ဆောရီးပါ
Vol. 10 Ch. 140
“ဖုန်ချင်အန်း”
နန်းကော ဝိညာဉ်စမ်းချောင်းထဲတွင် ခြေနှစ်ရင်း သေမျိုကမ္ဘာအက်ကြောင်းဆီ လှမ်းကြည့်နေသည်။ မျက်လုံတွင် အလိုမကျရိပ် ပူပန်ရပိ်များ ပေါ်လွင်နေသည်။ သူ့အမ ပြန်လာသောကြောင့်ဖြစ်သည်။
ဖုန်ချင်အန်းနှင့် မတွေ့မီက သူ့အမပြန်လာလျှင် သူအမြဲပျော်သည်။ ထွက်သွားချိန်တွင် ဝမ်းနည်းရသည်။ ယခု ထိုသို့မဟုတ်တော့။
သူ့အမထွက်သွားလည်း သူသိပ်မမျှော်လင့်တော့။ ယခု သူ့အမ မကြာခဏလာလည်သည်။ သေမျိုးကမ္ဘာသို့မသွားမီ သူ့ကိုတစ်ချက်သာ ကြည့်သွားသည်။
ထို့ကြောင့် သူ့အမရောက်လာသည်နှင့် ပုံမှန်အပြုံးမျိုး မပြုံးနိုင်တော့။ ဝမ်းနည်းမှုများသာ ပြည့်နေသည်။ သူ့အမက သေမျိုးကမ္ဘာသို့သွားသည်။ သူ့ကိုအတူလိုက်ခွင့်မပေး။ ခြောက်ကပ်သည့် အမှောင်ထုထဲတွင် တစ်ကိုယ်တည်းနေခဲ့ရသည်။
ထိုညလည်း အတူတူပင်ဖြစ်သည်။ သေမျိုးကမ္ဘာသို့ မဝင်ခိုင်း။ ဝိညာဉ်စမ်းချောင်းဘေးတွင် နေခိုင်းထားသည်။ ပြန်လာချိန်ထိ စောင့်ခိုင်းထားသည်။ သူ့အမ သေမျိုးကမ္ဘာတွင် ဘာလုပ်နေမည်ကို သူကောင်းကောင်းသိပါသည်။
စောင့်ရသည်က ကြာလွန်းသည်။ ပင်ပန်းလွန်းသည်။ အချိန်မည်မျှကြာသွားမှန်းပင် မသိတော့။
သို့သော် နေမထွက်မီ သူ့အမပြန်လာသည်ကို မြင်ရသည်။ ထင်ထားသည့်အတိုင်း ဖုန်ချင်အန်း စွမ်းအင်ရောင်လည်း ကပ်ပါလာသည်။ နီရဲနေသည့် သူ့အမနှုတ်ခမ်းများက ထင်ရှားနေသည်။
တုန်ဟွမ်းကလည်း အရှက်ရှိပုံမပေါ်။ ခပ်တည်တည်ပင် လျှောက်လာသည်။
“အမ၊ ဖုန်ချင်အန်းအရသာက ဘယ်လိုလဲ”
“နူးညံ့တယ် ပျော့ပျောင်းတယ်”
အတွေးနက်နေသည့်တုန်ဟွမ်းနှုတ်မှ လွှတ်ခနဲ ထွက်လာသည်။
ဖုန်ချင်အန်း အတွက် မှော်အိတ်တစ်ခုရှာပေးရန် တွေးနေခြင်းဖြစ်သည်။ သူ့နိုင်ငံတွင်မရှိဘဲ တစ်ခြားသရဲဘုရင်များထံတွင်ရှိလျှင် သူလုယူမည်။
“ဖုန်ချင်အန်းက အမကို အတော်ကျေနပ်မှုပေးခဲ့တဲ့ပုံပဲ”
နန်းကော သူ့အမကို မော့ကြည့်သည်။ သူ့စကားသံက ငြင်သာနူးညံ့သည်။ အပြစ်တင်သည့်လေသံမျိုးမဟုတ်။
“အတော်ကျေနပ်ပါတယ်”
တုန်ဟွမ်း ခပ်ရှင်းရှင်းဖြေလိုက်သည်။ အားနာပုံမရ။
“ဒါပေမယ့် သူက ကျွန်မလူပါ”
နန်းကောစကားသံက နူးညံ့သော်လည်း အေးစက်သည်။ တုန်ဟွမ်း ရယ်လိုက်သည်။ ထိုမျှရဲရဲတင်းတင်းသတ်မှတ်ရဲသည့် သူ့ညီမစကားကို သဘောကျသွားသည်။
“နန်းကော၊ အဲလိုထပ်မပြောနဲ့။ ဖုန်ချင်အန်းက မင်းအပိုင်မဟုတ်ဘူး။ သူ့ကို ဘယ်သူမှလည်း မပိုင်ဆိုင်နိုင်ဘူး”
စေတနာဖြင့် အကြံပေးလိုက်ခြင်းဖြစ်သည်။ သူရောနန်းကောပါ မသေမျိုးမိုနာ့နှင့် အမြဲနေနိုင်မည်ဟု ယူဆမထား။ ခဏတာအဖေါ်ပြုနိင်လျှင်ပင် ကြီးမားသည့် အကျိုးကျေးဇူး၊ အခွင့်ထူးမျိုးဖြစ်ပေလိမ့်မည်။
“သူနဲ့တွေ့တာက နင့်ရဲ့ကံကြမ္မာပါ။ ဒါပေမယ့် ဒီလိုတော့ စိတ်ကူးမယဉ်နဲ့။ အဲလိုပြောဖို့ နင်ကအရည်အချင်းမမီဘူး”
နန်းကောက သူ့စကားကို တစ်မျိုးယူဆသည်။ သူ့အမကို စိုက်ကြည့်၍ ပထမဆုံးအကြိမ် ပြန်ပြောသည်။
