← Chapters

သဘောချင်းဆန့်ကျင်

Vol. 12 Ch. 168

သဘောချင်းဆန့်ကျင်

Vol. 12 Ch. 168

“တုန်ဟွမ်း၊ ငါ့ကို ဒါကြီးကူထည့်ပေးလို့ရမလား”

ကြီးမားသည့်အရိုးစုရှေ့တွင် အချိန်အတော်ကြာအောင် ရပ်နေပြီးနောက် ယုဟွမ်သခင်မကို သူပြောလိုက်သည်။

ပြီးခဲ့သည့်နှစ်အတွင်း အဆက်မပြတ်ကြိုးစားအားထုတ်ခဲ့မျုကြောင့် အရိုးစု၏ဦးခေါင်းခွံ ရင်ဘတ်ရိုးတစ်ချို့နှင့် ဘယ်လက်မောင်းတို့ ရွှေရောင်တောက်နေပြီဖြစ်သည်။ ယခင် ကျောက်ဖြစ်ရုပ်ကြွင်းဘဝနှင့် လုံးဝမတူတော့။ သို့သော် အရိုးစုတစ်ခုလုံး အသက်သွင်းဖို့တော့ အလှမ်းဝေးသေးသည်။

ယခု သူခရီးထွက်ရတော့ညမ်။ အရင်လို မြေအောက်ဘုံအက်ကြောင်းမှ ညတိုင်းမလာနိုင်တော့။ အရိုးစုကို သူ့ခါးပတ်အိတ်ထဲ ထည့်သွားရုံသာရှိသည်။

တုန်ဟွမ်းပေးသည့် ခါးပတ်၏အတွင်းလေဟာနယ်က အတော်ကျယ်သော်လည်း ထိုအရိုးစုကြီးအတွက် နည်းနည်းကျဉ်းကြပ်နေသယောင် ထင်ရသည်။ ထိုအရိုးစု တကဘ်အသက်ဝင်လာလျှင် ထိန်းထားနိုင်ဖို့ နေရာလုံလောက်တော့မည်မဟုတ်။ သို့သော်ယခု သက်မဲ့အရာဝတ္ထုအဖြစ်သာရှိသေးသည်။

လက်ရှိထိုင်နေသည့်ပုံစံအတိုင်း ခါးပတ်ထဲတွင် အံဝင်ရုံလောက်သာဖြစ်သည်။ တစ်ခြားပြဿနာတစ်ခု ရှိသေးသည်။ ဖုန်ချင်အန်း ဝိညာဉ်စွမ်းအားက ထိုမျှကြီးမားသည့်အရိုးစုကို တစ်ခါတည်းဆွဲထည့်နိုင်ဖို့ မလုံလောက်သေး။

နေမီးတောက်သစ်ပင်နှင့် တောင်ကုန်းလေးကို ဖြေးဖြေးချင်းဖဲ့ယူ၍ သူထုပ်ပိုး၍ သိမ်းဆည်းနိုင်ခဲ့သည်။ သို့သော် ထိုအရိုးစုကြီးကိုတော့ ခွဲထည့်၍မရ။ အရိုးစုတစ်ခုလုံးက တစ်ဆက်တည်းရှိနေသည်။ ဖြတ်တောက်နိုင်လျှင်လည်း သူဖြတ်တောက်မည်မဟုတ်။ တစ်ခုခုလွဲချော်သွားလျှင် ပြန်ပြင်ဖို့ခက်မည်။

ထို့ကြောင့် တုန်ဟွမ်းကို အကူအညီတောင်းသည်။ တောင်တန်းရွှေ့နိုင်သည့်စွမ်းအားမျိုး သူမရှိ။ တုန်ဟွမ်းက တောင်တန်းကိုရော အရိုးစုကိုပါ တစ်ခါတည်း သိမ်းဆည်းပေးနိုင်သည်။

“ဖုန်ချင်အန်း၊ မင်းတကယ်သွားမှာလား”

နန်းကောက မခွဲချင်ဟန်ဖြင့် မေးသည်။ ဖုန်ချင်အန်း နန်းတွင်းစာမေးပွဲ သွားဖြေဖို့ ပြင်ဆင်နေကြောငင်း သူသိပြီးဖြစ်သည်။ ထိုစာမေးပွဲသည် ဖုန်ချင်အန်းအတွက် အကြောင်းပြချက်သက်သက်ဖြစ်ကြောင်းလည်း သိသည်။

