အခန်း (၄၅၄-၄၅၆)
Vol. 31 Ch. 454-456
အခန်း(၄၅၄)
"ထိုက်ရှ နတ်မျှော်စင်မှာရှိတဲ့ အသက်စွမ်းအင်က အင်အားကြီးမားတော့ ငါ့ရဲ့ အင်အားကလည်း သဘာဝကျကျ အရှိန် မြင့်တက်လာတာ ဖြစ်မှာပါ"
ကျန်းချန် ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"မစ်ရှင်နဲ့ ပတ်သက်ပြီး ငါ့ကို ပြောပြဦး"
လဲ့ကွမ်းယန်က နှုတ်ခမ်းရွဲ့မလိုပင် ဖြစ်သွားသည်။
ထိုက်ရှ နတ်မျှော်စင်၌ အသက်စွမ်းအင်က အင်အားကြီးမားသည်ကို သူသည်လည်း သိရှိထား၏။
ယင်းက ကြိုးစားမှုကို လိုက်၍ ရလဒ် နှစ်ဆ ရရှိစေမည် ဖြစ်သည်။
အထူးသဖြင့် ရှစ်ထပ်သည် သူ၏ ပဉ္စမထပ်ထက် အဆပေါင်းများစွာ ပို၍ အင်အားကြီးမားသည်။
သို့သော် ဤသို့ ဖြစ်လျှင်ပင် လဝက်အတွင်း၌ အဆင့်သေး နှစ်ခုကို ချိုးဖျက်ရန်မှာ မလွယ်ကူသောအရာ ဖြစ်၏။
[ဒီကောင်လေးက တကယ်ပဲ မွန်းစတားတွေကြားက မွန်းစတားတစ်ကောင်ပဲ]
လဲ့ကွမ်းယန်က တုန်လှုပ်သွားသည်။
သူက သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။
"ညီနောင် ကျန်းချန်... မင်းရဲ့ ပထမဆုံး ဂိုဏ်းမစ်ရှင်မှာ ရှန်းလင်းဖုန်းက တကယ်ပဲ ဝင်ရောက်စွက်ဖက်ခဲ့တယ်"
ထိုစကားကို ကြားလျှင် ကျန်းချန်သည် သူ၏ မျက်ခုံးများကို ပင့်လိုက်သည်။
"ဘယ်လိုစွက်ဖက်ခဲ့တာလဲ"
"ယေဘုယျအားဖြင့် ပထမဆုံးအကြိမ်အတွက် ထမ်းဆောင်ရမဲ့ ဂိုဏ်းမစ်ရှင်က အရမ်းကြီး မခက်ခဲသင့်ဘူး"
"မင်းကို မူလက သတ်မှတ်ထားတဲ့ တာဝန်က ကြယ်ခြောက်ပွင့်အဆင့် မစ်ရှင်ပဲ.. ဒါပေမဲ့ ရှန်းလင်းဖုန်းက တာဝန်ခံနဲ့ အပေးအယူလုပ်ပြီး ကြယ်ခုနစ်ပွင့်ခွဲ အဆင့် မစ်ရှင်ကို ပြောင်းလဲခဲ့တယ်"
"ငါက ဒီမစ်ရှင်မှာ ပါဝင်ဖို့အတွက် လျှောက်ထားခဲ့ပေမဲ့လည်း ပယ်ချခံခဲ့ရတယ်"
ထိုစကားကို ပြောနေသည့် လဲ့ကွမ်းယန်၏ မျက်လုံးထဲတွင် စိုးရိမ်သော အမူအရာတစ်ခု ရှိသည်။
ထိုက်ရှဂိုဏ်းတွင် ဂိုဏ်းမစ်ရှင်များကို ကြယ်ကိုးပွင့်အထိ အဆင့်များ ခွဲခြားထား၏။
ကြယ်ငါးပွင့်အောက်မှ မစ်ရှင်များသည် အပြင်စည်းနှင့် သက်ဆိုင်ပြီး အတွင်းစည်း တပည့် ရရှိသော မစ်ရှင်များသည် အနည်းဆုံး ကြယ်ခြောက်ပွင့်အဆင့် ဖြစ်သည်။
