်သည်။

ဖုန်ချင်အန်း ခွင့်ပြုသဖြင့် မီးငှက်လည်း ပျော်ရွှင်စွာ ပျံထွက်သွားသည်။ ယွီယွီနောက်သို့ အမီလိုက်သည်။

ထို့ကြောင့် တဖြေးဖြေးမှောင်လာသည့် အခန်းထဲတွင် ဖုန်ချင်အန်းနှင့် ယုဟွမ်းသခင်မတို့သာ ကျန်ရစ်ခဲ့သည်။ ကိုယ်သင်းရနံ့များ လေထဲတွင် လွင့်ပျံလာသည်။

“အခု မင်းအဲဒါကို ဖြုတ်လိုက်လို့ရပါပြီ။ ငါ့ကို ဒီအစွမ်းပေးဖို့ အမြဲတမ်းချိတ်ဆက်ထားရတာ မင်းအတော်ပင်ပန်းလိမ့်မယ်။ အဲလောက် အပင်ပန်းမခံပါနဲ့”

တုန်ဟွမ်းပြောလိုက်သည်။ ဖုန်ချင်အန်းကို ထိုသို့လုပ်မနေစေချင်။ ဝိညာဉ်စာချုပ်မှတစ်ဆင့် ထိုစွမ်းအားသူ့အပေါ် ပေးထားသည်။ သူ့စွမ်းအား တစ်ချိန်လုံး ထိပ်ဆုံးသို့ရောက်နေသည်။ ကမ္ဘာလောကကို သူစိတ်ကြိုက် ပြောင်းလဲနိုင်သည့်အခြေအနေရှိသည်။

“အဲလောက်တော့လည်း မပင်ပန်းပါဘူး”

ဖုန်ချင်အန်း ရယ်မော၍ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို ဖြတ်တောက်လိုက်သည်။ သူ့အတွက်လည်း အတွေ့အကြုံသစ်ဖြစ်သည်။ ထိုမျှကြာအောင် ထိုစွမ်းရည်ကို ထိန်းမထားဖူးပေ။

“ငါ့နိုင်ငံမှာ မငြိမ်မသက်ဖြစ်တာတွေကို မင်းမြင်လား”

မေးသာမေးရသ်ောလည်း တုန်ဟွမ်း အသေအချာသိပါသည်။ ဖုန်ချင်အန်း မမြင်ခဲ့လျှင် ဒီရေပမာပြန့်ကျဲနေသည့်စွမ်းအင်များကို သူ့ဆီ လွှဲပေးခဲ့မည်မဟုတ်။

ထိုစွမ်းအင်များမရှိလျှင်လည်း သူအပေါ်သက်ရောက်မှုတော့မရှိ။ သို့သော် တစ်ခုခုလိုနေသလို အမြဲခံစားရမည်။ ထိုစွမ်းအင်များသည် သူကိုယ်တိုင် အချိန်အတော်ကြာအသုံးပြုခဲ့သည့် စွမ်းအင်များဖြစ်သည်။

ဆုံးရှုံးသွားပြီးနောက် သူအနည်းငယ် နေမထိထိုင်မသာဖြစ်သည်။ လစ်ဟာသွားသလို ခံစားရသည်။ ထို့နောက် သူ့စိတ်သူ အမြန်ပြုပြင်လိုက်သည်။ မည်သို့ဆိုစေ ထိုစွမ်းအားများသည် သူ့ကိုယ်ပိုင် စွမ်းအားများမဟုတ်။

“မြင်ခဲ့ပါတယ်။ အဲဒီတုန်းက တောင်နက် ကြောက်လန့်နေတာလေ။ ဒါကြောင့် ငါ့သိစိတ်အာရုံ လွှတ်ခဲ့တာ”

သူမငြင်း။ တုန်ဟွမ်းသည် ကြွားဝါသည့်လူစား အားနားသည့်လူစားမျိုး မဟုတ်။ သူမြင်သည့်အရာများကလည်း ရှက်စရာမဟုတ်။ ယုဟွမ်သခင်မ အားလုံးကိုအနိုင်ယူ၍ အင်အားကြီးရန်သူနှင့် ပုန်ကန်သူများကို သတ်ဖြတ်ဖျက်ဆီးသည့်မြင်ကွင်းသာဖြစ်သည်။

“မင်းရဲ့ သရဲဝံပုလွေလား။ သူ့ကိုဂရုစိုက်ဖို့ ငါတို့လူလွှတ်ပြီးပါပြီ။ အခု အဆင်ပြေပါတယ်”

“သိပါပြီ”

တုန်ဟွမ်း ခဏစဉ်းစားသည်။ ထို့နောက် ဖုန်ချင်အန်းကို မော့ကြည့်သည်။

“မင်းရဲ့ လျှို့ဝှက်နည်းလမ်းတွေအားလုံးက ဝိညာဉ်စာချုပ်ပေါ်မှာ အခြေခံတာလား”

