← Chapters

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း(၄၆၀)

"ကျန်း.. ကျန်းချန်လား"

ကျန်းချန် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ လင်းထျန်းကျုံးသည် အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဟော်ကျင်းတို့လူစုကလည်း အနည်းငယ် စိတ်သက်သာရာရသွားကြ၏။

ကျန်းချန်၏ ပေါ်ထွက်လာခြင်းက သူတို့ကို အနည်းငယ် အံ့အားသင့်စေခဲ့သော်လည်း သူတို့ ယခုလေးတင် ရင်ဆိုင်နေရသော အကျပ်အတည်းကို ယာယီ ဖြေရှင်းပေးခဲ့သည် မဟုတ်ပါလား။

"ကောင်လေး... မင်း...မင်း ဘယ်လို လွတ်လာတာလဲ"

သွေးတိမ်တိုက် အရှင်သခင်က ကျန်းချန်ကို ဒေါသတကြီး ကြည့်လိုက်သည်။

ကွင်းပြင်ထဲသို့ ပထမဆုံး ဝင်ရောက်လာသော ဤကောင်လေးတွင် သာမန်လူများနှင့် ကွာခြားသော သွေးစွမ်းအား ရှိသည်။

ထို့ကြောင့် ကျန်းချန် ကွင်းပြင်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် သွေးတိမ်တိုက် အရှင်သခင်သည် ကျန်းချန်ကို တစ်ယောက်တည်း အကျဥ်းချရန် အစီအရင်ကို ထိန်းချုပ်ခဲ့သည်။

မူလက သူသည် ကျန်းချန်၏ သွေးကို သောက်သုံးခြင်း မပြုခင် ဤကောင်လေးများကို ပထမဆုံး ဖြေရှင်းရန် စီစဉ်ခဲ့သည်။

သို့သော် သွေးတိမ်တိုက်အရှင်သခင် ဘယ်သောအခါမျှ မစဉ်းစားမိခဲ့ပေ။

ကျန်းချန်သည် အစီအရင်၏ ထိန်းချုပ်မှုမှ လွတ်မြောက်လာပြီး အရေးအကြီးဆုံး အချိန်တွင် ပေါ်ထွက်လာခဲ့ကာ သူ့ကိုပင် ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။

သူ့တွင် သိုင်းသခင်နယ်ပယ်၏ အခြေခံအုတ်မြစ် မရှိလျှင်သူ၏ ခန္ဓာကိုယ်သည် ကျန်းချန်၏ လက်သီးဖြင့် ဖျက်ဆီးခံရနိုင်ပေသည်။

"ငါက ဘာလို့ မလွတ်မြောက်ရမှာလဲ"

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"မင်းရဲ့ သေးငယ်တဲ့ လှည့်ကွက်လေးက ငါ့ကို ထိန်းချုပ်နိုင်မယ်လို့ ထင်နေလား"

"ဟမ်.. မင်းက လွတ်မြောက်လာရင်တောင် ငါ့ရဲ့ ကောင်းကင်သိမ်းပိုက်မိစ္ဆာ အစီအရင်ထဲက ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

"ကောင်လေး... မူလက ငါ သူတို့ရဲ့သွေးကို အရင်ဆုံး ဝါးမျိုပြီးမှ မင်းရဲ့သွေးကို ဝါးမျိုထားဖို့ စီစဥ်ထားခဲ့တယ်"

"မင်းက သူတို့နှင့်အတူ သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

သွေးတိမ်တိုက်အရှင်သခင်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ဖြင့် သုတ်လိုက်သည်။

သူ၏ သွေးဆာနေသော မျက်လုံးများတွင် ချက်ချင်းဆိုသလို သတ်ဖြတ်လိုသော အရိပ်အငွေ့များ ပြည့်နှက်သွားခဲ့၏။

"မင်းရဲ့ မှီခိုအားထားရာက ကောင်းကင်သိမ်းပိုက် သွေးမိစ္ဆာ အစီအရင်ဆိုရင်တော့ မင်းကို စိတ်ပျက်စေမှာ စိုးရွံ့မိတယ်"