ကြယ်ခုနစ်ပွင့်ခွဲ အဆင့် မစ်ရှင်များကိုမူ ယေဘုယျအားဖြင့် အတွင်းစည်းထဲမှ ထိပ်ဆုံး ၁၀၀ စာရင်းဝင် တပည့်များကိုသာ သတ်မှတ်လေ့ရှိသည်။
ယခုအခါ ဤသို့သော မစ်ရှင်တစ်ခုသည် ကျန်းချန်ကဲ့သို့ အသစ်ရောက်ရှိလာသူ တစ်ယောက် ဆီသို့ သတ်မှတ်ထားရာ လှည့်ကွက်များကို စိတ်ကူး၍ပင် သိနိုင်ပေသည်။
"ဒါက ကြယ်ခုနစ်ပွင့်ခွဲ မစ်ရှင်လေးပါပဲ... ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး"
ကျန်းချန်က ညင်သာစွာ ပြုံးလိုက်သည်။
သူ၏ လက်ရှိ အင်အားဖြင့် ကြယ်ရှစ်ပွင့် မစ်ရှင်ကိုပင် ပြီးစီးနိုင်သည်ဟု ယုံကြည်မှုအပြည့် ရှိ၏။
ရှန်းလင်းဖုန်းက သူ့ကို မကျေနပ်သောကြောင် ကြယ်ခုနစ်ပွင့်ခွဲအဆင့် မစ်ရှင်တစ်ခုကို အသုံးပြုလိုပါက တွက်ကိန်း မှားယွင်းသွားပြီဟုပင် ဆိုရမည်။
"ညီနောင် ကျန်းချန်... မစ်ရှင်က တကယ်တော့ ဒုတိယပါပဲ.. ပထမဆုံး မစ်ရှင်ကို ကျရှုံးရင် ဂုဏ်ကျက်သရေ အမှတ် အနည်းငယ်ကို ဆုံးရှုံးရလိမ့်မယ်"
"အဓိကအချက်က မင်းနဲ့အတူ မစ်ရှင်ကို လုပ်ဆောင်မဲ့ လူတွေက ရှန်းလင်းဖုန်း စီစဉ်ထားတဲ့ လူတွေပဲ"
လဲ့ကွမ်းယန်က ကျန်းချန်၏ ရှေ့၌ တာဝန်ထမ်းဆောင်မည့်သူများ၏ အချက်အလက်များကို ချထားခဲ့သည်။
"မင်း ဒီစာရင်းကို အရင်ကြည့်လိုက်ပါဦး"
ကျန်းချန်သည် စာရင်းတစ်ခုလုံးကို အနည်းငယ် ကြည့်ရှုခဲ့သည်။
စာရင်းထဲ၌ စုစုပေါင်း လူ ငါးယောက် ရှိပြီး ကျန်းချန်မှလွဲ၍ တခြား လေးယောက် ပါဝင်သည်။
ခေါင်းဆောင်က ဟော်ကျင်းဟု ခေါ်သော လူတစ်ယောက် ဖြစ်ပြီး အတွင်းစည်း၌ ၇၉ ယောက်မြောက် အဖြစ် အဆင့်သတ်မှတ်ခံထားရသူ ဖြစ်ကာ သဘာဝစွမ်းအားဖွင့်ခြင်း အဋ္ဌမအဆင့် ခွန်အားကို ပိုင်ဆိုင်ထား၏။
ကျန်သုံးယောက်မှာ ရှန်းယွဲ့၊ ဖူထုံနှင့် လင်းထျန်းကျုံးတို့ ဖြစ်သည်ကို ရှင်းလင်းစွာ သိလိုက်ရသည်။
သူ၏ ရှေ့မှ စာရင်းကို မြင်လျှင် ကျန်းချန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။
ဤအဖွဲ့၌ အင်အားအကောင်းဆုံး ဖြစ်သည့် ခေါင်းဆောင် ဟော်ကျင်းသည် တိုက်ရိုက် တပည့် ကွမ်းချွမ်နှင့် အလွန် နီးကပ်သော ဆက်ဆံရေး ရှိသည်။
