ဖိတ်ခေါ်မှု
Vol. 11 Ch. 156
ဖီးနစ်၏ အရောင်အသွေးက မူမမှန်တော့။ နတ်ဆိုးလမ်းကြောင်းသို့ ရောက်ခဲ့ဟန်တူသည်။ သို့သော် ဖီးနစ်စွမ်းအားက အပြောင်းအလဲမရှိ။
ကမ္ဘာဦးအစကတည်းရှိခဲ့သည့် ဒဏ္ဍာရီမျိုးနွယ်များဖြစ်သည်။ သွားရန်မစခြင်းက အကောင်းဆုံးဖြစ်ည်။ ဗောဓိကျောင်းသည် သမိုင်းကြောင်းရှည်လျားခဲ့သော်လည်း ထိုမျိုးနွယ်များကိုတော့ ယှဉ်နိုင်စရာမရှိ။ အထူးသဖြင့် မျိုးမတုန်းသေးသည့် ရှားပါးမျိုးစိတ်များဖြစ်သည်။
ဖီးနစ်မျိုးနွယ်နှင့် နဂါးမျိုးနွယ် လုံးဝမတူ။ နဂါးနတ်ဆိုးတစ်ကောင်ကို ဖမ်း၍ ပေါ်ပေါ်ထင်ထင် သတ်လိုက်လျှင်လည်း သိပ်ကိစ္စမရှိ။ ဖခင်နဂါးက လက်စားချေဖို့မဆိုထားနှင့်။ သူ့သားရှိနေကြောင်းပင် သိမည်မဟုတ်။
သိသွားလျှင်လည်း ပြဿနာမရှိ။ နဂါးသားသမီးများက အလွန်ပေါ်များလွန်းသည်။ နဂါး၏ ခိုင်ခံသည့်သွေးဆက် ရှည်ကြာသည့် သက်တမ်းတို့ကြောင့် နည်းနည်းသန့်စင်သည့် နဂါးသွေးပါးလျှင်ပင် မိုးမြေကြားတွင် အရာအားလုံးကို တိုးတက်အောင်လုပ်နိုင်သည်။
သို့သော် ဖီးနစ်များက ထိုသို့မဟုတ်။ ဖီးနစ်ငှက်မျိုးနွယ်ဝင် အတော်ရှားပါးသည်။
နှစ်ပေါင်းရှည်လျားသည့် သွေးဆက်ဖြစ်တည်မှုကြောင့် ကျင့်ကြံသူများ ရိုသေလေးစားကြရသည်။ ဆိုးဝါးသည့်နဂါးတစ်ကောင်ကိုသတ်လျှင် လက်တုံ့ပြန်ခံရနိုင်ခြေ ဆယ်ပုံတစ်ပုံသာရှိသည်။ သို့သော် ဖီးနစ်ငယ်တစ်ကောင်ကို ရန်သွားစလျှင် ထိုထက်ကြီးသည့် ဖီးနစ်နှင့် ရင်ဆိုင်ရမည်။ ရှားပါးမျိုးစိတ်တို့၏ သဘာဝပင်ဖြစ်သည်။
အရေအတွက်ရှားပါးသည့် သူတို့သွေးဆက်ကို ထိပါးလျှင် လောကကြီးမှ ပျောက်ကွယ်သွားအောင် လုပ်ကြပေလိမ့်မည်။
ဘုန်းကြီးများက တစ်နေရာရာတွင် ပုန်းအောင်း၍ အားလုံးကို စောင့်ကြည့်နေမည့် ဖီးနစ်ကြီးကိုလည်း ကြောက်သည်။ တံခါးဝမှ စွမ်းအားထုတ်ပြနေသည့် ဖီးနစ်ငယ်ကိုလည်း ကြောက်သည်။
အကြောင်းမသိသည့် တစ်ခါမှမတိုက်ခိုက်ဖူးသည့် ရှားပါးမျိုးစိတ်နှင့် အသေအကြေတိုက်ခိုက်ခြင်းသည် ရူးမိုက်ရာကျသည်။ အနိုင်ရလျှင်ပင် နောက်ဆုံးကံကြမ္မာက ဗောဓိကျောင်းအမွေအနှစ်အားလုံး ပျက်စီးခြင်းသာဖြစ်မည်။
"ဘုန်းကြီးတွေ အများကြီးပဲ။ တုန်ဟွမ်း၊ အကုန်လုံး ဖမ်းရမှာလား”
ဖက်တီးဘုန်းကြီး ယဉ်ကျေးပျူငှာသော်လည်း ဖီးနစ်က အရေးမစိုက်။ အမှောင်ထဲမှ ဖြစ်တည်မှုတစ်ခုကို လှမ်းပြောနေသည်။
“အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့”
အေးစက်စက်စကာားသံ ထွက်လာသည်။ သွယ်လျရှည်လျားသည့်အသွင်တစ်ခု တံခါးဝတွင် ပေါ်လာသည်။ ဖက်တီးဘုန်းကြီးရော ယီရှုပါ အသက်မရှူရဲကြ။ တစ်ကိုယ်လုံး တောင့်တင်းသွားကြသည်။
လေထဲတွင်ပျံနေသည့် ဖီးနစ်ထက် ပို၍ကြောက်စရာကောင်းနေသည်။ နတ်ဆိုး လိုက်ဖမ်းရာတွင် အတွေ့အကြုံရှိခဲ့သူများဖြစ်၍ ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကို ခံစားမိကြသည်။ ရန်သူ့အင်အားကိုပင် မခန့်မှန်းနိုင်လျှင် ရယ်စရာဖြစ်ပေတော့မည်။
