← Chapters

နောင်တ

Vol. 6 Ch. 110

နောင်တ

Vol. 6 Ch. 110

ရှောင်လင်းယွီကို မြေမငှားခဲ့ကြသည့် မိသားစုငါးစုသည် ရှောင်ကျန်းယန်နှင့် ချန်ချိုးယင်းတို့၏ အသိပေးစကားကို တခြားလူများထံမှ ကြားလိုက်ရချိခန်တွင် သူတို့အားလုံး ချက်ချင်းပင် နောင်တရသွားကြတော့သည်။ ဘာလို့များ ကျန်းချွမ်းကျောင်းစကားကို နားထောင်လိုက်မိပါလိမ့်။

ထိုညတွင် မိသားစုနှစ်စုသည် ရှောင်ကျန်းယန်၏အိမ်သို့ ရောက်လာခဲ့ကြသည်။ သူတို့က စာချုပ်တွင် လက်မှတ်ထိုးချင်သွား၍ ရောက်လာကြောင်းကို ပွင့်ပွင့်လင်းလင်း မပြောကြသော်လည်း သူတို့ဘယ်လိုဖြစ်ပြီး ကျန်းချွမ်းကျောင်းတို့လင်မယား၏ စကားများဖြင့် အရူးလုပ်ခံလိုက်ရကြောင်းကို မျိုးစုံပြောလာခဲ့ကြသည်။ သူတို့အရမ်းမိုက်မဲမိသွားကြ၍သာ သူတို့စကားထဲ နားယောင်မိသွားခြင်းဖြစ်သည်ဟုပင်။

သူတို့က သေချာတွေးကြည့်ပြီးနောက် သူတို့မြေကို ငှားရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောချင်နေကြခြင်းပင်။

သို့သော်လည်း ရှောင်ကျန်းယန်နှင့် ချန်ချိုးယင်းဆိုသည်မှာ အလွယ်တကူ လှည့်စားနိုင်သူများမဟုတ်ပေ။ သူတို့က စကားလမ်းကြောင်းကို ဆက်တိုက်လွှဲနေပြီး စာချုပ်အကြောင်း လုံးဝအပြောမခံပေ။ ထိုလူများသည် သူတို့မြေကိုသုံးကာ ယွီအာကို အနိုင်ကျင့်ဖို့ ကြိုးစားခဲ့ကြလေသည်။ အခုတော့ ထိုလူများလည်း ရှောင်မိသားစုကို အလွယ်တကူ အနိုင်ကျင့်လို့မရမှန်း သိသွားပြီဖြစ်ကာ သူတို့အမှားကို နားလည်သွားကြသည်။ ဒါဆိုလည်း အစကတည်းက ဘာလို့ဒီလိုအမှားမျိုးကို လုပ်ခဲ့ကြသေးလဲ။

ရှောင်ချန်းယင်းနှင့် သူ့ဇနီးသည် ရှောင်ကျန်းယန်နှင့် ချန်ချိုးယင်းတို့က သူတို့နှင့် ထိုက်ချိကစားသလို ကွေ့ပတ်နေလေရာ စိုးရိမ်ပူပန်လာတော့သည်။

ရှောင်ချန်းယင်းက တိုက်ရိုက်ပင် ပြောလိုက်တော့သည်။ “ကျန်းယန်၊ ငါ ဒဲ့ပဲပြောတော့မယ်။ ငါတို့မြေပေါ်မှာ ငါတို့ဘာမှမစိုက်တော့ဘူး။ သေချာစဉ်းစားကြည့်ပြီးတော့ ငါတို့ မင်းကိုပဲ ငှားပေးဖို့ စီစဉ်ထားတယ်။ ဒီတော့၊ ငါတို့ဘယ်အချိန် လက်မှတ်ထိုးကြမလဲ။” သူတို့လက်မှတ်ထိုးလိုက်သည်နှင့် ငွေရလာမည်ဖြစ်သည်။ ဒါက သူတို့၏အဓိကရည်ရွယ်ချက်ပင်။

ရှောင်ချန်းယင်း၏ဇနီး ကျန်းချိုးရှန်က ဟိုဟိုဒီဒီကြည့်ကာ ရှောင်လင်းယွီကို မတွေ့တာကြောင့် ပြုံး၍ မေးလိုက်လေသည်။ “ချိုးယင်း၊ လင်းယွီဘယ်ရောက်နေတာလဲ။”