ဤလူကို ရှန်းလင်းဖုန်းက စီစဉ်ထားခြင်း မဟုတ်လျှင်ပင် ၎င်းသည် သူ့အတွက် လုံးဝ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
အဖွဲ့၏ ဒုတိယ အားအကောင်းဆုံး ဖြစ်သည့် ရှန်းယွဲ့သည် အတွင်းစည်း၌ ၁၀၃ ယောက်မြောက် အဖြစ် အဆင့်သတ်မှတ်ခံထားရသူ ဖြစ်သည်။
သူက ရှန်းလင်းဖန်းနှင့် တစ်မိသားစုထဲ ဖြစ်၍ သူ့ကို ရှင်းပစ်ရန် ရှန်းလင်းဖုန်း စီစဥ်ထားသည့်သူမှန်း သိသာနေ၏။
ထို့အပြင် ဖူထုံသည်လည်း သူနှင့် မကျေနပ်ချက်များ အပြည့်အဝ ရှိသူဖြစ်သည်။
အဆုံးသတ်တွင် လင်းထျန်းကျုံးကိုပင် ရှန်းလင်းဖုန်းက စည်းရုံးနိုင်ခဲ့ပုံရ၏။
"ဟားဟား... ဒီမစ်ရှင်က တကယ်ကို မလွယ်ကူတဲ့ပုံပဲ"
ကျန်းချန်က ရယ်မော၍ ပြောလိုက်သည်။
လူ ငါးယောက်ပါသော အဖွဲ့တွင် အဖွဲ့ဝင် လေးယောက်သည် သူနှင့် မကျေနပ်ချက်များ ရှိကြ၏။
ဤတစ်ခေါက် မစ်ရှင်အတွက် ရှန်းလင်းဖုန်းသည် အမှန်တကယ် အနှောင့်အယှက် ပေးခဲ့သည်မှာ သိသာနေသည်။
အခန်း(၄၅၄) ပြီး၏
အခန်း(၄၅၅)
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန်သည် သတ်မှတ်ထားသည့်အတိုင်း အတွင်းစည်းရှိ မစ်ရှင်ခန်းမသို့ ရောက်ရှိလာခဲ့ပြီး တာဝန်ကို လက်ခံခဲ့သည်။
မကြာမီ ကျန်းချန်နှင့်အတူ မစ်ရှင်ကို လုပ်ဆောင်မည့် လေးယောက်သည် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာခဲ့သည်။
ခေါင်းဆောင် ဟော်ကျင်းသည် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တည်ငြိမ်စွာ ရှိနေခဲ့၏။
သူ၏ ခန္ဓာကိုယ်မှ ကျန်းချန်သည် အနည်းငယ် ထူးဆန်းသော အမူအရာကို မမြင်နိုင်ခဲ့ပေ။
လင်းထျန်းကျုံးကမူ ရောက်လာသည်နှင့် ကျန်းချန်ကို အလွန် ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့သည်။
ထိုအချိန်တွင် ရှန်းယွဲ့နှင့် ဖူထုံ တို့၏ ကျန်းချန်ကို ကြည့်နေသည့် အကြည့်များသည် မကောင်းသော ရည်ရွယ်ချက်များကို ပြသနေခဲ့၏။
"လူစုံပြီဆိုတော့ အားလုံးပဲ သွားကြရအောင်"
လူတိုင်းက ဤနေရာ၌ ရှိနေသည်ကို မြင်လျှင် ဟော်ကျင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး သူ၏ ဘေးမှ စိမ်းပြာရောင် ဧရာမ ငှက်တစ်ကောင်ပေါ်သို့ ခုန်တက်လိုက်သည်။
ချင်းလွမ်ငှက်။
