တာဝန်
Vol. 11 Ch. 161
တုန်ဟွမ်းစကားကိုသူယုံကြည်သည် စစ်နတ်မင်း ဘာမှဖြစ်မည်မဟုတ်။ ထို့အပြင် သူ့ရပ်တည်ချက်ကိုလည်း ပြပြီးဖြစ်၍ တုန်ဟွမ်းကလည်း သက်ညှာပေးလိမ့်မည်။
ယင်လေပြင်းများ အော်မြည်နေသည်။ ဖီးနစ်က တောင်ပံကိုဖြန့်သည်။ ယုဟွမ်ခေါင်းဆောင် သရဲနိုင်ငံသို့ ပြန်သည်။ သို့သော် တော်ဝင်မြို့တော်သို့ မပြန်သေး။ ယွီယွီကို ဘုံဖြတ်လမ်းတစ်ခုတွင် ဆင်းသက်ရန် အမိန့်ပေးသည်။
“အရှင်မ”
ထိုနေရာကိုစောင့်ကြပ်နေသည့် သရဲတပ်မှူးက ဖီးနစ်ကိုမြင်သည့်နှင့် အမြန်ကြိုဆိုနှုတ်ဆက်သည်။ သူသည် တော်ဝင်မြို့တော်သို့သွားပြီး ခေါင်းဆောင်နှင့် တိုက်ရိုက်တွေ့ဆုံခွင့်ရှိသူမဟုတ်။
ခေါင်းဆောင်ကို တစ်ခါမှမမြင်ဖူး။ သို့သော် ဖီးနစ်ကိုမြင်နေရသည်။ ရောက်လာသူ၏အဆင့်အတန်းက ရှင်းနေသည်။ ထိုငှက်အကြောင်း သရဲနိုင်ငံတစ်ခုလုံး သိကြသည်။ ဖီးနစ်ထက်ပိုရှင်းလင်းသည့် သင်္ကေတ မရှိ။
“ဒီနေရာက အက်ကြောင်းအခြေအနေ ဘယ်လိုလဲ”
တုန်ဟွမ်းက ဖီးနစ်ပေါ်မှမဆင်းပဲ ငုံ့ကြည့်၍မေးသည်။
“ကျုပ်တပ်ဖွဲ့ကိုဦးဆောင်ပြီး စတင်စောင့်ကြပ်ကတည်းက လူသားကမ္ဘာကို သရဲဝိညာဉ််တွေဝင်သွားတာမျိုး မရှိခဲ့ပါဘူး”
ထိုသရဲများအတွက် လူသားကမ္ဘာသို့သွားသည့် ထိုဖြတ်လမ်း/အက်ကြောင်းသည် အတော်ရှားပါးသည်ဟု ဆိုနိုင်သည်။ သို့သော် ကျယ်ပြန့်သည့် မြေအောက်ဘုံတွင် ထိုနေရာမျိုး များစွာရှိပါသည်။
“ကောင်းပြီ။ မင်းတပ်ဖွဲ့ကိုခေါ်ပြီး ထွက်သွားတော့။ ကျောက်ငှက်တပ်ဖွဲ့နဲ့ သွားပူးပေါင်းပါ။ မရဏပျံလွှားနိုင်ငံကို သိမ်းပိုက်တဲ့စစ်ပွဲမှာ ဝင်တိုက်ပါ။ ဒီမှာ စောင့်ကြပ်ဖို့မလိုတော့ဘူး”
“နားလည်ပါပြီ အရှင်မ။ ကျုပ်တို့နေရာမှာ အစားထိုးမယ့်တပ်ဖွဲ့ ဘယ်အချိန်ရောက်လာမှာလဲ။ နေရာလွှဲပြောင်းပေးဖို့ ပြင်ဆင်ထားဖို့ပါ”
သရဲတပ်မှူက ဦးညွှတ်လျက်သားမှမေးသည်။
