သူ့အရသာ
Vol. 10 Ch. 138
သူအမြဲတမ်း သူတို့ကို လိုချင်ခဲ့သည်။
ညီအမနှစ်ယောက်လုံးကို လိုချင်သည်။
ဘယ်သူငြင်းဆန်နိုင်မည်နည်း။ ဘယ်သူ တင်းခံနိုင်မည်နည်း။
“မင်းဘယ်လောက် ဆွဲဆောင်မှုရှိလဲဆိုတာ ကိုယ့်ကိုယ်ကို နားလည်လား”
တုန်ဟွမ်း စားပွဲမှထရပ်၍ ဖုန်ချင်အန်းထံ တိုးကပ်လာာသည်။ ပုန်ကန်သူအားလုံးကို ချေမှုန်း၍ ရန်သူအားလုံးကို သတ်ခဲ့ပြီးဖြစ်သည်။ ယခုသူသည် အရေးပေါ်ကိစ္စများကိုင်တွယ်ရန် အမိန့်ချမှတ်နေသင့်သည်။ စစ်ပွဲရလာဒ်များကို စုစည်းနေသင့်သည်။ ရပိုင်ခွင့်များကို မြှင့်တင်နေသင့်သည်။
သို့သော် အားလုံး သူ့လက်အောက်ခံများအတွက် ချန်ထားခဲ့ပြီး ယွီယွီနှင့်အတူ ဖုန်ချင်အန်းကိုရှာရန် လူသားကမ္ဘာသို့ ဆင်းလာသည်။ တစ်ခြားဘာမှစိတ်မဝင်စား။
“ငါမင်းကိုပေးတဲ့ မိုးမြေသန္ဓေမရှိရင် မင်းကိုအာရုံစိုက်မိလာမယ့် နတ်ဆိုးသရဲတွေ ဘယ်လောက်များမလဲ ငါတောင်စိတ်ကူးယဉ်ကြည့်လို့မရဘူး”
“အဲလောက်တောင်ပဲလား”
ဖုန်ချင်အန်း သံသယမကင်းဟန်ဖြင့် ပြောလိုက်သည်။ မြွေစိမ်းတောင်ပေါ် သူတက်ခဲ့သည်။ နတ်ဆိုးဟု ခေါ်လောက်သည့်သတ္တဝါဟူ၍ သုံးရာကျော်လောက်သာရှိသည်။
အများစုက အားနည်းသည်။ သာမန်သေမျိုးများပင် သူတု့အသက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ လူသားကိုတကယ်ခြိမ်းခြောက်နိုင်သည့် နတ်ဆိုးများ အတော်နည်းပါးသည်။ ဝံပုလွေဖြူသခင်လို နတ်ဆိုးမျိုး တောင်တန်းပေါ်တွင် ဘယ်လောက်များများ ရှိနိုင်မည်နည်း။
တစ်ခြားနေရာများဆိုလျှင် ပြောစရာပင်မလိုတော့။ အန္တရာယ်မည်မျှကြီးသည် မည်မျှကြောက်စရာကောင်းသည်ဆိုစေ မြေအောက်ကမ္ဘာနေရာတိုင်းတွင် သတ်ဖြတ်ဝါးမျိုးနေသည့် စစ်ပွဲများနှင့် ယှဉ်မရနိုင်။
“မင်းက လူသားကမ္ဘာဖွံ့ဖြိုးတဲ့ ခေတ်ကာလမှာ နေခဲ့လို့ပါ။ မင်းဆက်တစ်ခု ပြိုကွဲတဲ့အခါ နတ်ဆိုးပေါ်တယ်ဆိုတာတို့ နတ်ဆိုးတစ်ရာကင်းလှည့်တယ်ဆိုတာတို့ မင်းမြင်ရပါလိမ့်မယ်။ လူသားမျိုးနွယ် ကျင့်ဝတ်စည်းမျဉ်းတွေ တင်းကြပ်နေတဲ့အချိန်မှာ အားလုံးကို ထိန်းချုပ်ထားနိုင်တယ်။ မသေမျိုးတွေတောင် ခပ်လျှိုလျှိုနေရတယ်။ ဒါပေမယ့် ဒီစည်းမျဉ်းတွေ အဆုံးသတ်ပြီဆိုတာနဲ့ နှစ်ရာချီဖိနှိပ်ထားခဲ့တဲ့ နတ်ဆိုးစွမ်းအင်ရောင်တွေ ပေါက်ကွဲထွက်လာတာပဲ။ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မင်းစိတ်ကူးတောင်ယဉ်လို့ရမှာမဟုတ်ဘူး”
