ကျမ်းရွတ်ကိုယ်တော်
Vol. 11 Ch. 165
“သရဲနိုင်ငံထဲ ပိတ်မိနေတဲ့အချိန်မှာ မင်းရယ်ငါရယ် ခွဲနေစရာ ဘာအကြောင်းရှိလို့လဲ အကိုတော်။ ကျမ်းရွတ်ရင်လည်း အတူတူရွတ်မှာပါ။ ဒုက္ခကြုံလည်း အတူရင်ဆိုင်ရမှာပေါ့”
“အော်မီတော်ဖေါ်၊ ဟုတ်ပါတယ် ဟုတ်ပါတယ်”
အားလုံးအချင်းချင်းနှစ်သိမ့်ရင်း ကျမ်းစာစရွတ်ကြသည်။ နူးညံ့သည့်ဓမ္မကျမ်းစာရွတ်ဖတ်သံများ ဘုံကျောင်းထဲတွင် လွင့်ပျံလာသည်။လာသည်။ ထိန်းချုပ်ခံထားရသည့် သရဲများ ကျမ်းရွတ်သံနှင့်ဗုဒ္ဓအလင်းစွမ်းအားတို့ကြောင့် နာကျင်စူးရှစွာ အော်ဟစ်နေကြသည်။
သူတို့ခန္ဓာကိုယ်ပေါ်တွင်း မီးလောင်သကဲ့သို့ တရှဲရှဲအသံများ မြည်လာသည်။ အနက်ရောင်မီးခိုးများ သူတို့ဘေးပတ်လည်တွင် ပေါ်လာသည်။ ထိုအရာတို့သည် မီးခိုးများမဟုတ်။ သူတို့ကိုယ်ထဲမှ အတင်းဆွဲထုတ်ခံရသည့် မကောင်းသည့်စွမ်းအင်များဖြစ်သည်။
ဗုဒ္ဓအလင်းသည် မကောင်းသည့်စွမ်းအင်များကို သန့်စင်ပေးသည်။ စူးရှသည့်အော်သံများ လျော့ပါးသွားသည်။ အစောပိုင်းက ခိုင်မာစွာရှိနေသည့် သရဲခန္ဓာများ စတင်ပျောက်ကွယ်လာသည်။ ဗုဒ္ဓအလင်းထဲတွင် ပျော်ဝင်သွားတော့မလို ဖြစ်နေသည်။
ကျမ်းရွတ်သံကြောင့် သရဲများပြာကျသွားသည်ကို မြင်ရသဖြင့် ဘုန်းတော်ကြီးများ ကျမ်းရွတ်ဖတ်မှု ရပ်လိုက်သည်။ ထိုသရဲများ မကျန်တော့လျှင် သူတို့လည်း အသက်ရှင်မည်မထင်။
“ကျမ်းစာဆက်ရွတ်ပါ”
ရေခဲတမျှအေးစက်သည့်စကားသံ ပေါ်လာသည်။ နိုင်ငံသခင်မ၏ အမိန့်ကြောင့် ရပ်ဆိုင်းသွားသည့် ကျမ်းရွတ်သံများ ပြန်ပေါ်လာသည်။ သရဲများ ပြင်းထန်သည့်ဗုဒ္ဓအလင်းအောက်တွင် စတင်ပျက်စီးလာပြန်သည်။
သို့သော် တစ်ချို့ သရဲများက အသိစိတ်ပြန်ဝင်လာကြသည်။ သူတို့စိတ်များ ကြည်လင်ရှင်းလင်းလာသည်။ ရူးသွပ်သလိုဖြစ်နေရာမှ တည်ငြိမ်လာသည်။ မျက်လုံးတွင် ကြောက်ရွံ့ရိပ်များ ပေါ်လာသည်။
“ထင်တဲ့အတိုင်းပဲ”
ကျမ်းစရွတ်ကတည်းက ယုဟွမ်သခင်မသည် ကောင်းကင်အထက်မှ အရာအားလုံးကို ကြည့်နေခဲ့သည်။ အံ့ဩဟန်မရှိ။ သေသွားသည့်သရဲများကိုလည်း လှည့်ပင်မကြည့်။
အသိပြန်ဝင်လာသည့် သရဲများကိုသာ သူရွေးချယ်သည်။ ကျမ်းရွတ်သံနှင့် ဗုဒ္ဓအလင်းက သူ့အပေါ် သက်ရောက်မှုမရှိ။