လူသားကမ္ဘာသို့သွားသည့် အက်ကြောင်းများသည် သရဲနိုင်ငံတို့အတွက် အလွန်တန်ဖီုးကြီးသည်။ လူသားဝိညာဉ်များ ရယူနိုင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သရဲဘုရင်များအားလုံး အက်ကြောင်းမှတစ်ဆင့် လူသားဝိညာဉ်များ ဝါးမျိုစားသောက်ရန် သွားရှာကြသည်။
သို့သော် ယုဟွမ်သရဲနိုင်ငံတွင် ထိုအက်ကြောင်းနေရာကို ပိတ်ဆို့ထားသည်။ နိုင်ငံခေါင်းဆောင်က လူသားဝိညာဉ်ကို မစား။ လက်အောက်ခံမျာကိုလည်း စားခွင့်မပြုသောကြောင့်ဖြစ်သည်။
လက်ရွေးစင်သရဲတပ်ဖွဲ့ကိုပင် စေလွှတ်၍ အက်ကြောင်းကို စောင့်ကြပ်ခိုင်းထားသည်။ မြေအောက်သားရဲများ လေလွင့်ဝိညာဉ်များ လူသားကမ္ဘာသို့ မဝင်နိုင်အောင် တားဆီးထားသည်။
ထိုလုပ်ရပ်ကို သူ့လက်အောက်ခံသရဲစစ်သူကြီးများပင် နားမလည်ကြ။ တုန်ဟွမ်းကလည်း ရှင်းမပြ။ လိုလည်း မလိုအပ်။ သူအမိန့်ပေးလျှင် သူ့လက်အောက်ခံများ လိုက်နာရမည်။
“ဒီနေရာကိုလွှဲပြောင်းယူမယ့်လူ ငါခေါ်လာပြီ”
တုန်ဟွမ်း လက်ညှိုးကိုလှုပ်ရှားလိုက်သည်။ ရွှေရောင်အလင်းတစ်ခု သူလက်မှ ကျလာသည်။ နည်းနည်းရှက်နေပုံရသည့် နတ်မင်းအသွင်ပြောင်း၍ မြေပေါ်သို့ကျလာသည်။
“ဖုန်ချင်အန်း၊ မင်းလာကြည့်လို့ရပြီ”
သိစိတ်အာရုံမှ သူလှမ်းပြောလိုက်သည်။ စစ်ပွဲနတ်မင်း၏စွမ်းအင်ရောင်က အားနည်းနေသည်။ စိတ်ဓာတ်ကျနေပုံလည်းရသည်။
“ဒါက မြေအောက်ကမ္ဘာလား”
မှောင်မှိုင်းမှိုင်းကောင်းကင်ကို သူမော့ကြည့်သည်။ ကန္တာရလိုခြောက်ကပ်နေသည့် ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ စိတ်ဝင်စားမှုအံ့ဩမှုအရိပ်များ သူ့မျက်လုံးတွင် ပေါ်နေသည်။ စွမ်းအားလျော့ပါးနေသည့်တိုင် ကြောက်လန့်ရိပ်တော့မရှိ။
ယုန်နင်ကောင်တီမှ သူအတင်းဆွဲခေါ်ခံခဲ့ရသဖြင့် သစ်ပင်မှချိုးယူလိုက်သည့် သစ်ကိုင်းလိုဖြစ်နေသည်။ အသားအရောင်ကို ခဏထိန်းထားနိုင်သော်လည်း အဟာရအထောက်အပံ့မရှိလျှင် ခြောက်ကပ်သွားလိမ့်မည်။ သို့သော် သူမကြောက်။
“မေးပါရစေ အရှင်မ။ ဒီဝိညာဉ်နတ်ကို ကျုပ်နေရာမှာ အစားထိုးမှာလား။ အဆင့်နိမ့်နတ်မင်းပဲ”
