← Chapters

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း(၄၅၁)

ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် လူတိုင်းသည် မှင်တက်သွားကြသည်။

ရှန်းလင်းဖုန်း ဆိုသည်မှာ ထိုက်ရှဂိုဏ်း၏ နံပါတ်တစ် အဂ္ဂိရတ် ပါရမီရှင် ဖြစ်၏။

၎င်းက အသက်နှစ်ဆယ်ကျော်မှာပင် ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် တစ်ယောက် ဖြစ်လာခဲ့ပြီး အနာဂတ်တွင် သတ္တမ အဆင့် အဂ္ဂိရတ်သခင် တစ်ယောက် ဖြစ်လာရန် အလားအလာ အရမ်းကောင်းသောသူ ဖြစ်သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ် အဂ္ဂိရတ် ပါရမီရှင် တစ်ယောက်ကို သူတို့ရှေ့မှ ကောင်လေးသည် ဖိနပ်ကိုင်ဖို့ပင် မထိုက်တန်ဟု အရှက်မရှိ ပြောနေခဲ့၏။

"တော်တော် မောက်မာတဲ့ကောင်ပဲ"

"ကောင်လေး.. မင်းက အတော် လျှာစွမ်းထက်သားပဲ"

"မင်းရဲ့ အဂ္ဂိရတ် ပါရမီက ညီနောင် ရှင်းထက် ပိုကောင်းတယ်လို့ မင်း ပြောခဲ့တယ် ဆိုတော့ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်"

"ဒီနေ့မှာ မင်း ညီနောင် ရှင်းထက် ပိုပြီး အင်အားကြီးတဲ့ အဂ္ဂိရတ် ပါရမီကို ပြနိုင်ရင် ငါ လဲ့ကွမ်းယန် ဒီနေ့ကစပြီး မင်းစကားကိုပဲ လိုက်နာတော့မယ်.. မဟုတ်ရင်တော့ ယဉ်ကျေးမှု မရှိဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့"

လဲ့ကွမ်းယန်က မထီမဲ့မြင်ပြု၍ ပြောလိုက်သည်။

သူ့ကို အသေသတ်လျှင်ပင် ဤကောင်လေး၏ အဂ္ဂိရတ် ပါရမီသည် ရှန်းလင်းဖုန်းကို ဖိနပ်သယ်ဖို့ပင် မထိုက်တန်လောက်သည်အထိ အင်အားကြီးမားမည်ဟု သူ မယုံပေ။

"ငါ အတွင်းစည်း ထဲကို အခုမှ ရောက်တာနဲ့ အတော်ပဲ.. ငါ့မှာနောက်လိုက် နည်းနည်း လိုနေတာနဲ့ ကွက်တိ ဖြစ်သွားတယ်"

"မင်းကိုယ်တိုင် နောက်လိုက်လုပ်ဖို့ စိတ်အားထက်သန်နေမှတော့ ငါ ဝမ်းသာအားရ လက်ခံလိုက်မယ်"

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

ထို့နောက်တွင် သူသည် တောက်ပသော ကြယ်ငါးပွင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ထုတ်ပြလိုက်၏။

ကြယ်ငါးပွင့် အမှတ်အသား တံဆိပ်ပြား။

"ဒီကောင်လေးက တကယ်ပဲ ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် တစ်ယောက် ဖြစ်နေတာလား"

"ဝိုး.. ဒါက တကယ်ပဲ ကြယ်ငါးပွင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားပဲ"

"ကျန်းချန်က အသက် နှစ်ဆယ်တောင် မပြည့်သေးဘူးထင်တယ်.. ဒီလို အရွယ်လေးနဲ့ ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် ဖြစ်နေတာ သိပ်အံ့သြဖို့ကောင်းတယ်"

"သူနဲ့ ယှဉ်ရင် ရှန်းလင်းဖုန်းရဲ့ အဂ္ဂိရတ် ပါရမီက စကားထဲ ထည့်ပြောစရာတောင် မလိုတော့ဘူး"

"............"

