← Chapters

အရူး

Vol. 11 Ch. 160

အရူး

Vol. 11 Ch. 160

ဖြစ်လာသည့်မြင်ကွင်းကိုကြည့်၍ ဖုန်ချင်အန်း မှင်သက်မိသွားသည်။ ဘာစကားမှမပြောနိုင်တော့။ နားလည်းမလည်တော့။

သရဲဘုရင်ဒေါသကိုမကြောက်ဘဲ လူသားကို ညှို့ကွင်းမမိစေရန် လာသတိပေးသည့် စစ်နတ်မင်း။

သုံးဘဝကြေးမုံ ပေါ်လာသည်။ စစ်နတ်မင်း၏ အတိတ်ပုံရိပ်များ မြင်ရသည်။ ယုဟွမ်သခင်မ၏သဘောထား ချက်ချင်းပြောင်းလဲသွားသည်။ လေထုလည်း ပြောင်းလဲသွားသည်။

အားလုံးကို သေချာနားမလည်လိုက်။ အကြမ်းဖျင်းတော့ သိသည်။ စစ်နတ်မင်းအသက်ရှင်စဉ်က မည်သို့စရိုက်ရှိသည်ကို သိရသည်။ ဝမ်းနည်းစရာကောင်းသည့်အဖြစ်ကြုံသည်။ သူရဲကောင်းဆန်သည်။ အံ့ဩလောက်သည်။ ခေတ်မှား စနစ်မှားတွင် မွေးလာသဖြင့် သူကံဆိုးသွားသည်။

နောက်ဆုံးတိုက်ပွဲတွင် ရန်သူများစွာ သတ်ဖြတ်ခဲ့သည်။ တာကျင်းက ဆုလာဒ်ချီးမြှင့်ခြင်းမျိုး မရှိ။ ကောင်တီအရာရှိအဖြစ်သာ ခန့်ထားသည်မှာ အတော်လက်မခံနိုင်စရာကိစ္စဖြစ်သည်။

သို့သော် သေခြင်းရှင်ခြင်းကြား ဖိနှိပ်ချုပ်ချယ် ခွဲခြားစွန့်ပယ်မှုများစွာ ကြုံခဲ့သည့် စစ်နတ်မင်းက စိတ်ပျက်စရာအားလုံးကို ဖွင့်ပြလိုက်သလိုရှိသည်။ သူ့အစွမ်းကို အလေးထားသည့် သူ့စရိုက်ကို သည်းခံနိုင်သည့် မိုနာ့တစ်ယောက်ကို ကြုံရသည်။

“ကျုပ်က လူတွေယုံကြည်ကိုးကွယ်တဲ့ နတ်ဝိညာဉ်ပါ။ မြေအောက်သရဲဝိညာဉ်ဘဝတော့ အရောက်မခံနိုင်ဘူး”

ခဏအံ့ဩနေပြီးနောက် သူငြင်းလိုက်သည်။ ဖုန်ချင်အန်း ဆက်ကြည့်မနေနိုင်တော့။ နားလည်မှုလွဲနေပုံရသည်။ စစ်နတ်မင်းအဖြစ် ခန့်အပ်ထားခြင်းသည် တာ့ကျင်းက သူ့ကိုဖိနှိပ်ထားရင်းမှ ရုပ်ပျက်ဆင်းပျက်မဖြစ်အောင် နေရာတစ်ခု ဖန်တီးထားခြင်းသာဖြစ်သည်။

“ဟုတ်တယ်၊ မင်းပြောတာဟုတ်တယ်။ ဒါပေမယ့် စစ်နတ်မ်ငးဘဝနဲ့ နှစ်ရာချီနေခဲ့ရတာကို မင်းကျေနပ်လား။ အဲဒါပြီးရင် မင်းဝိညာဉ်က ကြေမွပျက်စီးပြီး လူပြန်ဝင်စားရတော့မှာ”

ဝိညာဉ်နတ်ဆိုးမင်းတို့သည် မွှေးတိုင်စွမ်းအားသက်သက်ဖြင့် မသေမျိုးအဖြစ်ကို မရနိုင်။

မသေမျိုးဘဝသည် လွယ်ကူသည်မဟုတ်။ မွှေးတိုင်ပူဇော်မှုခံယူသည့် ဝိညာဉ်နတ်များသည့် နှစ်တစ်ရာနှစ်ရာခန့်သာ ခံသည်။ နောက်ဆုံးတွင် လက်ရှိနေရာမှ ပြုတ်ကျသွားကြသည်။ အထိအခိုက်မရှိလျှင်ပင် စိတ်ဝိညာဉ်ပြိုလဲပျက်စီးသွားတတ်ကြသည်။