၎င်းသည် ထိုက်ရှဂိုဏ်းက ယဉ်ပါးအောင် ပြုလုပ်ထားသည့် ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်ပြီး တာဝန်များကို လုပ်ဆောင်ရန် ထွက်ခွာမည့် အတွင်းစည်း တပည့်များအတွက် သယ်ယူပို့ဆောင်ရေးယာဥ် တစ်ခုလည်း ဖြစ်သည်။
ကျန်းချန်နှင့် တခြားသူများက အဓိပ္ပါယ်မဲ့သော စကားများကို မပြောတော့ဘဲ ချင်းလွမ်ငှက်ပေါ်သို့ တိုက်ရိုက် ခုန်တက်ခဲ့ကြ၏။
ချင်းလွမ်ငှက်သည် ချက်ချင်းပင် သူ၏ အတောင်များကို ဖြန့်ကျက်ခဲ့ပြီး ကျန်းချန်တို့ ငါးယောက်ကို ထိုက်ရှဂိုဏ်း၏ အနောက်ဘက် အရပ်ဆီသို့ သယ်ဆောင်သွားခဲ့သည်။
ဤတစ်ကြိမ် မစ်ရှင်သည် ထိုက်ရှဂိုဏ်း၏ တရားစီရင်ပိုင်ခွင့်အောက်၌ ရှိသည့် နိုင်ငံ သုံးနိုင်ငံထဲမှ တစ်နိုင်ငံဖြစ်သည့် ယွင်ရှောင်နိုင်ငံဆီသို့ သွားရန် ဖြစ်သည်။
ယွင်ရှောင်နိုင်ငံရှိ မဟာပျက်စီးခြင်း အိမ်တော်၌ သွေးနတ်ဆိုး နန်းတော်၏ အကြွင်းအကျန်များ ပေါ်ထွက်လာခဲ့ပြီး အိမ်တော်မှ လူအများအပြားသည် ၎င်းတို့လက်ချက်ဖြင့် သေဆုံးသွားခဲ့၏။
မဟာပျက်စီးခြင်း အိမ်တော်၏ အရှင်သခင်ကိုပင် သွေးနတ်ဆိုး နန်းတော်မှ အကြွင်းအကျန်များက သတ်ပစ်ခဲ့ကြသည်။
သူတို့ ခရီးစဥ်၏ ရည်ရွယ်ချက်မှာ မဟာပျက်စီးခြင်း အိမ်တော်ထဲမှ သွေးနတ်ဆိုး နန်းတော်၏ အကြွင်းအကျန်များကို ဖယ်ရှားပစ်ရန် ဖြစ်၏။
ယွင်ရှောင်နိုင်ငံသည် ထိုက်ရှဂိုဏ်း၏ အနောက်ဘက်အရပ်၌ တည်ရှိသည်။
ထိုနိုင်ငံ၏ အုပ်ချုပ်မှုအောက်ရှိ မဟာပျက်စီးခြင်းအိမ်တော်သည် အထီးကျန် နတ်ကုန်းမြေ၏ ရှေးဟောင်းနယ်မြေနှင့် နယ်နိမိတ်ချင်း ထိစပ်နေ၏။
မဟာပျက်စီးခြင်း အိမ်တော်သို့ ရောက်ရှိရန် ကျန်းချန်တို့ အတွက် ရက်အနည်းငယ်သာ ကြာခဲ့သည်။
"မင်း... မင်းတို့က ဘယ်သူတွေလဲ.. ဘာလို့ ငါတို့ အိမ်တော်ရှေ့ကို ရောက်လာရတာလဲ"
ကျန်းချန်နှင့် တခြားသူများ စီးနင်းလာသော ချင်းလွမ်ငှက်က မဟာပျက်စီးခြင်းအိမ်တော် တံခါးဝသို့ ရောက်ရှိလာသောအခါတွင် တံခါးမှ အစောင့် နှစ်ယောက်သည် ရန်သူဟုထင်ပြီး ချက်ချင်းဆိုသလို ကျန်းချန်တို့ ငါးယောက်ကို စိုးရိမ်တကြီး ကြည့်ခဲ့ကြသည်။
