← Chapters

လက်ဆောင်

Vol. 12 Ch. 173

လက်ဆောင်

Vol. 12 Ch. 173

“သခင်လေးဖုန် ကျေနပ်ရင် ပြီးတာပါပဲ”

တောင်တန်းနတ်ဘုရား အမူအရာ အပြောင်းအလဲမရှိ။

“ဒီဓားမှာ နာမည်ရှိလား”

“မပေးရသေးဘူး။ အခု သခင်လေးကို ဒီဓားပေးလိုက်ပြီဆိုတော့ သခင်လေးပဲ နာမည်ရွေးပါ”

“နတ်စိမ်း”

ဖုန်ချင်အန်း နတ်ဘုရားအသွင်ကို တစ်ချက်ကြည့်၍ ချက်ချင်းပြောလိုက်သည်။

“ဒီဓားကို နတ်စိမ်းဓားလို့ နာမည်ပေးချင်တယ်။ တောင်တန်းသခင် ဘယ်လိုသဘောရလဲ”

“နတ်စိမ်းဓား။ ...သိပ်ကောင်းတာပဲ”

နတ်ဘုရား ပြုံး၍ခေါင်းငြိမ့်လိုက်သည်။ လက်မခံစရာမရှိ။ ထိုဓားကို စေတနာဖြင့် လက်ဆောင်ပေးခဲ့သည်။ ဓားနာမည် ဘယ်သူ့ကိုရည်းညွှန်းသည်မှာ ထင်ရှားနေသည်။

“တောင်တန်းသခင်လက်ခံရင် ဒီနေ့ကစလို့ ဒီဓားက နတ်စိမ်းဓားပဲ”

အပြာရောင်အလင်းတစ်ခု ဓားပြားပေါ်တွင် ပေါလာသည်။ ရှေးတရုတ်စာလုံးနှစ်လုံး ပေါ်လာသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုစာနှစ်လုံး ဘာကိုဆိုလိုမှန်း ဖုန်ချင်အန်း သိလိုက်သည်။ စာလုံးများကို သူမသိ။ အဓိပ္ပါယ်ကို သိသည်။

(**Green God – “အစိမ်းရောင်နတ်ဘုရား” လို့ ဘာသာပြန်ရင် ပိုလှပါတယ်။ ဒါပေမယ့် စာလုံးနှစ်လုံးတည်းဖြစ်အောင် နတ်စိမ်းဓားလို့ပဲ ရေးလိုက်ပါတယ်)

နတ်စိမ်းဓား။

အထူးစွမ်းအားတစ်မျိုးဖြင့် ရေးထားသည့်စာဖြစ်သည်။ အာရုံစိုက်၍ ကြည့်မထားလျှင် မှတ်မိနိုင်ရန် ခက်ခဲသည်။

“လောကကို ခရီးထွက်တဲ့အခါ နတ်စိမ်းဓားဟာ သခင်လေးနဲ့အတူ နာမည်ကျော်ကြားလာမှာပါ”

ထိုအချက်ကို နတ်ဘုရား ယုံကြည်သည်။ ထိုသခင်ကိုသူလေးစားသည်။ နဂါးကောင်းကင်တက်သလို တိုးတက်လာမည့် အလားအလာကို သူကြိုမြင်သည်။

“တောင်တန်းသခင် ချီးကျူးလွန်းနေပါပြီ”

ချီးကျူးစကားကြောင့် ဖုန်ချင်အန်း နည်းနည်းနေရခက်လာသည်။

နတ်ဘုရားက သူ့ကို အတော်ကြာ စိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်သည်။ ဖုန်ချင်အန်း နားမလည်နိုင်အောင် ဖြစ်သွားသည်။

“ဘာလို့ သက်ပြင်းချနေတာလဲ တောင်တန်းသခင်”

