တံခါးခေါက်သူ
Vol. 11 Ch. 155
သို့သော် သူမည်မျှကြိုးစားသည်ဖြစ်စေ ရွာထဲတွင် တစ်ကိုယ်တည်းနေသည့် ကလေးတစ်ယောက်ကို မဆွဲဆောင်နိုင်ခဲ့။ ခြင်းကြားနှင့်ရေသယ်သလို ဖြစ်နေသည်။ ကြိုးစားထားသမျှ အချည်းအနှီးဖြစ်နေသလို ခံစားရသည်။
ထို့ကြောင့် ဒေသခံနတ်များကို မွှေးတိုင်များစွာ လှူဒါန်း၍ စနည်းနာကြည့်သည်။ ထို့နောက် မြွေစိမ်းတောင်တန်းသို့သွား၍ ဗုဒ္ဓသုတ္တာတို့ကို ရွတ်ဆိုခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူတိုးတက်မှုတစ်ချို့ရှိလာသည်။ မသေမျိုးလူဝင်စား၏ညီငယ်ကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိတ်လန့်ကြောက်ရွံ့၍ ဆုံးရှုံးမှုများစွာ ရှိခဲ့သော်လည်း အကျိုးတစ်ခု အမှန်တကယ်ရခဲ့သည်။
“ဒီလောက်ငယ်ငယ်နဲ့ နတ်ဆိုးကို မွေးနိုင်တယ်ပေါ့။ သူလည်း ကောင်းကင်ဖြစ်တည်မှု လူဝင်စားများဖြစ်မလား”
“တစ်ဝမ်းတည်းက မွေးလာတာပဲလေ။ လူဝင်စားမိုနာ့ရဲ့ ဝိညာဉ်စွမ်းအင်တွေရခဲ့လို့ မွေးကတည်းက သူထူးခြားနေတာဖြစ်မှာပေါ့”
“သူလည်း လူဝင်စားဖြစ်နိုင်တယ်။ ဒီအယူအဆကို ပစ်ပယ်လို့မရဘူး။ သူက သူ့အကိုနဲ့ သွေးဆက်တစ်ခုတည်းပဲ။ အတူတူ လူပြန်ဝင်စားလာတာဖြစ်နိုင်တယ်”
ဘုန်းကြီးများ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။ တည်ငြိမ်နေသည့်မျက်လုံးများ အရောင်တောက်လာသည်။ စိတ်ဝင်စားမှု မြင့်တက်လာသည်။
“အတိတ်ဘဝက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒီဘဝမှာ သူဟာ ဗုဒ္ဓဘာသာနှင့် ရေစက်ရှိတယ်။ သူ့ကို ငါတို့ဗောဓိကျောင်းနဲ့ မိတ်ဆက်ပေးရမယ်။ မြင့်မြတ်တဲ့ဓမ္မကို သင်ယူခိုင်းပြီး ဦးစီးဦးဆောင်ဖြစ်လာလိမ့်မယ်”
နောက်ဆုံးဆုံးဖြတ်ချက်ကို ဂိုဏ်းမှူးဘုန်းကြီးကပြောလိုက်သည်။ သူအတော်စိတ်အားထက်သန်နေဟန်ရှိသည်။
လူဝင်စားမိုနာ့ကို သူတို့မရနိုင်။ ဖြစ်နိုင်စရာ အကြောင်းမရှိ။ သို့သော် သူနှင့်သွေးဆက်တူ ညီငယ်ဆိုလျှင်လည်း မဆိုးလှ။ သူ့ကို ခေါ်လာနိုင်လျှင် သူတို့ခရီးစဉ် အလကားမဖြစ်တော့။
“ဒါပေမယ့် ဒီကောင်လေးက ဗုဒ္ဓဘာသာကို စိတ်မဝင်စားဘူး။ အကောင်းမမြင်ဘူး”
“ကိစ္စမရှိဘူး။ အတိတ်ဘဝက ကြီးကျယ်တဲ့ကံဇာတာမျိုး ရှိခဲ့ပေမယ့် အခုချိန်မှာ အတိတ်ဉာဏ်ရည်မရှိသေးဘူး။ သူ့အခြေခံသဘာဝကို သေချာမသိသေးဘူး။ သေမျိုးလောကကို ခင်တွယ်နေတုန်းပဲ။ ဒီတော့ ဗုဒ္ဓလမ်းကြောင်းကို မလိုက်ချင်တာ သဘာဝကျပါတယ်”