"ငါတို့က ထိုက်ရှဂိုဏ်းရဲ့ တပည့်တွေပါ.. ငါတို့တွေက မင်းတို့ အိမ်တော်ထဲမှာရှိတဲ့ သွေးနတ်ဆိုး နန်းတော်ရဲ့ အကြွင်းအကျန်တွေကို ဖယ်ရှားဖို့အတွက် ရောက်လာခဲ့တာပဲ.. ငါတို့ရောက်လာပြီဆိုတာ အမြန်ဆုံး သတင်းပို့ပေးပါ"
ဟော်ကျင်းက အနည်းငယ်မျှ ရှင်းပြလိုက်၏။
"ဒီလူတွေက ထိုက်ရှဂိုဏ်းရဲ့တပည့်တွေလား"
အစောင့် နှစ်ယောက်က ချက်ချင်းပင် ကြောက်လန့် တုန်လှုပ်သွားခဲ့ကြပြီး စက္ကန့်ဝက်ပင် မတုံ့ဆိုင်းရဲဘဲ အိမ်တော်အတွင်းသို့ အလျင်အမြန် သတင်းပို့ခဲ့သည်။
မကြာမီမှာပင် ခံ့ညားသော အသွင်အပြင်ရှိသည့် လူတစ်ယောက်သည် အိမ်တော်ထဲမှ ကပျာကယာ ထွက်လာပြီး ကျန်းချန်နှင့် တခြားသူများကို အလျင်အမြန် နှုတ်ဆက်ခဲ့သည်။
"ကြီးမြတ်တဲ့ ပုဂ္ဂိုလ် ငါးယောက်က မဟာပျက်စီးခြင်း အိမ်တော်ဆီကို ရောက်ရှိလာခဲ့တာ ဂုဏ်ယူမိပါတယ်.. ရှဟဲက ကြိုဆိုဖို့ပျက်ကွက်မိတာကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်"
ရှဟဲ၏ စကားများကို ကြားလျှင် ရှဟဲ၏ အထောက်အထားကို သိသော သူများသည် မျက်လုံးများ ဝိုင်းစက်သွားခဲ့သည်။
မဟာပျက်စီးခြင်း အိမ်တော်၏ လက်ထောက် အရှင်သခင် ရှဟဲ။
၎င်းကဲ့သို့ နာမည်ကျော်တစ်ယောက်သည် သူ၏ ရှေ့မှ လူငယ်များကို နှိမ့်ချသော လေသံဖြင့် နှုတ်ဆက်ခဲ့သည်။
ဟော်ကျင်းက ရှဟဲကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။
"စီနီယာက ရှဟဲလား.. ဒီမစ်ရှင်အတွက် ထိုက်ရှဂိုဏ်းကို အကူအညီ တောင်းထားတာ စီနီယာ ဟုတ်ပါသလား"
"ဟုတ်ပါတယ်.. ငါက ထိုက်ရှဂိုဏ်းကို အကူအညီတောင်းထားတဲ့ ရှဟဲပါ"
ရှဟဲက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလို သူ၏ မျက်နှာပေါ်တွင် ယဉ်ကျေးသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
"သူရဲကောင်းတို့... ကျေးဇူးပြုပြီး အိမ်တော်ထဲ ကြွပါ.. ကျွန်တော်ရှဟဲက သူရဲကောင်းတို့ အတွက် စားသောက်ပွဲ ပြင်ဆင်ပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ် လက်ထောက်အရှင်သခင် ရှဟဲ"
ဟော်ကျင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ရှဟဲ နောက်ကနေ မဟာပျက်စီးခြင်း အိမ်တော်ထဲသို့ လိုက်ဝင်သွားခဲ့သည်။
