← Chapters

အကျဉ်းအကြပ်

Vol. 11 Ch. 157

အကျဉ်းအကြပ်

Vol. 11 Ch. 157

“အဲလောက်နှိမ်ချမနေပါနဲ့။ ရှင်တို့ဓမ္မအသိ မနိမ့်မှန်းသိပါတယ်။ ဒီလောက်ဆို လုံလောက်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို အဲလောက်နှိမ်ချမနေပါနဲ့တော့”

ထိုဘုန်းကြီးများ၏ ပေါက်ကရစကားတို့ကို တုန်ဟွမ်း နားမထောင်ချင်။ ညာဉ့်နက်သန်းခေါင်း မီးအိမ်တစ်ခုပင်မထွန်းပဲ ကိစ္စတစ်ခုကို လျှို့ဝှက်စွာ ပူးပေါင်းကြံနေကြသည်။ တုန်ဟွမ်း သူတို့စကားကို မကြားသလို ဟန်ဆောင်နေသည်။

ယီရှို့။

အန္တရာယ် ရှောင်မရတော့မှန်း ဂိုဏ်းမှူးသိသွားသည်။ နောက်ပြန်လည့်၍ ဘုန်းကြီးအိုကို ခပ်တင်းတင်းကြည့်လိုက်သည်။ တောထဲမှ သတ္တဝါအပေါင်းကို ကယ်တင်သည့်လုပ်ရပ်ကို သူတို့မလုပ်သင့်။

ယီရှို့သယ်လာသည့် ပြဿနာဖြစ်သည်။ သူတို့ရှိနေချိန်နှင့် တိုက်ဆိုင်သွားသည်။ ယခု သူတို့အားလုံး သရဲနိုင်ငံဘုရင်ရှေ့တွင် ပိတ်မိနေကြသည်။

“သရဲနိုင်ငံဘုရင် ဘယ်ကလာတာလဲ”

ဘုန်းကြီးအိုလည်း မျက်နှာပျက်နေသည်။ တောင်တန်းပေါ် ကျမ်းစာသွားရွတ်မိ၍ ကြောက်စရာကောင်းသည့် ထိုသရဲဘုရင် ရောက်လာခြင်းဖြစ်သည်။

“တုန်ဟွမ်း၊ ဒီကတုံးတွေက နင့်ကို မလေးစားဘူး။ ပါးစပ်နဲ့ပြောနေလို့ ထူးမှာမဟုတ်ဘူး။ တိုက်ရိုက်ရှင်းကြရအောင်”

အပြင်ဘက်မှ ဖီးနစ်က ကျောင်းထဲသို့ ပျံဝင်လာသည်။ အရွယ်အစားက စာကလေးအရွယ် ချက်ချင်းကျုံ့ဝင်သွားပြီး တုန်ဟွမ်း၏ ဦးခေါင်းပေါ်တွင် နားလိုက်သည်။

ဘုန်းကြီးများကို ပေါ်တင်စော်ကားလိုက်ခြင်းဖြစ်သည်။ သို့သော် အားလုံး မကြားဟန်ဆောင်နေကြသည်။

“ကိုယ်တော်တို့၊ ဘယ်လိုသဘောရလဲ”

တုန်ဟွန်းလေသံက ယဉ်ကျေးသည်။ သို့သော် အေးစက်စက်စကားလုံးများ တည်ကြည်သည့်မျက်နှာထားများက ကြောက်စရာကောင်းသည်။

“အော်မီတော်ဖေါ်၊ အရှင်မနဲ့အတူ သရဲနိုင်ငံကိုလိုက်ပြီး ကျမ်းစာမျှဝေချင်ပါတယ်။ တစ်ခြားကိုယ်တော်တွေကို ချမ်းသာပေးနိုင်မလား”

ဘုန်းကြီးအို ထရပ်လာသည်။ ယုဟွမ်းဘုရင်သည် သူ့ကိုပစ်မှတ်ထား၍ ရောက်လာခြင်းဖြစ်သည်။ ဆင်ခြေပေး၍ ရှောင်ထွက်သွားဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဗောဓိကျောင်းမှ ဘုန်းကြီးများအတွက် လွတ်လမ်းတစ်ခု ဖန်တီးပေးရန် ဆုံးဖြတ်လိုက်သည်။

“ကျွန်မ ပြောခဲ့တာ ကောင်းကောင်းမရှင်းလို့လား။ ကိုယ်တော်အားလုံးကို ဖိတ်ခေါ်ဖို့လာတာပါ။ တစ်ယောက်တည်းကို မဟုတ်ဘူး။ အားလုံး မြေအောက်ဘုံကိုလိုက်ခဲ့မှပဲ ကျွန်မ ကျေနပ်နိုင်မယ်”