ကျန်းချန်၏ လက်ထဲမှ အဂ္ဂိရတ်သခင် တံဆိပ်ပြားကို မြင်လျှင် လူတိုင်းသည် မျက်လုံးများ ပြူးထွက်လုနီးပါး ဖြစ်သည်အထိ တုန်လှုပ်သွားကြသည်။

အသက် နှစ်ဆယ်ပင် မပြည့်သေးသော ပဉ္စမ အဆင့် အဂ္ဂိရတ်သခင်။

"ဒါ... ဒါက တကယ်ပဲ တုန်လှုပ်စရာ ကောင်းလွန်းတယ်"

"ပဉ္စမ အဆင့် အဂ္ဂိရတ်သခင်.. ဒီကောင်လေးက ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ရှန်းလင်းဖုန်း၏ မျက်လုံးများက ရုတ်တရက် ကျုံ့သွားခဲ့သည်။

သူက ပါးစပ်ကနေ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။

သူ မျက်လုံးထဲတွင် မထည့်ခဲ့သည့် ကောင်လေးသည် အဂ္ဂိရတ်ပညာရပ်တွင် ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် အဆင့်ကို ရောက်နေပြီဟု သူ မည်သို့မျှ မထင်ထားခဲ့ပေ။

"မင်း... မင်းက တကယ်ပဲ ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် တစ်ယောက်လား"

လဲ့ကွမ်းယန်က မှောင်မိုက်သော မျက်နှာထားဖြင့် ကျန်းချန်၏ လက်ထဲမှ ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို စိုက်ကြည့်နေခဲ့သည်။

သူ၏ တစ်ကိုယ်လုံးသည် တစ္ဆေပူးကပ် သကဲ့သို့ တုန်ယင်နေခဲ့၏။

"ငါ့အသက်၁၇နှစ် မပြည့်ခင်မှာပဲ ဒီပဉ္စမ အဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ရခဲ့တယ်.. အတိအကျ ပြောရရင် လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ဒီတံဆိပ်ပြားကို ငါ ရခဲ့တာပဲ"

ကျန်းချန်က မဲ့ပြုံးပြုံး၍ လဲ့ကွမ်းယန်ကို ကြည့်လိုက်သည်။

"ဘယ်လိုလဲ.. ငါ့ရဲ့ အဂ္ဂိရတ် ပါရမီက မင်းဘေးက တစ်ယောက်နဲ့ ယှဥ်နိုင်ရဲ့လား"

အသက် ဆယ့်ခုနစ်ပင် မပြည့်သေးသော ပဉ္စမ အဆင့် အဂ္ဂိရတ်သခင်။

ကျန်းချန်၏ စကားကို ကြားလျှင် ခန်းမထဲမှ လူအားလုံး၏ နှလုံးသားများသည် တုန်လှုပ်သွားကြ၏။

ဤအချိန်တွင် လူတစ်ယောက်၏ အပြင်၌ နောက်တစ်ယောက် ရှိသည် ဟူသော အဓိပ္ပါယ်ကို သူတို့ ကောင်းစွာ နားလည်သွားကြသည်။

ကျန်းချန်နှင့် ယှဉ်လျှင် ထိုက်ရှဂိုဏ်းရဲ့ နံပါတ်တစ် အဂ္ဂိရတ် ပါရမီရှင် ရှန်းလင်းဖုန်းသည် ကျန်းချန်၏ ဖိနပ်ကို သယ်ဖို့ပင် အမှန်တကယ် မထိုက်တန်ပေ။

"မင်းရဲ့ အဂ္ဂိရတ် ပါရမီက ထူးခြားတယ်.. ငါလဲ့ကွမ်းယန် အရှုံးပေးတယ်"

လဲ့ကွမ်းယန်သည် အံ့သြ တုန်လှုပ်ခြင်းမှ ပြန်လည်သက်သာလာရန် အချိန်အတော် ယူလိုက်ရသည်။

သူက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ကျန်းချန်ကို ခါးသီးစွာ ပြုံးပြလိုက်သည်။

"ငါ့ရဲ့စကားအတိုင်း နောင်အခါ မင်းမှာ တစ်ခုခု အကူအညီလိုရင် ပြောဆိုဖို့ အားမနာပါနဲ့.. ငါလဲ့ကွမ်းယန် ဘယ်တော့မှ မျက်နှာလွှဲခဲပစ် လုပ်မှာ မဟုတ်ဘူး"