"လက်ထောက်အရှင်သခင် ရှဟဲကတောင် စားသောက်ပွဲ ပြုလုပ်ပေးရလောက်တဲ့ အထိ ဒီလူငယ်တွေက ဘယ်သူတွေမို့လို့လဲ"
"သူတို့က ထိုက်ရှဂိုဏ်းရဲ့ တပည့်တွေပဲ.. သူတို့က အိမ်တော်သခင်ကို သတ်ပစ်ခဲ့တဲ့ သွေးနတ်ဆိုး နန်းတော်ရဲ့ အကြွင်းအကျန်တွေကို ဖယ်ရှားဖို့အတွက် ရောက်လာတာပဲ"
"သူတို့က ထိုက်ရှဂိုဏ်းကကိုး.. သူတို့ကိုယ်ပေါ်က အရှိန်အဝါတွေ ဒီလောက်ထိ အင်အားကြီးမားတာ အံ့သြစရာ မဟုတ်တော့ဘူး.. ငါ့အမြင် ဒီလူတွေရဲ့ အင်အားက လက်ထောက်အရှင်သခင် ရှဟဲအောက် မရှိနိုင်ဘူး"
"..........."
အိမ်တော်ထဲသို့ ဝင်သွားသော ကျန်းချန်နှင့် တခြားသူများ၏ နောက်ကျောကို ကြည့်ရင်း အနီးအနားမှ လူများတွင် အားကျသော အမူအရာများ ရှိနေကြသည်။
အခန်း(၄၅၅) ပြီး၏
အခန်း(၄၅၆)
အိမ်တော်၏ အလယ်ဗဟိုရှိ အလွန်ကောင်းမွန်သော အခန်းတစ်ခုထဲ၌ ရှဟဲနှင့် အိမ်တော် အကြီးအကဲ အချို့သည် ကျန်းချန်၏ ဆန့်ကျင်ဘက်၌ ထိုင်ခဲ့ကြသည်။
မကြာမီ ရှဟဲသည် ကျန်းချန်နှင့် တခြားသူများကို ဧည့်ခံရန် ဝိုင်နှင့် အရသာရှိသော အစားအစာများကို ပို့စေခဲ့၏။
အနည်းငယ် သောက်စားပြီးနောက် အဆုံးသတ်တွင် ဟော်ကျင်းသည် မစ်ရှစ်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်။
"အိမ်တော်ထဲမှာ သွေးနတ်ဆိုး နန်းတော်ရဲ့ အကြွင်းအကျန်တွေ ရှိနေတယ်လို့ ငါတို့ သိခဲ့ရတယ်.. အိမ်တော်ရဲ့ အရှင်သခင် လုလန်ကလည်း ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတယ်.. ဒါဘယ်လိုဖြစ်ရတာလဲ"
ထိုမေးခွန်းကို ကြားလျှင် ရှဟဲက ချက်ချင်းရှင်းပြလိုက်သည်။
"မကြာသေးခင်က အိမ်တော်ထဲမှာ အလွန် ရက်စက်တဲ့ နတ်ဆိုးတစ်ကောင် ပေါ်ထွက်လာခဲ့တယ်"
"ဒီနတ်ဆိုးက မဟာပျက်စီးခြင်း အိမ်တော်ထဲက အဆင့်မြင့် ကျင့်ကြံသူတွေကို သုတ်သင်ပြီး ခြောက်သွေ့တဲ့ အလောင်းကောင် ဖြစ်တဲ့အထိ စုပ်ယူခဲ့တယ်.. အိမ်တော်သခင်လု အပါအဝင် အိမ်တော်တစ်ခုလုံးက သူ့ရဲ့ လက်ထဲကနေ မလွတ်မြောက်နိုင်ခဲ့ဘူး"
"ဒီနတ်ဆိုးရဲ့ ထူးဆန်းတဲ့ သတ်ဖြတ်ခြင်း နည်းလမ်းကြောင့် သူက သွေးနတ်ဆိုး နန်းတော်ရဲ့ အကြွင်းအကျန် ဖြစ်နိုင်တယ်လို့ငါ သံသယဝင်ခဲ့တယ်"