ဗုဒ္ဓကျမ်းစာသည် သူနှင့်အစိမ်းသက်သက်မဟုတ်။ သူ့ဖခင်နှင့်အတူတူ နားထောင်၍ တာအိုနှလုံးကျင့်ကြံရန် အသုံးချခဲ့ဖူးသည်။ ဗုဒ္ဓဓမ္မသည် လွတ်မြောက်ခြင်းကို ရည်ရွယ်သည်။ သို့သော် စိတ်စွမ်းအားခိုင်မာစေရန်အတွက်လည်း အသုံးချနိုင်သည်။
“ဒီဘုန်းကြီးတွေ့ အသုံးဝင်တယ်ပေါ့”
တုန်ဟွမ်းပုခုံးပေါ်မှ ယွီယွီလည်း မြင်ကွင်းကိုကြည့်၍ အံ့ဩနေသည်။
“ဗုဒ္ဓကျမ်းစာက ဒီလောက်မှ မစွမ်းဆောင်နိုင်ရင် မြင့်မြတ်တယ်လို့ ဘယ်သတ်မှတ်လို့ရတော့မှာလဲ”
တုန်ဟွမ်း မအံ့ဩပါ။ အသိနက်နဲလွန်းသည့် ဘုန်းကြီးများကို ပူးပေါင်းဆောင်ရွက်ခိုင်းရန် ခက်ခဲသည်။ ဗုဒ္ဓဝါဒတွင် သရဲဝိညာဉ်တို့အတွက် လွတ်မြောက်လမ်း(သံသရာလမ်း)သာရှိသည်။ ကယ်တင်စရာမလို။ ကယ်တင်နိုင်လျှင်ပင် ပြိုကွဲလွယ်သည့် စိတ်အခြေအနေကြောင့် ကြာရှည်ခံမည်မဟုတ်။ ရူးသွပ်သည့်အဆင့်သို့ ပြန်ရောက်သွားလိမ့်မည်။
“ဒီဘုန်းကြီးတွေကိုသရဲတစ်ယောက်ချင်း သန့်စင်ခိုင်းပါ။ ဗုဒ္ဓဓမ္မအသိအမြင့်ဆုံးဘုန်းကြီးကို ရွေးပြီး ငါ့သရဲတပ်မှူးတွေ အရာရှိတွေကို ကျမ်းစာရွတ်ပြခိုင်းပါ”
“အိုကေ”
ယွီယွီ တောင်ပံဖြန့်၍ လေထဲသို့ ပျံတက်သွားသည်။ အားလုံးက သူနှင့်တုန်ဟွမ်းလို ဗုဒ္ဓအလင်းကို ရင်ဆိုင်နိုင်သည်မဟုတ်။
ဆယ်ရက်ကြာပြီးနောက် ဘုံကျောင်းရှေ့တွင် ရက်စက်ကြမ်းတမ်းသည့်သရဲများ စုပြုံနေသည်။ အရွယ်အစားကြီးမားသည့် နွားသရဲများ သရဲဘုရင်များ ရောက်လာသည်။ မည်မျှကြမ်းတမ်းသူဖြစ်စေ သရဲဘုရင်များပင် လူသားအသွင်ပြောင်း၍ ဝင်လာရသည်။ အထိန်းအကွပ်မရှိသည့် အမူအရာမျိုး ခွင့်မပြုဟု သူတို့ခေါင်းဆောင်က အမိန့်ပေးထားသည်။
ဗောဓိကျောင်းသည် အတော်ကျယ်ဝန်းသော်လည်း သရဲနိုင်ငံအတွက် အတော်သေးငယ်နေသည်။ ကျမ်းစာရွတ်သံ နားထောင်ဖို့ဝင်လာသည်ကလည်း စွမ်းအားနှင့် ရာထူးအဆင့်ကို ပြသခြင်းပင်ဖြစ်သည်။
ထို့ကြောင့် စွမ်းအားကြီးသရဲအတော်များများ ဘုံကျောင်းအပြင်တွင် ရပ်နေရသည်။ ဘုံကျောင်းဆီ အားမလိုအားမရအကြည့်ဖြင့် ကြည့်နေသည်။ သူတို့ဝင်သွားချင်သည်။ သို့သော် သတ်မှတ်ချက်မမီကြ။
ထိုသရဲများသည် ဗုဒ္ဓကျမ်းစာကို သိပ်စိတ်မဝင်စားကြ။
ထိုကျမ်းရွတ်ပွဲတွင် အဆင့်မြင့်သရဲစစ်သူကြီးများ အရာရှိများ လာနားထောင်မည်ဟု သိထားသဖြင့် ကပ်ဖားရပ်ဖားလုပ်လိုကြခြင်းသာဖြစ်သည်။ တစ်ယောက်ယောက် မျက်စိကျသွားလျှင် သူတို့အဆင့်အတန်း တိုလးာနိုင်သည်။