ချန်ချိုးယင်းက မထူးခြားနားစွာပင် ပြန်ဖြေလေသည်။ “သူက တစ်နေ့လုံးအလုပ်များနေတာလေ။ အခု ပင်ပန်းပြီး အိပ်နေပြီ။”

“ဒီလောက်အစောကြီး အိပ်နေတာလား။” ကျန်းချိုးရှန် အနည်းငယ်အံ့ဩသွားခဲ့သည်။ “အခုမှ ညကိုးနာရီတောင် မထိုးသေးဘူးလေ။”

ချန်ချိုးယင်းသည် သူမမျက်လုံးကို အမှန်ပင်လှန်လိုက်ချင်မိတော့သည်။ ယွီအာက တစ်နေ့လုံး လုပ်ရကိုင်ရနဲ့ ပင်ပန်းနေတယ်လို့ သူပြောခဲ့ပြီးပြီမဟုတ်ဘူးလား။ အဲ့ဒါကို ဘာလို့ အစောကြီးအိပ်တာတွေ လာပြောနေရတာလဲ။ သူမပြောတာကို မကြားကြဘူးလား။

ချန်ချိုးယင်းက ထိုစကားကိုပဲ ထပ်ပြောလိုက်သည်။ “ကလေးက ပင်ပန်းလို့ အိပ်ယာစောစောဝင်သွားပြီ။”

“ဒါဆို၊ ငါတို့စာချုပ်,ချုပ်ဖို့ကရော။” ကျန်းချိုးရှန် ပူပန်သွားတော့သည်။ “ဒီနေ့အထိ စာချုပ်ချုပ်လို့ရသေးတယ်လို့ လင်းယွီ မပြောထားဘူးလား။”

“ဒီဉာဏ်နည်းတဲ့မိန်းမကတော့။” ရှောင်ချန်းယင်းက သူ့ဇနီးကို ငေါက်လိုက်လေသည်။ “ဒီကိစ္စအတွက်နဲ့ မင်းက လင်းယွီကို နှိုးစေချင်နေတာလား။” ရှောင်ချန်းယင်းသည် သူ့ဇနီးနှင့်သူမသူငယ်ချင်း ကျန်းချွမ်းကျောင်း ပြောသည့်စကားကို နားထောင်မိသည့်အတွက် နောင်တရနေခြင်းဖြစ်သည်။ သူတို့သာ ရှောင်လင်းယွီလိုမျိုး ကိုယ်တိုင် စတော်ဘယ်ရီစိုက်မယ်ဆိုရင် ချမ်းသာသွားမည်ဟု သူတို့က ပြောခဲ့ကြလေသည်။ ဒါကြောင့် သူတို့သည် ရှောင်ကျန်းယန်ကို စော်ကားမိလုနီးပါးဖြစ်သွားခဲ့ကာ အခုချိန်မှာ ဆက်ပြီး မာန်တက်နေလို့မဖြစ်တော့ပေ။

ရှောင်ကျန်းယန် မျက်မှောင်ကြုတ်သွားလေသည်။ “ချန်းယင်း၊ မင်း ဒီတစ်ကြိမ်ရော သေချာတွေးပြီးပြီလား။ တခြားလူတွေကြောင့်နဲ့ ထပ်ပြီး စိတ်မပြောင်းသွားမှာ သေချာရဲ့လား။ စာချုပ်မှာလုပ်မှတ်ထိုးပြီးမှ နောင်တရလို့မရတော့ဘူးနော်။ တကယ်လို့ မင်းစိတ်ကိုယ်မင်း တကယ်ဆုံးဖြတ်ပြီးရင် ငါယွီအာကို နှိုးပေးမယ်။”

“ဒါပေါ့၊ ငါတို့ နောင်တမရဘူး။” ရှောင်ချန်းယင်းနှင့် ကျန်းချိုးရှန်က ခေါင်းညိတ်လိုက်ကြသည်။

မေမေရှောင်သည် ရှောင်လင်းယွီကို နှိုးရန်ထသွားခဲ့သည်။ မေမေရှောင် တံခါးလာခေါက်ချိန်မှာပဲ ရှောင်လင်းယွီသည်လည်း နေရာလွတ်ထဲမှ ထွက်လာခါစဖြစ်လေသည်။ ရှောင်လင်းယွီသည် စာချုပ်ကိုယူကာ ထွက်လာခဲ့သည်။