“နယ်ခံနတ်ဘဝနဲ့ လူတွေကို သေတဲ့အထိ ကာကွယ်သွားနိုင်ရင် ကျုပ်အတွက် ပြည့်စုံနေပါပြီ။ ဘာလို့ ကျုပ်အလိုမကျဖြစ်ရမှာလဲ”

“သိပ်ကောင်းတဲ့အဖြေပဲ”

သိမ်းသွင်းမှုမအောင်မြင်သဖြင့် တုန်ဟွမ်းမျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။ တည်ကြည်တင်းမာသည့်အသွင်ပြန်ဖြစ်လာသည်။ စစ်နတ်မင်းကို လုံးဝစိတ်ဝင်စားတော့ဟန်မရှိ။

“အဲလိုဆိုရင် ငါ့ဒေါသကို ရင်ဆိုင်ဖို့ အသင့်ပြင်ဆင်ထားပြီးပြီလား”

“တုန်ဟွမ်း”

ဖုန်ချင်အန်း ယုဟွမ်းသခင်မကို လှည့်ကြည့်သည်။ အစောပိုင်းကပင် သဘောထားကြီးသည့် နိုင်ငံသခင်ဟု ကြွေးကြော်ခဲ့သည်။ ယခု ဒေါသကိုဖွင့်ထုတ်မည်ဟု ခြိမ်းခြောက်နေပြန်သည်။ မြန်လွန်းသည့် စိတ်အပြောင်းအလဲက အုပ်ချုပ်သူတစ်ယောက်နှင့် တကယ်လိုက်ဖက်သည်။

“ငါသဘောထားကြီးတယ်ဆိုတာ ငါ့လက်အောက်ခံတွေအတွက်ပဲ။ ငါဩဇာကို ထပ်ကာထပ်ကာစိန်ခေါ်လာတဲ့ အနိမ့်စားနတ်ဝိညာဉ်တွေကိုတော့ သူတို့သေချင်နေရင် ဆန္ဒဖြည့်ပေးလိုက်မှာပါ”

“သေတယ်ဆိုတာ အသေးအမွှားကိစ္စပါ ကျုပ်ဘာလို့ကြောက်ရမှာလဲ”

ရှုဝူပန် ကြောက်လန့်သည့်အရိပ်မျိုးမရှိ။ အကြောက်အလန့်မရှိသောကြောင့်လည်း ယုဟွမ်းသခင်မကို ထိပ်တိုက် ပြောရဲခြင်းဖြစ်သည်။ သူ့ယုံကြည်သည့်အတိုင်း လုပ်ဆောင်ရဲခြင်းဖြစ်သည်။ ပြင်ပလွှမ်းမိုးနှောက်ယှက်မှုများကို သူလုံးဝမမှု။

“သေတာလား။ အဲဒါ လောကမှာ အလွယ်ဆုံးအရာပါ။ မင်းဒါကို လွယ်လွယ်ကူကူမရစေရဘူး”

တုန်ဟွမ်း လက်ကိုဆန့်ထုတ်၍ လက်ချောင်းများကို ကွေးလိုက်သည်။ မြင့်မားသည့် ရှုဝူပန်ခန္ဓာကိုယ်ကို အမှောင်ထုက ချက်ချင်းဝါးမျိုသွားသည်။ ဖုန်ချင်အန်းရှေ့မှ ပျောက်ကွယ်သွားသည်။

“သူ့ကိုဘာလုပ်မလို့လဲ”

ဖုန်ချင်အန်း မျက်မှောင်နည်းနည်းကျုံ့သွားသည်။ ထိုနတ်မင်းကို ထိုအဆုံးသတ်မျိုး သူမဖြစ်စေချင်။ မည်သို့ဆိုစေ အသက်ရှင်စဉ်က ရှုဝူပန်သည် ဒုက္ခများစွာခံခဲ့ရပြီးဖြစ်သည်။

သို့သော် သူဘာမှမတတ်နိုင်။ သူသာ ယုဟွမ်နေရာတွင်ရှိနေလျှင်လည်း စွမ်းအားသုံး၍ နှိပ်ကွပ်မည်သာဖြစ်သည်။

