တောင်ပံလေးခု
Vol. 10 Ch. 144
“ဒီကတုံးဘုန်းကြီး ဘယ်ကလာတာလဲ။ ကျင့်စဉ်စွမ်းအား နက်ရှိုင်းတဲ့ပုံပဲ”
ညနေမိုးချုပ်အချိန်တွင် ဖုန်ချင်အန်း ရွာအနောက်ဘက်ဆီ ငေးစိုက်ကြည့်နေသည်။ ပါးလွှာသည့် ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်သို့ ထိုးထွက်လာသည်။နေသည်။ တဖြေးဖြေးမည်းမှောင်လာသည့် ကောင်းကင်ပြင်ထဲတွင် ပေါ်လွင်ထင်ရှားနေသည်။
ထိုရွှေရောင်အလင်းသည် သူ့ခြံဝန်းထဲမှ တော်ဝင်ချီနှင့်မတူ။ တော်ဝင်ချီသည် သူ့အပေါ် ထူးခြားသည့် တုံ့ပြန်မှုမျိုးမရှိ။ သူ့စိတ်ထဲမှ ဝေဝါးနေသည့်အတွေးများကို ဖယ်ရှားပေးနိုင်သည်သာရှိသည်။ ထို့ကြောင့် သူကျင့်ကြံမှုကောင်းစွာလုပ်နိုင်သည်။
ယခုမြင်နေရသည့် ရွှေရောင်အလင်းက ထိုသို့မဟုတ်။ အချိန်ကြာကြာစိုက်ကြည့်လျှင် ဗုဒ္ဓကျမ်းစာရွတ်သံများ သူ့အာရုံသို့ဝင်လာသည်။ အကြီးအကျယ် အနှောက်အယှက်ပေးသည်။
ရွှေရောင်အလင်း ဘယ်နေရာက ထွက်နေမှန်း သူသိသည်။ မနှစ်က သူတို့ရွာနားသို့ ရောက်လာသည့် ဘုန်းကြီးတစ်ပါး တည်ဆောက်ထားသည့် ဘုံကျောင်းမှဖြစ်သည်။ ထို့အပြင် ထိုဘုန်းကြီးသည် အတော်ချမ်းသာကြွယ်ဝသည်။
ဤဘုန်းကြီးသည်လည်း ဒေသခံ မြေပိုင်ရှင်တို့၏ လှူစာတန်းစာများအပေါ် မှီခိုအားထားခြင်းဖြစ်သည်။ စွမ်းရည်အစစ်များ ပိုင်ဆိုင်ထားသဖြင့် မြေပိုင်ရှင်များ ငွေလှူချင်လာအောင် ဆွဲဆောင်ဖို့ သူ့အတွက် မခက်လှ။
သို့သော် ဖုန်ချင်အန်း ထိုဗောဓိကျောင်းကို အဝေးမှ တစ်ကြိမ်သာကြည့်ဖူးသည်။ ကျောင်းတည်ဆောက်ပြီးသည့်နေ့တွင် ထူးဆန်းသည့်ရွှေရောင်အလင်းတန်းကို စိတ်ဝင်စား၍ သွားကြည့်ခဲ့ခြင်းဖြစ်သည်။ အနားသို့မကပ်။ ဗုဒ္ဓဘာသာကိုလည်း စိတ်မဝင်စား။ ထိုဘုန်းကြီးတွင် စွမ်းအားအစစ်များ ပိုင်ဆိုင်နေလျှင်ပင် သူအရေးမစိုက်။
သူတော်စင်ဘုန်းကြီးဖြစ်လာဖို့ သူစိတ်မဝင်စား။ တင်းကြပ်သည်ဗုဒ္ဓဘာသာ စည်းမျဉ်းများကို သူမလိုက်နာချင်။ ရာဂကိုတွန်းလှန်ဖို့မပြောနှင့်။ ညစာမစားရသည့်စည်းကမ်းကိုပင် သူသည်းမခံနိုင်။
ထို့ကြောင့် ကျင့်ကြံရမည်ဆိုလျှင် တာအိုဝါဒနှင့် မသေမျိုးကျင့်စဉ်လမ်းကိုသာ သူရွေးမည်။ ယုဟွမ်သခင်မလို ဖြစ်ချင်သည်။ ဓားစွမ်းအားမျိုး လေ့ကျင့်ချင်သည်။ လေကိုဓားဖြင့် ထိုးခွဲ၍ နတ်ဆိုးများကို သုတ်သင်နိုင်လျှင် မည်မျှခံ့ညားထည်ဝါမည်နည်း။