ရှောင်လင်းယွီက ဧည့်သည်များကိုကြည့်လိုက်ကာ၊ “ဦးလေးချန်းယင်း၊ ဦးလေးချန်းဖာ၊ ကျွန်မတို့အခု အခု လက်မှတ်ထိုးလို့ရပါတယ်။ ဒါပေမယ့် မျက်မြင်သက်သေတစ်ယောက်လိုတာကြောင့် ရွာသူကြီးရဲ့အိမ်ကိုတော့ သွားရမယ်။”

“ပြီးတော့၊ သေချာရှင်းရှင်းလင်းလင်းလည်း သိထားဖို့လိုသေးတယ်။ စာချုပ်ကမှာ လက်မှတ်ထိုးပြီးတာနဲ့ ဖောက်ဖျက်လို့ မရတော့ဘူး။ တကယ်လို့ ဦးလေးတို့ဘက်က ဖောက်ဖျက်ခဲ့ရင် ကျွန်မကို လျော်ကြေးငွေ ဆယ်ဆပေးရမှာပါ။”

“အင်း၊ ငါတို့သိတယ်။” ရှောင်ချန်းယင်း၊ ရှောင်ချန်းဖာနှင့် ကျန်လူများက ခေါင်းညိတ်ကြလေသည်။

“ဒါဆိုလည်း ကောင်းပြီလေ။ ရွာသူကြီးအိမ်ကိုသွားပြီး စာချုပ်ချုပ်ကြတာပေါ့။” စာချုပ်ချုပ်သည့် လုပ်ငန်းစဉ်မှာ မြန်ဆန်လှကာ မိသားစုနှစ်စုသည် ငွေများကိုရသည်နှင့် အလွန်ပျော်ရွှင်သွားကြတော့သည်။

……

နောက်တစ်နေ့မှာတော့ ရှောင်လင်းယွီသည် နေရာလွတ်ထဲမှ စတော်ဘယ်ရီမျိုးစေ့များကို ထုတ်ယူလိုက်သည်။ ၎င်းတို့ အပင်ပေါက်လာအောင် စောင့်ပြီး နောက်မှာတော့ ရှောင်မိသားစုခြံနောက်သို့ ပြောင်းရွှေ့လိုက်လေသည်။

မြေကွက်သုံးကွက်မှာ စတော်ဘယ်ရီစိုက်ပျိုးရန်အတွက် သိမ်းယူခံလိုက်ရလေသည်။ သူတို့အပေါ်တွင် ပလက်စတစ်တဲတစ်ခု ဆောက်လိုက်သည်။ စတော်ဘယ်ရီပင်များ ကောင်းစွာ ကြီးထွားစေရန်အတွက် ရှောင်လင်းယွီသည် စိုက်ပျိုးရေးနည်းလမ်းစာအုပ်အချို့ကိုပင် ဝယ်ယူလေ့လာခဲ့သည်။

အမှန်အတိုင်းပြောရရင်တော့ ဤသည်မှာ ရှောင်လင်းယွီ၏ ပထမဆုံးအကြိမ် စတော်ဘယ်ရီ စိုက်ကြည့်ခြင်းဖြစ်သည်။ ကိစ္စများကို သူမလိုချင်သည့်အတိုင်းဖြစ်လာအောင် လုပ်ဆောင်နေခဲ့သည်။ သို့သော်လည်း သူမတွင် စိုက်ပျိုးရေးနေရာလွတ်ရှိတာကြောင့် မအောင်မြင်မှာကိုတော့ မကြောက်ပေ။

စာချုပ်ကိစ္စပြီးစီးသွားသည့်နောက် ရှောင်လင်းယွီသည် သူမကို ကူညီပေးရန်အတွက် ရွာမှ သန်သန်မာမာ အမျိုးသားနှင့် အမျိုးသမီး တစ်ဒါဇင်ကို ငှားလိုက်လေသည်။ အမျိုးသားများကို တစ်ရက်လျှင် ၂၀ယွမ်ပေးကာ အမျိုးသမီးများကိုတော့ ၁၅ယွမ်ပေးပြီး အစားအသောက်တော့ မကျွေးပေ။ ဘာပဲဖြစ်ဖြစ် အနောက်တောင်တန်းသည် ရွာနှင့် သိပ်မဝေးတာကြောင့် ကိုယ့်အိမ်ကိုယ်ပြန်ပြီး စားနိုင်ပေသည်။