"တကယ်လား"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ထို့နောက် သူက သူ၏ လက်ချောင်းများဖြင့် ရှန်းလင်းဖုန်းကို ညွှန်ပြကာ ပေါ့ပါးစွာ ပြောလိုက်၏။

"ဒီကောင်က ငါ့အတွက် မျက်စိနောက်စရာ ဖြစ်နေတယ်.. မင်း သူ့ကို ငါ့ဆီကနေ ဖယ်ရှားပေးနိုင်မလား"

အခန်း(၄၅၁) ပြီး၏

အခန်း(၄၅၂)

ရှန်းလင်းဖုန်းကို ဖယ်ရှားပေးရမှာလား။

ကျန်းချန်၏ စကားကို ကြားလျှင် လဲ့ကွမ်းယန်သည် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။

အသက် ဆယ့်ခုနစ်နှစ်အရွယ် ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် ကျန်းချန်တွင် အံ့သြစရာကောင်းသည့် အဂ္ဂိရတ် ပါရမီ ရှိသလို ထိုက်ရှဂိုဏ်း၏ အတွင်းစည်းတပည့်ဖြစ်သည့် ရှန်းလင်းဖုန်းတွင်လည်း အဆက်အသွယ်ကောင်းများ ရှိသည်။

လဲ့ကွမ်းယန်သည် ထိုကဲ့သို့သော လူနှစ်ယောက်ကို အလွယ်တကူ မစော်ကားရဲပေ။

သို့သော်လည်း ကျန်းချန်သည် သူ့ကို အလွယ်တကူ အလွှတ်ပေးမည်ဟု ရည်ရွယ်ထားပုံ မရချေ။

ဤအခြေအနေတွင် သူသည် နှစ်ယောက်ကြား၌ ရွေးချယ်ရပေတော့မည်။

လဲ့ကွမ်းယန်၏ မျက်လုံးများသည် အနည်းငယ် တောက်ပလာခဲ့သည်။

ခဏအကြာတွင် သူက အံကြိတ်ကာ ရှန်းလင်းဖုန်းကို ပြောလိုက်၏။

"ညီနောင်ရှင်း...ဒီကနေ ထွက်သွားပေးပါ"

ရှန်းလင်းဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။

လဲ့ကွမ်းယန်သည် ကျန်းချန်ဘက်က ရပ်တည်ရန် တကယ်ပဲ ရွေးချယ်လိုက်သည် မဟုတ်ပါလော။

ထိုမြင်ကွင်းကို မြင်လျှင် ခန်းမထဲရှိ လူများသည် နောက်တစ်ကြိမ် အံ့သြ တုန်လှုပ်ကာ ကြောင်အသွားကြ၏။

သိထားရမည်မှာ မိနစ်အနည်းငယ် အကြာက လဲ့ကွမ်းယန်သည် ကျန်းချန်ကို ကျိန်ဆဲခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း လဲ့ကွမ်းယန်က ချက်ချင်းဆိုသလို ကျန်းချန်၏ လူ ဖြစ်သွားလိမ့်မယ်ဟု မည်သူမှ မထင်ခဲ့ကြပေ။

ယင်းက ရိုးရှင်းစွာပင် ရှန်းလင်းဖုန်းကို သောက်ခွက် ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။

"လဲ့ကွမ်းယန်.. မင်း ဘာစကား ပြောတာလဲ"

ရှန်းလင်းဖုန်းက ရုတ်တရက် ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။

လဲ့ကွမ်းယန်ဆီမှ အကြည့်က အတော်လေး ကြောက်စရာကောင်းလာ၏။

"ငါ့ကတိအတိုင်းပဲ.. ဒီညီလေးကို ရှုံးနိမ့်တဲ့အတွက် ငါကတိတည်ရလိမ့်မယ်"

လဲ့ကွမ်းယန်က တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

"ညီနောင်ရှင်း.. ကိုယ်တိုင် ထွက်သွားဖို့ စဉ်းစားထားလား ဒါမှမဟုတ် မင်း ထွက်သွားဖို့ ငါ ကိုယ်တိုင် တွန်းအားပေးရမလား"