သေဆုံးတော့မည့် စစ်နတ်မင်းတွင် အရောင်အဝါတစ်ချို့ ပျောက်ဆုံးသွားသည်။ သို့သော် ပို၍တည်ငြိမ်နေသည်။ ဒူးထောက်နေသည့် သရဲတပ်မှူးနှင့်စစ်သည်များ သူ့ကိုပြုံးကြည့်၍ ယုဟွမ်သခင်မကို မေးသည်။
“မင်းဟာ လူသားကမ္ဘာရဲ့ သူရဲကောင်းပဲ။ အပြစ်ပေးတာကို မင်းက အယားဖြေသလောက်ပဲ သဘောထားမှာ။ အဲလောက်ပဲဆိုရင် မင်းကို အထင်သေးလွန်းရာကျသွားမှာပေါ့”
ပြောနေရင်းမှ တုန်ဟွမ်းက လက်ကိုညင်သာစွာ လှုပ်ရှားလိုက်သည်။ မလှမ်းမကမ်းမှ ပိတ်ဆို့ထားသည့် အက်ကြောင်း ချက်ချင်းပွင့်လာသည်။ လူသားကမ္ဘာမှ ပူနွေးဆဲဖြစ်သည့်ယင်စွမ်းအင်များ ရုတ်တရက် ဝင်လာသည်။ စစ်နတ်မင်း စွမ်းအင်နည်းနည်းရလာသည်။
ထိုမြင်ကွင်းကြောင့် စစ်နတ်မင်း နားမလည်နိုင်အောင်ဖြစ်ရသည်။ ယုဟွမ်သခင်မ ဘာလုပ်ချင်သည်မသိ။
“ဒါဟာ လူသားကမ္ဘာကိုသွားတဲ့ မြေအောက်ဘုံအက်ကြောင်းပဲ။ ထာဝရတည်နေမယ့် အက်ကြောင်းပေါ့။ သိပ်မကြာခင်ကမှ ငါထိန်းချုပ်ထားတာ။ အဲဒီအရင်က ဒီနေရာကိုအုပ်စိုးရဲ သရဲဘုရင်အတွက် လူသားကမ္ဘာကဝိညာဉ်တွေ သိမ်းယူဖို့ အရေးအကြီးဆုံး လမ်းကြောင်းတစ်ခုပေါ့”
ယုဟွမ်က စစ်ပွဲနတ်မင်းကို ရှင်းပြသည်။ ထို့နောက် သရဲတပ်မှူးကို လှည့်ကြည့်သည်။
“အခု မင်းတို့တပ်ဖွဲ့ သွားလို့ရပြီ။ ဒီနေရာကို ကာကွယ်ဖို့ စစ်နတ်မင်းက တာဝန်ယူလိမ့်မယ်”
“အမိန့်နာခံပါ့မယ်”
မေးစရာမေးခွန်းများစွာ ရှိနေဆဲဖြစ်သော်လည်း သရဲနတ်မင်း ဘာမှမထပ်မပြောတော့။ ငရဲဖီးနစ်ရှိနေသည်။ သူ့အဆင့်အတန်းက ပြန်မေးခွန်းထုတ်ခွင့်မရှိ။ အမိန့်အတိုင်းနာခံရုံသာရှိသည်။
ချက်ချင်းထရပ်၍ သူ့လက်အောက်ခံများကို စုစည်းသည်။ သရဲများ၏ လှုပ်ရှားပုံက သာမန်လူများ နးမလည်နိုင်လောက်အောင် လျင်မြန်သည်။ အထောက်အပံ့များ ရိက္ခာများမလို။ တဲစခန်းများလည်း မလိုပေ။
တစ်ခဏအတွင်း အင်အားတောင့်တင်းသည့် သရဲတပ်ဖွဲ့ ဆုတ်ခွာသွားကြသည်။ လူသားကမ္ဘာအက်ကြောင်းနှင့် ယခင်တိုက်ပွဲဟောင်းကြောင့် ပျက်စီးနေသည့် ပတ်ဝန်းကျင်သာ ကျန်ရစ်ခဲ့သည်။ ရှေ့တန်းစစ်မြေပြင်ဟောင်းတစ်ခု ဖြစ်သည်။ ယုဟွမ်သရဲနိုင်ငံ ထိန်းချုပ်မှုအောက်သို့ ရောက်ခဲ့သည်မှာ မကြာသေး။
