← Chapters

ဒေါသ

Vol. 12 Ch. 175

ဒေါသ

Vol. 12 Ch. 175

ဝံပုလွေဖြူ လှည့်ပြန်ရန် ပြင်လိုက်သည်။ ဖုန်ချင်အန်း ရုတ်တရက် တားလိုက်သည်။

“ဟုတ်တယ်၊ မင်းအဖေသဘောတူရင် မနက်ဖြန်ည ငါ့ကိုလာရှာပါ။ မနက်ဖြန်ည မင်းရောက်မလာရင် မင်းအဖေက လက်မခံဘဲ မင်းကိူအကျဉ်းချထားတယ်လို့ ငါယူဆလိုက်မယ်။ အဲလိုဖြစ်လာရင် ငါတောင်တန်းပေါ်တက်လာပြီး ဆွေးနွေးမယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်မျိုး သူချလာအောင်လုပ်မယ်”

သတိပေးသည့်စကားမျိုးဖြစ်သည်။ မာပိုင်၏စိတ်များ အတော်ရှုပ်ထွေးသွားသည်။

ထိုစကားများ သူ့အဖေကို မည်သို့ပြန်ပြောရမည်မသိ။ သူအခက်တွေ့သည်။

“ဝံပုလွေသခင်က စေတနာကို တန်ဖိုးထားတတ်ပါစေလို့ပဲ မျှော်လင့်ပါတယ်”

အမှောင်ရိပ်ထဲ ပျောက်ကွယ်သွားသည့် မာပိုင်၏အရိပ်ကို သူကြည့်ရင်း မျက်လုံးများ အနည်းငယ်မှေးစင်း၍ ခပ်တိုးတိုးရေရွတ်လိုက်သည်။

ထိုဝံပုလွေသခင်ကို သူကြည့်မရသည်မှာ အတော်ကြာပြီဖြစ်သည်။ တောင်နက်အပေါ် လွှမ်းမိုးထိန်းချုပ်သောကြောင့်ဖြစ်သည်။ ခေါင်းမာသည့်ဝံပုလွေဖြူသခင်သည် တောင်နက်နှင့်မာပိုင်တို့ဆက်ဆံရေးကြောင့် အမြဲအခက်ကြုံရသည်။

အခုနှစ်ပိုင်းအတွင်း အတော်အသံတိတ်နေသော်လည်း သူ့သမီး တောင်တန်းမှထွက်၍ စွန့်စားရန် ဆုံးဖြတ်ထားကြောင်း သိသွားလျှင် အလွယ်တကူလက်ခံမည်မဟုတ်မှန်း ဖုန်ချင်အန်း သိသည်။

သို့သော် ယခု ဖုန်ချင်အန်းသည်လည်း စကားလုံးဖြင့် သားရဲကိုသာ ညွှန်ကြားပေးနိုင်သည့် သားရဲသခင်မျိုးမဟုတ်တော့။ တုန်ဟွမ်း၏စွမ်းအားတစ်ချို့ကို ငှားယူနိုင်သည်။ သူ့အကို၏ဓားကို မထုတ်ဘဲ နဂါးစိမ်းဓားဖြင့်ပင် ဝံပုလွေသခင် ဆုံးဖြတ်ချက်ပြောင်းသွားအောင် လုပ်နိုင်သည်။

တောင်နက်နှင့်မာပိုင်။ ချစ်ကျွမ်းဝင်နေကြသည့် ဝံပုလွေစုံတွဲ။ အဖြူနှင့်အနက် တကယ်လိုက်ဖက်သည်။ အရိပ်သုံးပါးနားမလည်သည့် ဝံပုလွေသခင် ဝင်စွက်ဖက်သည်ကို ဖုန်ချင်အန်း သည်းခံမည်မဟုတ်။