‘အနည်းနဲ့ အများပါပဲ”

“ဒါဆို၊ ငါ့ခန္ဓာကိုယ်ထဲကိုလည်း သိစိတ်ဝိညာဉ်လွှတ်ကြည့်ပါ”

“ငါမလုပ်နိုင်ဘူး။ မင်းကိုယ်မင်း အရမ်းထိန်းချုပ်နိုင်တယ်။ မင်းပူးပေါင်းဆောင်ရွက်တာမျိုး မရှိရင်လျှို့ဝှက်နည်းလမ်းကို ငါသုံးလို့မရဘူး”

ဖုန်ချင်အန်း ခေါင်းခါ၍ ရှင်းပြသည်။

“အဲလိုလား။ ဒါဆို အုခကြိုးစားကြည့်ပါ”

တုန်ဟွမ်း စဉ်းစားမနေတော့။ သူ့ဝိညာဉ်ကို ထိခိုက်လျှင်ပင် သူ့စိတ်အာရုံကို ခွင့်ပြုဖို့ သဘောတူနေသည်။

ဖုန်ချင်အန်း၏ သိစိတ်ဝညာဉ်က ဝိညာဉ်စာချုပ်မှတစ်ဆင့် တုန်ဟွမ်းခန္ဓာကိုယ်ထဲသို့ ရောက်သွားပြီဖြစ်သည်။

ရုတ်တရက် လှိုင်းထန်သည့် ပင်လယ်ပြင်တွင် လှေတစ်စီးကို ပဲ့ကိုင်နေရသည့် တံငါသည်တစ်ယောက်လို ဖုန်ချင်အန်း ခံစားရသည်။ ရုန်းကြွလှုပ်ရှားလာသည့် လှိုင်းလုံးများက သူ့သိစိတ်ဝိညာဉ်ကို ဝါးမျိုးတော့မယောင်ဖြစ်နေသည်။

သို့သော် ထိုပင်လယ်ပြင် ချက်ချင်းတည်ငြိမ်သွားသည်။ လှိုင်းလုံးများ မှန်သားပြင်ကဲ့သို့ ငြိမ်ကျသွားသည်။ လှိုင်းကြက်ခွပ်ပင်မထ။

“ခံစားမိပြီ။ တကယ်အဆင့်မြင့်တဲ့ လျှို့ဝှက်နည်းလမ်းပဲ”

ဖုန်ချင်အန်း တုန်ဟွမ်းကို တအံ့တဩကြည့်လိုက်သည်။ အေးစက်စက်ထိုအသံက သူ့စိတ်အာရုံထဲ ပဲ့တင်ထပ်သွားသောကြေင့်ဖြစ်သည်။ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည် သုံးစဉ်ကလိုပင်ဖြစ်သည်။

“အံ့ဩသွားလား”

ပြင်းထန်သည့် သိစိတ်အာရုံတစ်ခု သူ့အပေါ်ကျလာသည်ကို ဖုန်ချင်အန်း ခံစားမိပြီဖြစ်သည်။ ချည်မျှင်လိုသာဖြစ်သော်လည်း စွမ်းအင်သန္ဓေက သူ့ကိုယ်ပိုင်စွမ်းအားထက် များစွာသာလွန်သည်။

မှန်သည်။ နတ်ဘုရားပို့လွှတ်ခြင်း၊ နတ်ဘုရားထိန်းချုပ်ခြင်းကျင့်စဉ်နှစ်မျိုးလုံးကို ပြောင်းပြန်သုံးနိုင်သည်။ နည်းလမ်းနှစ်မျိုးက ပို၍နက်နဲ့သည့်လျှို့ဝှက်ချက်များ ရှိနေသေးဟန်ရှိသည်။ အတူတူတော့မဟုတ်။

နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်တွင် စိတ်ဆန္ဒ ဝိညာဉ်များပါသည်။ ဝိညာဉ်စွမ်းအားကျင့်ကြံထားသည့် သားရဲထိန်းသခင်များ အလွယ်တကူအသုံးပြုနိုင်သည်။ ပြောင်းပြန်အသုံးပြုလိုလျှင် နှစ်ဆမကခက်ခဲသွားသည်။ သို့သော် တုန်ဟွမ်းက ထိုသို့လုပ်နိုင်ခဲ့သည်။

“အံ့ဩတာပေါ့။ ငါ့ကို လုပ်ဖူးတာ မင်းပထမဆုံးပဲ”

“နင့်ရဲ့ ဝိညာဉ်စာချုပ်က နှစ်လမ်းသွားပါ။ အတားအဆီးကန့်သတ်ချက်မရှိပါဘူး။ ခွဲထုတ်ထားတဲ့ သိစိတ်အာရုံကို ထိန်းချုပ်နိုင်တာနဲ့ အလွယ်လေးလုပ်နိုင်ပါတယ်။ အရင်က နင်ငါ့ကိုတစ်ခါသရုပ်ပြဖူးတယ်လေ။ ဒါ‌တောင် ငါမသင်ယူနိုင်သေးရင် ငါအရည်အချင်းမမီလို့ပေါ့”