“စောင့်ကြည့်ပါ။ စိတ်မပူပါနဲ့။ ငါသူ့ကိုဘာမှ မလုပ်ပါဘူး။ သူဘာကိုရွေးချယ်မလဲ ကြည့်ချင်လို့ပါ”

ဖုန်ချင်အန်း နည်းနည်းနားရှုပ်သွားသည်။

“ဒီလိုစိတ်ဓာတ်မျိုးဟာ ပြုပြင်ဖို့ခက်တယ်ထင်ပေမယ့် တကယ်တော့ ကိုင်တွယ်ရ အလွယ်ဆုံးပါပဲ။ မြင့်မြတ်တဲ့အကြောင်းရင်းတစ်ခုနဲ့ ခြိမ်းခြောက်လိုက်ရင် သူ့ကို ထိန်းချုပ်နိုင်ပါတယ်”

တုန်ဟွမ်းနှုတ်ခမ်းတွင် အပြုံးရိပ်ရှိနေသည်။ ယနေ့ည သူအတော်အကျိုးရှိသွားသည်။ စိတ်ညစ်စရာ ဘုန်းကြီးတစ်စုကို လာခေါ်ရင်း ရှားပါးရတနာတစ်ခုကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။

“ဒါဆို သူ့ကို မြေအောက်ကို ခေါ်သွားမှာလား”

ဖုန်ချင်အန်း တုန်ဟွမ်းအစီအစဉ်ကို သေချာခန့်မှန်းမရ။

“ဘာလို့ သူ့လိုလူက ကောင်တီငယ်လေးမှာ အဆင့်နိမ့် စစ်နတ်မင်းလုပ်နေရမှာလဲ။ ရှက်စရာမကောင်းလွန်းဘူးလား”

“ဟုတ်တယ်။ ဒါပေမယ့် သူက မင်းလက်အောက်ကိုမဝင်ဘူးလို့ ငြင်းထားတယ်မဟုတ်လား။ သူ့စိတ်ဓာတ်နဲ့ဆို သရဲတစ်သောင်းကိုဦးစီးဖို့ ရွေးချယ်မယ်မထင်ဘူး”

“အဲဒါကို သူ့စိတ်နဲ့သူ ဆုံးဖြတ်ခွင့်မရှိပါဘူး”

ယုဟွမ်သခင်မမျက်လုံးတွင် ဖုန်ချင်အန်း တစ်ခါမှမမြင်ဖူးသည့် ဩဇာရိပ်မျိုး ပေါ်လာသည်။ ပွင့်လင်းရဲတင်းမှုသက်သက်မဟုတ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသည့် အရိပ်မျိုးဖြစ်သည်။

“ငါ မြေအောက်ဘုံကို ပြန်တော့မယ်။ နောက်ထပ် နာရီဝက်လောက်ကြာရင် လျှို့ဝှက်နည်းလမ်းနဲ့ အခြေအနေကို မင်းလှမ်းကြည့်လို့ရတယ်”

“ကောင်းပြီလေ”

ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။ မည်သို့ဖြစ်လာမည်ကို သူသိချင်သည်။

ဘေးတွင် အသံတိတ်ရပ်နေသည့်တုန်ဟွမ်းက ချက်ချင်းအတောင်ဖြန့်၍ ပျံသန်းသွားသည်။သွားသည်။ ယုဟွမ်သခင်မ အလုပ်များသော်လည်း အခြေအနေကို မည်သို့ထိန်းချုပ်ရမည်မှန်း သိသည်။

“ဖုန်ချင်အန်း၊ ငါနင့်ကို အိမ်ကိုလိုက်ပို့ပေးမယ်”

ဖီးနစ် အတော်တက်ကြွနေသည်။ ဖုန်ချင်အန်း မငြင်းဆန်နိုင်မီ အတင်းဆွဲခေါ်သွားသည်။ သိပ်မကြာမီ ဖုန်အိမ်တော်သို့ ‌ရောက်လာသည်။

“ရှုဝူပန်...ဟား”

တဖြေးဖြေးပျောက်ကွယ်သွားသည့် ယုဟွမ်၏သဏ္ဌာန်ကိုကြည့်ရင်း ခေါင်းမာသည့်စစ်နတ်မင်း၏ ကံကြမ္မာကို သူသိချင်နေမိသည်။

**********************************

All Chapters