“ကျွန်မ အရည်အချင်းမီလာမှာပါ”
“ဒါဆို အားစိုက်ပြီး ကျင့်ကြံလိုက်ဦး။ ငါ့ကိုမီအောင်ကြိုးစား။ ငါနဲ့ဘေးချင်းယှဉ်နိုင်အောင် ငါ့ထက်သာအောင် ကြိုးစား။ နင်ဘယ်လောက်ဝေးဝေးသွားနိုင်မလဲ ငါစောင့်ကြည့်ပါ့မယ် ချစ်ညီမလေး”
တုန်ဟွမ်း လှောင်ပြုံးပြုံး၍ လှည့်ထွက်သွားသည်။
နန်းကော သူ့စကားကို နားလည်မှုလွဲသွားကြောင်းသိသည်။ သို့သော် ရှင်းပြလိုစိတ်မရှီ။ စကားထက် အလုပ်လုပ်ခြင်းက ပိုတွင်ကျယ်သည်။ ရှင်းပြနေစရာမလို။
နန်းကော အသစ်တစ်ခုခု လေ့လာနိုင်လျှင် ထိုသို့မသိခြင်းက ပိုကောင်းသည်။ ထိုအဖြစ်ကြောင့် တိုက်ခိုက်လိုစိတ် မခံချင်စိတ်မျိုး ဖြစ်လာနိုင်သည်။
ကြမ်းတမ်းသည့် အမှန်တရားကို စောစောအသိပေးဖို့မလို။ အချစ်ဆိပ်သင့်၍ ရိုးရိုးအအဖြစ်နေသင့်သေးသည်။ သူ့စိတ်ကူးယဉ်အိပ်မက်များ အချိန်မတိုင်မီ ကြေမွသွားမည်ကို တုန်ဟွမ်းလည်း မကြည့်ရက်။
“ကျွန်မ အမထက် သာစေရမယ်”
နန်းကော ကြေညာလိုက်သည်။
“အိုကေ၊ ငါစောင့်နေပါ့မယ်”
တုန်ဟွမ်း နောက်လှည့်မကြည့်ဘဲ လက်ဝှေ့ယမ်းပြလိုက်သည်။
“ဟွန်း”
တုန်ဟွမ်း ဖီးနစ်နှင့်အတူထွက်သွားပြီးနောက် နန်းကော နှာခေါင်းတစ်ချက်ရှုံ့သည်။ စမ်းချောင်းထဲမှ ခုန်ထွက်ပြီးနောက် သေမျိုးကမ္ဘာဆီသို့ ပြေးသည်။ နေမထွက်သေး။ ထို့ကြောင့် ခဏတော့ သူနေလို့ရနိုင်သည်။
“ကျိ ကျိ”
အိပ်ခန်းထဲတွင် မွှေးပျံ့သည့်ရနံ့များ ရှိနေဆဲဖြစ်သည်။ မီးငှက်ပြန်လာပြီးနောက် ဖုန်ချင်အန်းရင်ဘတ်မှ ရေခဲပြာဖီးနစ်ကို မြင်သွားသည်။ အလိုမကျဟန်ဖြင့် တကျိကျိအော်နေသည်။ သူပိုင်သည့်အသိုက်ကို လုယူသွားသလို ခံစားနေရဟန်ရှိသည်။
“ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ။ ဒါက တံဆိပ်လေးတစ်ခုပါ။ သူ့မှာ ကိုယ်ပိုင်ဝိညာဉ်သိစိတ်တောင်မရှိပါဘူး”
ဖုန်ချင်အန်း မီးငှက်ကို မချိပြုံးပြုံး၍ ရှင်းပြလိုက်သည်။
ရေခဲပြာဖီးနစ်သည် လျှို့ဝှက်တံဆိပ်၏ အပြင်ဘက်မျက်နှာပြင်မျှသာဖြစ်သည်။ ဘာကိုမှ ကိုယ်စားမပြု။ ဘာဝိညာဉ်မှ မရှိ။ သက်ရှိဖြစ်ဖို့ အရည်အချင်းမမီ။
“ကျိ ကျိ”
မီးငှက်က ဖုန်ချင်အန်းရှင်းလင်းချက်ကို မကျေနပ်သေး။ ရေခဲပြာဖီးနစ်ကို အေးစက်စက်စိုက်ကြည့်နေသည်။ ကျူးကျော်သူကို အတင်းထိုးဆိတ်ရန် ဟန်ပြင်နေသည်။
“လာပါ။ မလာရင်တော့ မင်း အပြင်မှာပဲ နေလိုက်တော့”
သူသိပ်စိတ်မရှည်တော့။ အမြဲအလိုလိုက်နေလျှင် စိတ်ဓာတ်ပျက်စီးသွားနိုင်သည်။
“ကူး ကူး”
မီးငှက် တောင်ပံတဖျတ်ဖျတ်ခတ်၍ မီးအလင်းတန်းအဖြစ်ပြောင်းကာ ဖုန်ချင်အန်း ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။
ရေခဲပြာဖီးနစ်ကို လိုက်ဖမ်းရန် ကြိုးစားသည်။ သို့သော် ထိုဖီးနစ်သည် ဖုန်ချင်အန်း ကိုယ်ထဲမှ အမှတ်မထင် ယိုစိမ့်ထွက်သည့် စွမ်းအင်သန္ဓေများကို စုစည်းပေးနေကြောင်း သူသဘောပေါက်သွားသည်။