ဖုန်ချင်အန်း မည်သို့စီစဉ်သည်ဖြစ်စေ ခရီးထွက်မည့်အချက်က သေချာသည်။ ယနေ့ညမှစ၍ မြေအောက်ဘုံအက်ကြောင်းကို ဖြတ်သွားလည်း ဖုန်ချင်အန်းကို အိမ်တော်တွင် သူတွေ့ရမည်မဟုတ်တော့။

“ငါဒီမှာနေတာ ကြာပြီ။ တစ်ခြားနေရာတွေကို လေ့လာဖို့အချိန်ကျပြီ”

နန်းကောခံစားချက်ကို သူနားလည်သည်။ သို့သော် သူ့ဆုံးဖြတ်ချက် မပြောင်းနိုင်။

“ငါထွက်သွားပြီးရင်လည်း ရေသာခိုမနေနဲ့။ ကြိုးစားပြီးလေ့ကျင့်ပါ။ နေရောင်ကို မကြောက်တော့ဘဲ လူသားကမ္ဘာမှာ လွတ်လွတ်လပ်လပ်သွားနိုင်တဲ့အချိန်ကျရင် မင်းငါ့ကို လာတွေ့လို့ရပြီလေ”

“အင်းပါ။ ငါနင့်ကို သိပ်မကြာခင်လာတွေ့မှာပါ”

ဖုန်ချင်အန်း စကားကြောင့် နန်းကော စိတ်အားတက်ကြွလာသည်။

ဖုန်ချင်အန်း အကူအညီကြောင့် သန့်စင်ခြင်းကိုးပါး နောက်ဆုံးအဆင့်ကို သူအပြုနေပြီဖြစ်သည်။ ပြီးမြောက်သည်နှင့် အဆင့်တက်တော့မည်။ စွမ်းအားလည်း အကြီးအကျယ်တိုးလာမည်။ စွမ်းအားအဆင့် တည်ငြိမ်သွားလျှင် လူသားကမ္ဘာနေရောင်အောက်တွင် လွတ်လပ်စွာ သွားနိုင်ပြီဖြစ်သည်။

“ငါမင်းကို စောင့်နေပါ့မယ်”

“လူသားမျိုးနွယ် မြို့တော်ကြီးတွေကို သူဝင်လို့မရလာက်ဘူး”

ရိုးအသည့် ညီမဖြစ်သူကိုကြည့်၍ တုန်ဟွမ်းက ပြောသည်။

ရှီလီရွာတွင် အတော်အလိုက်သိသည့် ဒေသခံနတ်ရှိသည်။ ကောင်တီမြို့တော်နတ်ဘုရားကလည်း ပါးနပ်သည်။ ဤနှစ်များအတွင်း လူသားကမ္ဘာနှင့်မြေအောက်ဘုံအကြား နန်းကောမကြာခဏ သွားလာနေသော်လည်း ဘယ်သူမှ ထွက်မတားကြ။

သို့သော်ယခု ဖုန်ချင်အန်းက မြို့တော်ကြီးများဆီ ခရီးထွက်တော့မည်။ လူသားမြို့တော်တို့တွင် စည်းမျဉ်းဥပဒေရှိသည်။ ကာကွယ်စောင့်ရှောက်နေသည့် နတ်များရှိသည်။

နန်းကောလို မြေအောက်ကမ္ဘာယင်ဝိညာဉ်ကို သည်းခံကြမည်မဟုတ်။ နတ်ဘုရားများက မွေးရာပါယင်ဝိညာဉ်ဟုတ်မဟုတ် အချိန်ကုန်ခံ ခွဲခြားနေကြမည်မဟုတ်။ ယင်ဝိညာဉ်ဟု သိသည်နှင့် သေမျိုးလူသားများနှင့် ထိတွေ့ခွင့်မရှိဟု ယူဆကြမည်။