ရှဟဲ၏ စကားကို ကြားလျှင် ကျန်းချန်က မှင်တက်သွားသည်။
သတ်ပစ်ခံရသော လူများသည် ခြောက်သွေ့သော အလောင်းများအဖြစ် စုပ်ယူခံခဲ့ရသည်။
ယင်းက ရာဇဝတ်မှုကို ကျူးလွန်ခဲ့သော လူသည် သေချာပေါက် သွေးနှင့် ပတ်သက်သည့် ကျင့်ကြံသူ တစ်ယောက်မှန်း ပြသနေ၏။
ထိုကဲ့သို့ သွေးလမ်းစဥ်ကို ကျင့်ကြံသောသူ အများစုသည် သွေးနတ်ဆိုး နန်းတော်မှ လူများ ဖြစ်ကြသည်။
ထို့ကြောင့် မဟာပျက်စီးခြင်း အိမ်တော်ထဲ၌ ပေါ်ထွက်လာသော သွေးကျင့်ကြံသူသည် သွေးနတ်ဆိုး နန်းတော်မှ အကြွင်းအကျန် အလွန် ဖြစ်နိုင်ချေ များပေသည်။
"သွေးနတ်ဆိုး နန်းတော်ရဲ့ အကြွင်းအကျန်က တကယ်ပဲ ပေါ်ထွက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး"
ဟော်ကျင်း၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။
"အိမ်တော်သခင် လုလန်ရဲ့ အင်အားက ဘယ်အဆင့်ရှိလဲ.. ပြီးတော့ သူက ဘယ်အချိန်မှာ အသတ်ခံခဲ့ရတာလဲ"
"မဟာပျက်စီးခြင်း အိမ်တော်က ငါးနှင့် နဂါးတွေ ရောနှောနေတဲ့ အထီးကျန်နတ်ကုန်းမြေရဲ့ ရှေးဟောင်းနယ်မြေနှင့် နယ်နိမိတ်ချင်း ထိစပ်နေတယ်.. ဒါကြောင့် အိမ်တော်သခင်ရဲ့ အင်အားက အတော်လေး ကြီးမားတယ်.. အိမ်တော်သခင်လုက သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် သတ္တမ အဆင့် ကျင့်ကြံသူပါ"
"အိမ်တော်သခင်လုက ဘယ်အချိန်မှာ အသတ်ခံခဲ့ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ငါတို့ သိလို့ရမလား"
"လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ ငါက ခရီးကနေ ပြန်ရောက်လာတာပါ.. အိမ်တော်သခင်လုရဲ့အလောင်းကို ငါတွေ့ရှိခဲ့တဲ့အချိန်မှာ အလောင်းခြောက် အဖြစ် စုပ်ယူခံခဲ့ရပြီ"
ရှဟဲက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
"သွေးနတ်ဆိုး နန်းတော်ရဲ့ အကြွင်းအကျန်က သဘာဝစွမ်းအားဖွင့်ခြင်း သတ္တမ အဆင့် ကျင့်ကြံသူကို သတ်နိုင်ပုံထောက်ရင် အတော်လေး စွမ်းဆောင်နိုင်ပုံပဲ"
ဟော်ကျင်းက သုံးသပ်ပြောဆိုလိုက်သည်။
ထို့နောက် သူက ရှဟဲကို တိုက်ရိုက် ကြည့်ကာ ပြောလိုက်၏။
"အိမ်တော်သခင် လုလန်ရဲ့ နေရာဆီ ငါတို့ကို လိုက်ပြပေးပါ"