အမျိုးသားများက ပလက်စတစ်တဲဆောက်နေချိန် အမျိုးသမီးများကတော့ မြက်များနှုတ်ကာ မြေလှန်ရမည်ဖြစ်သည်။ အမျိုးသားများကို ရှောင်လင်းယွီ၏ စတုတ္ထဦးလေးက ဦးစီးပေးပြီး အမျိုးသမီးများကိုတော့ စတုတ္ထအဒေါ်က ဦးစီးနေလေသည်။

ရှောင်လင်းယွီသည် ငှားထားသည့် မြေအားလုံးတွင် တဲများဆောက်ရန် စီစဉ်ထားခဲ့သည်။ ထိုပလက်စတစ်တဲများက စတော်ဘယ်ရီများ၊ မြေပဲများ၊ ပဲပိစပ်များနှင့် နဂါးမောက်သီးပင်များကိုပါ ကာကွယ်ပေးပေလိမ့်မည်။

ရွာသားများသည် ရှောင်လင်းယွီ၏ မြန်ဆန်လှသည့် လုပ်ဆောင်ချက်ကြောင့် အတော်လေး အံ့အားသင့်နေကြလေသည်။ သူတို့ အခုပဲ လက်မှတ်ထိုးပြီးတယ် ရှောင်လင်းယွီက တဲတွေတောင် ဆောက်နေပြီပင်။ တဲများကို သုံးရက်နှင့် အပြီးသတ်နိုင်ခဲ့သည်။ ရှောင်လင်းယွီပြောသလိုပဲ သူတို့မငှားခဲ့သည့်မြေများကို လုံးဝသီးသန့်ခွဲထုတ်ထားလေသည်။

……

ရှောင်လင်းယွီသည် တဲများဆောက်နေစဉ်အတွင်း အိမ်တွင် ရှိမနေခဲ့ပေ။ သူမက သူမ၏ စတုတ္ထဦးလေးကို ပုံကြမ်းများပေးခဲ့ပြီးနောက် သူမကတော့ ခရိုင်မြို့ပေါ်တွင် ဟင်းသီးဟင်းရွက်များရောင်းချရန် ထွက်ခွာသွားလေသည်။

ရှောင်လင်းယွီသည် သူမ၏ စိုက်ပျိုးရေးနေရာလွတ်ထဲမှာ အသီးအရွက်ပမာဏများစွာ ရိတ်သိမ်းထားခဲ့သည်။ နေ့တိုင်းနီးပါးကို ရိတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ အကြိမ်တိုင်းလည်း ပမာဏက တူညီလေသည်။ ထိုသို့ဖြင့် စိုက်ပျိုးရေးနေရာလွတ်ထဲရှိ ဟင်းသီးဟင်းရွက်ပမာဏမှာ တိုးများလာခဲ့သည်။

ပုံမှန်ဆိုလျှင် မေမေရှောင်သည် သူမသမီးနှင့်အတူ ခရိုင်မြို့သို့ လိုက်သွားပေးချင်သော်လည်း အခုတော့ သူမသမီးက သူမကို အထူးတာဝန်တစ်ခု ပေးထားခဲ့လေသည်။ မေမေရှောင်အနေနှင့် စတော်ဘယ်ရီပင်များကို ရေလောင်းပေးဖို့ လိုနေခြင်းပင်။ ရှောင်လင်းယွီသည် သူမအမေကို စမ်းရေတစ်ပုလင်းပေးခဲ့လေသည်။ မေမေရှောင်က စမ်းရေတစ်ခွကို ပုံမှန်ရတစ်ပုံးထဲသို့ရောထည့်ကာ မျိုးစေ့များကိုလောင်းပေးခဲ့သည်။ သူမအနေနနှင့် မနက်တစ်ကြိမ် ညတစ်ကြိမ်သာ ရေလောင်းပေးဖို့ လိုပေသည်။

မေမေရှောင်က ထိုတာဝန်ကို တခြားလူများအား မလွှဲပေးရဲတာကြောင့် သူမက အိမ်တွင် နေရစ်ကာ ရှောင်လင်းယွီတစ်ယောက်တည်း မြို့တက်မည်ကို ခွင့်ပြုလိုက်ရလေသည်။

