← Chapters

ဖိတ်ခေါ်ခြင်း

Vol. 11 Ch. 153

ဖိတ်ခေါ်ခြင်း

Vol. 11 Ch. 153

“ငါပြန်လာတဲ့အခါ တပ်ဖွဲ့တွေကို ငါကိုယ်တိုင်ဦးဆောင်ပြီး ပုန်ကန်သူတွေကို နှိမ်နှင်းမယ်။ ချွန်ယုမြို့တော် ဆယ့်ခုနစ်ခုကို ငါတို့တိုင်းပြည်ထဲ အမြန်ဆုံး သိမ်းသွင်းနိုင်ရမယ်”

“မင်းတို့ အဆင့်မြင့်ဘုန်းကြီးတွေ ဗုဒ္ဓကျမ်းစာရွတ်တာကို ကြားဖူးကြလား”

ဘုရင်မ ရုတ်တရက်ဒေါသထွက်၍ နဝေတိမ်တောင်ဖြစ်နေသည့် သရဲစစ်သူကြီးများ အရာရှိများ ထိုမေးခွန်းကြောင့် ပို၍မှင်သက်မိသွားသည်။ သူတို့ဆွေးနွေးနေသည့် အိမ်နီးချင်းသရဲနိုင်ငံများ သိမ်းပိုက်ရေးအစီအစဉ်နှင့် လုံးဝအဆက်အစပ်မရှိ။

မဆက်စပ်သော်လည်း ဆက်စပ်ရမည်။ ဘုရင်မကမေးလျှင် သူတို့ဖြေရမည်။

“မကြားဖူးပါဘူး အရှင်မ”

အဖြေက တစ်ညီတစ်ညာတည်းဖြစ်နေသည်။ ကျမ်းရွတ်ဘုန်းကြီးများကို တစ်ယောက်မှ မတွေ့ဘူးကြ။ ဤနေရာသည် မြေအောက်ဘုံ(ငရဲ)ဖြစ်သည်။ ဘုန်းကြီးများက လူသားကမ္ဘာတွင် အဓိကကျင်လည်ကြသည်။ အကယ်၍ ထိုဘုန်းကြီးများကို အမှတ်မထင်တွေ့ခဲ့လျှင်လည်း အသွေးအသားကိုသာ ဝါးမျိုလိုက်ကြမည်။ သို့မဟုတ် ကျွန်ပြုလိုက်ကြမည်။ ကျမ်းရွတ်သည်ကို နားထောင်စရာ အကြောင်းမရှိ။

“ဗုဒ္ဓကျမ်းစာက မင်းတို့စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ နာကျည်းဒေါသတွေ အမုန်းတရားတွေကို ရှင်းလင်းပေးနိုင်တယ်။ စွမ်းအားမြင့်ဘုန်းကြီးတွေရွတ်တဲ့ကျမ်းစာကို မကြာခဏ နားထောင်ပေးရင် မင်းတို့ရဲ့ ဝိညာဉ်စွမ်းအားတိုးတက်မှုအပေါ် အများကြီးအကျိုးရှိလိမ့်မယ်”

ယုဟွမ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ အဘယ်ကြောင့် သူတို့အရှင်မက ထိုစကားများ ပြောပြနေသည်မသိ။

သူတို့ထဲမှ အများစုသည် သရဲမျိုးနွယ်အဖြစ် မွေးဖွားလာသူများဖြစ်သည်။ မြေအောက်သားရဲဘဝမှ အသွင်ပြောင်းလာသူ အနည်းငယ်သာရှိသည်။ ကွာခြားချက်တော့ သိပ်မရှိလှ။ သရဲမျိုးနွယ်များသည် မွေးကတည်းက ချို့ယွင်းချက်ပါလာသည်။

ပြင်းထန်သည့် နာကျည်းမှုနှင့် အမုန်းတရားတို့ကြောင့် သူတို့မွေးဖွားလာခြင်းဖြစ်သည်။ အစကတည်းက ကြမ်းတမ်းရိုင်းစိုင်းသည်။