အိမ်ပြန်ရောက်ပြီးနောက် အခန်းထဲသို့သွား၍ လေ့ကျင့်မှုစလိုက်သည်။ မာပိုင်လည်း ဝိညာဉ်ဝံပုလွေမျိုးနွယ်ဂူသို့ ပြန်ရောက်သွားသည်။

“ပြန်လာပြီလား။ တောင်တန်းနတ်ဘုရားပေးတဲ့တာဝန် ပြီးခဲ့ပြီလား”

တောင်ကုန်းတစ်ခုစာမျှကြီးမားသည့် ဝံပုလွေ့သခင်က ကောင်းကင်မှဆင်းလာသည့် သူ့သမီးကို ခပ်တင်းတင်းကြည့်၍ မေးသည်။

“ပြီးသွားပါပြီ”

ဩဇာရိပ်အောက်တွင် နှစ်ပေါင်းများစွာ နေခဲ့သူဖြစ်၍ မာပိုင် အလိုလိုပြန်ဖြေမိသွားသည်။

“ကောင်းတယ်။ ဘာအမှားအယွင်းမှ မရှိဘူးမဟုတ်လား”

“မရှိပါဘူး”

တိုတိုတုတ်တုတ်ပြောပြီးနောက် ဝံပုလွေသခင် သိပ်အာရုံမစိုက်တော့။ နတ်ဘုရားပေးသည့်ဝာာဝန် ပြီးသွားလျှင် တစ်ခြားအာရုံစိုက်စရာ မရှိ။

“အဖေ”

မာပိုင် သတ္တိမွေး၍ လှမ်းခေါ်လိုက်သည်။

“သမီးတစ်ခု ပြောစရှိတယ်”

“အင်း”

ဝံပုလွေဖြူသခင် နည်းနည်းတွေးရခက်သွားဟန်ဖြင့် သူ့သမီးကိုလှည့်ကြည့်သည်။

“သမီး တောင်တန်းကနေထွက်ပြီး အပြင်လောကကို စူးစမ်းလေ့လာချင်တယ်”

ထိုအကြောင်းပြောဖို့ပင် သူအတော်အရဲစွန့်ထားခြင်းဖြစ်သည်။ တောင်နက်နှင့်အတူ ဖုန်ချင်အန်းနောက်သို့ လိုက်ချင်သည်ဟု ဒဲ့မပြော။

“ဘာလို့ ထွက်သွားချင်တာလဲ။ တောင်တန်းက နေရာကောင်းတစ်ခုပဲမဟုတ်လး”

ဝံပုလွေသခင် စိတ်မဆိုး။ သူ့သမီးကို တအံ့တဩကြည့်နေသည်။ ဝိညာဉ်ဝံပုလွေမျိုးနွယ်တို့ ဤတောင်တန်းတွင် မျိုးရိုးစဉ်ဆက်နေထိုင်ခဲ့ကြသည်။ အပြန်အလှန်ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။

သိပ်မကြာသေးမီက အပြင်ဘက်တွင် ကြောက်စရာအဖြစ်များ ပေါ်လာခဲ့သည်။ အဆင့်မြင့်နတ်ဆိုးများ ထွက်ခွာသွားသည်။ သို့သော် သူတို့ ဤနေရာတွင်သာ ဆက်နေကြသည်။ ပြောင်းရွှေ့ဖို့ လုံးဝစိတ်မကူးကြ။

“အဲလိုမဟုတ်ပါဘူး။ တောင်တန်းက နေရာကောင်းပါ။ ဒါပေမယ့် သမီးစိတ်ထဲ တိတ်ဆိတ်လွန်းသလို ခံစားရတယ်။ အဖေတို့လို တစ်သက်လုံး ဒီတောင်ပေါ်မှာ အချိန်မဖြုန်းချင်ဘူး။ အပြင်လောက ဘယ်လိုရှိလဲဆိုတာ သိချင်တယ်။

စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။ ဖုန်ချင်အန်း မဖိတ်ခေါ်လျှင်ပင် အပြင်ကမ္ဘာကို စူးစမ်းချင်စိတ် အမြဲရှိခဲ့သည်။

