← Chapters

အသီးအရွက်များ၏ရနံ့

Vol. 6 Ch. 91

အသီးအရွက်များ၏ရနံ့

Vol. 6 Ch. 91

မေမေရှောင်သည် ခရမ်းချဉ်သီးအနည်းငယ်ကို ယူထုတ်လာကာ ကောင်လေးသုံးယောက်ကို ပြောလိုက်လေသည်။ “ဒေါ်လေးတို့မှာ ဧည့်ခံစရာများများစားစားတော့မရှိဘူး။ ဒါပေမယ့် ဒီခရမ်းချဉ်သီးတွေက အရသာရှိတယ်။ သားတို့ စားကြည့်ကြပါလား။”

ကောင်လေးသုံးယောက်သည် ခရမ်းချဉ်သီးများကိုမြင်သည်နှင့် မျက်လုံးများ အရောင်တောက်လာကြတော့သည်။

နဉ်ဝေ့ယီက ချက်ချင်းပင်ပြောလိုက်လေသည်။ “ဒေါ်လေးက အရမ်းအားနာနေပါပြီ။ ကျွန်တော်တို့က ယဲ့ရဲ့ ညီအစ်ကိုကောင်းတွေပါ။ သူ့မိသားစုဆိုမှတော့ ကျွန်တော်တို့မိသားစုပဲပေါ့။ သူ့အမေကလည်း ကျွန်တော်တို့အမေပါပဲ၊ ဒါကြောင့် ကျွန်တော်တို့လည်း ကိုယ့်အိမ်လိုပဲ သဘောထားမယ်နော်။”

ရှောင်လင်းယဲ့တစ်ယောက် မျက်လုံးသာလှန်မိရင်း သူ့သူငယ်ချင်းတွေ ဘယ်လောက်တောင် အရှက်မဲ့လဲဆိုသည်ကို တိတ်တဆိတ်တွေးနေမိသည်။ “ငါ့အစ်မက သူတို့အစ်မဖြစ်ရုံတင်မကဘူး၊ အခုတော့ ငါ့အမေကိုပါ သူတို့အမေလုပ်လိုက်ပြီ။ အရှက်မရှိလိုက်တာ။”

သို့သော်လည်း အပြင်ဘက်တွင်တော့၊ “အမေကလည်း ဟုတ်သားပဲ။ သူတို့ကို အရမ်းယဉ်ယဉ်ကျေးကျေးလုပ်နေစရာမလိုပ်ဘူး။” ရှောင်လင်းယဲ့က ခရမ်းချဉ်သီးများကိုကြည့်ကာ ထပ်ပေါင်းပြောလိုက်သည်။ “အမေ၊ သူတို့က ခရမ်းချဉ်သီးမကြိုက်ဘူး။ ဝေးဝေးသာယူသွားလိုက်ပါ။ သူတို့က နေကြာစေ့ပဲကြိုက်ကြတာ။” သူတောင်မှ ခရမ်းချဉ်သီးကို ဝဝလင်လင်မစားရသေးတာကို ဘာလို့ ဒီကောင်စုတ်တွေကို ပေးရမှာလဲ။

မေမေရှောင်က ထိုစကားကိုကြားပြီး သံသယတချို့ဖြင့် ရှောင်လင်းယဲ့ကို ကြည့်လာလေသည်။ ရှောင်လင်းယဲ့၏သူငယ်ချင်းများက ချက်ချင်းပင် ဝင်ပြောလာကြသည်။ “ကျွန်တော်တို့က အစားမရွေးဘူး ဒေါ်လေး။ ခရမ်းချဉ်သီးဆိုလည်း ကောင်းပါတယ်။”

နဉ်ဝေ့ယီက အမြန်ရှေ့တိုးကာ မေမေရှောင်လက်ထဲမှ ခရမ်းချဉ်သီးပန်းကန်ကို လှမ်းယူလိုက်သည်။ သူတို့အားလုံး ဒီခရမ်းချဉ်သီးကြောင့် လိုက်လာကြတာလေ၊ ဘယ်လိုလုပ် အလွတ်ခံရမှာလဲ။

နဉ်ဝေ့ယီသည် ခရမ်းချဉ်သီးတစ်လုံးကို အမြန်ပါးစပ်ထဲထည့်တော့သည်။ ကျန်နှစ်ယောက်ကလည်း ထိုပုံစံကိုမြင်သည်နှင့် ဗိုင်းကောင်းကျောက်ဖိပုံစံဖမ်းနေသည်ကို ရပ်ကာ နဉ်ဝေ့ယီထံမှ ခရမ်းချဉ်သီးများကို ဆွဲယူကာ ပါးစပ်ထဲထိုးသိပ်ထည့်တော့သည်။