လူသားတု့ကြည်ညိုသည့် နတ်မင်းများသည် ကိုယ်ပိုင်ကိစ္စထက် သေမျိုးများလုံခြုံဘေးကင်းရေးကိုသာ ဦးစားပေးကြသည်။ နတ်ဘုရားတိုင်းက ယုန်နင်နတ်ဘုရားလို့ နားလည်မှုရှိကြမည်မဟုတ်။

စိတ်အားတ်ကကြွနေသည့်နန်းကော ချက်ချင်းမှင်သက်မိသွားသည်။ အလိုမကျသည့်အမူအရာ လက်မခံနိုင်သည့်အမူအရာ မျက်နှာတွင် ပေါ်လာသည်။

“ဘာလို့လဲ”

“သေမျိုးတွေဆီက ယန်စွမ်းအင်ကို တိတ်ဆိတ်ခိုးယူကြတဲ့ စွမ်းအားနိမ့်သရဲတွေပဲ မြို့တော်တွေကို ဝင်ထွက်နိုင်တာ။ သူတို့က စွမ်းအားနိမ့်တော့ အာရုံခံမိဖို့မလွယ်ဘူး။ ဒါပေမယ့် နင်သာ နေရောင်အောက်မှာ လျှောက်သွားနိုင်တဲ့အဆင့်ရောက်လို့ အဲဒီနတ်ဘုရားတွေက အာရုံမခံနိုင်ရင် သူတို့က ညံ့လွန်းရာကျသွားမှာပေါ့”

“ကျွန်မမှာ စွမ်းအင်ရောင်ဖုံးကွယ်နိုင်တဲ့ ခရမ်းဝတ်ရုံ ရှိတာပဲ”

နန်းကော ပို၍လက်မခံနိုင်ဖြစ်လာသည်။ ဝိညာဉ်နတ်ဘုရားများကို သူမမြင်ဖူးသည်မဟုတ်။ သူ့ဝတ်ရုံဖြင့် အလွယ်တကူ လှည့်စားနိုင်မည်ဟု ယုံကြည်သည်။

“အဲတော့ ဘာထူးလာမှာလဲ။ နင် လူတွေနဲ့ မတိုက်ခိုက်မိအောင် နေနိုင်တာ သေချာလို့လား”

တုန်ဟွမ်းက မျက်နှာသာမပေး။ သူ့ညီမအကြောင်း ကောင်းကောင်းသိသည်။ အတိတ်ဘဝမှတ်ဉာဏ်များ ပျောက်ဆုံးနေသော်လည်း နန်းကောစရိုက်သဘာဝက သိပ်ပြောင်းလဲမသွား။

“ဖုန်ချင်အန်းဘေးမှာ သာမန်လူတစ်ယောက်လို နင်နေနိုင်မှာမို့လား”

“နေနိုင်ပါတယ်”

နန်းကော ချက်ချင်းပြန်ဖြေသည်။ သာမန်လူလိုနေရသည်မှာ ဘာမှအဆန်းတကျယ်မဟုတ်။ သူသည် စွမ်းအားလည်း သိပ်သုံးချင်သူမဟုတ်။ တုန်ဟွမ်းလို တိုက်ခိုက်သိမ်းပိုက်ရသည်ကို နှစ်သက်သူမဟုတ်။

“တကယ်လား၊ လူသားမျိုးနွယ် စွမ်းအားကြီးမိသားစုရဲ့ မိန်းမတစ်ယောက်က ဖုန်ချင်အန်းကို ချစ်ကြိုက်လို့ လက်ထပ်ချင်တယ်လို့ ရင်ဖွင့်လာရင်ရော နင်စိတ်ထိန်းနိုင်မှာလား”

တုန်ဟွမ်း နန်းကောကို ငုံ့ကြည့်နေသည်။ အေးစက်သည့်သူ့မျက်ဝန်းတွင် ကရုဏာရိပ်တစ်ချို့ ပါနေသည်။

လူဝင်စားမိုနာ့ဖြစ်သည်ဟူသည့်အဖြစ်ကို သူ့အကိုပုံရိပ်က ဖုံးကွယ်ထားနိုင်သော်လည်း သူ့အကိုကြောင့်ပင် လူသားကမ္ဘာတွင် ဖုန်ချင်အန်းကို စိတ်ဝင်စားသူ အများအပြား ရှိလာပေလိမ့်မည်။

All Chapters