Chapters

စမ်းသပ်ခြင်း

Vol. 10 Ch. 139

စမ်းသပ်ခြင်း

Vol. 10 Ch. 139

“အလုပ်ဖြစ်ပါ့မလား”

“နိယာမအားလုံး တစ်နေရာတည်းမှာ ဆုံစည်းတယ်။ ဒီလိုတံဆိပ်မျိုးက သိပ်မရှုပ်ထွေးဘူး။ ရိုးရှင်းပါတယ်။ မင်းနားလည်သွားတာနဲ့ အဲလိုပဲဖြစ်မှာပါ”

တုန်ဟွမ်း အတော်ယုံကြည်မှုရှိနေသည်။ ဖုန်ချင်အန်း တုန့်ဆိုင်းမနေတော့ဘဲ ခေါင်းငြိမ့်လိုက်သည်။

“ငါ့အပေါ် တံဆိပ်ခတ်လိုက်ပါ”

“သေချာတယ်နော်”

“အင်း”

သာမန်လူများအတွက်ပင် ခန္ဓာကိုယ်အပြည့်အဝ မဖွံ့ဖြိုးမီ မဆင်မခြင်မလုပ်သင့်။ ထိုအခြေခံအသိလောက်တော့ သူလည်း သိသည်။ ကျင့်ကြံလိုသူအတွက် ပို၍ပင် ထိန်းသိမ်းရမည်။

သို့သော် သူ့ဘေးတွင် ချစ်စရာကောင်းလွန်းသည့် ညီအမနှစ်ယောက်ရှိနေသည်။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ဖို့ သိပ်မသေချာ။ နှစ်ယောက်လုံးက ပက်ပက်စက်စက်လှသည်။

ယခု သူ့ခန္ဓာကိုယ် စတင်ဖွံ့ဖြိုးလာပြီဖြစ်သည်။ စွမ်းအင်နိုးကြွမှု တိုးမြင့်လာသည့်အချိန်ဖြစ်သည်။ သူပေါ့ပေါဆဆနေ၍ အမှားဖြစ်သွားလျှင် မကောင်းနိုင်။ ဂရုစိုက်မှ တော်ကာကျမည်။

“ပြဿနာရှိနိုင်လို့လား”

ဖုန်ချင်အန်း ထပ်မေးသည်။

“မရှိနိုင်ပါဘူး။ မင်းရဲ့ယန်သန္ဓေကို မဆုံးရှုံးအောင် ပိတ်ဆို့တဲ့သဘောပါပဲ။ ဘယ်ယောက်ျားမဆို တံဆိပ်ကို သုံးလို့ရပါတယ်”

“ဒါဆို လုပ်ပါ”

ဖုန်ချင်အန်း ကုတင်ပေါ်လှဲ၍ လက်ကို ဖြန့်ကာ အသင့်ပြင်ထားလိုက်သည်။

“အဲလောက်ကြီး စိုးရိမ်ဖို့မလိုပါဘူး။ သာမန်တံဆိပ်လေးပါပဲ”

ဖုန်ချင်အန်းပုံစံကိုကြည့်၍ တုန်ဟွမ်း ရယ်လိုက်သည် ပြုံးရွှင်သည့်မျက်နှာဖြင့် တံဆိပ်များကို စတင်ဖန်တီးသည်။ ဝိညာည်စွမ်းအင်များ သူ့လက်ချောင်းများကြားမှ စီးဆင်းနေသည်။

“ဂီး”

ဖီးနစ်အော်သံ ပေါ်လာသည်။ ယွီယွီအော်သံနှင့်မတူပဲ ပို၍စူးရှသည် ရင်ကျက်သည့်။ ဆွဲ‌ဆောင်အား ပိုကောင်းသည်။

“ဘာလို့ ဖီးနစ်အော်သံကြားရတာလဲ”

တုန်ဟွမ်း လက်ချောင်းများထိပ်တွင် ရေခဲပြာရောင်ဖီးနစ်အရိပ်တစ်ခု သူမြင်လိုက်ရသည်။ ဖီးနစ်က ချက်ချင်းတောင်ပံခတ်၍ သူ့ကိုယ်ထဲသို့ အတင်းတိုးဝင်သွားသည်။

အလင်းတစ်ချက်လက်သွားပြီးနောက် အေးစိမ့်သည့်ခံစားချက်တစ်ခု ရလိုက်သည်။ ဖီးနစ်ငှက်မရှိတော့။ သူ့အင်္ကျီကော်လာကို ဖွင့်ကြည့်ချိန်တွင် ရေခဲပြာရောင်ဖီးနစ်တစ်ကောင် သူ့ရင်ဘတ်တွင် တောင်ပံခတ်လျက် ရှိနေသည်ကို မြင်ရသည်။ အသက်ဝင်လှုပ်ရှားနေသည်။