လဲ့ကွမ်းယန်သည် အမြဲလိုလို ပြတ်သားစွာ လုပ်ဆောင်တတ်သည်။

သူက ဆုံးဖြတ်ချက်တစ်ခု ချပြီးလျှင် နောက်မဆုတ်တတ်ပေ။

အဂ္ဂိရတ်ပါရမီနှင့် ပတ်သက်လျှင် ကျန်းချန်က ရှန်းလင်းဖုန်းထက် မည်မျှအထိ သာလွန်မှန်း သူမသိချေ။

ဤနေ့နောက်ပိုင်းတွင် သူသည် ရှန်းလင်းဖုန်းကို လုံးဝ ဆန့်ကျင်ဖို့ သေချာနေလျှင်ပင် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ပါရမီရှင်တစ်ယောက်ကို သိခွင့်ရခဲ့သည်။

"ကောင်းတယ်.. သိပ်ကောင်းတယ်"

"လဲ့ကွမ်းယန်... ငါ ဒီကိစ္စကို မှတ်ထားမယ်.. မင်း ဒီနေ့ ဆုံးဖြတ်ချက် အတွက် နောင်တရစေရမယ်လို့ ငါ ကတိပေးတယ်"

ရှန်းလင်းဖုန်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သူက အေးစက်သော မျက်လုံးများဖြင့် လဲ့ကွမ်းယန်ကို ကြည့်ပြီးနောက် လှည့်ထွက်သွားခဲ့၏။

"ညီနောင် ကျန်းချန်... ရှန်းလင်းဖုန်းက စိတ်ထား ကျဉ်းမြောင်းတဲ့ လူတစ်ယောက်ပဲ.. သူ မင်းကို ပစ်မှတ်ထားလိမ့်မယ်... အတွင်းစည်းထဲမှာ ပိုပြီး သတိထားနိုင်မှ တော်ကာကျတယ်"

ထွက်ခွာသွားသော ရှန်းလင်းဖုန်း၏ နောက်ကျောကို ကြည့်ရင်း လဲ့ကွမ်းယန်သည် သူ၏ ဘေးမှ ကျန်းချန်ကို သတိပေးလိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့.. သူ ငါ့ကို ဒုက္ခပေးရဲရင် ငါ သူ့ကို နောင်တဆိုတာ ဘာလဲ ပေးသိလိုက်မယ်"

လင်ယွင်ကျောင်းတော်ကို ရောက်ခါစတွင် သူသည် ယန်ချင်းရွှယ်ကိုပင် အံ့အားသင့်သွားအောင် လုပ်နိုင်ခဲ့သည်။

ထို့ကြောင့် ရှန်းလင်းဖုန်းလောက်ကို သူသည် အမှန်တကယ် အလေးအနက် မထားခဲ့ပေ။

"မင်းရဲ့ အဂ္ဂိရတ် ပါရမီက အတွင်းစည်း တပည့် အများစုကို တားဆီးဖို့ အမှန်တကယ် လုံလောက်တယ်.. ဒါ့အပြင် ရှန်းလင်းဖုန်းက မင်းကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်မှာ မဟုတ်ဘူး"

"ပွင့်ပွင့်လင်းလင်း ပစ်တဲ့ လှံတွေက ရှောင်ရလွယ်ပြီး မှောင်မိုက်တဲ့ နေရာကလာတဲ့ မြှားတွေက ကာကွယ်ဖို့ အရမ်း ခက်ခဲတယ်လို့ အဆိုရှိတယ်.. ဒါကြောင့် မင်း သတိထားရမယ်"

လဲ့ကွမ်းယန်က အနည်းငယ် ညည်းတွားလိုက်သည်။

"ငါ ခန့်မှန်းတာ မမှားရင် ရှန်းလင်းဖုန်းက ဂိုဏ်းရဲ့ မစ်ရှင်ကို မင်း ထမ်းဆောင်တဲ့အချိန်မှာ မင်းကို ဒုက္ခပေးဖို့ များတယ်"

ကျန်းချန်က ခဏမျှ ကြောင်အသွားသည်။

သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဂိုဏ်းရဲ့ မစ်ရှင် ဆိုတာက ဘာလဲ"