“ဝါး…” သူတို့အားလုံး ပျော်ပျော်ရွှင်ရွှင် စားနေကြလေသည်။ “အရသာရှိလိုက်တာ။ အရမ်းမိုက်တာပဲ။” ဒီအရသာလေးကို သူတို့လွမ်းနေခဲ့ဿည်ပင်။ ခရမ်းချဉ်သီးများသည် ချိုမြသည့်နှင်းရည်စက်ပမာ သူတို့လျှာပေါ်တွင် အရည်ပျော်သွားလေသည်။

ရှောင်လင်းယဲ့တစ်ယောက် ကုန်ခါနီးဖြစ်သွားသည့် ပန်းကန်ကိုမြင်သည်နှင့် သူလည်း ချက်ချင်းပင် တစ်လုံးဆွဲယူလိုက်တော့သည်။

ယန်ပေါင်းလင်းက ရန်တွေ့လာလေသည်။ “ရှောင်လင်းယဲ့၊ မင်းက အိမ်ရှင်လေ။ ဘာလို့ ဧည့်သည်တွေဆီက လုစားနေတာလဲ။”

“မင်းတို့ဧည့်သည်တွေတောင် ပိုင်ရှင်ဆီကစားစရာကို လုစားတဲ့အထိ အရှက်မရှိကြမှတော့ ငါကဘာလို့ ပြန်မလုစားဘဲ နေရမှာလဲ။”

မေမေရှောင်မှာ ကလေးတွေကိုကြည့်ပြီး ဆွံ့အနေမိတော့သည်။ ထို့နောက် သူမက ရယ်မောလိုက်ကာ၊ “ကလေးတွေ၊ ဒါလေးအတွက် ရန်ဖြစ်မနေကြနဲ့။ နောက်ထပ် အများကြီးကျန်သေးတယ်။” မေမေရှောင်က ရှောင်လင်းယဲ့ကိုပါ ဆူလိုက်သေးသည်။ “ယဲ့အာ၊ အိမ်ရှင်ဖြစ်ပြီး ဧည့်သည်တွေနဲ့ အစားအသောက်အတွက် ရန်ဖြစ်မနေသင့်ဘူးလေ။ သူငယ်ချင်းတွေကို ကောင်းကောင်း ဧည့်ခံထား။ အမေ ညစာသွားပြင်လိုက်ဦးမယ်။”

ရှောင်လင်းယွီကလည်း ပြောလာလေသည်။ “အမေ၊ သမီး ကူပေးမယ်။”

“ယွီအာက နားနေ။ ဆံပင်တွေ စိုနေတုန်းမဟုတ်လား။ မီးဖိုချောင်ဝင်လိုက်ရင် အဆီပြန်ကုန်လိမ့်မယ်။ သမီးမောင်နဲ့အတူ ဧည့်သည်တွေကိုသာ ဧည့်ခံထားလိုက်ပါ။”

နဉ်ဝေ့ယီက၊ “ဒေါ်လေး၊ ဘာမှထွေထွေထူးထူးပြင်မနေနဲ့နော်။ ကျွန်တော်တို့က အစားမရွေးပါဘူး။” သို့သော်လည်း စိတ်ထဲမှာတော့ ခရမ်းချဉ်သီးလိုပဲ တခြားအသီးအရွက်တွေရော အရသာရှိနေမလားဟု တွေးနေမိလေသည်။ ဒါပေါ့ ယဉ်ကျေးမှုရှိရမည်ဖြစ်တာကြောင့် မေမေရှောင်ကို ဘာတော့စားချင်ပါတယ်ဆိုပြီး မှာလို့မှဖြစ်တာ။

မေမေရှောင်ကတော့ ရှောင်လင်းယွီခေါ်လာသည့် ဧည့်သည်လေးသုံးယောက်ကို ဟင်းသီးဟင်းရွက်များဖြင့် ဧည့်ခံရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ သူမက ဂေါ်ဖီခေါက်ဆွဲစွပ်ပြုပ်တစ်ခွက်၊ ခရမ်းချဉ်သီးနှပ်တစ်ခွက်၊ အမဲသားကြော်၊ မှိုကြက်သားစတူး၊ ငါးကြော်နှင့် ခရမ်းချဉ်သီးကြက်ဥမွှေကြော်တို့ကို ပြင်ဆင်ခဲ့သည်။