ကျန်းချန်က မထီတရီ ပြုံးလိုက်သည်။

"မင်းမှာ အခု ကောင်းကင် သိမ်းပိုက် သွေးမိစ္ဆာ အစီအရင်ကို ထိန်းချုပ်ဖို့ အခွင့်အရေး မရှိတော့ဘူး"

ထိုခဏတွင် သွေးတိမ်တိုက်အရှင်သခင်သည် တစ်စုံတစ်ခုကို တွေ့ရှိသွားပြီး ရုတ်တရက် အမူအရာ ပြောင်းလဲသွားခဲ့သည်။

သူခင်းကျင်းထားသော ကောင်းကင်သိမ်းပိုက် သွေးမိစ္ဆာ အစီအရင်က သူ၏ ထိန်းချုပ်မှုအောက်၌ လုံးဝ ရှိမနေသည်ကို တွေ့လိုက်ရ၏။

"မဖြစ်.. မဖြစ်နိုင်ဘူး"

"မင်း... မင်းက ငါ့ရဲ့ ကောင်းကင်သိမ်းပိုက် သွေးမိစ္ဆာ အစီအရင်ကို ဘယ်လိုလုပ်ပြီး ချိုးဖျက်နိုင်ခဲ့တာလဲ"

သွေးတိမ်တိုက်အရှင်သခင်က အံ့အားသင့်သော အသွင်အပြင်ဖြင့် ကျန်းချန်ကို ကြည့်လိုက်ပြီး ပါးစပ်ကနေလည်း မယုံနိုင်စွာ ရေရွတ်လိုက်သည်။

သူခင်းကျင်းခဲ့သော ကောင်းကင်သိမ်းပိုက် သွေးမိစ္ဆာအစီအရင်သည် သွေးနတ်ဆိုး နန်းတော်မှ သတ္တမ အဆင့် အစီအရင်သခင် တစ်ယောက် ဖန်တီးခဲ့ခြင်း ဖြစ်၏။

ယေဘုယျအားဖြင့် ဆဋ္ဌမ အဆင့် အစီအရင်သခင် တစ်ယောက်ပင် ဤအစီရင်ကို မည်သို့မျှ ချိုးဖျက်နိုင်မည် မဟုတ်ပေ။

[ငါ့ရှေ့က ကောင်လေးက ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ]

"သွေးတိမ်တိုက်အရှင်သခင်.. အခု မင်းရဲ့ အစီအရင်ကို ငါတို့ ချိုးဖျက်ခဲ့ပြီ.. မင်း ဘယ်လောက်ထိ မာနကြီးနိုင်မလဲ ကြည့်ရသေးတာပေါ့"

"သွေးတိမ်တိုက် အရှင်သခင်.. မင်းဒီနေ့ ကျိန်းသေပေါက် သေဆုံးရမယ်"

"............."

သွေးတိမ်တိုက်အရှင်သခင်၏ ကောင်းကင်သိမ်းပိုက်သွေးမိစ္ဆာ အစီအရင်ကို ကျန်းချန်က ချိုးဖျက်ခဲ့သည်ကို မြင်လျှင် ဟော်ကျင်းတို့က သွေးတိမ်တိုက် အရှင်သခင်ကို အလျင်အမြန်ပင် ဝိုင်းရံခဲ့ကြသည်။

ထိုက်ရှဂိုဏ်းထဲတွင် သွေးနတ်ဆိုး နန်းတော်နှင့်ပတ်သက်၍ ဆုလာဘ်များ အမြဲတမ်း ရှိခဲ့သည်။

သင်က သွေးနတ်ဆိုး နန်းတော်၏ အကြွင်းအကျန်များကို သတ်ပစ်နိုင်သရွေ့ ဆုလာဘ်များစွာကို ရယူနိုင်မည် ဖြစ်၏။

သူတို့ ရှေ့မှ သွေးတိမ်တိုက်အရှင်သခင်သည် သွေးနတ်ဆိုး နန်းတော်၏ ခန်းမသခင် လေးယောက်ထဲမှ တစ်ယောက် ဖြစ်၍ အဆင့်အတန်း အလွန် မြင့်မားသည်။