မိုးမြေကြားမှ အမှောင်စွမ်းအင်များကို စုပ်ယူသည်။ ဝိညာဉ်အားလုံးကို ရန်လိုစိတ် သတ်ဖြတ်လိုစိတ် ပြင်းထန်သည်။

အများစုက မွေးဖွားစတွင် သိစိတ်ဆင်ခြင်ဉာဏ် လုံးဝမရှိကြ။ သရဲဗီဇဖြင့် ရောက်သည့်နေရာတိုင်း ဒုက္ခပေးသည်။ ထို့ကြောင့် အချိန်တိုအတွင်း သေကြေပျက်စီးသည်က များသည်။ အသိမဲ့သည့်သတ္တဝါမျိုးသည် ရေရှည်အသက်မရှင်နိုင်။

အကြောင်းအမျိုးမျိုးကြောင့် အသိဉာဏ်အပြည့်အဝ ရလာသည့် သရဲတစ်ချို့လည်းရှိသည်။ နောက်ထပ် ရှေ့ဆက်တိုးတက်နိုင်ခွင့် ရကြသည်။ ရှေ့ဆက်နိုင်ခွင့်ကလည်း သူတို့အသိစိတ်ကို နာကျည်းဒေါသများ ဝါးမျို ခံရမည့်အန္တရာယ် ရှိနေသည်။

မြေအောက်လောက နေရာစုံတွင် တစ်ချို့အလွဲအမှားများကြောင့် အသိစိတ်ပျောက်၍ ရူးသွပ်သွားသည့် သရဲမျိုးနွယ် များစွာရှိသည်။ ထိုသရဲများ၏ ကံကြမ္မာ ဆိုးဝါးလေ့ရှိသည်။

ယခု ဗုဒ္ဓကျမ်းစာစွမ်းအားဖြင့် နာကျည်းဒေါကကို ရှင်းလင်းနိုင်သည်ဟု ကြားရသော်လည်း ခေါင်းဆောင်သရဲများ ပျော်ရွှင်စိတ်လှုပ်ရှားသည့် အမူအရာမျိုး မရှိကြ။

ရောက်လာသည့်ဘုန်းကြီးတွင် တစ်ခြားအစီအမံတစ်ခုခုမရှိလျှင် သရဲမျိုးနွယ်များ ကျမ်းစာအောက်တွင် အသက်ရှင်နိုင်စရာ မကြောင်းမရှိ။

သူတို့ စွမ်းအားမြင့်ဗုဒ္ဓမျိုး မမြင်ဖူးကြ။ သို့သော် သရဲနိုင်ငံထိပ်တန်းအရာရှိများဖြစ်၍ ဗုဒ္ဓကိုယ်တော်များအကြောင်းတော့ အားလုံးကြားဖူးထားကြသည်။

ကျမ်းစာရွတ်သည့် ဘုန်းကြီးများသည် တစ်ကိုယ်လုံး ရွှေရောင်အလင်းများတောက်ပနေသည်။ အားလုံးကို အလင်းပေးသည့် နေမင်းနှင့်တူသည်။ တစ်ခါတစ်ရံ မြေအောက်ဘုံတွင် ပေါ်လာတတ်သည်။

တိုက်ခိုက်သတ်ဖြတ်မှုများပြည့်နေသည့် သရဲဝိညာဉ်များအတွက် ထိုဘုန်းကြိးများ ဝင်လာခြင်းသည် သဘာဝဘေးအန္တရာယ်မျိုးဖြစ်သည်။ သရဲနိုင်ငံတစ်ခုလုံးပင် ရှင်းလင်းခံရတတ်သည်။ သရဲမသေမျိုးများကိုပင် ဖမ်းခေါ်သွားဖူးသည်ဟု ကောလဟာလဆိုကြသည်။