"ထိုက်ရှဂိုဏ်းရဲ့ အတွင်းစည်း တပည့်တစ်ယောက်က လတိုင်းမှာ ဂိုဏ်းက သတ်မှတ်ထားတဲ့ မစ်ရှင် တစ်ခုကို ပြီးအောင် လုပ်ရတယ်.. တာဝန် ပြီးစီးသ၍ ဆုလာဘ်တွေ အများကြီး ရနိုင်တယ်"

"ဒါပေမဲ့ တာဝန်ကို ပျက်ကွက်ခဲ့ရင် ဂုဏ်ကျက်သရေ အမှတ် အချို့ကို နှုတ်ယူခံရလိမ့်မယ်"

"ဂိုဏ်း တာဝန်ကို သုံးကြိမ် ဆက်တိုက် ပျက်ကွက်ရင် အတွင်းစည်းကနေ နှင်ထုတ်ခံရနိုင်တယ်"

လဲ့ကွမ်းယန်သည် တည်တည်ကြည်ကြည် ပြောလိုက်သည်။

"ရှန်းလင်းဖုန်းက အတွင်းစည်းထဲမှာ အဆက်အသွယ် အတော်များများ ရှိတယ်.. ဖြစ်နိုင်တာက မစ်ရှင် ထမ်းဆောင်တဲ့အချိန်ကျရင် မင်းကို ပစ်မှတ်ထားလိမ့်မယ်"

"သူ ငါ့ကို ပစ်မှတ်ထားချင်ရင် ထားပလေ့စေ"

ကျန်းချန်က မထီတရီ ပြုံးလိုက်သည်။

"ဒါက ရှက်စရာကောင်းတဲ့ ပေါပေါပဲပဲ နည်းလမ်းလေးတွေပါပဲ.. ငါက ဘာလို့ ကြောက်နေရမှာလဲ"

အခန်း(၄၅၂) ပြီး၏

အခန်း(၄၅၃)

ကျန်းချန်က ရှန်းလင်းဖုန်းကို မျက်လုံးထဲပင် မထည့်သည်ကို မြင်လျှင် လဲ့ကွမ်းယန်သည် သူ၏ နှလုံးသားထဲ၌ ခါးသီးသော အပြုံးတစ်ခုကို မထုတ်ဖော်ဘဲ မနေနိုင်ခဲ့ပေ။

ကျန်းချန်၏ အဂ္ဂိရတ်ပါရမီသည် ရှန်းလင်းဖုန်းကို လုံးဝ ချေမှုန်းရန် လုံလောက်သည်ဟု သူ ဝန်ခံရလျှင်ပင် အဆုံးသတ်၌ ရှန်းလင်းဖုန်းသည် အတွင်းစည်း နံပါတ်တစ် အဂ္ဂိရတ်ပါရမီရှင် ဖြစ်ပြီး ခိုင်မာသော ကွန်ယက်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်သည်။

အနည်းဆုံးတော့ ယခုအချိန်၌ ကျန်းချန်သည် ရှန်းလင်းဖုန်းနှင့် ယှဉ်ပြိုင်ရန် အခက်အခဲ ရှိနေသေး၏။

"ညီနောင် ကျန်းချန်... ရှန်းလင်းဖုန်း၏ လှုပ်ရှားမှုတိုင်းကို ငါအနီးကပ် စောင့်ကြည့်ထားမယ်.. အကြောင်း တစ်ခုခုကို ထူးရင် မင်းဆီ အကြောင်းကြားမယ်"

ကျန်းချန်က ရှန်းလင်းဖုန်းကို လုံးဝ အလေးအနက် မထားသည်ကို မြင်လျှင် သတိပေးနေလည်း အပိုသာ ဖြစ်ကြောင်း လဲ့ကွမ်းယန်က သိလိုက်သည်။

သို့သော်လည်း ယခုအခါတွင် သူနှင့် ကျန်းချန်သည် တစ်လှေတည်းစီးသူများ ဖြစ်နေလေပြီ။

ကျန်းချန်သာ တစ်ခုခု ဖြစ်ခဲ့လျှင် အတွင်းစည်းထဲရှိ သူ၏ အနာဂတ် ဘဝသည် ဘယ်သောအခါမျှ လွယ်ကူမည် မဟုတ်တော့ပေ။