ဂိုဏ်းမှူးစကားက တည်ငြိမ်သည်။ လုံးဝမအံ့ဩ။ ထိုအဖြစ်မျိုး အကြိမ်များစွာ သူမြင်ဖူးသည်။
ဗုဒ္ဓကျောင်းတွင် တင်းကြပ်သည့်စည်းမျဉ်းဝိနည်းများရှိသည်။ လောကလူသားတို့ သဘောမကျ၊ ဘုန်းကြီးမဝတ်လိုကြသည်မှာ မဆန်းလှ။ အားလုံးကို အပြည့်အဝနားလည်၍ အတွယ်အတာများကို ဖြတ်တောက်နိုင်ရန် ခက်ခဲသည်။ ထိုသို့ဖြတ်တောက်နိုင်မှသာ ဗုဒ္ဓဝါဒအတွင်းသို့ စတင်ချဉ်းကပ်နိုင်သည်။
ပုံမှန်ဆိုလျှင် ဂိုဏ်းမှူးဖက်တီးဘုန်းကြီးသည် ထိုကလေးအရွယ်ရောက်သည်အထိ နှစ်သုံးလေးဆယ်လောက် စောင့်နိုင်ပါသည်။ လောကအတွေ့အကြုံကို ခံစား၍ ဘဝအသိများရလာပြီးမှ ဗုဒ္ဓဂိတ်အတွင်းသို့ ဆွဲခေါ်နိုင်သည်။
ဗုဒ္ဓဝါဒသည် အသက်အရွယ် စွမ်းဆောင်ရည် သီးခြားကန့်သတ်ချက်မရှိ။ ခွဲခြားမြင်နိုင်သည့် အသိဉာဏ်ရှိလျှင် စွမ်းအင်ကုန်ဆုံး၍ သေခါနီးဆဲဆဲမှာပင် ဗုဒ္ဓဂိတ်အတွင်းသို့ ဝင်နိုင်သည်။
ရုတ်တရက် ဉာဏ်အလင်းပွင့်သည့်အဖြစ်များ အလွန်ပေါများသည်။ သို့သော် ကူးမြောက်ခြင်း (သို့မဟုတ်) လွတ်မြောက်ခြင်းအဖြစ်သို့ နေ့ချင်းညချင်းရောက်သည့်အဖြစ်မျိုး အတော်ရှားသည်။ မွေးကတည်းက ဗုဒ္ဓဖြစ်လာသည့် မူလဗုဒ္ဓမျိုးဆိုလျှင်တော့ ဖြစ်နိုင်သည်။
သို့သော် ထိုကလေးငယ်အကြောင်း နားလည်သည်က သူတို့တစ်ဖွဲ့တည်းမဟုတ်။ တစ်ခြားလူများကလည်း လူဝင်စားမိုနာ့ကိုဆက်သွယ်ဖို့ စိတ်မကူးကြတော့။ ဆွေမျိုးရင်းညီအကိုဖြစ်သူဆီ အာရုံစိုက်လာကြသည်။။
ထို့ကြောင့် ယခု သူတို့ လက်ဦးမှုယူရမည်။ တစ်နှစ်ပင်မပြည့်သေး။ ထိုကလေး၏ ပါရမီထူးကဲမှုသတင်းများ ပို၍ပျံ့နှံ့လာသည်။ တာအိုဆရာများ ထင်ရှားသည့်ဘုန်းကြီးများက အာရုံစိုက်လာကြသည်။
ထိုကလေးကို လက်ဦးအောင် သူတို့ဆွဲခေါ်နိုင်ရမည်။ သို့မှသာ နောင်တချိန် သူတို့ အကျိုးကျေးဇူး ပြန်ခံစားရမည်။
“အကြံပေးပါဦး ဂိုဏ်းမှူး”
ဘုန်းကြီးအိုက ရိုရိုသေသေမေးသည်။ ထိုဂိုဏ်းမှူးဖက်တီးသည် လူအများကို ဗုဒ္ဓဘာသာတွင်းသို့ သွတ်သွင်းရာတွင် အတော်ကျွမ်းကျင်ကြောင်း သူသိထားသည်။ ကလေးတစ်ယောက်ကို ဆွဲဆောင်ဖို့ ခက်မည်မထင်။
“လူသားလောကမှာ လောကီအညစ်အကြေးတွေ အတော်ထူပြောတယ်။ အာရုံခြောက်ပါးကို အလွယ်တကူ အမှောင်ဖုံးနိုင်တယ်။ ကြီးကျယ်တဲ့အတိတ်ဘဝ ရှိခဲ့ရင်တောင် ဗုဒ္ဓအနှစ်သာရကို မြင်နိုင်ဖို့မလွယ်ဘူး။ ဒါပေမယ့် ဒီကလေးက ပါရီထူးတယ်။ ရုတ်တရက်အငိုက်ဖမ်းပြီး တရားပြလိုက်ရင် သူထိတ်လန့်သွားမှာပါ။ အဲဒါဆို ဗုဒ္ဓဓမ္မရဲ့ နက်နဲမှုကို နားလည်လာလိမ့်မယ်”