“ငါ့ကိုယ်ငါ အတော်ဆွဲဆောင်မှုရှိမှန်း သိပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ ဥပဒေကို လှုပ်ခါနိုင်လောက်အောင် ပြင်းထန်ပါ့မလား”
သူ့မျက်စိရှေ့တွင် ဖြစ်မနေသော်လည်း အတော်ကြောက်စရာကောင်းသည်ဟု ထင်မိသည်။
“မင်းမယုံဘူးလား”
တုန်ဟွမ်း သူ့ဘေးသို့ ရောက်လာသည်။
“နည်းနည်းပေါ့”
ဖုန်ချင်အန်း မော့ကြည့်သည်။ လူဝင်စားမသေမျိုး သရဲနိုင်ငံသခင်မက ကျင်လည်စွာ ခွန်းတုံ့ပြန်သည်။
“ဒါဆို နင်သိလာစေရမယ်”
နောက်တစ်ကြိမ် နန်းကောနှင့်မတူသည့် ခံစားချက်ကိုကြုံရသည်။ နန်းကောက အတော်ပွင့်လင်းသည်။ သူကငြိမ်၍ ခံစားနေရသည်။ ယခု သူ့အမက ထိုခံစားချက်ကို နောက်တစ်ကြိမ် အမှတ်ရလာအောင် လုပ်နေသည်။
သူ အိပ်ယာပေါ်သို့ ဆွဲဖိခံရသည်။သူ့လက်များက တုန်ဟွမ်းပုခုံးပေါ်တင်ထားသည်။ မိန်းကလေးတစ်ယောက်လို မနူးညံ့။ တောင်တန်းတစ်ခုလို ခိုင်မာသည်။
“မင်းက ငါ့ကျင့်ကြံမှုလမ်းကြောင်းကို အဲလိုစောင့်ရှောက်မှာလား”
သူပြုံး၍ မေးလိုက်သည်။
“နင့်လမ်းကြောင်းကို ငါစောင့်ရှောက်မှာပါ။ ဒါပေမယ့် ငါ့ကိုအရင်ဆုံး ဆုလာဒ်တစ်ခု ပေးရမယ်လေ”
ပျော့ပျောင်းသည့် သူ့ရုန်းကန်မှုကို အသာအယာဖျက်ချေ၍ သခင်မက တီးတိုးကပ်ပြောသည်။
“မသေမျိုး မိုနာ့သခင်”
“ဘာ”
ဖုန်ချင်အန်း နားထဲတွင် ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် ခန္ဓာကိုယ်တစ်ဝက် ပျော့ကျသွားသည်။ ဘာပြောသည်ကိုပင် မကြားတော့။ ခေါင်းအနည်းငယ် စောင်းကြည့်လိုက်သည်။ သို့သော် သူ့နှုတ်ခမ်းများ ပိတ်ထားခံရသဖြင့် စကားလုံးဝမပြောနိုင်တော့။
မည်မျှကြာအောင် သူ့နှုတ်ခမ်းများ ပိတ်ထားခံရသည်မသိ။ နောက်ဆုံးတွင် တုန်ဟွမ်းက သူ့ကိုလွှတ်ပေးလိုက်သည်။ သူ့ခါးအောက်ပိုင်းတွင် တစ်စုံတစ်ခု ထူးခြားနေသည်ကို သူခံစားရသည်။
“နင်”
တုန်ဟွမ်း မျက်ခုံးပင့်၍ သူ့အောက်ဘက်မှ ကောင်လေးကို ကြည့်သည်။ အောက်ဘက်မှထူးခြားချက်ကိုလည်း သတိထားမိသည်။ ထိုကောင်လေး၏သွေးများကို သူနှိုးဆွမိလိုက်ခြင်းဖြစ်သည်။
“ငါထိန်းချုပ်ချင်တယ်။ ဒါပေမယ့် မထိန်းချုပ်နိုင်ဘူး”
ဖုန်ချင်အန်း အလေးအနက်လေသံဖြင့် ပြောသည်။ သူ့အမှားမဟုတ်။ ထိုတုံ့ပြန်မျုမျိုးမရှိလျှင် လူငယ့်မာန်သည် အချီးအနှီးဖြစ်ပေလိ့်မည်။
“ငါအဲဒါကို မစဉ်းစားမိဘူး”
တုန်ဟွမ်းထရပ်၍ ကုတင်ဘေးတွင်ထိုင်သည်။ သို့သော် သူကောင်းစွာပြင်ဆင်ထားပါသည်။