ရှဟဲသည် သဘာဝကျကျ လျစ်လျူရှုရန် မရဲခဲ့ပေ။
သူက ကျန်းချန်နှင့် တခြားသူများကို အိမ်တော်၏အတွင်းဘက်ရှိ ကွင်းပြင် တစ်ခုဆီသို့ အလျင်အမြန် ခေါ်သွားခဲ့သည်။
"သူရဲကောင်းတို့... ဒါက အိမ်တော်သခင်လု နေခဲ့တဲ့နေရာပဲ.. နမတော်တဆမှု ဖြစ်ပြီး ဒီနေရာကို တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းထားခဲ့တယ်"
ရှဟဲက သူ၏ ရှေ့မှ ကွင်းပြင်ကို ညွှန်ပြပြီး လူတိုင်းကို ရှင်းပြလိုက်၏။
ကွင်းပြင် တံခါးဝ၌ ရပ်ရင်း ကျန်းချန်သည် ကွင်းပြင်တစ်ဝိုက်ကို အနည်းငယ် အကဲခတ် ကြည့်လိုက်သည်။
ထိုအခါ ကျန်းချန်၏ စိတ်ထဲ၌ ရင်းနှီးသော သတိပေးချက်တစ်ခု မြည်လာခဲ့၏။
"ဒင်...သင်က ဆဋ္ဌမ အဆင့် အစီအရင်ကို ကြည့်ရှုပြီး အဆတစ်ရာ နားလည်သဘောပေါက်ခြင်းကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က ကောင်းကင်သိမ်းပိုက် သွေးမိစ္ဆာ အစီအရင် ချိုးဖျက်တဲ့ နည်းလမ်းကို နားလည်သဘောပေါက်သွားပါပြီ"
ကျန်းချန်က ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။
အိမ်တော်သခင် လုလန် နေထိုင်ခဲ့သော ကွင်းပြင်၌ ကောင်းကင်သိမ်းပိုက် သွေးမိစ္ဆာ အစီအရင်ကို လျှို့ဝှက်စွာ ခင်းကျင်းထားခဲ့၏။
သွေးနတ်ဆိုး နန်းတော်၏ အကြွင်းအကျန်များသည် အိမ်တော်သခင် လုလန်ကို သတ်ပစ်ပြီးနောက်တွင် ဤအစီအရင်ကို အဘယ်ကြောင့် မဖယ်ရှားခဲ့ပါသနည်း။
ဤနေရာ၌ တခြားသော လျှို့ဝှက်ချက်တစ်ခုခု ရှိနေပါသလော။
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ယင်းမှာ အိမ်တော်သခင် လုလန်၏ သေဆုံးခြင်းက ထင်သလောက် မရိုးရှင်းဟု ဖော်ပြနေသလိုပင်။
"ဒီနေရာမှာ တကယ်ပဲ သွေးကျင့်ကြံသူရဲ့ အရှိန်အဝါ ရှိနေတယ်"
ဟော်ကျင်းက ကွင်းပြင်ကို လေ့လာရင်း ပြောလိုက်၏။
ခဏအကြာ၌ သူက ဘေးမှ ကျန်းချန်ကို တိုက်ရိုက် အမိန့်ပေးခဲ့သည်။
"ကျန်းချန်... အခြေအနေကို စစ်ဆေးဖို့ မင်းအရင် ဝင်သွားလိုက်.. ငါတို့က နောက်က လိုက်ဝင်ခဲ့မယ်"
ကျန်းချန်က နှလုံးသားထဲ၌ ရုတ်တရက် လှောင်ရယ်လိုက်၏။
ဤကောင်လေးများသည် အဆုံးသတ်တွင် သူ့ကို ရှင်းပစ်ရန် ကြိုးစားလာခဲ့ပုံရသည်။
အခန်း(၄၅၆) ပြီး၏