အိမ်သို့ဧည့်သည်လာချိန်တိုင်း ရွာသားများသည် အကောင်းဆုံး အစားအသောက်များနှင့် ကြိုဆို ဧည့်ခံကြသည်မှာ ထုံးစံတစ်ခုလိုပင်။ သူတို့ကို ကြက်နှင့်ဘဲများကိုသတ်ကာ ဧည့်သည်များကို ကျွေးမွေးလေ့ရှိသည်။

မေမေရှောင်သည် ရှောင်လင်းယွီကို ဧည့်ခန်းထဲတွင်ပဲနေရန် ပြောထားသော်လည်း သူမစီစဉ်ထားသည့် ဟင်းလျာစာရင်းအရ သူမသမီး၏အကူအညီကို လိုအပ်နေသည်။ မဟုတ်ပါက ညစာစားချိန်ရောက်သည်အထိ သူမ ချက်လို့ပြုတ်လို့ပြီးတော့မည်မဟုတ်ပေ။

မေမေရှောင်သည် ကြက်ကိုသတ်ကာ ရှောင်လင်းယွီကတော့ အသီးအရွက်များကို ပြင်ဆင်ပေးသည်။ မေမေရှောင်သည် မှိုရိုင်းများနှင့် ကြက်သားကို ပြုတ်ထားသည်။ ရှောင်မိသားစုတွင် မြေမီးဖိုနှစ်ခုနှင့် အိုးနှစ်လုံးရှိတာကြောင့် တစ်အိုးတွင် မှိုကြက်သားစတူးကို ချက်ကာ နောက်တစ်အိုးတွင်တော့ အသီးအရွက်များကို ကြော်ခဲ့သည်။

ကျောင်းသားသုံးယောက်၊ မဟုတ်သေး… ကျောင်းသားလေးယောက်ကတော့ ခရမ်းချဉ်သီးများ စားပြီးနောက် ရှောင်လင်းယဲ့၏အခန်းထဲသို့ ပြောင်းသွားလေသည်။ သူတို့ အပြောအများဆုံး အကြောင်းအရာကတော့…

“ယဲ့၊ မင်းအစ်မက တကယ်ကိုလှတာပဲ။” ယန်ပေါင်လင်းက အခန်းထဲသို့ဝင်ပြီးနောက် စားပွဲပေါ်တွင် ရှောင်မောင်နှမ၏ဓာတ်ပုံကို မြင်သွားလေသည်။

ထိုအချိန်က ရှောင်လင်းယဲ့သည် အသက် ၆နှစ်သာရှိသေးကာ ရှောင်လင်းယွီသည်တော့ အသက် ၁၂နှစ် ရှိပြီဖြစ်သည်။ ဓာတ်ပုံထဲတွင် ရှောင်လင်းယွီသည် မျက်မှန်မတပ်ထားခဲ့ပေ။ သူမအသက်အရွယ်လေးဖြင့်ပင် လှပမှုက ပေါ်လွင်နေပြီဖြစ်သည်။ ရှောင်လင်းယဲ့၏ သူငယ်ချင်းများမှာ နတ်သက်ကြွေလာသည့် နတ်မိမယ်လေး၏ ဆွဲဆောင်မှုတွင် အမှန်ကို ပျော်ဝင်နေခဲ့လေသည်။

ရှောင်လင်းယဲ့၏မျက်နှာကတော့ မည်းမှောင်နေကာ မာမာတင်းတင်းပင် ပြောလာခဲ့သည်။ “ငါ နောက်ဆုံးအကြိမ်ပြောလိုက်မယ်နော်။ ဒါ ငါ့အစ်မ၊ မင်းတို့အစ်မ မဟုတ်ဘူးကွ။” သူက သူ့သူငယ်ချင်းများကို သတိပေးလိုက်သည်။ “ပြီးတော့ မင်းတို့မှာလည်း အစ်မတွေညီမတွေရှိကြတယ်မဟုတ်ဘူးလား။”

နဉ်ဝေ့ယီက ခေါင်းကိုယမ်းကာ သက်ပြင်းချလာလေသည်။ “ငါ့ညီမက နည်းနည်းရူးနေတာ။ ငါ့အစ်ကိုကြီးကလွဲပြီး သူ့ကို ဘယ်သူမှ မထိန်းနိုင်ဘူး။” သို့သော်လည်း သူ့မျက်နှာတွင် ချစ်ခင်သည့်အရိပ်အယောင်ကတော့ ရှိနေတုန်းပင်။