တုန်ဟွန်းက ပုံမှန်လေသံဖြင့်ပြောသည်။

အဆင့်မြင့်ကျင့်ကြံသူတို့၏ ကြောက်စရာသဘောသဘာဝကို ဖုန်ချင်အန်း ယခု အမှန်တကယ် ခံစားမိနေသည်။

“အရင်က ဒီနည်းလမ်းနဲ့ဆင်တူတဲ့ မှော်ကျင့်စဉ်တစ်ခု တတ်ကျွမ်းဖူးတယ်။ ဒါကြောင့် နင့်ရဲ့လျှို့ဝှက်နည်းလမ်းကို အလွယ်တကူ တုပသင်ယူနိုင်တာပါ။ ဒါပေမယ့် ဒီလောက်ပဲရပ်သွားတယ်။ နင်ကငါ့ကို ထူးခြားတဲ့ ရုပ်ခန္ဓာဗီဇတွေ လွှဲပြောင်းပေးနိုင်တယ်။ အဲဒါမျိုးကို ငါမလုပ်နိုင်ဘူးလေ။ ပြီးတော့ ဘယ်မသေမျိုးမှလည်း ဒါမျိုးလုပ်နိုင်တယ်လို့ မကြားဖူးပါဘူး”

“မသေမျိုးတဲ့လား”

ဖုန်ချင်အန်း အတော်စိတ်ဝင်စားသွားသည်။

“မသေမျိုးဆိုတာကို မင်းမြင်ဖူးလို့လား”

“မြင်ဖူးတာပေါ့”

“ဒါဆို...”

“အရင်တုန်းက ငါဟာမသေမျိုးပဲလေ”

ဖုန်ချင်အန်း ပြောလိုသည့်စကားများ ချက်ချင်းရပ်သွားသည်။ လည်ချောင်းထဲ တစ်ဆို့နေသည်။ ပြောမထွက်တော့။ သူ့ရှေ့မှ အရပ်မြင့်မြင့်မိန်းကလေးကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေသည်။ သက်တမ်းရင့်နှင်းကြာပွင့်နှင့်တူသည်။ ပုန်းကွယ်နေသည့် သစ်ခွပန်းတစ်ပွင့်နှင့်တူသည်။

“မင်းက မသေမျိုးပေါ့”

“အရင်းတုန်းကပါ။ ဒါပေမယ့် အသေးစားလူသားမသေမျိုးလေးပါပဲ။ ဘာမှမပြောပလောက်ပါဘူး”

“ငါ့အတွက်တော့ ဒါလည်း မသေမျိုးပါပဲ။ တကယ် အံ့ဩစရာကောင်းတာပဲ”

ဖုန်ချင်အန်း ခေါင်းထဲ အတွေးများစွာ ရှိနေသည်။ သို့သော် ထိုစကားတစ်ခွန်းသာ ပြောထွက်သည်။

“နင့်ပါးစပ်ကထွက်လာတော့ လှောင်သလိုဖြစ်မနေဘူးလား”

တုန်ဟွမ်း သက်ပြင်းချလိုက်သည်။

“ဘာရယ်”

“ဘာမှမဟုတ်ပါဘူး။ ငါဟာ တစ်ချိန်တုန်းက မသေမျိုးလမ်းပေါ် စလျှောက်ခဲ့တဲ့အချိန်မှာ ကပ်ဆိုးတစ်ခုကြုံခဲ့တယ်။ ဒါကြောင့် အခုလို ယင်ဝိညာဉ်ဖြစ်လာတာ။ ဒီနေ့ပုံစံက ဟိုတစ်ချိန်ကလောက် မကောင်းဘူး။ ဘာမှ သတိရစရာမရှိဘူး။ ဘာမှပြောစရာလည်း မရှိပါဘူး”

“နန်းကောကရော ဘယ်လိုလဲ”

သူလည်း ငါ့လိုပေါ့။ သူက လူသားမသေမျိုးကောင်းကင်ဆင်းရဲကို ဖြတ်ကျော်ပြီးစမှာပဲ ကပ်ဆိုးတစ်ခု ကြုံခဲ့တယ်။ သူက ငါ့ထက်ပိုပြီးအထိနာတယ်။ သူ့အတွက် သူ့အဖေပြင်ဆင်ပေးထားတဲ့ “နည်းလမ်း”တွေ ပျက်စီးသွားတယ်။ ဒါကြောင့်” ဗီဇကြာနက်”တစ်ခုတည်းကို ငါတို့နှစ်ယောက် မျှသုံးခဲ့ရတာ”

All Chapters