← Chapters

စတင်ခြင်း

Vol. 12 Ch. 180

စတင်ခြင်း

Vol. 12 Ch. 180

“ရှောင်အန်း၊ စိတ်ပူမနေပါနဲ့။ မင်းကောင်းကောင်းမဖြေနိုင်လည်း ကိစ္စမရှိဘူး။ နောက်ထပ်သုံးနှစ် စောင့်လို့ရသေးတာပဲ။ ငါတို့မိသားစုက မင်းအကိုကြောင့် ဂုဏ်ရှိနေပါပြီ။ ကိုယ့်ကိုယ်ကို အရမ်းဖိအားမပေးနဲ့”

စာမေးပွဲဖြေခါနီးတွင် ပိုးချည်ဝတ်စုံဝတ်ထားသည့်လူကြီးက အဆက်မပြတ် တတွတ်တွတ်ပြောနေသဖြင့် ဖုန်ချင်အန်း နားထောင်နေရသည်။

မျက်နှာအမူအရာ ဘာမှမပြောင်းလည်းသော်လည်း သူ့လက်များ စိုးရိမ်စိတ်ကြောင့် သူ့လက်များ အနည်းငယ်တုန်နေသည်ကို ဖုန်ချင်အန်း ရိပ်မိသည်။

သုံးနှစ်ခန့် စီးပွားတိုးတက်လာပြီးနောက် ထိုလူ၏ပုံစံက လုံးဝပြောင်းလဲသွားသည်။ စားမေးပွဲသွားဖြေမည့် သားဖြစ်သူကိုကြည့်၍ စိုးရိမ်နေဟန်ရှိသည်။

ဘယ်သူမှ သူ့ကိုအပြစ်မပြောရဲကြ။ ဖုန်ရှို့လင်နှင့်အတူ အားကောင်းမောင်းသန် အလုပ်သမား ဆယ်ယောက်ကျော်ပါလာသည်။ စားမေးပွဲသွားဖြေမည့်သားငယ်ကို လိုက်ပို့မည့်အဖွဲ့ဖြစ်သည်။

သားကြီး စာမေးပွဲဖြေစဉ်က လယ်သမားမျှသာဖြစ်သည့် ဖုန်ရှို့လင် အချိန်မပေးနိုင်ခဲ့။ အထောက်အပံ့လည်း မပေးနိုင်ခဲ့။ သို့သော်ယခု သူချမ်းသာနေသည်။ ဒုတိယသားကို ထောက်ပံ့နိုင်သည့်အခွင့်အရေး ရလာသည်။

အလွန်အကျွံစိုးရိမ် ပူပန်နေခြင်းသည် သိပ်မလိုအပ်လှဟု ထင်သည်။ သူ့အဖေ၏ ကာကွယ်ထိန်းချုပ်တတ်လွန်းသည့်အကျင့်သည် ကောင်တီစာမေးပွဲပြီးလျှင် ရပ်တန့်သွားလိမ့်မည်။ ထိုထက်သူ လက်လှမ်းမမီနိုင်။

သို့သော် သားဖြစ်သူ စာမေးပွဲကျမည်ဟု ယူဆနေကြောင်း ဖုန်ချင်အန်း ကောင်းကောင်းသိသည်။ ထိုတစ်ချက်တော့ တစ်ခြားလူများနှင့် အမြင်မတူ။

သည်းမခံနိုင်။ ကျသည်ဆိုလျှင်လည်း အခြေခံကလေးအရည်ချင်းစစ်စာမေးပွဲမျိုးတော့ သူမကျချင်။ အတန်းပညာအခြေခံကို ဦးစားပေးစစ်ဆေးခြင်းဖြစ်၍ ဇွဲကောင်းကောင်းလေ့လာထားသည့် ကျောင်းသားများ အောင်မြင်နိုင်သည်။ ပါရမီဉာဏ်စွမ်းများ မလိုအပ်။

ထိုအရည်ချင်းစစ်စာမေးပွဲမျိုး သူမအောင်လျှင် ဆန်ကုန်မြေလေးဟု အားလုံးက သတ်မှတ်ကြမည်။ ပြည်နယ်စာမေးပွဲကျခြင်းသည် သူ့ကိုသာမဟုတ်။ သူ့အကိုကိုပါ လှောင်ပြောင်စရာဖြစ်လိမ့်မည်။