ယန်ပေါင်လင်းကလည်း သက်ပြင်းချလေသည်။ “ငါ့မှာလည်း အစ်မတစ်ယောက်ရှိပါတယ်။ ဒါပေမယ့် ငါတို့ဆက်ဆံရေးက သိပ်မကောင်းဘူး။” သူက စိတ်ပျက်နေဟန်ဖြင့် ပြောလာခဲ့သည်။ ဒီပြဿနာက သူ့အမေရဲ့ သမီးတွေထက် သားတွေအပေါ် ပိုအလေးပေးဆက်ဆံခြင်းကနေ စလာခြင်းပင်။

ယန်ပေါင်လင်း၏အစ်မသည် ထိုကဲ့သိုပြဿနာဖြစ်လာရခြင်း၏ အဓိကအကြောင်းအရင်းမှာ သူဖြစ်တာကြာင့် သူ့ကို မုန်းတီးလေသည်။

ခမ်းလဲ့ကတော့ ခေါင်းသာယမ်းသည်။ “ငါ့မှာ အစ်မရော ညီမရောမရှိဘူး၊ ဒါကြောင့် မင်းတို့ကို မနာလိုဖြစ်မိတာ။” အထူးသဖြင့် ဂရုစိုက်တတ်တဲ့အစ်မတစ်ယောက်ရှိထားတဲ့ ရှောင်လင်းယဲ့ကိုပေါ့။ သူတို့လေးယောက်ထဲတွင် သူတစ်ယောက်သာ တစ်ဦးတည်းသောကလေး ဖြစ်နေခဲ့သည်။

ထို့နောက် ခမ်းလဲ့၏မျက်လုံးများတောက်လာကာ ရှောင်လင်းယဲ့ကို မေးလိုက်လေသည်။ “ယဲ့၊ ငါတို့အစ်မက ငါ့ကို မွေးစားမောင်လေးအဖြစ် သတ်မှတ်ပေးချင်မယ်လို့ မထင်ဘူးလား။” ထိုစိတ်ကူးမှာ အတော်လေးကောင်းသည်ဟု ခမ်းလဲ့တွေးလိုက်မိသည်။

ရှောင်လင်းယဲ့ကတော့ မျက်လုံးသာ လှန်ပြလိုက်လေသည်။ “စိတ်တောင် မကူးစမ်းနဲ့။” သူ့အစ်မက သူ့တစ်ယောက်တည်းအတွက်ပဲ။

ခမ်းလဲ့ တစ်ခုခု ထပ်ပြောတော့မည့်အချိန်မှာပဲ ရုတ်တရက် နှာခေါင်းရှုံ့ကာ အနံ့ခံလိုက်ပြီး မေးလိုက်လေသည်။ “မင်းတို့ အနံ့တစ်ခုခု မရကြဘူးလား။”

“ရတယ်၊ ရတယ်။” ယန်ပေါင်လင်းက ပြောလိုက်သည်။ “ကြက်သားအနံ့ပဲ။ မွှေးလိုက်တာ။ ဘာဟင်းချက်နေတာများလဲ။”

သုံးယောက်သားက ချက်ချင်းပင် ရှောင်လင်းယဲ့ကို တောက်လောင်နေသည့် အကြည့်များဖြင့် ဝိုင်းကြည့်လာကြလေသည်။ “ယဲ့၊ ဒေါ်လေးက ဘာဟင်းတွေချက်နေတာလဲ။ ဘာလို့ ဒီလောက်တောင် မွှေးရတာလဲ။”

“ကြက်သားတင်မကဘူး၊ ဂေါ်ဖီ၊ ခရမ်းသီးနဲ့ ကြက်ဥအနံ့တွေလည်း ရသေးတယ်။” နဉ်ဝေ့ယီက မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပေမယ့် ဒါတွေက ပုံမှန်ဆိုရင်ရော ဒီလောက်မွှေးလို့လား။”

သူတို့ အံ့ဩနေကြချိန်မှာပဲ ရှောင်လင်းယွီ၏အော်သံကို ကြားလိုက်ရသည်။ “မောင်လေးရေ၊ စားကြရအောင်။ သူငယ်ချင်းတွေကိုလည်း ခေါ်ခဲ့ဦး။”

ကောင်လေးသုံးယောက်သည် ရှောင်လင်းယဲ့ကိုပင် မစောင့်ကြဘဲ အိပ်ယာပေါ်မှ လူးလှိမ့်ထကာ ထမင်းစားခန်းသို့ ပြေးသွားကြတော့သည်။

***

All Chapters