"ကောင်းပြီလေ"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး လဲ့ကွမ်းယန်နှင့် အဓိပ္ပါယ်မဲ့သော စကားများကို ဆက်လက် မပြောဆိုတော့ပေ။

သူက အထောက်အထား တံဆိပ်ပြားကို တိုက်ရိုက် ထုတ်ယူခဲ့ပြီး ရှစ်ထပ်ရှိ အခန်းကို ဌားယမ်းရန် အမှတ် သုံးသောင်းကို ပေးချေခဲ့၏။

လဲ့ကွမ်းယန်နှင့် ခွဲခွာပြီးနောက် ရှစ်ထပ်၏ ဝင်ပေါက်ဆီသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

ဤသို့ဖြင့် ထိုက်ရှ နတ်မျှော်စင်၏ ရှစ်ထပ်ရှိ သူ့အခန်းသို့ ရောက်ရှိလာခဲ့သည်။

ကျန်းချန်က ခဏမျှ အနားယူခဲ့ပြီး နောက်မှသာ စတင်ကျင့်ကြံခဲ့သည်။

ထိုက်ရှဂိုဏ်း၏ အတွင်းစည်း ပါရမီရှင်များသည် တိုက်ပွဲဝင်စွမ်းအား အတော်လေးမြင့်မားကြ၏။

အထူးသဖြင့် တိုက်ရိုက် တပည့်ငါးယောက်၏ အင်အားသည် သူ့ထက် အဆများစွာ ပိုမြင့်မားသည်။

သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်သည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ဒုတိယ အဆင့်သာ ရောက်ရှိသေး၏။

ကျင့်ကြံခြင်း အခြေခံ တစ်ခုတည်းနှင့် ပတ်သက်ပြီး ပြောရလျှင် သူသည် ထိုက်ရှဂိုဏ်း၏ အတွင်းစည် ထဲ၌ အနိမ့်ဆုံး တည်ရှိမှု ဖြစ်သည်။

ထို့ကြောင့် ပြဿနာ အချို့ကို ရင်ဆိုင်ရန် သူ၏ ကျင့်ကြံခြင်း အဆင့်ကို တတ်နိုင်သမျှ အမြန်ဆုံး အဆင့်မြှင့်တင်ရပေမည်။

ထိုက်ရှ နတ်မျှော်စင်သည် ထိုက်ရှဂိုဏ်း၏ အတွင်းစည်း တပည့်များ နေထိုင်သော နေရာ ဖြစ်သည်။

ဤနေရာ၌ ကမ္ဘာ၏ အသက်စွမ်းအင်သည် အပြင်စည်းထက် အဆပေါင်းများစွာ ပို၍ အင်အားကြီးမား၏။

အထူးသဖြင့် ထိုက်ရှ နတ်မျှော်စင်၏ ရှစ်ထပ်မှ အသက်စွမ်းအင်သည် အလွန် ကြောက်မက်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေသည်။

အဆတစ်ရာစနစ်၏ အတွေ့အကြုံ အမှတ် အဆတစ်ရာ ထပ်ပေါင်းခြင်းနှင့်အတူ ကျန်းချန်၏ ကျင့်ကြံခြင်း အတွေ့အကြုံသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ရက်အနည်းငယ်အတွင်း ကျန်းချန်သည် သဘာဝစွမ်းအားဖွင့်ခြင်း ဒုတိယအဆင့်မှ တတိယအဆင့် အထိ အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့၏။

လဝက်အကြာ၌ ကျန်းချန်၏ သဘာဝစွမ်းအားဖွင့်ခြင်း တတိယအဆင့် အတွေ့အကြုံက ပြည့်စုံခဲ့ပြီး စတုတ္ထအဆင့်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့သည်။

လဝက်အတွင်း၌ ကျန်းချန်သည် အဆင့်သေး နှစ်ဆင့်ကို တစ်ခုပြီးတစ်ခု ချိုးဖျက်ခဲ့သည်။

ဤသို့ ကြောက်မက်ဖွယ်ရာ ကျင့်ကြံခြင်း အရှိန်အဟုန်သည် ထိုက်ရှဂိုဏ်း၏ မည်သည့် ပါရမီရှင်ကိုမဆို ချေမှုန်းရန် လုံးဝ လုံလောက်၏။