သူတို့စိတ်များ အချိန်ကိုက်ဗုံးတစ်ခု အသက်ဝင်လာသလို ဖြစ်နေသည်။ ထိုကြောက်စရာဖြစ်တည်မှုများ ဘာကြောင့်ရောက်လာသည်မသိ။ သူတို့ဘာမှလုပ်မထား”
“အော်မီတော်ဖေါ်။ ဘယ်ကလာတဲ့ဧည့်သည်လဲဆိုတာ မေးပါရစေ”
ဖက်တီးဘုန်းကြီး အရဲစွန့်၍ မေးလိုက်သည်။ ဖီးနစ်စကားကို မကြားဟန်ဆောင်ထားသည်။
“ယုဟွမ်သရဲနိုင်ငံဘုရင်ပါ။ ကိုယ်တော်တို့ရဲ့နက်နဲ့တဲ့ဗုဒ္ဓဓမ္မအကြောင်း ကျွန်မကြားတယ်။ သတ္တဝါအားလုံးအပေါ် မေတ္တာထားကြတယ်လို့လည်းကြားတယ်။ ဒါကြောင့် လာလည်တာပါ။ ကျွန်မနိုင်ငံက ကျွန်မလက်အောက်ခံတွေ စစ်သည်တွေကို ဗုဒ္ဓဓမ္မ သင်ပြပေးဖို့ ဖိတ်ခေါ်ပါတယ်”
ဘုန်းကြီးအရေအတွက် တစ်ယောက်မက ရှိသော်လည်း တုန်ဟွမ်း မအံ့ဩ။ သူ့အတွက် ထူးခြားမှုမရှိ။ သာမန်သရဲဘုရင်များ သူ့ကိုမတွန်းလှန်နိုင်ကြ။ ဓားတစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည်။
နိုင်ငံသားတွေ၊ စစ်သည်တွေကို ဓမ္မသင်ပြဖို့။
ဘုရင်တစ်ပါးက ထိုသို့ကမ်းလှမ်းလာလျှင် မည်သည့်ကိုယ်တော်မဆို ဝမ်းပန်းတသာ လက်ခံကြမည်။
သို့သော် လာဖိတ်ခေါ်သူက သရဲနိုင်ငံဘုရင်ဖြစ်နေသည်။ လူသားကမ္ဘာတွင် သရဲနိုင်ငံဟူ၍ မရှိ။ အနည်းဆုံးတော့ နန်ဟွားတိုက်နယ်တွင် မရှိသည်မှာသေချာသည်။ ထိုမိန်းကလေးသည် မြေအောက်ကမ္ဘာမှလာသူ ဖြစ်သည်။
မြေအောက်မှ သရဲဝိညာဉ်များကို ဓမ္မအလင်းပြရန် ဖိတ်ကြားသည်မှာ အပေါ်ယံသက်သက်သာဖြစ်သည်။ သူတို့လူစု မည်မျှအရည်အချင်းရှိသနည်း။ သူတို့အတွက် စဉ်းစား၍ ဖိတ်ခေါ်ခြင်းမဟုတ်သည်မှာ ထင်ရှားသည်။
“အော်မိတော်ဖေါ်၊ ကျုပ်ရဲ့တူတော်ညီတော်တွေကိုယ်စား ကျေးဇူးတင်ကြောင်းပြောပါရစေ။ မိတ်ဆွေရဲ့စေတနာကို လေးစားပါတယ်။ ဒါပေမယ့် ကျုပ်တို့နားလည်ထားတဲ့ဓမ္မအသိက နည်းလမ်းနေပါတယ်။ မိတ်ဆွေလိုအပ်ချက်နဲ့ ကိုက်ညီမယ်မထင်ဘူး။ အဆင့်မြင့်ဘုန်းတော်ကြီးတစ်ပါးဆီ ကျုပ်တို့လမ်းညွှန်ပေးလို့ရပါတယ်”
ဖက်တီးဘုန်းကြီး အသဲအသန်ကြိုးစား၍ ပြောသည်။ သရဲနိုင်ငံဘုရင်၏ အနုအရွစကားတို့သည် ဖီးနစ်၏ရည်ရွယ်ချက်နှင့် အတူတူပင်ဖြစ်သည်။ အားလုံးကို မြေအောက်ကမ္ဘာသို့ ခေါ်သွားလိုခြင်းဖြစ်မည်။ မြေအောက်တွင် သူတို့မည်သို့ အသက်ရှင်နိုင်မည်နည်း။
ထို့ကြောင့် ဆင်ခြေအမျိုးမျိူးဖြင့် ရှောင်လွှဲရန်ကြိုးစားခြင်းဖြစ်သည်။ သူ့စကားတွင် မုသားမပါ။ တာ့ကျင်းတွင် အဆင့်မြင့်ဘုန်းကြီးများ နေရာတိုင်းရှိသည်။ တွေ့ကရာအုပ်ခဲတစ်ခုကောက်ကိုင်၍ လေထဲပစ်လိုက်လျှင်ပင် ဘုန်းကြီးတစ်ပါးကို ထိနိုင်လောက်သည်။ ထို့ကြောင့် တုန်ဟွမ်းအတွက် သူအလွယ်တကူ လမ်းညွှန်ပေးနိုင်သည်။
******************************************