“မင်းအရွယ်မှာ ယန်စွမ်းအင်တွေ အချည်းအနှီးမဖြစ်သင့်ဘူး။ ငါမင်းကို လျှို့ဝှက်နည်းလမ်းတစ်ခု သင်ပေးမယ်။ ‘နန်းတွင်းစိတ်ဝိညာဉ်ထိန်းချုပ်နည်း’ လို့ခေါ်တယ်။ ဒါကို ကျင့်ကြံနိုင်ရင် နောက်ထပ်ဒီလိုထပ်လုပ်လည်း မင်းစိတ်ကို ထိန်းချုပ်နိုင်မှာပဲ။ မင်းရဲ့ယန်စွမ်းအင်တွေ အလဟဿမဖြစ်နိုင်တော့ဘူး”
ပြောနေရင်းမှာပင် ဝိညာဉ်စာချုပ်မှတစ်ဆင့် စိတ်ခွန်အားဖြည့်သည့် ကျင်စဉ်မှတ်ဉာဏ်တစ်ခု ရောက်လာသည်။ သို့သော် ထိုကျင့်စဉ်ကို ဖတ်ကြည့်ပြီးနောက် သူအတော်ရယ်ချင်သွားသည်။ တုန်ဟွမ်း၏ရည်ရွယ်ချက်ကို သဘောပေါက်လိုက်သည်။
ညီအမနှစ်ယောက်လုံး ရပ်တန့်လိုစိတ်မရှိကြ။
သူ့ယန်သန္ဓေကို မယိုစိမ့်အောင်ထိန်းဖို့ သူ့ဘာသာကြိုးစားရမည်။ အရှင်းဆုံးပြောရလျှင် သူတစ်ချိန်လုံး စိတ်မလွင့်ပါးအောင် ထိန်းထားရမည်။ ညီအမနှစ်ယောက်က သူတို့စိတ်ကြိုက် ဆက်လုပ်ကြမည်ဖြစ်သည်။
“ဒီနည်းလမ်းကို ဘယ်သူတီထွင်ခဲ့တာလဲ။ ဒီအတွေးတွေကို ဖြတ်တောက်ပစ်ဖို့ လေ့ကျင့်ရင် ငါလည်း ဘုန်းကြီးတစ်ယောက် ဖြစ်လာလောက်တယ်”
“ဒါက နတ်ဆိုးစိတ်နှလုံးကို ယဉ်ပါးအောင်လုပ်တဲ့နည်းပါ။ ငါ့အဖေ သင်ပေးခဲ့တာ။ အဲဒါကို ကျွမ်းကျင်သွားရင် အရမ်းအကျိုးရှိမှာပါ”
“ဒါပေမယ့် ဒီနေရာမျိုးမှာသုံးတာက နည်းနည်းထူးဆန်းမနေဘူးလား”
“အင်း ဟုတ်ပါတယ်။ နင့်အတွက် နည်းနည်းခက်မယ်။ မတရားသလိုဖြစ်မယ်။ ငါစဉ်းစားလိုက်ဦးမယ်”
တုန်ဟွမ်း အတော်ကြာအောင်စဉ်းစားနေသည်။ ထို့နောက် မသေမျိုးကျင့်ကြံမှုလောက၏ လျှို့ဝှက်နည်းလေးတစ်ခုကို မျှဝေလာသည်။
“ကျင့်ကြံမျုလမ်းမှာ အောင်မြင်မှုရခဲ့တဲ့လူအားလုံး သူတို့ရဲ့ဂျူနီယာတပည်တွေကို စွမ်းအင်သန္ဓေအလွယ်တကူ မဆုံးရှုံးအောင် သင်ပေးကြတယ်။ ဒါကိုသင်ဖူးတဲ့လူတွေက ယန်စွမ်းအင်ကို ထိန်းချုပ်တဲ့ နည်းလမ်းတစ်ခု ရကြတယ်။ အဆင့်မြင့်ဂိုဏ်းတွေက ယန်ထိန်းချုပ်တံဆိပ်တွေ တပည့်ဂျူနီယာတွေပေါ်မှာ ခတ်နှိပ်ပေးကြတယ်။ ကျင့်ကြံမှုအတိုင်းအတာတစ်ခုမရောက်ခင် သူတိုထုတ်သုံးချင်ရင်တောင် သန္ဓေစွမ်းအင်ကို ထုတ်သုံးလို့မရဘူး”
“ဘယ်လိုလုပ်ရလဲ မင်းသိလား”
“ငါက မိန်းမတစ်ယောက်ပါ။ ငါရခဲ့တာက ယင်ထိန်းချုပ်လျှို့ဝှက်တံဆိပ်ပါ။ အဲဒီ့တံဆိပ်ကို ငါအချိန်ရတိုင်း လေ့လာခဲ့ဖူးတယ်။ နောက်ပိုင်း ယန်ထိန်းချုပ်လျှို့ဝှက်တံဆိပ်ကို ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် တစ်ခါမှတော့ မသုံးဖူးသေးဘူး။ နန်းတွင်းစိတ်ထိန်းချုပ်နည်းကို မင်းမလေ့ကျင့်ချင်ရင် ငါဒါကိုမင်းအပေါ် စမ်းသုံးပေးလို့