“ငါက မင်းရဲ့လက်အောက်ခံမဟုတ်ဘူး။ မင်းနောက်ကို ဘယ်တော့မှ မလိုက်နိုင်ဘူး။ မင်းငါ့ကို အမိန့်ပေးခွင့်မရှိဘူး”
ယင်အက်ကြောင်းဆီ လှမ်းကြည့်၍ စစ်နတ်မင်း မျက်မှောင်ကျုံ့သွားသည်။ ငရဲဖီးနစ်ပေါ်မှ တုန်ဟွမ်းကို မော့ကြည့်သည်။
“ဟုတ်တာပေါ့။ မင်းငါနဲ့ပူးပေါင်းဖို့ သဘောတူမထားဘူး။ ဒါပေမယ့် ငါက သဘောထားကြီးကြီးနဲ့ ဒီနေရာကို မင်းဆီလွှဲအပ်ဖို့ ဆုံးဖြတ်ထားပြီးပြီ”
တုန်ဟွမ်းက ငုံ့ကြည့်၍ ပြောသည်။
“ဒါပေမယ့် ငါပေးတဲ့နေရာကို မင်းအရေးမစိုက်လည်း ရပါတယ်။ ဒီအက်ကြောင်းကနေ လူသားကမ္ဘာကို ပြန်သွားလို့ရတယ်။ မင်းနေရာ မင်းပြန်သွားပြီး လူသားတွေရဲ့ ပူဇော်မှုနဲ့ ဆက်နေလို့ရတယ်။ ဒါပေမယ့် ရှင်းအောင်ပြောမဘ်။ ဒီနေရာကို နောက်ထပ် ဘယ်သရဲတပ်ဖွဲ့ကိုမှ ငါမလွှတ်တော့ဘူး။ မြေအောက်သားရဲတွေ ယင်ဝိညာဉ်တွေ လူသားကမ္ဘာကို ဝင်သွားရင် အဲဒါမင်းအပြစ်ပဲ။ ငါ့အမိန့်ကို ဖီဆန်ပြီး ငါပေးတဲ့တာဝန်ကို ငြင်းပယ်ခဲ့လို့ပဲ”
“အတော်အရှက်မရှိတာပဲ”
စစ်နတ်မင်း သဘောပေါက်သွားသည်။ အဆင့်မြင့်ခေါင်းဆောင်တစ်ယောက်က သူ့ကို အနိုင်ကျင့်ခြင်းဖြစ်သည်။
“ရိုင်းစိုင်းလျချည်လား”
တုန်ဟွမ်း မျက်နှာတင်းသွားသည်။ ပြင်းထန်သည့်ဖိအားတစ်ခု ချက်ချင်းကျလာသည်။ စစ်နတ်မင်းကိုယ်ပေါ်မှ သံချပ်ကာ ခံနိုင်စွမ်းမရှိတော့ဘဲ ကြေမွပျက်စီးသွားသည်။
“ငါမင်းကို လေးစားတယ်။ ဒါကြောင့် မင်းအပေါ် ဘာမှချုပ်ချယ်မထားဘူး။ ဘယ်လိုရွေးချယ်မလဲဆိုတာ မင်းသဘောပဲ။ မင်းစိတ်မပါရင် အခုထွက်သွားလို့ရတယ်။ အက်ကြောင်းတစ်ဘက်မှာ ရှိနေတဲ့ လူသားကမ္ဘာဟာ မင်းကိုပူဇော်နေတဲ့ ယုန်နင်ကောင်တီမဟုတ်ဘူး။ တာ့ကျင်းနိုင်ငံလည်းမဟုတ်ဘူး။ မင်းမကြားဖူးတဲ့ တစ်ခြားလူသားနိုင်ငံတစ်ခုပဲ”