ဘုံကျောင်းထဲမှ ဘုန်းကြီးများ ငေးငိုင်နေသည်။ ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းများ ထိုးထွက်လာသည်။နေသည်။ လေးဘက်လေးတန်မှ စိမ့်ဝင်လာသည့် စွမ်းအားမြင့်ယင်ဓာတ်များကို ခုခံနေသည်။
ဘုန်းကြီးအတော်များများမျက်နှာတွင် စိတ်သက်သာရာရသည့် အရိပ်တစ်ချို့လည် တွေ့ရသည်။ သူတို့တာဝန်က ဘေးပတ်လည်မှ စွမ်းအားမြင့်သရဲများ၏ နာကျည်းဒေါသစွမ်းအင်များကို ရှင်းလင်းပေးဖို့သာဖြစ်သည်။
“ယီရှို့၊ မောက်မာစိတ်တွေ မကျေနပ်စိတ်တွေ မဖြစ်စေနဲ့။ မကြောက်နဲ့။ စိတ်ကို တည်ငြိမ်အောင်ထိန်းပါ”
ဂိုဏ်းမှူးက အာရုံလွင့်နေသည့် ယီရှို့ကို စိတ်မကောင်းဟန်ဖြင့်ကြည့်၍ ပြောသည်။ ယီရှို့ စိတ်ဓာတ်ကျနေသည်။ ပုတီးကိုင်ထားသည့် သူ့လက်များ တုန်ရင်နေသည်။
ယုဟွမ်သခင်က သူ့ကို တရားပြဆရာအဖြစ် ရွေးချယ်ခဲ့သည်။ ယနေ့ အဆင့်မြင့်စွမ်းအားမြင့်သရဲများကို ရင်ဆိုင်ဟောပြောရမည်ဖြစ်သည်။ စွမ်းအားအကြီးဆုံး အရက်စက်ဆုံး သရဲများလည်း ပါနေသည်။
ထို့ကြောင့် သူစိတ်ခြောက်ခြားနေသည်။ ပြီးခဲ့သည့်ရက်ပိုင်းက သူတွေ့ခဲ့ရသည့် ပါချီပါချဲ့သရဲရးများမဟုတ်။ ထိုစဉ်က မတော်တဆ သရဲတစ်ယောက် သေကြေပျက်စီးသွားလျှင်လည်း သိပ်ပြဿနာမရှိ။ ယုဟွမ်သခင်မ အရေးစိုက်မည်မဟုတ်။
ယခု သရဲများက အဆင့်မြင့်သရဲများဖြစ်သည်။ အထိန်းအကွပ် ရှိသူများမဟုတ်။
ထိုသရဲများ၏ မကောင်းသည့်စွမ်အင်ရောင်များကို ကျမ်းစာရွတ်၍ သူသန့်စင်ပေးရမည်။
ယနေ့ ထိုသရဲများဝါးမျိုခံရပြီး သေရတော့မည်ဟု ယီရှုတွေးမိသည်။
သူသည် သရဲများအတွက် အကြီးမားဆုံးစွဲမက်စရာဖြစ်နေသည်။ ကျမ်းစာရွတ်လျှင် ထိုသရဲများ စိတ်နှလုံးထဲတွင် ပုန်းအောင်းနေသည့် ဒေါသနာကျည်းစိတ်များ နိုးထလာဖို့များသည်။ ထိုသရဲများ ဒေါသထွက်လျှင် သူ့ကံကြမ္မာ ဆိုးဝါးသွားမည်။
သို့သော် ရွေးစရာမရှိ။ သခင်မအမိန့်ကျလာသည်။ ဤသရဲများ သူ့ကိုစားသွားလည်း မတတ်နိုင်။
အော်မီတော်ဖော်၊ အော်မီတော်ဖော်။
အတိတ်ဘဝက မည်သည့်အကုသိုလ်လုပ်မိ၍ ယခုလို သူအဆုံးသတ်ရသည်မသိ။
“တရားဟောဆရာက ဘယ်မှာလဲ။ တရားဟောတော့လေ။ ဘာလို့ပေါ်မလာသေးတာလဲ”