သို့သော် ထိုအတွေးကို အမြဲထိန်းချုပ်ထားသည်။ သူ့အဖေကို ထုတ်မပြောရဲ။ ယနေ့ ဖုန်ချင်အန်း ဖိတ်ခေါ်မှုကြောင့် ကာလအတော်ကြာ ရှိနေခဲ့သည့် သူ့ရင်ထဲမှဆန္ဒများ ပွင့်အန်လာခြင်းဖြစ်သည်။

“အပြင်ကမ္ဘာမှာ ဘာမှကြည့်ကောင်းတာမရှိဘူး။ နေရာအများစုက ဒီတောင်တန်းလောက်မကောင်းဘူး”

သမီးဖြစ်သူ၏ ဆန္ဒကို ဝံပုလွေသခင် နားလည်သည်။ သို့သော ဖခင်တစ်ယောက်အနေဖြင့် မရင့်ကျက်သေးသည့် သူ့သမီးကို တောင်တန်းမှ ခွာခွင့်မပြု။

“ငါလည်း တောင်တန်းကနေ ထွက်သွားဖို့ မစဉ်းစားခဲ့ဘူးလို့ မင်းထင်လား။ ဘာလို့အားလုံးကို ဒီမှာဆက်နေဖို့ ငါဦးဆောင်ခဲ့တယ်ထင်လဲ။ ကျင့်ကြံမှု သွားလုပ်တော့။ ဒီကိစ္စ ထပ်မဆွေးနွေးတော့ဘူး”

ထိုသို့ပြောပြီးနောက် သူနောက်လှည့်လိုက်သည်။ ဆက်ပြီး ဩဝါဒမပေးချင်။ ထိုမျှပြောလျှင် လုံလောက်သည်။ သို့သော် သူ့သမီးသည် တစ်ခြားနေ့များနှင့်မတူ။ ဆုံးဖြတ်ချက်ချပြီးဖြစ်နေသည်။

“အဖေတစ်ခါမှ တောင်တန်းကနေ မခွာခဲ့ဖူးဘူးလား။ အပြင်ကမ္ဘာကို ကိုယ်တိုင်မြင်ဖူးလို့လား။ သမီးကိုဘာလို့ သွားခွင့်မပေးတာလဲ”

မာပိုင် နားမလည်။ သူအဖေ သွားခဲ့ဖူးလျှင် သူလည်းသွားနိုင်ရမည်။

“ငါရောက်ဖူးလို့ ငါမြင်ဖူးလို့ ပြောနေတာပေါ့။ တောင်တန်းအပြင်ကလောကဟ ဘယ်လိုလဲ ငါသိတယ်။ မင်းအတွက် အန္တရာယ်များလွန်းတယ်။ မသင့်တော်ဘူး”

သူ့သမီးကို နောက်ထပ်လှည့်ကြည့်သည်။ မာပိုင်မျက်လုံးထဲမှ လေးနက်ခိုင်မာသည့်အရိပ်ကို မြင်ရသည်။ တကယ်ဆုံးဖြတ်ထားမှန်း နားလည်လိုက်သည်။

“တောင်တန်းပေါ်မှာနေပါ။ ဒီနေရာဟာ မင်းကြီးပြင်းဖို့ အကောင်းဆုံးနေရာပဲ”

“ဒါက အဖေ့အမြင်ပါ။ သမီးကိုယ်တိုင် အပြင်ကမ္ဘာကိုကြည့်ချင်တယ်”

အန္တရာယ်များသည်ဟူသည့်စကားလောက်ဖြင့် မာပိုင်ဆန္ဒကိုမတားဆီးနိုင်။ ဆုံးဖြတ်ချက် ပြတ်သားနေသည်။ တစ်ခုခုမူမမှန်သည်ကို ဝံပုလွေသခင် သတိထားမိလာသည်။