“ကျုပ် သခင်လေးရဲ့အကိုနဲ့ အိပ်မက်ထဲမှ အကြိမ်ကြိမ် ငြင်းခုန်ဖူးတယ်။ အကျိူးကျေးဇူးအများကြီး ရခဲ့ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က သူထွက်မသွားခင် ကျုပ်ကိုနှုတ်ဆက်တယ်။

အခု နောက်သုံးနှစ်ကြာတော့ သခင်လေးလှည့်ရောက်လာတယ်။ သခင်လေးအကို ကျုပ်ကိုနှုတ်ဆက်ပြီး နောက်တစ်ကြိမ် ပြန်ဆုံကြတော့ သူက အဆင့်မြင့်ရာထူးနေရာကို ရနေပြီ။ ဒီနေ့လည်း သခင်လေးကို နှုတ်ဆက်တယ်။ နောက်တစ်ကြိမ်ပြန်ဆုံရင် သခင်လေးဘယ်လိုလူ ဖြစ်နေမယ်ဆိုတာ ကျုပ်မသိဘူး”

"ဟားဟား၊ မင်္ဂလာစကားအတွက် ကျေးဇူးတင်ပါတယ် တောင်တန်းသခင်။ နောက်တစ်ကြိမ်ပြန်ဆုံလို့ ကျုပ်မှာအစွမ်းအစရှိနေရင် တောင်တန်းသခင်ကို မုန်တိုင်း(ကောင်းကင်ဆင်းရဲ)ဖြတ်ကျော်ဖို့ ကူညီပြီး နဂါးအစစ်အသွင်ပြောင်းပေးဖို့ ကျုပ်ဝန်မလေးပါဘူး”

သူ ကတိပေးလိုက်သည်။ တောင်တန်းနတ်ဘုရား မည်သည့်ရည်ရွယ်ချက်ရှိသည်ဖြစ်စေ သူ့ကိုပေးသည့် အကူအညီက စစ်မှန်သည်။

စေတနာကို ခံယူလျှင် စေတနာဖြင့် ပြန်တုံ့ပြန်ရမည်။ နတ်ဘုရားပေးသည့်ဓားကို သူလွယ်လွယ်လက်ခံခဲ့သည်။ နောင်တစ်ချိန် နတ်ဘုရားကိုကူညီ၍ အသွင်ပြောင်းပေးနိုင်မည်ဟု သူယုံကြည်သည်။

“ဒါဆိုရင် သခင်လေး တောင်တန်းပေါ် ပြန်လာမယ့်အချိန်ကို ကျုပ်စောင့်နေပါ့မယ်”

တောင်တန်းနတ်ဘုရား ရယ်လိုက်သည်။ ဖုန်ချင်အန်း၏ ဝင့်ကြွားမောက်မာသည်ထင်ရသည့် စကားများကို သူအထင်မသေးပါ။ ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း တောင်တန်းအပြင်ဘက်တွင် ပေါ်လာသည့် ကောင်းကင်ဆင်းရဲကို သူယခုထိ ကြောက်နေဆဲဖြစ်သည်။ ကောင်းကင်ဆင်းရဲ ဘယ်သူ့ကြောင့် ပေါ်လာမှန်း သူကောင်းကောင်းသိသည်။

“ဒါဆို ကျုပ်သွားတော့မယ်”

နတ်ဘုရားနှင့် တစ်ညလုံး စကားပြောနေ၍မဖြစ်။ သူ့မိဘများ အိမ်ပြန်ရောက်နေသည်။

“ဒီမှာတော့ ဝိုင်မရှိဘူး။ လက်ဖက်ရည်တစ်အိုးပဲ တိုက်ပါ့မယ်။ ကောင်းကင်ခြောက်ခုကို ဖြတ်ပြီး နယ်မြေရှစ်ခုကို လွှမ်းမိုးနိုင်ပါစေလို့ ကျုပ်ဆုတောင်းပေးပါတယ်”