နန်းတွင်းစာမေးပွဲဖြေရန် ပေါ်လာသည့် တစ်ခြားကျောင်းသားများလည်း သူ့ကို အာရုံစိုက်နေကြမှန် သူသိသည်။ သူ့အဖေထည့်ပေးလိုက်သည့် အစောင့်အရှောက်အဖွဲ့ကြောင့်သာမက သူ့ကြောင့်လည်း အာရုံစိုက်ကြခြင်းဖြစ်သည်။

ရွယ်တူကလေးများထက် အရပ်ပိုမြင့်သည်။ မျက်နှာသွင်ပြင်ကသာ နုပျိုနေခြင်းဖြစ်သည်။

ရက်ပိုင်းအတွင်း ဖုန်ချင်အန်းသတင်းက စာမေးပွဲဂိတ်တံခါးကို ကျော်လွန်၍ ပျံ့နှံ့သွားသည်။ ကောင်တီငယ်လေးအတွင်း သတင်းအမြန်ပြန့်သွားသည်ဖြစ်၍ သူရှိနေသဖြင့် လူထုအာရုံစိုက်ခံရသည်။

ခြောက်ထပ်ကွမ်းစာပေပညာရှင်၏ ညီဖြစ်၍ အားလုံးအာရုံစိုက်နေကြခြင်းဖြစ်သည်။

သို့သော် ထိုလူများကို ဖုန်ချင်အန်း အရေးမစိုက်။ စာမေးပွဲခန်းမဖွင့်ချိန်ထိ စိတ်ရှည်လက်ရှည်စောင့်သည်။ ထို့နောက် သူအရင်ဆုံး ဝင်သွားသည်။

ခန်းမထဲမဝင်မီ တစ်ကိုယ်လုံး ရှာဖွေစစ်ဆေးလေ့ရှိသည်။ သို့သော် သူ့နောက်ခံကိုသိထားသည့် အခန်းစောင့်များက သာမန်ကာလျှံကာသာ စစ်ဆေးသည်။ စာမေးပွဲတွင် သူခိုးဖြေမည်မဟုတ်ဟု ယုံကြည်ထားဟန်ရှိသည်။

အထဲရောက်သည်နှင့် သူ့ဆရာ ဆရာကျန်းက စာမေးပွဲကြီးကြပ်သူအဖြစ် ရှိနေသည်ကိုမြင်သည်။ ထို့အပြင် ကောင်တီနယ်စားမင်းလည်း ဧည့်သည်မိန်းခွန်းပြောသူအဖြစ် တက်ရောက်လာသည်။ ကောင်တီနယ်စားက သူ့ကိုအလေးထားမှန်း ရိပ်စားမိသည်။ ကျန်သည့်လူများကို ဆက်ဆံပုံနှင့် သိသိသာသာကွာခြားသည်။

သို့သော် နယ်စားအသိအမှတ်ပြုခံရသော်လည်း ဖုန်ချင်အန်း ထိုင်ရမည့်ထိုင်ခုံတွင် ဝင်ထိုင်၍ စာမေးပွဲဖြေရန် အသင့်ပြင်သည်။ နယ်စားသည်လည်း သူ့အိမ်သို့ လာလည်သူများနှင့် အတူတူပင်ဖြစ်သည်။

စာမေးပွဲက ပုံမှန်အတိုင်း ကျင်းပသည်။ သို့သော် အချိန်ကုန်ခဲလွန်းသည်ဟု ထင်ရသည်။ ကောင်တီနယ်စာမေးပွဲတွင် အပိုင်းလေးပိုင်းရှိသည်။ တစ်ပိုင်းလျှင် နေထွက်ချိန်မှစ၍ နေဝင်ချိန်အထိကြာသည်။ ကြားတွင် အဖြေလွှာအကဲဖြတ်ရန် ရလာဒ်ကြေငြာရန် နှစ်ရက်စီခြားသည်။ တစ်ပိုင်းအောင်မှ နောက်တစ်ပိုင်း ဆက်ဖြေခွင့်ရသည်။ အပိုင်းလေးပိုင်းလုံးအောင်မြင်ရန် အတော်ခက်ခဲသည်။