အကယ်၍သာ သွေးတိမ်တိုက်အရှင်သခင်၏ ခေါင်းကို ထိုက်ရှဂိုဏ်းဆီသို့ ယူဆောင်လာနိုင်ခဲ့လျှင် များပြားသော ဆုလာဘ်ကို ရရှိမည် ဖြစ်၏။

"ဟမ့်.. ထိုက်ရှဂိုဏ်းက ချာတိတ်လေးတွေက ငါ့ရဲ့ခေါင်းကို ယူချင်နေတာလား"

"ဒီအရှင်သခင်က လက်ရှိအချိန်မှာ နိမ့်ကျနေရင်တောင် ခွေးလေခွေးလင့်တွေရဲ့ လက်ထဲမှာတော့ အသေမခံနိုင်ဘူး"

"ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် မင်းတို့ကို သင်ခန်းစာပေးရမယ်"

သွေးတိမ်တိုက်အရှင်သခင်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး တစ်စုံတစ်ရာကို ယူထုတ်လိုက်၏။

သူ၏ လက်ဝါးထဲတွင် သွေးအလင်းများ ထုတ်လွှတ်နေသော အလုံးတစ်လုံး ရှိနေသည်ကို အားလုံးက တွေ့လိုက်ရသည်။

"မင်းတို့တွေ သွေးကိုယ်ပွားရဲ့ စွမ်းအားကို ခံနိုင်ရည်ရှိဖို့ အဆင်သင့် ပြင်ထားကြတော့"

အခန်း(၄၆၀) ပြီး၏

အခန်း(၄၆၁)

သွေးတိမ်တိုက် အရှင်သခင်၏ စကားသံ ဆုံးသည်နှင့် သူ့လက်ထဲမှ သွေးရောင်အလုံးသည် သူနှင့် ဆင်တူသော ကိုယ်ပွားတစ်ခု ကဲ့သို့ ချက်ချင်း ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

ဤသွေးကိုယ်ပွား ပေါ်ထွက်လာသည်နှင့် ကြောက်မက်ဖွယ် အရှိန်အဝါများသည် ကွင်းပြင် တစ်ခုလုံးကို ပြည့်နှက်သွားခဲ့သည်။

"သူက ကိုယ်ပွားကို သန့်စင်ထားတာလား"

သွေးတိမ်တိုက် အရှင်သခင် သန့်စင်ထားသော သွေးကိုယ်ပွားကို ကြည့်ပြီး ဟော်ကျင်းနှင့် တခြားသူများ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ဒါက သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူပဲ သန့်စင်နိုင်တဲ့ ကိုယ်ပွားလား"

ကျန်းချန်က သွေးတိမ်တိုင်အရှင်သခင် နှင့် ဆင်တူသော ကိုယ်ပွားကို ကြည့်ပြီး မျက်လုံးထဲ၌ ထူးဆန်းသော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။

ဤသည်မှာ သိုင်းသခင်နယ်ပယ်အဆင့်သာ သန့်စင်နိုင်သည့် ကိုယ်ပွား ဖြစ်၏။

သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူသည် ကိုယ်ပွားကို သန့်စင်ရန် အတွက် အသိစိတ်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်ပေးရသည်။

ထို့အပြင် ကိုယ်ပွားကို အထူးပုံစံဖြင့်သာ သိမ်းဆည်းနိုင်သည်။

ကိုယ်ပွားသည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ၏ အင်အား တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်နိုင်သည်။

သူ၏ အင်အားက သိုင်းသခင်နယ်ပယ် ကျင့်ကြံသူ သုံးစွဲထားသည့် အသိစိတ် ပမာဏ၏ အင်အားပေါ်၌ မူတည်၏။

အားအနည်းဆုံး ကိုယ်ပွားပင် သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့်ထက် မနိမ့်သော အင်အား ရှိသည်။

အင်အားကြီးမားသော ကိုယ်ပွား အချို့သည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများကိုပင် ချေမှုန်းနိုင်၏။

ယေဘုယျအားဖြင့် သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ အများစုသည် မမျှော်လင့်ထားသော ဖြစ်ရပ်များနှင့် ကြုံလျှင် သူတို့၏ ထူးချွန်သော တပည့်များကို ကာကွယ်ရန်အတွက် ကိုယ်ပွားများကို သန့်စင်ကြလေ့ရှိသည်။