နတ်ဘုရား အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ အဖြူရောင်လက်ဖက်ရည်အိုးနှင့်လက်ဖက်ရည်ခွက် ဖုန်ချင်အန်းရှေ့တွင် ပေါလာသည်။ သင်းပျံ့သည့်လက်ဖက်ရည်နံ့ ဝေ့ဝဲလာသည်။ ဖုန်ချင်အန်း အားနာမနေပါ။ တောင်တန်းနတ်ဘုရား ပိုင်ဆိုင်ထားသမျှသည် အရည်အသွေးမနိမ့်ကြောင်း သူသိသည်။

လက်ဖက်ရည်သောက်ပြီးနောက် အနားတွင်ရပ်နေသည့် ဝံပုလွေဖြူကိုစီး၍ တောင်တန်းအပြင်ဘက်ဆီ ဦးတည်ထွက်လာခဲ့သည်။ သူတို့ပြောနေသည့်စကားကို ဝံပုလွေဖြူ ကြားခဲ့ရသည်။ စိတ်ထဲတွင် တုန်လှုပ်နေသည်။

တောင်တန်းနတ်ဘုရားကို နဂါးအစစ်အဖြစ် အသွင်ပြောင်းဖို့ကူညီမည်ဟု ဖုန်ချင်အန်း ရဲရဲတင်းတင်းကြေညာခဲ့သည်။ နတ်ဘုရားကလည်း အသိအမှတ်ပြုဟန်ရှိသည်။ ကောင်းကင်ခြောက်ခု မြေပြင်ရှစ်ခုကို လွှမ်းမိုးဖို့ ဆုတောင်းပေးသည်။ ဖုန်ချင်အန်း မည်သည့်နောက်ခံမျိုး ရှိသည်မသိ။

ဝံပုလွေဖြူ အတွေးနက်နေသည်။ သို့‌သော် ဖွင့်ထုတ်မမေးရဲ။ ကြောက်သည်။

(** ဤနေရာတွင် ဝံပုလွေဖြူနာမည်ကို Mr. Bai ဟု ရေးထားပါသည်။ ဝံပုလွေဖြူသည် “အမ” ဖြစ်၍ “မစ္စတာပိုင်” တော့မဟုတ်လောက်ဟု ယူဆသည်။ “မာပိုင်” ဟုပြန်ဆိုသွားပါမည်)

“ခဏရပ်လို့ရမလား။ တောင်တန်းပေါ်က ကျုပ်မိတ်ဆွေတစ်ယောက်ရှိတယ်။ ခရီးမထွက်ခင် သွားတွေ့မှဖြစ်မယ်”

ဖုန်ချင်အန်း ပြောလိုက်သည်။ ဝံပုလွေဖြူမဆန့်ကျင်ရဲ။ ဖုန်ချင်အန်း လမ်းညှန်ချက်အတိုင်း တောင်ကြားတစ်ခုဆီ ဦးတည်လိုက်သည်။

“ဝက်ဝံကြီး”

မြေပေါ်သို့ ဆင်းပြီးနောက် ဖုန်ချင်အန်း ဂူတစ်ခုထဲသို့ ဖျတ်ခနဲဝင်သွားသည်။ အိပ်ချင်မူးတူးဖြစ်နေသည့် ဝံပလွေနက်တစ်ကောင်ကို ဆွဲထုတ်လာသည်။

လူ့အရပ်တစ်ဝက်ခန့်ရှိသည့် ဤဝံပုလွေ မြေပေါ်တွင် လဲလျောင်းနေခဲ့သည်။ ရုတ်တရက် ဆွဲထုတ်ခံရသည်။ သေးကျဉ်းသည့်မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။ ချက်ချင်းထရပ်၍ ဖုန်ချင်အန်းကို သတိအနေအထားဖြင့် ကြည့်နေသည်။