ထို့နောက် တုန်ဟွမ်း ထပ်မပြောတော့။ အရိုးဖြူဓားတစ်လက်ကို ပစ်ချခဲ့သည်။ ဖီးနစ်က စူးရှသည့်အော်သံတစ်ချက်ပြု၍ ပျံထွက်သွားသည်။ စစ်နတ်မင်းနဲ့ နောက်ထပ်လေကုန်မခံတော့
ယခု အက်ကြောင်းနှင့် အပျက်အစီးနယ်မြေသာ ကျန်ခဲ့သည်။ လှုပ်ရှားသက်ဝင်မှုမရှိ။ ရွှေအလင်းခပ်မှိန်မှိန်ဖြင့် ရပ်နေသည့် နတ်မင်းတစ်ယောက်သာ ကျန်ခဲ့သည်။ အမှောင်ထုအောက်မှ လူသားကမ္ဘာအက်ကြောင်းဆီ ငေးစိုက်ကြည့်နေသည်။ သူ့စိတ်များ ရှုပ်ထွေးနေသည်။
အက်ကြောင်းတစ်ဘက်တွင် ကြယ်ရောင်တစ်ချို့ကို လှမ်းမြင်နေရသည်။ သူဆယ်စုနှစ်များစွာ ကာကွယ်ခဲ့သည့် လူသားကမ္ဘာဖြစ်သည်။ ခြေတစ်လှမ်းလှမ်းရုံဖြင့် လူသားကမ္ဘာသို့ ပြန်နိုင်သည်။ နတ်မင်းအဖြစ် ဆက်နေနိုင်သည်။ အတားအဆီး လုံးဝလုပ်မထား။
“တကယ်အရှက်မရှိတာပဲ”
ရှုဝူပန် တဖြေးဖြေးနောက်ပြန်လှည့်၍ လူသားကမ္ဘာကို ကျောပေးလိုက်သည်။ သူ့မျက်နှာ ပြန်လည်တည်ကြည်လာသည်။
လွတ်လပ်သည်ထင်ရသော်လည်း ရွေးချယ်စရာနှစ်ခုသာရှိသည်။ သို့သော် ဂုဏ်ပကာသနမတပ်မက်သည့် သေခြင်းတရားကိုမကြောက်သည့် သူ့လိုလူအတွက် ရွေးချယ်စရာက တစ်ခုသာရှိသည်။
“မင်းတို့က လူသားကမ္ဘာကို သွားချင်တယ်ပေါ့”
သရဲတပ်ဖွဲ့ဆုတ်ခွာသွားကတည်းက ကောင်းကင်တွင် ပြည့်နက်လာသည့် လေလွင့်ဝိညာဉ်များကို မော့ကြည့်လိုက်သည်။ ရွှေအလင်းတောက်ပသည့်မျက်လုံးတွင် တိုက်ပွဲအငွေ့အသက်များ ဖုံးလွှမ်းလာသည်။
“ဒီလမ်းကြောင်းကို ပိတ်ထားတယ်ကွ”
သူ့စွမ်းအားများ လျော့နေသော်လည်း လက်ထဲမှဓားကို ချက်ချင်းဝင့်လိုက်သည်။ ကောင်းကင်မှ လေလွင့်ဝိညာဉ်တစ်အုပ် ကြေမွပျက်စီးသွားသည်။ ဤနေရာကို နောက်ဆုံးထွက်သက်အထိ သူကာကွယ်သွားရန် ဆုံးဖြတ်လိုက်သည်။
“အရူးပဲ”
မိုင်တစ်ရာအကွာမှ အနက်ရောင်ဖီးနက်က စစ်နတ်မင်းဆီ လှည့်ကြည့်၍ ခပ်တိုးတိုးရေရွတ်လိုက်သည်။
“လူသားကမ္ဘာကို ကျောပေးပြီး ယင်ဝိညာဉ်တွေကို ရင်ဆိုင်နေတယ်။ နင်ထွက်သွားရင် တုန်ဟွမ်းက ဒီနေရာကိုလျစ်လျူရှုထားမယ်လို့ တကယ်ထင်နေတာလား”
********************************************