တုန်ဟွမ်းကို ကျင့်စဉ်နည်းများ တောင်းခဲ့ဖူးသည်။ သို့သော် တုန်ဟွမ်းက ဒဲ့ပြောသည်။ မှော်စွမ်းအင်အတတ်၊ ကျိန်စာအတတ်များ သင်ပေးနိုင်သည်။ သို့သော် အခြေခံကျင့်ကြံမှုနည်းလမ်းများ မသင်နိုင်၊ မသင်ရဲဟု ဆိုသည်။
သူပြန်မွေးဖွားပြီးနောက်တွင် မှတ်ဉာဏ်ပြန်ရဖို့ အချိန်အတော်ကြာခဲ့သည်။ သူ’နိုးထ’လာချိန်တွင် ခေတ်ကာလက နှစ်သောင်းချီ၍ ကြာညောင်းခဲ့ပြီဖြစ်သည်။ သူတစ်ချိန်ကသင်ခဲ့သည့် တာအိုကျင့်စဉ်နည်းများက အရမ်းရှေးကျနေသည်။
မသေမျိုးကျင့်စဉ်လည်း ထိုနည်းတူပင်ဖြစ်သည်။ မသေမျိုးများကျင့်ကြံသည့် အခြေခံကျင့်စဉ်များပါ အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲမွမ်းမံမှုများ ရှိလာသည်။ တစ်ခုနှစ်ခု ပြောင်းလဲသည်က ကိစ္စမရှိ။ အပြောင်းအလဲရာချီထောင်ချီဖြစ်လာလျှင် မူလကျင့်စဉ်နှင့် လုံးဝကွဲထွက်သွားသည်။
ထို့ကြောင့် သူသင်ခဲ့သည့် မသေမျိုးကျင့်စဉ်နည်းများသည် တစ်ချိန်က ကောင်းချင်ကောင်းခဲ့မည်။ သို့သော်ယခု ခေတ်နောက်ကျနေသည်။ သမိုင်းဝင်နည်းလမ်းဟုပြောရမည်။ လက်တွေ့ကျင့်ကြံရန် မသင့်တော်တော့။
ကျင့်ကြံ၍တော့ရပါသည်။ သို့သော် ကျင့်ကြံပြီးနောက်တွင် လက်ရှိခေတ်မှ အဆင့်တူကျင့်ကြံသူများထက် အားနည်းချက်များစွာ ရှိနေပေလိမ့်မည်။ နှစ်ယောက်ချင်းရင်ဆိုင်တွေ့လျှင် တစ်ဘက်ရန်သူက လွှမ်းမိုးသွားမည်။
ထိုအကြောင်းပြချက်ကို ဖုန်ချင်အန်း လက်ခံလိုက်ရသည်။ အထူးတလည်ရည်ရွယ်ချက်မျိုး သူမရှိ။ ခေတ်ဟောင်းကျင့်စဉ်လည်း အဆင်ပြေပါသည်။ သို့သော် ယုဟွမ်သခင်မက သင်မပေး။
သူလေ့ကျင့်လိုလျှင် ယနေ့ခတ် ထိပ်တန်းကျင့်စဉ်များကိုသာ လေ့ကျင့်သင့်သည်ဟု တုန်ဟွမ်းယုံကြည်ထားသည်။
အခြေခံကျင့်စဉ်နည်းများ ပြောင်းလဲခြင်းကို နှစ်ရာထောင်ချီသက်တမ်းရှိသည့် မသေမျိုးများသာ လုပ်နိုင်စွမ်းရှိသည်။ သာမန်လူများအနေဖြင့် အစကတည်းက မှန်ကန်သည့်ကျင့်စဉ်ကို ရွေးချယ်ရုံသာရှိသည်။ လေ့ကျင့်ရင်း ပြောင်းလဲဖို့ မစဉ်းစားသင့်။
“အခြေအနေက ပိုရှုပ်ထွေးလာပြီပဲ”
သူ့ကြောင့် ကောင်းကင်ဆင်းရဲဆင်းလာခဲ့ဖူးကြောင့် သူသိသည်။ သို့သော် ထိုကောင်းကင်ဆင်းရဲ မိုင်မည်မျှဆန့်ထွက်၍ မည်မျှဝေးဝေးပြန့်နှံ့ခဲ့မှန်း သူမသိ။