“တောင်တန်းသခင်က ဒီညမင်းကို ဘာအမိန့်ပေးလိုက်တာလဲ။ ဘယ်သူနဲ့တွေ့ခဲ့လဲ”

“ဘာလို့ ဒါတွေမေးနေတာလဲ”

မာပိုင် ခြေတစ်လှမ်း နောက်ဆုတ်သွားသည်။ မျက်နှာတွင် ထိတ်လန့်ခြောက်ခြားသည့်အရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။ နှစ်ပေါင်းများစွာရှိခဲ့သည့် သူ့အဖေ၏အရှိန်အဝါကို အချိန်တိုအတွင်း သူမတွန်းလှန်နိုင်ပေ။

“အရင်က မင်းဒီလိုအတွေးတွေ မရှိပါဘူး။ ဒီနေ့ကျမှ အတင်းတောင်းဆိုနေတယ်။ ငါပြောတဲ့စကားတောင် နားမထောင်တော့ဘူး။ တောင်တန်းကနေခွာဖို့ မင်းကိုဘယ်သူတောင်းဆိုတာလဲ။ ပြောစမ်း”

ဖခင်တစ်ယောက်ဖြစ်၍ အမြင်စူးရှသည်။ သူ့အကြည့်က ခါတိုင်းထက် ပိုအေးစက်လာသည်။

“ဒါက သမီးဆုံးဖြတ်ချက်ပါ။ ဒီညပဲ ဆုံးဖြတ်ချက်ချလိုက်တာ။ ခုနက အဖေ့ကို ‌တောင်းဆိုတာက တကယ်တော့ အဖေ့အမြင်ကို သိချင်ရုံပါပဲ။ အဖေ့အစီအစဉ်အတိုင်း သမီးမလိုက်နာနိုင်ဘူး။ တောင်တန်းကနေထွက်ပြီး အဝေးကနယ်မြေတွေကို လေ့လာမယ်”

“အတော်မောက်မာနေပါလား”

ကြောက်စရာဝိညာဉ်စွမ်းအင်ဖိအားတစ်ခု ဝံပုလွေဖြူသခင်ထံမှ ထိုးထွက်လာသည်။ အဖြူရောင်အမွှေးများ ထောင်ထလာသည်။ ဒေါသထွက်လာသည်။ ထိုအပြောင်းအလဲကြောင့်် တစ်ခြားဝံပုလွေဖြူတစ်ကောင်ပင် လန့်ဖြတ်သွားသည်။ ထိုဝံပုလွေသည် မာပိုင်နှင့်ပုံစံတူသည်။ အရွယ်အစား ပိုကြီးသည်။

“ဘာဖြစ်တာလဲ။ ဘာဖြစ်ကြတာလဲ။ ဘာလို့ ကိုယ့်သမီးကိုယ် ရှင်အဲလောက်ဒေါသထွက်နေရတာလဲ”

“အဖေမြင်ခဲ့တဲ့လောကကို သမီးက ဘာလို့ကြည့်ခွင့်မရှိရမှာလဲ။ အဖေမြင်နိုင်တာလောက်ကိုပဲ အဖေမြင်ခဲ့တာပါ။ သမီးအမြင်က အဖေနဲ့မတူဘူးဆိုတာ သေချာပါတယ်”

ဖခင်၏စွမ်းအင်ဖိအားကျလာသော်လည်း မာပိုင် လုံးဝအလျှော့မပေး။ ခေါင်းမော့ရင်ကော့၍ ပြန်ပြောသည်။

“ဒီည တောင်နက်ဆိုတဲ့ကောင်ကို မင်းသွားတွေ့ခဲ့တာမဟုတ်လား။ မင်းကိုသူနဲ့အတူ တောင်တန်းကနေခွာဖို့ သွေးဆောင်ခဲ့တာ မဟုတ်လား”