“အဲလိုလုပ်လို့တော့ မဖြစ်လောက်ဘူး။ ဒီကောင်လေးမှ ကြောက်စရာကောင်းတဲ့ သူတော်စင်ဓားရှိ။ သူ့ကို သွားခြောက်လှန့်ပြီး ရန်စလို့ သူ့ဓားကို ဆွဲထုတ်လာရင် ဂိုဏ်းမှူးတောင် အန္တရာယ်ကြုံသွားနိုင်ပါတယ်”
ဘုန်းကြီးအိုက ကန့်ကွက်သည်။ အငိုက်ဖမ်းသည့်သဘောကို သူနားလည်ပါသည်။ ဉာဏ်ရည်ထူးပြီး နောက်ခံမတောင့်တင်းသူများကို ဆွဲဆောင်သည့်ဗျူဟာဖြစ်သည်။ သို့သော် နောက်ခံကောင်းရှိသည့် ကလေးတစ်ယောက်ကို ထိုဗျူဟာသွားသုံးလျှင် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာဖြစ်သည်။
“အဲဒီ့ကိစ္စကို မင်းဘာလို့ကြိုမပြောခဲ့တာလဲ ယီရှို့”
“ဦးလေးမှ မမေးခဲ့တာပဲလေ”
“အော်မီတော်ဖေါ်”
“ဒီကိစ္စကို ဖြေးဖြေးချင်း လုပ်ရမယ်။ အလျင်လိုလို့မဖြစ်ဘူး”
“ဟုတ်တယ်”
ညအမှောင်အောက်တွင် သူတို့လူစု လုပ်ဆောင်မည့်အစီအစဉ်များကို စတင်ဆွေးနွေးကြသည်။ မီးအိမ်တစ်ခုပင် မထွန်းကြ။ နောက်ဆုံးတွင်ညာဉ့်သန်းခေါင်အချိန် ရောက်လာသည်။
“ဒေါက် ဒေါက် ဒေါက်”
တိတ်ဆိတ်သည့် ညအမှောင်ထဲတွင် တံခါးခေါက်သံက ထင်ရှားစွာပေါ်လာသည်။ ကျောင်းတစ်ခုလုံးသို့ လွင့်ပျံလာသည်။သွားသည်။ အကျိတ်အနယ်ဆွေးနွေးနေသည့် ဘုန်းကြီးများ စကားပြတ်သွားသည်။
ထိုအချိန်ကျမှ သူတို့သတိထားမိသည်။ သူတို့ဦးခေါင်းအထက် ကောင်းကင်တွင် လနှင့်ကြယ်များ လုံးဝမမြင်ရ။ ပုရစ်အော်သံများ အင်းဆက်အောက်သံများလည်း မကြားရ။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းကို သူတို့ရိပ်မိသည်။
“ဘယ်နတ်ဆိုးက ငါတို့ဗောဓိကျောင်းကို လာနှောက်ယှက်ရဲတာလဲကွ”
သူတို့မကြောက်။ ခေါင်းဆောင်ဖက်တီးဘုန်းကြီး ဒေါသထွက်လာဟန်ရှိသည်။
သက်တမ်းရာချီနေခဲ့သည့် ဘုန်းကြီးများဖြစ်၍ နတ်ဆိုးများစွာ တွေ့ဖူးသည်။ နတ်ဆိုးများ သရဲဝိညာဉ်များကို သူတို့ကသာ လိုက်နှိပ်ကွပ်ခဲ့သည်။ ယခုလို သူတို့နေရာကို လာနှောက်ယှက်သည့် နတ်ဆိုးများ မကြုံဖူး။
မထီလေးစားလုပ်ခြင်းဖြစ်သည်။
လက်မခံနိုင်။
“စန်းချီ၊ တံခါးသွားဖွင့်စမ်း။ ညာဉ့်နက်သန်းကောင် တံခါးလာခေါက်ရဲတဲ့လူကို ငါကြည့်ချင်တယ်”
“ဟုတ်ကဲ့ ဂိုဏ်းမှူး”
ဘုန်းကြီးတစ်ပါး ဦးညွှတ်အရိုအသေပြုသည်။ တံခါးဆီ ရဲရဲဝံ့ဝံ့လျှောက်သွားသည်။ သူသည် ဂျူနီယာအဆင့်ဖြစ်သော်လည်း နန်ဟွားတိုက်နယ်ကို ခြေဆန့်ခဲ့သူတိုင်း မြင့်မြတ်သည့်ကိုယ်တော်အဖြစ် အသိအမှတ်ပြုကြမည်ဖြစ်သည်။ တံခါးလာခေါက်သည့်နတ်ဆိုးကို ကြောက်စရာအကြောင်းမရှိ။