ဗောဓိကျောင်းပေါ်လာသည်ကို သူနည်းနည်းစနိုးစနောင့်ဖြစ်သော်လည်း စိတ်ထဲမထားတော့။ ဘုံကျောင်းလေးတစ်ကျောင်းလောက်ကို ဓားတစ်ချက်တည်းဖြင့် ဖြိုခွဲပစ်နိုင်သည်ဟု တုန်ဟွမ်းက ပြောထားသည်။
ထို့ကြောင့် ဖုန်ချင်အန်း ပုံမှန်းအတိုင်းနေထိုင်သည်။ နေ့စဉ်ကျင့်ကြံမှုလည်း မပျက်စေရ။
သတ္တမဝိညာဉ်စာချုပ်တည်ဆောက်၍ ကောင်းကင်သားရဲသခင်ဖြစ်ဖို့ တာစူနေသည်။ သူ့ဝိညာဉ်စွမ်းအားလည်း ပြောင်းလဲလာသည်။
ဆယ်ခုမြောက်ဝိညာဉ်စာချုပ်ဖန်တီးပြီး သခင်အဆင့်နှင့်အထက်ဝိညာဉ်တစ်ခုနှင့် စာချုပ်ချုပ်နိုင်မှသာ အရည်အသွေးပြည့်ဝသည့် ကောင်းကင်သားရဲသခင်ဖြစ်လာမည်။
စာချုပ်ချုပ်ရန်အတွက် သူဝိညာဉ်စွမ်းအင်သွင်းပေးနေသည့် အရိုးစုကြီးကို ရွးချယ်ထားသည်။
နှစ်ဝက်ခန့်ကြာအောင်ဝိညာဉ်စွမ်းအင်ပေးခဲ့ပြီးနောက် ဦးခေါင်းခွံနှင့် ပုခုံးရိုးနေရာတစ်ချို့တွင် နီရွှေရွှေအရောင်များ ခပ်မှိန်မှိန်တောက်ပလာသည်။ သို့သော် အသက်ဝင်လာဖို့တော့ ခရီးဝေးလွန်းသေးသည်။
သူပြင်ဆင်ချိန်လည်းရသည်။ ကောင်းကင်သားရဲသခင်ဖြစ်ဖို့ ကျင့်ကြံရသည်မှာ တဖြေးဖြေးခက်ခဲလာသည်။ ဝိညာဉ်စာချုပ်မှရသည့် တန်ပြန်စွမ်းအားက တိုးတက်မှုနည်းနည်းသာပေးနိုင်တော့သည်။ နေ့တိုင်းလိုလို သူ့ကျင့်ကြံမှုမှ အသေးအဖွဲတိုးတက်မှုများကိုသာ မြင်ရသည်။
တိုးတက်နှုန်းမြန်ဆန်နေရာမှာ နှေးကွေးလာသည်။ တစ်ကြိမ်ရှေ့တိုးတိုင်း အချိန်အတော်ကြာပြင်ဆင်ရသည်
ကျင့်ကြံရနှေးကွေးလာသဖြင့် အကျိုးအာနိသင်လည်း ထင်ထင်ရှားရှားမမြင်ရ။ သားရဲထိန်းသခင်၏ စိတ်ဓာတ်ခိုင်မာမှုနှင့် ဇွဲလုံ့လကို စမ်းသပ်ခြင်းဖြစ်ပေလိမ့်မည်။ တုန်ဟွမ်းဆီမှ အကူအညီယူဖို့ သူတွေးဖူးသည်။ သို့သော် အတော်ကြာအောင်သုံးသပ်ဆင်ခြင်ပြီးနောက် သူ့ဝိညာဉ်စွမ်းအားကို သူ့ဘာသာဖြေးဖြေးချင်း ကျင့်ကြံစုစည်းဖို့သာ ရွေးချယ်ရတော့သည်။
ကျင့်စဉ်လမ်းတွင် တိုးတက်မှုမြန်တိုင်းလည်း ကောင်းသည်မဟုတ်။ ကျင့်ကြံသူသည် ထိုအဖြစ်ကို စွဲလမ်းသွားနိုင်သည်။ နောက်တစ်ချိန် အတားအဆီးတစ်ခုခုကြောင့် နှောင့်နှေးကြန့်ကြာမှု ကြုံလာလျှင် သည်းခံနိုင်စွမ်းမရှိတော့ဘဲ စိတ်ပျက်အားလျော့သွားနိုင်သည်။
********************************************