သဘာဝစွမ်းအားဖွင့်ခြင်း စတုတ္ထအဆင့်ကို ချိုးဖျက်ပြီးနောက် ကျန်းချန်က ဆက်လက် ကျင့်ကြံခဲ့သည်။

သို့သော် အထောက်အထား တံဆိပ်ပြားမှ ထွက်ပေါ်လာသော သတင်းစကားတစ်ခုသည် ရုတ်တရက် ကျန်းချန်ကို ရပ်တန့်စေခဲ့သည်။

ထိုက်ရှဂိုဏ်းက သတ်မှတ်ထားသော ပထမဆုံး ဂိုဏ်းမစ်ရှင်ကို မနက်ဖြန်တွင် သူက ထမ်းဆောင်ရတော့မည် ဖြစ်၏။

ကျန်းချန်က ဂိုဏ်းဆီမှ သတင်းကို လက်ခံရရှိပြီး မကြာမီမှာပင် လဲ့ကွမ်းယန်က ရောက်ရှိလာသည်။

"ညီနောင် ကျန်းချန်... ဂိုဏ်းတာဝန်ကိစ္စနဲ့ ပတ်သက်ပြီး ပြောစရာရှိလို့ ထိုက်ရှနတ်မျှော်စင်ရဲ့ ပဉ္စမထပ်ကို လိုက်ခဲ့ပေးပါ "

ကျန်းချန်က မဆိုင်းမတွပင် လိုက်သွားခဲ့သည်။

မကြာမီမှာပင် လဲ့ကွမ်းယန် နေထိုင်ရာ ပဉ္စမထပ်ဆီသို့ ရောက်ရှိလာခဲ့သည်။

"ညီနောင် ကျန်းချန်... မင်းရဲ့ အရှိန်အဝါက လွန်ခဲ့တဲ့ လဝက်ကထက် ပိုပြီး အင်အားကြီးမားလာပုံပဲ"

သူ့ ရှေ့မှ ကျန်းချန်ကို ကြည့်ရင်း လဲ့ကွမ်းယန်၏ မျက်လုံးများတွင် အံ့အားသင့်သော အသွင်အပြင်တစ်ခု ဖြစ်ပေါ်လာ၏။

"ဘာမှမဟုတ်ပါဘူး.. သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ဒုတိယ အဆင့်ကနေ စတုတ္ထ အဆင့်အထိ နည်းနည်းလောက် တိုးတက်သွားလို့ပါ"

"............"

လဲ့ကွမ်းယန်သည် ကျန်းချန်၏ စကားကို ကြားလျှင် နှလုံးသားမှ နာကျင်သလို ခံစားလိုက်ရသည်။

လဝက်အတွင်း သူ့ရှေ့မှ ကျန်းချန်သည် အဆင့်သေး နှစ်ခုကို ချိုးဖျက်ခဲ့သည်။

သို့တိုင် ထမင်းစား ရေသောက်ပမာ ပေါ့ပေါ့ပါးပါး ပြောနေခဲ့၏။

"ဒါ.. ဒါက အလကားနေရင်း သောက်ခွက်ဖြတ်ရိုက်နေသလိုပဲ"

[ထိုက်ရှဂိုဏ်းမှာ ဒီလို ကြောက်မက်ဖွယ်ရာ ကျင့်ကြံခြင်း အရှိန်အဟုန်နဲ့ ဒုတိယလူ တစ်ယောက် မရှိလောက်ဘူး]

ဤအချိန်၌ လဲ့ကွမ်းယန်၏ နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။

ကျန်းချန်၏ အဂ္ဂိရတ် ပါရမီက အစွန်းရောက်သည်အထိ ကြောက်မက်ဖွယ်ရာကောင်းရုံတင်မက ကိုယ်ခံပညာ ပါရမီကလည်း ဤမျှအထိ ကြောက်မက်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေမည်ဟု သူမထင်ထားခဲ့ပေ။

အခန်း(၄၅၃) ပြီး၏

All Chapters