“ကျီ”
တံခါးကို အလွယ်တကူ တွန်းဖွင့်လိုက်သည်။ အရိုးခိုက်မတတ်အေးစိမ့်သည့် ယင်စွမ်းအင်များ လိမ့်ဝင်လာသည်။ ကျယ်ဝန်းသည့် ဘုန်းကြီးကျောင်းတစ်ခုလုံး ပြည့်နက်သွားသည်။
နွေဦးနှောင်းပိုင်း ပူပြင်းသည့် နွေရာသီအစဖြစ်သည်။ သို့သော် ဆယ်ဧကကျော်ကျယ်သည့် ဘုံကျောင်းကြမ်းပြင်အုတ်ခဲ၊ လှေခါး၊ တိုင်လုံးများနှင့် ခန်းမထဲမှ ဗုဒ္ဓရုပ်ထုများ။ အရာအားလုံး ပါးလွှာသည့်နှင်းထုတစ်ခု ဖုံးလွှမ်းနေသည်။
တံခါးဖွင့်သည့်ဖုန်းကြီး လက်နှစ်ဘက် ဆုပ်လိုက်သည်။ မျက်နှာက ငေးကြောင်သွားသည်။ နတ်ဆိုးကို ဆုံးမရန် ပြင်ထားကြသည့် နောက်မှဘုန်းကြီးများလည်း ကျောက်ရုပ်လိုဖြစ်သွားသည်။ ဘာလုပ်ရမှန်းမသိကြတော့။
ဘုံကျောင်းတံခါးမှလွန်လျှင ဘာမှမမြင်ရ။ ကျောင်းတစ်ခုလုံး အမှောင်နယ်မြေတွင် လွင့်ပျံလာသည်။နေသည့် ကျွန်းမျောပမာ ဖြစ်နေသည်။ ဘာမှမရှိသည့်နေရာသို့ ပို့ထားခံရသလို ဖြစ်နေသည်။
ထိုအဖြစ်ကို ဘုန်းကြီးများ မအံ့ဩ။ ထိုလေဟာနယ်သည် ပုံရိပ်ယောင်မှန်း သိကြသည် နတ်ဆိုးစွမ်းအင်ပျောက်သွားလျှင် ပုံရိပ်ယောင်လည်း ပျောက်သွားသည်။ တံခါးအပြင်ဘက်တွင် သရဲ သို့မဟုတ် နတ်ဆိုးရှိနေလျှင်လည်း သူတို့မအံ့ဩ။
ကြီးမားသည့် ဒဏ္ဍာရီလာငှက်တစ်ကောင်။ မြွေခေါင်း၊ ငါးမြီး၊ နဂါးကြေးခွံ၊ လိပ်ခန္ဓာ၊ ကြက်နှုတ်သီး၊ တောင်ပံတစ်စုံ။ အဆင့်အတန်းမြင့်သည့် ဟန်ပန်မျိုးရှိသည်။
ဖီးနစ်။
အလွန်ကြီးသည့် ဖီးနစ်ငှက်ကြီးဖြစ်သည်။ တောင်ပံဖြန့်ထားသည်က ပေရာချီကျယ်ပြန့်နေသည်။ ဂိတ်တံခါးအထက် အဆုံးမဲ့အမှောင်ထုထဲတွင် ပျံဝဲနေသည်။ မင်နက်ရောင်တောင်ပံနှင့် အမြီးများက ထိုဖီးနစ်သည် ငြိမ်းချမ်းမှုသင်္ကေတမဟုတ်တော့ကြောင်း သက်သေခံနေသည်။
တောင်ပံခတ်လိုက်သည်နှင့် ပြင်းထန်သည့် မီးတောက်များ ထွက်လာသည်။ ပြင်းထန်သည့်စွမ်းအင်ဖိအားကြောင့် ဘုန်းကြီးများ တုန်လှုပ်သွားသည်။ ထို့ကြောင့်လည်း နေရာမှမလှုပ်နိုင်တော့ခြင်းဖြစ်သည်။
သူတို့ယှဉ်နိုင်မည်မဟုတ်။
အတူပေါင်းတိုက်လျှင်ပင် ဖီးနစ်တောက်အောက်တွင် ပြာကျသွားပေလိမ့်မည်။
“အော်မီတော်ဖော်၊ ညာဉ့်နက်သန်းခေါင် အထူးဧည့်သည်ရောက်လာမယ်လို့ ထင်မထားမိဘူး။ ထွက်ပြီးမကြိုဆိုမိတာ ခွင့်လွှတ်ပါ”
အစောပိုင်းက နတ်ဆိုးတိုက်ကွက်ထုတ်သုံးရန်ပြင်ထားသည့် ဂိုဏ်းမှူးက ချက်ချင်း အမူအရာပြင်လိုက်သည်။ ပြုံးရွှင်သည့်မျက်နှာဖြင့် ဖီးနစ်ကို ယဉ်ယဉ်ကျေးကျေး ကြိုဆိုနှုတ်ဆက်သည်။