“မကြောက်ပါနဲ့။ ဒီနေ့ ငါမင်းနဲ့ တိုက်ခိုက်ဖို့လာတာမဟုတ်ဘူး”

“ဂါး”

ဝက်ဝံ အော်ဟစ်သည်။ အံ့ဩသည်။ ထိတ်လန့်သည်။ သူ့အပြုအမူကို ဖုန်ချင်အန်း ရိပ်မိသည်။

တိုက်ခိုက်ဖို့မဟုတ်လျှင် ဘာအတွက်ရောက်လာသလဲဟု ပြန်မေးခြင်းဖြစ်သည်။

“ငါခရီးဝေးတစ်နေရာကို သွားတော့မယ်။ အတော်ကြာအောင် ပြန်လာဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် ငါမင်းကို လာနှုတ်ဆက်တာပါ။ နောက်ကို မင်းကိုဘယ်သူမှ မနှောက်ယှက်တော့ပါဘူး”

“ဂါး ဂါး”

ဝက်ဝံ ပျော်သွားဟန်ဖြင့် အော်ဟစ်နေသည်။ သူ့စိတ်ကို ရိပ်စားမိသဖြင့် မာပိုင်ပင် ပါးစပ်အဟောင်းသားဖြစ်နေသည်။

“ငါတို့က တိုက်ခိုက်ရင်းနဲ့ သိကျွမ်းလာကြတာ။ ငါထွက်သွားမယ်ဆိုတော့ မင်းဝမ်းမနည်းဘူးလား”

“ဂါး”

ခေါင်းခါသည်။

အကြောင်းအမျိုးမျိုးပြ၍ ညာဉ့်နက်သန်းခေါင် အိပ်ရေးပျက်အောင် လာလာတိုက်ခိုက်နေသူတစ်‌ယောက် ထွက်သွားသည်ကို ဘယ်သူဝမ်းနည်းမည်နည်း။ ဝမ်းသာလွန်း၍ မြေပေါ်တွင် လူးလှိမ့်အော်ဟစ်ချင်စိတ်ကို ထိန်းထားရသည်။

“မင်းအပေါ် ငါဆက်ဆံတာ နည်းနည်းကြမ်းသွားတဲ့ပုံပဲ”

ဖုန်ချင်အန်း ပြန်တွေးမိသည်။ တကယ်တော့ ထိုဝံပုလွေကို ဒုက္ခရောက်သွားအောင် မလုပ်ခဲ့ပါ။ စွမ်းအားစမ်းသပ်မှုလုပ်ပြီးတိုင်း ဝိညာဉ်ပေါင်းစပ်သွေးသန့်စင်မှု လုပ်ပေးခဲ့သည်။

ဝိညာဉ်သားရဲများစွာ တောင့်တကြသည့် အခွင့်အရေးကို ပေးခဲ့သည်။ သို့သော် ဤဝက်ဝံက သူ့အဖြစ်သူ မသိ။ ဖုန်ချင်အန်းနှင့်စတွေ့စဉ်ကထက် ခန္ဓာကိုယ်အရွယ်အစား အတော်ကြီးမားလာသည်ကို မသိ။

“မင်းကိုပေးစရာ အများကြီးမရှိဘူး။ ဒီတော့ လက်ဆောင်သေးသေးလေး ငါထားခဲ့မယ်။ နောင်တစ်ချိန် ငါပြန်လာတဲ့အခါ မင်းအရေပြားတွေ ဒီထက်ထူနေစေချင်လို့ပါ”

စေတနာဟု ထင်ရသည့်စကားကြောင့် ဝံပုလွေမျက်နှာ ရုတ်တရက် တောင့်တင်းသွားသည်။

ဖုန်ချင်အန်း လက်ကိုဆန့်ထုတ်လိုက်သည်။ လရောင်အလင်းတန်းများ ပေါ်လာသည်။ ထိုအလင်းတို့ကို ကျင့်ကြံချိန်တွင်သာ သားရဲဝိညာဉ်များ ခံစားကြရသည်။ ယခု ဖုန်ချင်အန်း လက်ပေါ်သို့ တစ်ခုပြီးတစ်ခု ထိုးကျလာသည်။

