← Chapters

လူဆိုး

Vol. 11 Ch. 162

လူဆိုး

Vol. 11 Ch. 162

“ဟုတ်တယ်၊ သူတို့က အရူးတွေပါ”

ဖီးနစ်ကျောပြင်ပေါ်မှ တုန်ဟွမ်းကလည်း ထောက်ခံသည်။ ဖုန်ချင်အန်းလည်း သူ့စိတ်ကို ခံစားမိသည်။ တုန်ဟွမ်း အတော်ကျေနပ်နေဟန်ရှိသည်။

“ဒီနတ်မ်ငး လူသားကမ္ဘာကို လှည့်ပြန်သွားရင် နင်သူ့ကို စိတ်မဝင်စားတော့ဘူးမဟုတ်လား”

“မှန်တာပေါ့။ သေခါနီးအချိန်မှာ သတ္တိရှိတာတွေ စကားကြီးစကားကျယ်ပြောတောတွေက ဘာမှမဟုတ်ပါဘူး။ ပြောတဲ့အတိုင်း အမြဲမပြတ်လုပ်နေတာကမှ ထူးခြားတဲ့လူဖြစ်ဖို့ အရည်အချင်းမီမှာ”

တုန်ဟွမ်း ခေါင်းငြိမ့်သည်။ သေခါနီးအချိန် အကြောက်အလန့်မရှိခြင်းသည် ဘာမှထူးဆန်းသည်မဟုတ်။ သာမန်လူများပင် ကိုယ့်အသက်ကိုယ် အဆုံးစီရင်နိုင်ကြသည်။ သေခြင်းတရားထက် ပိုကြောက်စရာကောင်းသည့်အရာများကို ရင်ဆိုင်ရဲခြင်းသည်သာ ချီးကျူးထိုက်သည်။

ဘယ်သူမှမသိ၊ မတမ်းတ၊ မပူဇော်၊ သတိမရသည့်အဖြစ်။ နတ်ဝိညာဉ်တို့သည် မွှေးတိုင်ပူစော်မှု ယုံကြည်မှုစွမ်းအားဖြင့် ထိုရပ်တည်မှုမှ ထွက်ခွာလာလျှင် ဒေသခံများက သူ့ကို အချိန်တခဏအတွင်း မေ့ပျောက်သွားကြပေလိမ့်မည်။

အလွန်ဆုံး သုံးနှစ်မှ ငါးနှစ်ထိသာ ခံမည်။ လူတို့သည် မေ့ပျောက်လွယ်ကြသည်။ အပြန်အလှန် ကျေးဇူးမရလျှင် မသက်ဆိုင်သည့် နတ်တစ်ပါးအပေါ် မွှေးတိုင်အလဟဿထွန်းပေးနေမည်မဟုတ်။

မြေအောက်အက်ကြောင်းကို တစ်ယောက်တည်း စောင့်ကြပ်ရခြင်းသည် အထီးကျန်မှုကို ခံစားရမည်။ လောက၏ မေ့ပျောက်မှုကို ခံရမည်။ ဓားတစ်ကြိမ်ဝင့်တိုင်း ပို၍ပို၍အားနည်းလာသည်ကို ခံစားရမည်။ မရှောင်လွဲနိုင် မပြောင်းလဲနိုင်ပေ။

ထိုနတ်မင်း လူသားကမ္ဘာသို့ ပြန်ဖို့ရွေးချယ်လျှင် တုန်ဟွမ်း ဘာမှလုပ်မည်မဟုတ်။ ထိုအတိုင်း ထားလိုက်မည်။ သူ့ကိုစော်ကားခဲ့သော်လည်း အရေးစိုက်မည်မဟုတ်။ အချိန်ကုန်ခံနေမည်မဟုတ်။

ယခု နတ်မင်းက လူသားကမ္ဘာကိုကျောခိုင်း၍ မြေအောက်ဘုံကို မျက်နှာမူ၍ ဓားကိုဝင့်နေသည်။ ထို့ကြောင့် တုန်ဟွမ်း တကယ်စိတ်ဝင်စားမိသည်။ တိုက်ပွဲတွင် စစ်သည်များကိုဦးဆောင်နိုသည့် ကွန်မန်ဒါတစ်ယောက်၏ စိတ်ဓာတ်။ ကျောက်ဆောင်ပမာ ခိုင်မာသည့်စိတ်ဓာတ်။ တုန်ဟွမ်း စိတ်မဝင်စားပဲ မနေနိုင်။

“အခု မင်းသူ့ကို ပိုစိတ်ဝင်စားလာပြီး အဖြစ်မနေသိမ်းသွင်းတော့မယ်ပေါ့”