ထိုစကားများ မှန်မမှန်မသိ။ သို့သော် ကျမ်းစာရွတ်သည်ကို‌တော့ သူတို့နားမထောင်ချင်ကြ။ ဗုဒ္ဓအလင်းဖြင့် ‘လွတ်မြောက်မှု’ရသည့်အဖြစ်မျိုး မလိုချင်ကြ။ အားအနည်းဆုံး သရဲများသာ ထိုသို့လုပ်လိမ့်မည်။

“နောက်ထပ်ရက်နည်းနည်းကြာရင် ဗုဒ္ဓဂိတ်ကိုယ်တော်တစ်ပါးကို ငါခေါ်လာဖြစ်လောက်တယ်။ အဲဒီ့အချိန်ကျရင် ကျမ်းစာရွတ်တာကို မင်းတို့အားလုံး လာနားထောင်နိုင်တယ်”

လက်အောက်ခံတို့၏ မအီမလည်အမူအရာများကို သူအရေးမစိုက်။

သရဲများ ဗုဒ္ဓကျကမ်းရွတ်သံ နားထောင်လျှင် ပြင်းထန်သည့်ဝေဒနာကို ခံစားရမည်သာဖြစ်သည်။ မွေးကတည်းကပါလာသည့် သူတို့အခြေခံကို ရှင်းလင်းခံရမည်။ ထိုအခြေခံသည်ပင် အရာအားလုံးကို ဖျက်ဆီးနိုင်သည့် အချိန်ကိုက်ဗုံးတစ်လုံးလည်းဖြစ်သည်။

ဗုဒ္ဓအလင်းအောက်တွင် သန့်စင်ခြင်းမခံရဘဲ ကျမ်းစာရွတ်သံကို သည်းခံနိုင်လျှင် ယင်ခန္ဓာကိုယ်ကို သန့်စင်၍ အဆင့်တိုးတက်ခွင့်ရမည်။ သဘာဝဖြစ်စဉ်အတိုင်း ဖြစ်သွားမည်။

သို့သော် မြေအောက်သို့ဝင်ခဲ့သည့် တစ်ချိန်ကဘုန်းကြီးများ သူတို့ကျမ်းစာရွတ်သည်ကို သရဲမျိုးနွယ်များ ခံနိုင်ရည်ရှိသည်မရှိသည် အရေးမစိုက်ကြ။ ယခု အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။

“ဟုတ်”

အတွေးမျိုးစုံ ရှုပ်ထွေးနေကြသ်ောလည်း အာလးုံး အလိုက်သင့်ပြန်ဖြေကြသည်။ ဘုန်းကြီးကို မည်သို့ခေါ်လာမလဲ သိချင်ကြသည်။ ကောလဟာလပေါ်ဖူးသည့် သရဲဘုန်းကြီးမျိုးလည်း ဖြစ်နိုင်သည်။

“မင်းတို့အစီရင်ခံတာ ဘယ်နားရောက်ပြီလဲ။ ဆက်ပြောကြပါ”

ဖုန်ချင်အန်းဆီလာရဲသည့် ဘုန်းကြီးကိစ္စ အစီအစဉ်ချပြီးနောက် နိုင်ငံရေးကိစ္စများဘက်သို့ ပြန်ဦးတည်လိုက်သည်။ ပျံ့နှံ့နေသည့် စွမ်းအင်ရောင်များကို ပြန်ရုတ်သိမ်းလိုက်သည်။

“ကျုပ်တို့ရဲ့ စစ်ရေးမှာ...”

သရဲစစ်သူကြီးက မြေပေါ်တွင် ဒူးထောက်၍ ဆက်၍အစီရင်ခံသည်။

သရဲနိုင်ငံကိစ္စများနှင့် လုံးထွေးနေရသော်လည်း တုန်ဟွမ်း၏စိတ်က လူသားကမ္ဘာဆီ အတွေးရောက်နေသည်။