“အရှင်မ၊ တကယ်တစ်ခြားနည်းလမ်း မရှိတော့ဘူးပေါ့”

ဂိုဏ်းမှူးဘုန်းကြီး လက်ဝါးနှစ်ဘက်ပူးလိုက်သည်။ မျက်နှာမှအပြုံးများ ပျောက်သွားသည်။ ဝမ်းနည်းသည့်အရိပ်တစ်ခု ပေါ်လာသည်။ သူ့အသားထဲမှ ဗုဒ္ဓအလင်း ခပ်မှိန်မှိန် ထိုးထွက်လာသည်။

“ကိုယ်တော်တွေက ကျွန်မကို မျက်နှာသာပေးချင်ပုံမရဘူး။ ဒီတော့ အကြမ်းနည်းပဲ သုံးရတော့မယ်”

ဗုဒ္ဓအလင်းကို မြင်နေရသော်လည်း သူမျက်နှာမပျက်။ ဗုဒ္ဓအလင်းသည် သူ့ကိုမတားဆီးနိုင်။ သူသည် မွေးရာပါယင်ဝိညာဉ်ဖြစ်သည်။ မြေအောက်သရဲမျိုးနွယ်မဟုတ်။ နာကျည်းဒေါသနှင့် မကောင်းဆိုးဝါးစွမ်းအင်ရောင်ဟူ၍ မရှိ။

“အော်မီတော်ဖော်”

ဂိုဏ်းမှူးကိုယ်တော်ထံမှ အလငးတစ်ခု ထိုးထွက်လာသည်။လာသည်။ တည်ကြည်ခံ့ညားသည့် ‌ဗုဒ္ဓအသွင်တစ်ခု တည်ဆောက်ရန်ကြိုးစားသည်။ ထိုစဉ် အားကောင်းလက်ဝါးတစ်ချက် အမှောင်ထုထဲမှ ကျလာသည်။ ဗုဒ္ဓအသွင် အပြည့်အဝ မဖန်တီးနိုင်မီ တစ်စစီကြေမွပျက်စီးသွားသည်။

“ဝေါ့”

ဂိုဏ်းမှူးကိုယ်တော် ချက်ချင်း မျက်နှာရဲသွားသည်။ ရွေရောင်တောက်နေသည့်သွေးများ ပါးစပ်ထဲမှ အန်ထွက်လာသည်။ သူ့ဝတ်ရုံပေါ် စွန်းထင်းသွားသည်။ သူနှင့်ယုဟွမ်သခင်မ အဆင့်မည်မျှကွာခြားသည်ကို သဘောပေါက်သွားသည်။

ကောင်းကင်ဖြစ်တည်မှုကို မယှဉ်နိုင်သည့် စိတ်ပျက်အားငယ်မှုမျိုး ဝင်လာသည်။

လရောင်ကြယ်ရောင်ကင်းမဲ့သည့်အမှောင်ထုဆီ လှမ်းကြည့်သည်။ ယုဟွမ်သခင်မ ဖန်တီးထားသည့် လေဟာနယ်တစ်ခုဖြစ်သည်မှ ထင်ရှားသည်။ ရန်သူကို မမြင်ရမီ ထိုလေဟာနယ်ထဲသို့ ကျခဲ့သည်။ သူတစ်ပါးလက်ခုပ်ထဲသို့ ရောက်ခဲ့သည်။ လွတ်မြောက်နိုင်ခြေမရှိ။

“ရပ်ပါတော့”

ဂိုဏ်းမှူးဘုန်းကြီး နားလည်သွားသည်။ တိုက်ခိုက်ရန် ပြင်နေသည့် ကိုယ်တော်များကို တားလိုက်သည်။ သူတို့ လုံးဝယှဉ်နိုင်မည်မဟုတ်။

“အရှင်မ၊ ကျုပ်တပည့်တွေကို ဦးဆောင်ပြီး မြေအောက်ကမ္ဘာမှာ ကျမ်းစာမျှဝေပါ့မယ်။ ကျုပ်တို့အသက်ကို အရှင်မ အာမခံပေးနိုင်မလား ကျုပ်တို့စိတ်နှလုံးကို သရဲဝိညာဉ်တွေ မထိုးဖေါက်နိုင်အောင် ကာကွယ်ပေးနိုင်မလားဆိုတာ သိပါရစေ”