ကျင်းပသည့်အစီအစဉ်က ချင့်ချိန်ဖန်တီးထားခြင်းဖြစ်သည်။ ကြားရက်နားချိန် များများပေးထားသည်။ ဖြေဆိုသူအတော်များများအတွက် အလွန်ခက်ခဲသည့် စမ်းသပ်ပွဲတစ်ခုဖြစ်သည်။ သို့သော် စာမေးပွဲကို လူမှုရေးပွဲလမ်းတစ်ခုလို အတွေ့အကြုံရှာသည့်ပွဲလို သဘောထားနိုင်သူဟူ၍ ဖုန်ချင်အန်းတစ်ယောက်သာ ရှိသည်။

ယုန်နင်ကောင်တီမှ စာပေပညာရှင်အများစုက နန်းတွင်းစာမေးပွဲတွင် အပြောင်းအလဲတစ်ခုဖြစ်လာရန် မျှော်လင့်ထားကြသည်။ စာမေးပွဲရလာဒ်များ ကြေညာတိုင်း အမူအရာအမျိုးမျိုး တွေ့ရသည်။ တစ်ချို့က ရယ်နေချိန်တွင် ကျန်သည့်လူများက ငိုနေကြသည်။ စာမေးပွဲရလာဒ်ကြေညာချိန်တွင် ဘဝသရုပ်တစ်ခု အသက်ဝင်ပီပြင်လာသည်။

စာအုပ်ကိုင်ရသည်ကို မုန်းတီးသော်လည်း အကိုဖြစ်သူက သင်ပြထားသလို မှတ်ဉာဏ်လည်းထူးခြားသူဖြစ်၍ ကောင်တီစာမေးပွဲ အပိုင်းလေးပိုင်းကို ချောမွေ့စွာအောင်မြင်သည်။ အားလုံးတွင် ထိပ်ဆုံးနေရာ ရခဲ့သည်။

ထိုရလာဒ်အတွက် သူဘာမှအရေးမစိုက်သော်လည်း သူ့ဖခင်ဖုန်ရှို့လင်က ကိုယ်တိုင်စာမေးပွဲအောင်သကဲ့သို့ အပျော်ကြီးပျော်နေသည်။ ပထမပိုင်း စာမေးပွဲရလာဒ်ကြေညာပြီးသည်နှင့် သူ့စားသောက်ဆိုင်တွင် ဂုဏ်ပြုပွဲကျင်းပသည်။ ဖောက်သည်များကို ဈေးလျှော့ပေးသည်။

ဖုန်ချင်အန်းသတင်းကြောင့် မြို့ငယ်လေးတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်မှာ ဆန်းတော့မဆန်းလှ။

လွန်ခဲ့သည့်သုံးနှစ်ကလည်း ထင်မှတ်မထားသည့် ကောင်လေးတစ်ယောက် စာမေးပွဲအောင်စာရင်းတွင် ထိပ်တန်းက ရပ်တည်ခဲ့သည်။ ခြောက်ထပ်ကွမ်းဘွဲ့ကို ရခဲ့သည်။

ညီအကိုရင်းများဖြစ်၍ နှိုင်းယှဉ်မှုများ ရှိလာသည်မှာ ရှောင်လွှဲမရ။ ထို့ကြောင့် ကောင်တီစာမေးပွဲပြီးသည်နှင့် သူ့ကို လူအများက ချန်ပီယံစာပေပညာရှင်ဟု စခေါ်ကြသည်။ လောင်းကစားရုံများပင် ကစားသမားများကို မျှားခေါ်ရန် ထိုနာမည်ကို အသုံးပြုကြသည်။

ကောင်တီစာမေးပွဲအပြီးတွင် အများစုက ဝမ်းနည်းပက်လက်ပြန်သွားသည်။ အောက်မြင်သူများက ကောင်တီမြို့စားသောက်ဆိုင်များတွင် အောင်ပွဲခံသည်။ ကြည်နူးစရာနှစ်တစ်နှစ်ဖြစ်၍ စာဖြေကျောင်းသားများ သီချင်းဆိုကြသည်။ ပျော်ပျော်ပါးပါး သောက်စားသည်။ ကဗျာစပ်ကြသည်။ ‌ပျော်ပွဲရွှင်ပွဲများက အဆုံးမရှိ။

***************************************

All Chapters