ဖုန်ချင်အန်း ကမေးသည်။

“အမှန်ပေါ့”

“ဒါပေမယ့် သူ့စိတ်ဓာတ်အရဆို လုံးဝအညံ့ခံမှာမယ်မထင်ဘူး”

“ကိစ္စမရှိဘူး။ သူ့သဘာဝက ရိုးရှင်းပါတယ်။ သူ့ကိုအသုံးချဖို့ ငါ့မှာ နည်းလမ်းတွေအများကြီးရှိတယ်”

“ဥပမာတစ်ခုလောက် ပြောပြပါ”

“ငါသူ့ကို စစ်သည်တွေဦးဆောင်ခိုင်းပြီး လူသားကမ္ဘာက သက်ရှိဝိညာဉ်သုံးရာကို စားခဲ့တဲ့ သရဲဘုရင်ကို တိုက်ခိုက်ခိုင်းလို့ရတယ်။ သူ့လိုစိတ်ဓာတ်ရှိတဲ့လူက ငါ့အမိန့်ကို ငြင်းပယ်ပါ့မလား”

“မငြင်းနိုင်တာ အသေအချာပေါ့”

ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။ သို့သော် မျက်မှောင်ကျုံ့၍ ထပ်မေးသည်။

“သက်ရှိလူသားဝိညာဉ်သုံးရာကိုစားတဲ့ သရဲဘုရင် တကယ်ရှိလို့လား”

ရှိလျှင် အချိန်ဆွဲနေဖို့မလို။ ယခုချက်ချင်း ဓားဆွဲ၍ သူသွားသတ်ဖို့ပင် စိတ်ကူးမိသည်။

“သရဲဘုရင် လူသားဝိညာဉ်တွေကို နေရာတိုင်းမှာ စားနေတယ်ဆိုတာထက် မြေအောက်ကမ္ဘာက သရဲတွေအားလုံး လူသားဝိညာဉ်ကို စားချင်ကြတယ်ဆိုရင် ပိုမှန်မယ်။ မြေအောက်ကမ္ဘာကို အမြစ်ဖြုတ်ဖို့ တွေးနေရင်တော့ အဲဒီ့အတွေးကို ချက်ချင်းဖျောက်လိုက်ပါ။ မင်း ဝိညာဉ်ဘိုးဘေးအဆင့်လောက် ရောက်လာတဲ့နေ့မှ အဲလိုစတွေးပါ”

ဖုန်ချင်အန်း ငြိမ်သွားသည်။ ဤလောကတွင် သူမမြင်နိုင်သည့်အရာများစွာ ရှိနေသေးသည်။ ထိုဖြစ်တည်မှုများကို တန်းတူလိုက်လိုလျှင် သူတော်စင်အဆင့်သည်ပင် မလုံလောက်။

“တုန်ဟွမ်း၊ ခုနက မင်းပစ်ချပေးခဲ့တဲ့ဓားက ဘာအတွက်လဲ”

ဖုန်ချင်အန်း နောက်တစ်ခုထပ်မေးသည်။

“ငါအနိုင်ယူခဲ့တဲ့ သရဲဘုရင်ရဲ့ လက်နက်ပါ။ အဆင့်မြင့်ဝိညာဉ်စားကျင့်စဉ်နဲ့ သရဲကျင့်စဉ်တွေ ဓားထဲမှာ ချန်ထားခဲ့တယ်”

“သူ့ကို တကယ်သရဲစစ်သူကြီး ဖြစ်လာစေချင်တယ်ပေါ့”

ဖုန်ချင်အန်း ရယ်လိုက်သည်။

“မြေအောက်ဘုံမှာ သူနေဖို့ဆုံးဖြတ်ရင် နတ်မင်းဖြစ်လို့မရဘူး။ သူ့လက်ရှိစွမ်းအားလေးနဲ့ မွှေးတိုင်စွမ်းအားမရရင် သိပ်မကြာခင် သေသွားမှာပဲ။ သရဲကျင့်စဉ် မပေးခဲ့ရင် အဲဒီမှာ တိုက်ခိုက်ရင်း သူသေသွားမှာ”

“ဒါဆို သူ့အတွက် သရဲကျင့်ကြံသူဘဝပြောင်းဖို့ပဲ ရွေးချယ်စရာရှိတယ်ပေါ့”