ဗုဒ္ဓဂိတ်စွမ်းအားမြင့်ဘုန်းကြီး။

ဗောဓိကျောင်း တည်ထောင်စဉ်ကတည်းက သူသတိထားမိခဲ့သည်။ ဖုန်ချင်အန်းကြောင့် ဤဘုန်းကြီးရောက်လာမှန်းသိသော်လည်း သူမလှုပ်ရှားခဲ့။ ထိုဘုန်းကြီး မည်သို့အကွက်ရွှေ့မည်ကို ကြည့်လိုသောကြောင့်ဖြစ်သည်။

ယခု အတော်ကြာမှ သတင်းကြားရသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ဗုဒ္ဓဂိတ်သည် နည်းလမ်းဟောင်းများကိုသာ သုံးနေဆဲဖြစ်သည်။ တိုက်ရိုက်ဆန်သည်။ သွေးဆောင်ဖျားယောင်းသည်။

ဗုဒ္ဓဂိတ်၏နည်းလမ်းများသည် ယခုထိ အသုံးဝင်နေဆဲဖြစ်သည်။

ကျမ်းစာရွတ်သည်။ ဗုဒ္ဓဂိတ်အတွင်း အလင်းရနိုင်သည့် ကျင့်စဉ်နည်းများကို တိုက်ရိုက်သင်ပြသည်။ အားလုံးရှေ့တွင် မျှဝေသည်။ ကျင့်ကြံသူအများစုအတွက် ထိုနည်းလမ်းများကို တွန်းလှန်နိုင်ရန် ခဲယဉ်းသည်။

ထိုကျမ်းစာများက အရဟတ်ဗောဓိသတ္တအဖြစ်ကို ရနိုင်ကြောင်း အာမခံထားသည်။ ဗုဒ္ဓအဖြစ်ကိုပင် ရနိုင်သည်။ ပြိုင်ဘက်ကင်း မှော်စွမ်းအင်များ အားကောင်းသည့် အမြင်အာရုံများကို ပေးနိုင်သည်။ ကမ္ဘာပေါ်တွင် ထိုအဖြစ်မျိုးကို မလိုချင်သူမရှိ။ မသေမျိုးများပင် ရပ်တန့်၍ ဓမ္မကို နားထောင်ကြသည်။

သို့သော် ထိုဓမ္မများက ဖုန်ချင်အန်းအတွက် အကျိုးရှိပုံမရ။ ဖြစ်လည်းဖြစ်သင့်သည်။ သူသည် မသေမျိုးမိုနာ့လူဝင်စားဖြစ်၍ ဗုဒ္ဓကျမ်းစာ၏ဆွဲဆောင်မှုဒဏ်ကို တွန်းလှန်နိုင်သည်။

ဖုန်ချင်အန်း တွန်းလှန်နိုင်လျှင် သူစိတ်ချသည်။ စိတ်အေးအေးဖြင့် လှုပ်ရှားနိုင်သည်။ ဤဘုန်းကြီးများကိစ္စ ဖုန်ချင်အန်းကို ရှင်းခိုင်း၍မဖြစ်။ သူကိုယ်တိုင်ရှင်းရမည်။

ဖုန်ချင်အန်းကလည်း ဖြေရှင်းသင့်သည့် နည်းလမ်းတစ်ခု အကြံပေးသည်။ အတော်ကောင်းသည့်နည်းဟု သူယူဆသည်။

“ယုဟွမ်သခင်မက ငါပေးတဲ့အကြံကို လက်ခံပါ့မလား”

တုန်ဟွမ်းနှင့် ပြောဆိုပြီးနောက် ဖုန်ချင်အန်း သူ့အခန်းသို့ပြန်လာပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။

ထိုအကြံသည် သူတကိုယ်ကောင်းဆန်ခြင်းမဟုတ်။ ထိုဘုန်းကြီးအိုသည် သူ့ကိုပစ်မှတ်ထားခြင်းဖြစ်မည်ဟု သူယူဆသည်။ တောင်နက်နှင့်သူ ထွက်လာချိန်တွင် ထိုဘုန်းကြီးပုံစံက တည်ငြိမ်လွန်းနေသည်။