ရန်သူ့လက်တွင်းသို့ ရောက်ပြီမှန်း သူသိသည်။ သို့သော် သူ့တပည့်ကိုယ်တော်များက နားမလည်သေး။ ခုခံဖို့ စဉ်းစားနေဆဲဖြစ်သည်။

“မြင့်မြတ်တဲ့ကိုယ်တော်တွေကို ကျွန်မဖိတ်ခေါ်ပါတယ်။ ကိုယ်တော်တွေကို သရဲတွေစားဖို့ကြိုးစားရင် ကျွန်မထိုင်ကြည့်မနေပါဘူး။ ကိုယ်တော်တို့ဗုဒ္ဓကျမ်းစာ မျှဝေပေးနေသမျှ အဲလိုမဖြစ်စေရဘူးလို့ အာမခံပါတယ်”

တုန်ဟွမ်းမျက်နှာ အပြောင်းအလဲမရှိ။ ခုနက ဗုဒ္ဓကိုယ်တော်ပုံရိပ်က လျှပ်ပြက်သလို ဖျတ်ခနဲပေါ်လာခြင်းသာဖြစ်သည်။ ထိုအချိန်ခဏလေးသည်ပင် သူ့အတွက် ကြီးမားသည့်ဟာကွက်ကြီးတစ်ခုလို မြင်နေရသည်။ ရန်သူကို တိုက်ခိုက်ခွင့်လုံးဝမပေး။

“ဒါဆိုရင် ကျုပ်လိုက်ပါ့မယ်။ ကျုပ်တပည့်တွေကရော ကျုပ်နဲ့အတူ လိုက်ခဲ့ချင်သလား”

ဂိုဏ်းမှူးက နောက်ဘက်မှ ကိုယ်တော်တို့ကို လှည့်ကြည့်လိုက်သည်။

“‌အော်မီတော်ဖေါ်၊ ကျုပ်လည်း ဂိုဏ်းမှူးနဲ့အတူ လိုက်ချင်ပါတယ်”

ယီရှို့က အရင်ဆုံးပြောသည်။ ယခုလိုဖြစ်ရသည်မှာ သူ့အပြစ်ဖြစ်သည်။ သူမွှေးခဲ့သည့်မီးကြောင့် သူ့မိတ်ဆွေများ ဒုက္ခရောက်ရသည်။

“ကျုပ်တို့လည်း လိုက်ပါ့မယ်”

ကျန်သည့်ကိုယ်တော်များလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ တုံ့ပြန်ကြသည်။ ရွေးချယ်စရာရှိလျှင်တော့ မြေအောက်ကမ္ဘာသို့ လိုက်မည်မဟုတ်။

“ကိုယ်တော်တို့အားလုံး တကယ်မေတ္တာကြီးမားပြီး အသိဉာဏ်နက်နဲကြတာပဲ”

တုန်ဟွမ်းမျက်လုံးတွင် အပြောင်းအလဲလုံးဝမရှိ။ ဘုန်းကြီးများ ခေါင်းမာမာဖြင့် ခုခံလျှင်လည်း သူတို့ဒူးရိုးကို အလွယ်တကူ ရိုက်ချိုးပစ်နိုင်သည်။

“အားလုံး ဒီမှာစောင့်နေကြပါ။ အရုဏ်တက်ချိန်ရောက်ရင် မြေအောက်ကမ္ဘာကို သွားလို့ရပါပြီ”

ထိုသို့ပြောပြီးနောက် ဘုန်းကြီးများရှေ့မှ တုန်ဟွမ်းပျောက်ကွယ်သွားသည်။ အဆုံးစမဲ့အမှောင်ထု လွှမ်းခြုံနေသည့် ကျောင်းတော်ကြီးသာ ကျန်ခဲ့သည်။ အားလုံး ဘာလုပ်ရမည် သေချာမသိကြ။

“ဂိုဏ်းမှူး....”