“သရဲကျင့်ကြံသူဖြစ်တာ ဘာမှမမှားပါဘူး။ သူ့မှာ ရွေးစရာမရှိဘူးလေ။ နတ်မင်းဖြစ်တုန်းကလည်း သူအတွက် ဘာမှလမ်းစမရှိပါဘူး။ သူ့စရိုက်နဲ့ဆို ရာထူးတိုးနိုင်ခြေမရှိဘူး။ သူ့ဝိညာဉ် ပျက်စီးကြေမွတဲ့အထိ ဖိနှိပ်ခံထားရမှာပဲ။ ငါ့လက်အောက်ကိုဝင်ပြီး ငါ့စစ်သူကြီးဖြစ်တာက ပိုကောင်းပါတယ်”

“ဟုတ်ပါတယ်”

“သူဉာဏ်ကောင်းရင် သူ့စွမ်းအားမကုန်ခင် ငါချန်ခဲ့တဲ့ဓားကို ကောင်ကိုင်သင့်တယ်။ ဒါမှ သူ့ကျင့်ကြံနည်းကို စောစောပြီးမြောက်အောင်ကျင့်ကြံပြီး စွမ်းအားသစ်ရလာမှာ”

“သူက အညံ့ခံဖို့ထက် အသေခံမယ့်လူစားမျိုးဖြစ်နေရင် မင်းချန်ခဲ့တဲ့ဓားကို ကောက်မကိုင်ရင် ဘယ်လိုလုပ်မလဲ”

“ဒါက ငါသူ့ကိုပေးခဲ့တဲ့ ရွေးချယ်ခွင့်ပဲ။ အညံ့ခံရင် သူအထင်သေးခဲ့တဲ့ စွမ်းအားကို ရလာမယ်။ မြေအောက်ဘုံအက်ကြောင်းကို စောင့်ကြပ်နိုင်မယ်။ အဲလိုမဟုတ်လို့ သူ့ကိုယ်ပိုင်နတ်စွမ်းအားကို ထိန်းထားပြီး နတ်မင်းအဖြစ် သူသေသွားရင် မြေအောက်ဘုံအက်ကြောင်း ပွင့်သွားမယ်။ သရဲတွေ မကောင်းဆိုးဝါးတွေ လူသားကမ္ဘာမှာ နှောက်ယှက်ကြတော့မှာပေါ့”

“တုန်ဟွမ်း”

“ဘာလဲ”

“ငါအခုမှ နားလည်တယ်။ မင်းက တကယ်ဉာဏ်များတဲ့လူပဲ”

ဖုန်ချင်အန်း တဟားဟားရယ်မောနေသည်။ ရှုဝူပန်၏စရိုက်အရ နှစ်ကြိမ်စဉ်းစားစရာမလိုသည့် ရွေးချယ်မှုကို ပေးခဲ့ခြင်းဖြစ်သည်။

“ဘယ်လို”

“ဒါပေမယ့် ဉာဏ်များတာကို ငါသဘောကျပါတယ်”

“ဒါက အုပ်ချုပ်သူတစ်ယောက်မှာ ရှိသင့်တဲ့ဗျူဟာလေးပါ။ သူ့ဆန္ဒပါပါ မပါပါ ငါသူ့ကို အသုံးချချင်ရင် ရအောင်အသုံးချရမှာပေါ့”

"ဟားဟားဟာ။ မင်းဟာ ငါ့ရဲ့..”

“မင်းမှာ တစ်ခြားလုပ်စရာ ဘာမှမရှိတော့ဘူးလား။ ကျင့်ကြံချိန်ရောက်ပြီလေ”

ဖုန်ချင်အန်းစကားမဆုံးမီ သိစိတ်အာရုံကို တုန်ဟွမ်းက ဖြတ်တောက်သွားသည်။ ဆက်ပြောမည့်စကားကို သူမကြားချင်တော့။

“ကျွတ်...စကားတောင် မဆုံးသေဘူးကွာ”

ဖုန်ချင်အန်း သူ့အခန်းထဲတွင် နန်းကောကို ပွေ့ဖက်ထားရင်း ရေရွတ်လိုက်သည်။ စိတ်ကို တည်ငြိမ်အောင်ပြန်ထိန်း၍ နန်းကောစွမ်းအင်ကျင့်ကြံမှုကို ထိန်းညှိပေးသည်။

ဝိညာဉ်စားဝိညာဉ်အားဖြည့်စွမ်းရည်။

သူနောက်ဆုံးရထာသည့် လျှို့ဝှက်ကျင့်စဉ်ဖြစ်သည်။ အချိန်အတော်ကြာ လေ့လာလေ့ကျင့်ပြီးနောက် အခြေခံပိုင်းကို သူကျွမ်းကျင်လာသည်။ ကျင့်စဉ်၏ ရည်ရွယ်ချက်ကို နားလည်လာသည်။

All Chapters