ကောင်းကင်မှလနှင့်တူသည့် သလင်းလုံးတစ်ခု လက်ဝါးထဲတွင် ပေါ်လာသည်။ သိပ်သည်းသည့် လအလင်းဝိညာဉ်ချီများဖြစ်သည်။ ဝက်ဝံ သွားရေယိုနေသည်။

ဖုန်ချင်အန်း ကောင်းကင်သားရဲသခင်အဖြစ် ရောက်ပြီးနောက် ရလာသည့် အကျိုးကျေးဇူးဖြစ်သည်။ ပြန့်ကျဲဝိညာဉ်စုစည်းခြင်းစွမ်းရည်မျိုး ရလာသည်။ နေ့လသန္ဓေစွမ်းအင်များအပါအဝင် လောကတွင် ပြန့်ကျဲလွင့်မျောနေသည့် ချီစွမ်းအင်များကို သလင်းတုံးဖြစ်အောင် စုစည်းနိုင်သည်။

သန့်စင်သည့် ထိုချီများသည် ရေရှည်ခံမခံ။ အချိန်ကြာလာသည်နှင့် တဖြေးဖြေး ပျောက်ကွယ်သွားမည်။ ကျင့်ကြံမှုဖြင့်သာ ထိန်းထားနိုင်သည်။

ယခု ချီစွမ်းအင်အမျိုးမျိုးကို သလင်းတုံးအဖြစ် စုစည်းနိုင်ပြီဖြစ်၍ အားထုတ်ရသည်မှာ သက်သာသွားသည်။ သင့်တော်ရာသလင်းများကို ဖန်တီး၍ ကြေညက်အောင်သန့်စင်နိုင်သည့် သားရဲများကို ကျွေးနိုင်သည်။ ကြီးထွားအောင် ကူညီနိုင်သည်။ နည်းနည်းအကြမ်းနည်းဆန်သော်လည်း မြန်ဆန်သည်။ စွမ်းအင်သက်သာသည်။

“မင်းပါးစပ်ဟလိုက်”

ဤတစ်ကြိမ်တွင် ဝက်ဝံနက် မငြင်း။ ပါးစပ်ကို ဟပေးသည်။ ဖုန်ချင်အန်း လသလင်းကို ပါးစပ်ထဲ ပစ်ထည့်ပေးလိုက်သည်။

ဘေးမှကြည့်နေသည့်မာပိုင် အားကျနေသည်။ ရက်အတော်ကြာ ကျင့်ကြံစုစည်းရသည့် လစွမ်းအင်ပမာဏကို သူ့ရှေ့မှလူငယ်က အလွယ်တကူ စုစည်းနိုင်သည်။

“ငါသွားတော့မယ်။ ကောင်းကောင်းစားပြီး ကောင်းကောင်းနားပါ။ ငါ့လိုအနှောက်အယှက်လာပေးမဲ့လူတွေ မရှိတော့ပါဘူး”

ဖုန်ချင်အန်း မာပိုင်ဆီ လျှောက်သွားသည်။ ထွက်ခွာသွားသည့် သူ့သဏ္ဌာန်ကို ကြည့်နေပြီးနောက် ဝက်ဝံနက်လည်း ဂူထဲသို့ ပြန်သွားသည်။ လသလင်းစွမ်းအင်ကို သန့်စဉ်ပြီးနောက် ကျောက်ဖျာထက်တွင် လဲလျောင်းသည်။ ဘယ်လှိမ့်ညာလှိမ်းဖြစ်နေသည်။ အိပ်မပျော်။ သူ့ရင်ထဲ တစ်ခုခုဟာနေသလို ခံစားရသည်။

All Chapters