“ထပ်မမေးနဲ့တော့။ ငါတို့အားလုံး သူ့လက်ထဲရောက်နေပြီ”

ဖက်တီးဘုန်းကြီး ဆက်ရှင်းမပြ။ တင်ပျဉ်ခွေးထိုင်၍ စိတ်ပုတီးကိုင်ပြီး ကျမ်းစာကို စတင်ရွတ်ဆိုနေသည်။ မည်မျှတည်ငြိမ်သည်ဆိုသော်လည်း ရလိုက်သည့်ဒဏ်ရာကို သူတစ်ယောက်တည်း ခံရသည်။

တောင်တန်းတောနက်ထဲတွင် တုန်ဟွမ်းပေါ်လာသည်။ အေးစက်ပြတ်သားသည့် အကြည့်များက နွေးထွေးကြည်လင်၍ တောက်ပလာသည်။

“ဘုံကျောင်းတစ်ခုလုံးကို ခေါ်သွားတယ်ပေါ့”

ဖုန်ချင်အန်း နည်းနည်းအံ့အားသင့်သွားသည်။သင့်နေသည်။ မနီးမဝေးမှ ချောက်နက်ကြီးကိုကြည့်နေသည်။ ဗောဓိကျောင်းရှိခဲ့သည့်နေရာဖြစ်သည်။ ယခု အုတ်မြစ်ပင် မရှိတော့။

ဖြစ်စဉ်တစ်ခုလုံး သူစောင့်ကြည့်ခဲ့သည်။ လွန်ခဲ့သည့်နာရီဝက်က ကြီးမားသည့်ဗောဓိကျောင်းကို ထူးဆန်းသည့် အမှောင်ထုက လွှမ်းခြုံဝါးမျိုသွားသည်။ တုန်ဟွမ်း ပေါ်လာချိန်တွင် အမှောင်ထုပျောက်သွားသည်။ ဘုံကျောင်းလည်း ပျောက်သွားသည်။

“ဟုတ်တယ်”

တုန်ဟွမ်း ခေါင်းငြိမ့်သည်။

“ဒီလောက်ကြီးတဲ့ ဘုံကျောင်းကြီးကို ဘယ်လိုနေရာရွှေ့နိုင်တာလဲ”

ဖုန်ချင်အန်း အံ့ဩနေဆဲဖြစ်သည်။ ထိုကျောင်းနေရာသည် စိုက်ပျိုး၍မဖြစ်ထွန်းသည့် စွန့်ပစ်မြေဖြစ်သည်။ ဘုံကျောင်းသည်ဆယ်ဧကကျော်ကျယ်ဝန်းသည်။

“မိုးမြေကျင့်စဉ်နည်းလမ်းတစ်ခုပါပဲ။ အဆန်းကြီးမဟုတ်ပါဘူး။ ဒါပေမယ့် မင်းသင်ဖို့ဆိုရင် နည်းနည်းခက်ဦးမယ်ထင်တယ်”

ဖုန်ချင်အန်းအတွေးကို ရိပ်စားမိသဖြင့် တုန်ဟွမ်း ချက်ချင်းတားလိုက်သည်။ သင်လို့ရသည့် နည်းလမ်းဖြစ်သော်လည်း ဖုန်ချင်အန်း သင်နိုင်ဖို့ မသေချာသေး။

ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲနိုင်သည့် စွမ်းအားမြင့်ကျင့်စဉ်အတွက် ကြီးမားသည့် စွမ်းအင်အထောက်အပံ့ လိုအပ်သည်။

“ဒါဆိုရင်တော့ ငါစောင့်ရဦးမယ့်သဘောပဲ”

ဖုန်ချင်အန်း မအံ့ဩပါ။ သူလက်လှမ်းမမီနိုင်သေးကြောင်း နားလည်သည်။ သိပ်လည်း ‌မျှော်လင့်မထား”

“မင်းအဆင်သင့်ဖြစ်တဲ့အခါ ငါသင်ပေးပါ့မယ်”

တုန်ဟွမ်းက ပြောသည်။ သူတတ်ထားသည့် နည်းလမ်းများကို လျှို့ဝှက်ထားစရာ အကြောင်းမရှိ။ သူသင်ယူခဲ့သည့် ဂိုဏ်းသည်လည်း လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ပျက်စီးခဲ့ပြီးဖြစ်သည်။ တားမြစ်ချက်ကန့်သတ်ချက်များ မရှိတော့။

ထိုစဉ် ယုဟွမ်သခင်မ ရုတ်တရက် နောက်လှည့်၍ ယုန်နင်ကောင်ဆီရှိသည့်အရပ်ဆီ လှမ်းကြည့်သည်။ ရွှေရောင်ခပ်မှိန်မှိန်တောက်နေသည့် မျက်လုံးတစ်စုံကို မြင်ရသည်။ သူ့မျက်လုံးထဲမှ နူးညံ့သည့်အရိပ်များ ရေခဲသားအသွင် ပြောင်းသွားပြန်သည်။

“ကြည့်လို့အားရပြီလား။ အခုငါနဲ့ တိုက်ခိုက်ဖို့ အသင့်ဖြစ်ပြီလား”

All Chapters