ပုံမှန်ဆိုလျှင် ကြောက်စရာနတ်ဆိုးကို အိမ်မွေးခွေးလို မွေးထားသည့်လူမျိုးတွေ့လျှင် သာမန်ကျင့်ကြံသူများ အံ့ဩမှင်သက်မိသွားကြမည်ဖြစ်သည်။ ထိုဘုန်းကြီး ဘာမှမဖြစ်လေသယောင် ကျမ်းစာဆက်ရွတ်နေသည်။

ပုံမှန်မဟုတ်ခြင်းသည် အန္တရာယ်ဖြစ်သည်။ ထိုဘုန်းကြီး သူ့အကြောင်းကို စုံစမ်းထားပြီးဖြစ်မည်။ ထို့ကြောင့် သူ့ကိုတွေ့သည့်အချိန်တွင် မျက်နှာမပျက် နေနိုင်ခဲ့ခြင်းဖြစ်မည်။

ယုတ်မာသည့်အကြံအစည် မရှိတိုင်း စိတ်ကောင်းရှိသည်ဟု မဆိုနိုင်။ ထိုဘုန်းကြီး သူ့ကို ဘုံကျောင်းထဲ ခေါ်သွားဖို့ ရည်ရွယ်ခဲ့ဟန်ရှိသည်။ သို့သော် ကျမ်းစာဖတ်ဖို့ ဘုန်းကြီးဝတ်ဖို့ သူလုံးဝစိတ်မဝင်စား။

တောင်နက်၏ နာကျည်းဒေါသများ သန့်စင်ပေးနိုင်သည်ကိုကြည့်၍ သူအတွေးတစ်ခု ရခဲ့သည်။

ထိုဘုန်းကြီးအိုကို မြေအောက်ဘုံသို့ စေလွှတ်သင့်သည်။ သရဲနိုင်ငံသို့ အထူးဧည့်သည်အဖြစ် ပို့သင့်သည်။

ထိုဘုန်းကြီးသည် သတ္တဝါအားလုံးကို ကယ်တင်ရန် စိတ်အားထက်သန်သည့် စိတ်နှလုံးပိုင်ရှင် ဖြစ်နေသည်။ တောင်တန်းမှ ငှက်နှင့်သားရဲများကို ရက်ရက်ရောရော တရားပြပေးသည်။ မြေအောက်ကမ္ဘာတွင် ရုန်းကန်လှုပ်ရှားနေသည့် သရဲမျိုးနွယ်များကိုလည်း သူတရားပြပေးချင်ပေလိမ့်မည်။

ထိုကြောင့် ထိုဘုန်းကြီးကို အကူအညီပေးလိုက်ရန် တုန်ဟွမ်းကို အကြံပြုလိုက်ခြင်းဖြစ်သည်။ ထိုဘုန်းကြီးအိုသည် နက်နဲ့သည့်ဓမ္မနှလုံးဖြင့် လာခဲ့သူဖြစ်၍ လက်ဗလာဖြင့် စိတ်ပျက်လက်ပျက် ပြန်မသါားသည်။

သူ့စိတ်ကူးအကြံ ကောင်းသော်လည်း တုန်ဟွမ်း လက်ခံမည်လက်မခံမည် သူမသိ။ တုန်ဟွမ်း ကူညီမည်ဆိုလျှင် ထိုဘုန်းကြိး ပျော်သွားမည်ထင်သည်။ ထိုအဖြစ်သည် ကြီးမားသည့် မေတ္တာနှင့်ကရုဏာကို ဖြန့်ဝေခွင့်ရသည့် အခွင့်အရေးဖြစ်သည်။

ထိုအဖြစ်ကြောင့် နောင်တစ်ချိန် ထိုဘုန်းကြီး ဉာဏ်အသင်းရသွားလျှင်၊ ထိုသို့ဖြစ်သည်မှာ ဖုန်ချင်အန်းပေးသည့်အကြံဖြစ်ကြောင်း သိသွားလျှင် ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များပင် ကျသွားနိုင်သည်။

All Chapters