အကြောင်းရင်းကို ဝံပုလွေဖြူသခင် ခန့်မှန်းမိသည်။ သူ့သမီး ထိုသို့သတ္တိကောင်းလာသည်မှာ တောင်နက်ကြောင့်သာဖြစ်ရမည်။

“မဟုတ်ပါဘူး။ တောင်နက်ကိုသွားတွေ့ခဲ့တာမဟုတ်ဘူး။ သူက မြေအောက်ဘုံကနေ ပြန်မလာသေးဘူး”

“ဒါဆို တောင်တန်းသခင်က ဘယ်သူ့ကို သွားတွေ့ခိုင်းတာလဲ”

“ဒုတိယဖုန်သခင်လေးပါ”

ဖိအားကြောင့် အသက်ရှူကြပ်လာသဖြင့် အမှန်အတိုင်းပြောလိုက်ရသည်။

“အဲဒီ့သုံးစားမရတဲ့လူသားကောင်လေးက မင်းကိုဘာပြောလိုက်ခဲ’

“ဖုန်သခင်လေးက သမီးကို သူနဲ့အတူလိုက်ခဲ့ဖို့ ဖိတ်ခေါ်တယ်။ နောင်တစ်ချိန် သမီး သားရဲဘုရင်ဖြစ်စေရမယ်လို့ သူကတိပေးတယ်”

“သားရဲဘုရင်တဲ့လား။ ဒီလို အပေါစားလိမ်ညာတာမျိုးကို ဒီလောက်မြန်မြန်ယုံတယ်ပေါ့။ မင်းကို တကယ်စိတ်ပျက်တယ်ကွာ”

ဝံပုလွေသခင် ဒေါသပိုထွက်လာသည်။ မမြွေစိမ်းတောင်သည် မိုင်ထောင်ချီကျယ်ပြန့်သည်။ ထိုတောင်တန်းတွင် ဘုရင်တစ်ယောက်သာှိသည်။ တောင်တန်းနတ်ဘုရားဖြစ်သည်။ ယခု မထင်မရှားလူသားတစ်ယောက်က သူ့သမီးကို နိုင်ငံတစ်ခုပေးမည်ဟု ဆိုနေသည်။ ရယ်စရာကောင်းလွန်းသည့် ကတိစကားဖြစ်သည်။

“လိမ်ညာတာမဟုတ်ဘူး။ အဖေသူ့ကို နားမလည်တာပါ။ သူ့မှာ အဲလိုလုပ်ပေးနိုင်စွမ်းရှိတယ်”

မာပိင် ချက်ချင်းပြန်ပြောသည်။

“ငါနားမလည်တာတဲ့လား။ သူနဲ့တောင်နက်ကို တောင်တန်းသခင်နဲ့ ပထမဆုံးအကြိမ် တွေ့ပေးဖို့ခေါ်လာတာ ငါပါကွ”

ဝံပုလွေသခင် ဒေါသတကြီးရယ်‌မောလိုက်သည်။

“ဟုတ်တယ်။ ဖုန်သခင်လေးကို မင်းနားမလည်တာပါ”

အပြာရောင်အလင်းတန်းတစ်ခု ကောင်းကင်မှဆင်းလာသည်။ အစိမ်းရောင်ဝတ်ရုံရှင် တောင်တန်းနတ်ဘုရားပေါ်လာသည်။ ဝံပု‌ေုလွသခင်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

“ဝံပုလွေဖြူသခင်၊ ဒေါသကြောင့် မင်းရဲဆင်ခြင်ဉာဏ်ကို တိမ်ဖုံးသွားပြီ။ စိတ်အစွဲကြောင့် အမှန်တရားကို မင်းဆန့်ကျင်နေတာ။ မင်းသမီးကို မင်းအရမ်းအလိုလိုက်ခဲ့တယ်။ အခု သူအရွယ်ရောက်လာပြီ။ တောင်တန်းအပြင်ဘက်လောကကို သူသွားကြည့်ဖို့ အချိန်တန်ပြီ”

All Chapters