“ငါတို့ကိုကြောက်လို့ အထဲမှာပုန်းနေတာလား။ ထွက်မလာရဲတာလား”
"ဟားဟားဟား။ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် မရဘူး။ ငါတို့က သူတရားနားထောင်ဖို့လာတာ။ အချိန်ကို အလဟဿအဖြစ်မခံနိုင်ဘူး”
“ဟုတ်တယ် ဟုတ်တယ်။ ငါတို့မှာ လုပ်စရာအကြေီးကိစ္စတွေ ရှိတယ်။ ဒီလိုတော့ အချိန်ကုန်မခံနိုင်ဘူး”
“ကိုယ်တော်။ တရားစမဟောသေးရင် ကျုပ်တို့ကိုယ်တိုင် လာဆွဲခေါ်မှာနော်”
ဘုံကျောင်းအပြင်ဘက်မှ သရဲများက နောက်ပြောင်နေကြသည်။ သခင်မ ဘုန်းကြီးများကို မစားရန် ဒုက္ခမပေးရန် တားမြစ်ထားသော်လည်း စကားဖြင့် ထိုးနှက်မှုလောက်ကို ခွင့်ပြုထားပေလိမ့်မည်။
“ယီရှု၊ ငါတို့ မင်းနဲ့အတူလိုက်မယ်။ ဒီသရဲတွေ ငါတို့ကိုအထင်သေးတာ မခံနိုင်ဘူး။ ဗုဒ္ဓဂိတ်နဲ့ ဗောဓိကျောင်းကို သိက္ခာကျမခံနိုင်ူဘး”
သရဲများ၏ နောက်ပြောင်စကားကြောင့် ဘုန်းကြီးများမျက်နှာအမူအရာ ပြောင်းသွားသည်။ သူတို့ကံကြမ္မာကို မလွတ်မြောက်နိုင်လျှင် သိက္ခာရှိရှိရင်ဆိုင်ရမည်။
“ကျေးဇူးပါ ဦးလေးဆရာ။ ကျေးဇူးပါ ညီအကိုတို့။ သခင်မက ကျုပ်ကိုပဲ တရားပြဖို့ ခန့်ထားတာ။ ကျုပ်တစ်ယောက်တည်း ရင်ဆိုင်ပါ့မယ်။ ကျုပ်နှင့်အတူ စွန့်စားဖို့ မလိုပါဘူး”
ယီရှုမျက်နှာ တည်ငြိမ်သွားသည်။ သရဲများ၏ရိုင်းစိုင်းသည့် အပြုအမူကြောင့် နတ်ဆိုးထိန်းချုပ်လိုသည့်စိတ်နှလုံး နိုးကြားလာသည်။ ရွတ်ဆိုမည့်တရားကိုပင် တွေးထားပြီးဖြစ်သည်။
နတ်ဆိုးများကို အောင်နိုင်ခြင်း ဝိဒြာရာဇတရားဖြစ်သည်။
သူထရပ်လိုက်သည်။ တံခါးဖွင့်၍ အပြင်ထွက်သည်။ ဖိအားပြင်းသည့်အကြည့်အားလုံး သူ့အပေါ်ကျလာသည်။ သရဲများပြည့်သေနည့် ဘုံကျောင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သရဲဂျင်နရယ်တစ်ယောက် သူ့ပါးစပ်မှ ကျနေသည့် သွားရည်များကို သုတ်လိုက်သည်။
ထိုခဏမှာပင် အနက်ရောင်ဝံပုလွေတစ်ကောင် ပျင်းရိပျင်းတွဲဟန်ဖြင့် ဘုံကျောင်းထဲသို့ ဝင်လာသည်။ တစ်ကိုယ်လုံးတောင့်တင်းနေသည့်ယီရှို့ မျက်လုံးပြူးသွားသည်။ တောင်နက်ကို ငေးစိုက်ကြည့်နေသည်။ ပုတီးကိုင်ထားသည့် တုန်ရီနေသည့်လက်ဖြင့် တောင်နက်ကို လက်ညှိုးထိုးသည်။
“မင်းလား”
***************************************