“ဒါက ဘာလဲ”

“အံ့ဩမနေပါနဲ့။ ဒီတံဆိပ်တွေအားလုံး ဒီလိုပုံစံပဲ။ မင်းရဲ့ယန်သန္ဓေကို ကာကွယ်ပေးပါလိမ့်မယ်”

“သိပါပြီ”

တစ်ခုခုမှားနေသည်ဟု ထင်မိသော်လည်း ဖုန်ချင်အန်း ခေါင်းငြိမ့်လိုက်သည်။ သို့သော် ထိုတံဆိပ်မျိုး ပထမဆုံး အကြိမ် ကြုံဖူးခြင်းဖြစ်သည်။ တစ်ခြားနှိုင်းယှဉ်ကြည့်စရာမရှိ။

“ဒီနေ့ ဒီလောက်ပဲ တော်ကြစို့။ ငါ့နိုင်ငံမှာ လုပ်စရာတွေအများကြီး ရှိသေးတယ်။ နောက်မှ နင့်ကိုလာတွေ့တော့မယ်”

ထိုသို့ပြောပြီးနောက် တုန်ဟွမ်း ထွက်သွားရန် ပြင်သည်။ သို့သော် တစ်စုံတစ်ခုကို တွေးမိလာဟန်ရှိသည်။

“နင်လိုအပ်တာတစ်ခုခုရှိလား။ တိုက်ပွဲကနေ ပစ္စည်းတွေအများကြီး ငါရထားတယ်။ အခု စာရင်းပြုစုနေတုန်းပဲ”

“ငါဘာလိုအပ်လဲ...”

ဖုန်ချင်အန်း စဉ်းစားသည်။ ဤတစ်ကြိမ် သူအားမနာတော့။ တုန်ဟွမ်း သရဲနိုင်ငံအတော်များများကို အပြတ်ချေမှုန်းခဲ့ခြင်းဖြစ်မည်။ ရတနာအတော်များများ ရှိနေပေလိမ့်မည်။

“နင်စဉ်းစားလို့မရရင် နောင်တစ်ကြိမ် ငါလာတဲ့အခါ စာရင်းယူခဲ့မယ်။ နင်ရွေးလို့ရတာပေါ့။ ဒီကြားထဲမှာ နင်လိုချင်တာစဉ်းစားလို့ ရရင်လည်း ယွီယွီကို ငါပို့ခိုင်းလိုက်မယ်”

“မင်းဆီမှာ မိုးမြေအိတ်လို ဆူမီလက်စွပ်လို ပစ္စည်းမျိုးတွေရှိလား။ ပစ္စည်းတွေ ထည့်လို့ရတာမျိုးပေါ့။ သက်ရှိတွေကို ထည့်သိမ်းနိုင်ရင်တော့ အကောင်းဆုံးပေါ့”

ဖုန်ချင်အန်း တစ်ခါတည်းစဉ်းစားပြီး တောင်းဆိုလိုက်သည်။

“ဒီလို သိုလှောင်ပစ္စည်းတွေတော့ အတော်များများရှိပါတယ်။ ဒါပေမယ့် သက်ရှိတွေ ထည့်သိမ်းဖို့ဆိုရင်တော့ ငါတစ်ခေါက်သွားပြန်စစ်ဆေးကြည့်ရမယ်”

“ရှိတာပဲပေးပါ။ ငါဂျေးမများပါဘူး”

သီးခြားလိုအပ်ချက်မရှိကြောင်း သူပြောလိုက်သည်။

“အင်း”

တုန်ဟွမ်း လှည့်ထွက်သွားသည်။ အပြင်ဘက်တွင် ကုစားနေသည့် ယွီယွီကို ခေါ်၍ ယုဟွမ်သို့ ပြန်သည်။ နန်းကောကို အဆင်ပြေမပြေ တစ်ချက်သွားကြည့်သည်။ ထို့နောက် ယုဟွမ်နိုင်ငံသို့ ဆက်သွားရန် ပြင်သည်။ ထိုစဉ် နန်းကောက ပုံမှန်လေသံဖြင့် မေးလိုက်သည်။

“အမ၊ ဖုန်ချင်အန်းက ဘယ်လိုအရသာရှိလဲ”

“နူးညံ့တယ် ‌ပျော့ပျောင်းတယ်”

အတွေးနစ်နေသည့် ယုဟွမ်သခင်မှ လွှတ်ခနဲ ဖြေလိုက်မိသည်။