ရှောင်လင်းယွီသည် မနေ့ကပဲ ခရိုင်မြို့သို့ ရောက်လာခဲ့သည်။ သူမက အလျင်မလိုနေခဲ့ပေ။ မေမေရှောင်မရှိတာကြောင့် ရှောင်လင်းယွီသည် နေရာလွတ်ထဲမှ အသီးအရွက်များကို သုံးဘီးပေါ်သို့ တိုက်ရိုက်ပင် တင်လိုက်လေသည်။ သူမက နည်းနည်းချင်းရောင်းချရန် စီစဉ်ထားခဲ့သည်။ ထို့နောက် သူမသည် ဆိုင်မျက်နှာစာတစ်ခုကိုရှာကာ ရပ်ထားလိုက်မည်ပင်။ ထိုသို့ဖြင့် သူမ၏နေ့ရက်များကို စည်ပင်ကိုရှောင်ရင်း ကုန်ဆုံးရတော့မည်မဟုတ်ပေ။

ထိုညမှာပဲ ရှောင်လင်းယွီသည် မြေပိုင်ရှင်အဘွားစုန့်ကို ဖုန်းဆက်လိုက်သည်။ သူမတွင် ချန်ထားသည့် အသီးအရွက်များရှိကြောင်းပြောကာ အဘွားစုန့်အတွက် ပို့ပေးမည်ဖြစ်သည်။

“ကောင်မလေး၊ မြို့ပြန်ရောက်နေပြီလား။” အဘွားစုန့်သည် ရှောင်လင်းယွီ၏ဖုန်းခေါ်ဆိုမှုကို ရသည်နှင့် အလွန် စိတ်လှုပ်ရှားသွားလေသည်။ သူတို့အတွက် အထူးဟင်းသီးဟင်းရွက်များ ထပ်ရနိုင်တာကြောင့် သူမဝမ်းသာသွားခဲ့သည်။

“အဘွားကို လာပို့ဖို့မလိုပါဘူး။ မနက်ဖြန် အချိန်လည်းရှိတာဆိုတော့ အဘွားလာခဲ့ပါ့မယ်။” အဘွားစုန့်က ပြုံးကာ ပြောလိုက်လေသည်။ ပုံမှန်ဟင်းသီးဟင်းရွက်များသာဆိုလျှင် သူမငြင်းလိုက်မည်ဖြစ်သော်လည်း ရှောင်လင်းယွီ၏ ဟင်းသီးဟင်းရွက်များမှာ လုံးဝကို သာမာန်မဟုတ်ပေ။

အဘွားစုန့်က ဆက်ပြောလာလေသည်။ “ကောင်မလေး၊ ဒီကိစ္စကို အဘွားတို့မိသားစု ဆွေးနွေးပြီးပြီ။ မင်းရဲ့ အသီးအနှံ့တွေက သာမာန်မဟုတ်ဘူး၊ ဒီတော့ ဈေးကလည်း သာမာန်ဟုတ်မှာမဟုတ်ဘူး။ မင်းငါ့ကို ဖုံးကွယ်နေဖို့မလိုဘူးနော်။ ဟိုနေ့တုန်းက မင်းဆီက ဝယ်သွားတဲ့လူတွေဆီကနေ အဘွားသိထားပြီးပြီ။” ရှောင်လင်းယွီ၏အသီးအရွက်များမှာ ဈေးကြီးလှပေသည်။

“ဒီလိုအလကားယူနေရတာ အဘွားတို့စိတ်ထဲမကောင်းဘူး။ ကျသင့်ငွေပေးပါရစေ။ ပြီးတော့၊ ကောင်မလေး၊ မင်းပဲ အိမ်ငှားခနဲ့ ညီအောင်လို့ပေးမယ်လို့ ပြောထားတာမဟုတ်ဘူးလား။ အိမ်ငှားခက အဲ့လောက်ဈေးမကြီးဘူးလေ။”

ရှောင်လင်းယွီ ပြုံးလိုက်လေသည်။ “ဟုတ်ပါပြီ၊ ဒါဆိုလည်း အဘွားစုန့်ကို ကျေးဇူးတင်ပါတယ်။”

ရှောင်လင်းယွီ ဖုန်းချလိုက်ပြီးနောက် သူမတွင် ယုံကြည်ချက်များ ပိုပြည့်လာခဲ့သည်။ မနက်ဖြန်တော့ ရောင်းကောင်းတော့မှာပဲ။

ထို့နောက် သူမကိုယ်သူမ အားပေးလိုက်လေသည်။ “ငါတို့လုပ်နိုင်တယ်။”

***

စာစဉ် ၆ ပြီးပါပြီ။

All Chapters