ကျန်းချန်တို့လူစုက ကိုယ်ပွားနှင့် ရင်ဆိုင်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

သွေးတိမ်တိုက် အရှင်သခင်သည် အထွတ်အထိပ်ကို ရောက်စဥ်က ကိုယ်ပွားကို သန့်စင်ခဲ့ပုံရ၏။

"သွေးတိမ်တိုက်အရှင်.. မင်းရဲ့ကိုယ်ပွားက စွမ်းအင်စုဆောင်းခြင်း နယ်ပယ်ကိုတောင် မရောက်ရှိသေးတဲ့ သာမန် ကိုယ်ပွားတစ်ခုပဲ.. ဒီလောက်နဲ့ ငါတို့ကို ကိုင်တွယ်နိုင်မယ်လို့ မင်းထင်နေလား"

ဟော်ကျင်းက အေးစက်စက် ပြုံးခဲ့သည်။

ထိုက်ရှဂိုဏ်း၏ အတွင်းစည်း တပည့်များ အနေဖြင့် သူတို့အားလုံးသည် နယ်ပယ် ကျော်လွန်၍ တိုက်ပွဲဝင်နိုင်သော စွမ်းရည်များ ရှိကြ၏။

ထို့အပြင် သူတို့အားလုံးသည် အင်အားချင်း ပေါင်းစည်း၍ တိုက်ခိုက်နိုင်ကြသည်။

သွေးတိမ် တိုက်အရှင်သခင်၏ ကိုယ်ပွားက စွမ်းအင်သိပ်သည်းခြင်း အဆင့်ကို မရောက်ရှိသရွေ့ သူတို့ လုံးဝ ကြောက်စရာမရှိချေ။

"ကောင်လေး... မင်းက ဒီအရှင်ကို အထင်သေးလွန်းနေပြီ"

"ဒီကိုယ်ပွားက မင်းတို့လို ကောင်လေးတွေကို ရှင်းပစ်ဖို့ လုံလောက်တာထက်တောင် ပိုနေသေးတယ်"

သွေးတိမ်တိုက် အရှင်သခင်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ရှေ့မှ ကိုယ်ပွားသည် သွေးအရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ကျန်းချန်ဆီသို့ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။

သွေးတိမ်တိုက်အရှင်သခင်၏ မျက်လုံးထဲ၌ သူ၏ အစီအရင်ကို ချိုးဖျက်ခဲ့သော ကျန်းချန်သည် ဤအုပ်စုထဲတွင် အန္တရာယ်အရှိဆုံးလူ ဖြစ်သည်။

ထို့ကြောင့် သူက ကျန်းချန်ကို တတ်နိုင်သမျှ အမြန်ဆုံး ရှင်းပစ်ချင်ခဲ့၏။

"ကျန်းချန် အန္တရာယ်ရှိနေပြီ.. ငါတို့ အတူတူ ဝင်တိုက်ကြရအောင်"

လင်းထျန်းကျုံး၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။

သူက လှံကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး သွေးပုံရိပ်ကို တိုက်ခိုက်ရန် လှံဆန္ဒကို ထုတ်ဖော်လိုက်၏။

သို့သော် လင်းထျန်းကျုံးနှင့် သွေးပုံရိပ်တို့၏ အင်အားချင်း ကွာဟချက်သည် အလွန်ပင် ကြီးမားနေခဲ့သည်။

သူက လှံဆန္ဒ ဒုတိယအဆင့်ကို ထုတ်ဖော်ခဲ့သော်လည်း သွေးပုံရိပ်က တစ်ချက်လေး လှုပ်ရှားရုံမျှဖြင့် လွင့်စင်သွားခဲ့၏။

"ဝေါ့"

လင်းထျန်းကျုံးက သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

သူ၏ အကြည့်က ဥပေက္ခာပြု၍ ဘာသိဘာသာ အမူအရာဖြင့် ရှိနေကြသော ဟော်ကျင်းတို့ သုံးယောက်ဆီ ရောက်ရှိသွား၏။

"မင်းတို့တွေ ယုတ်မာလှချည်လား"

လင်းထျန်းကျုံးက ရေရွတ်လိုက်၏။

သူက နှလုံးသားထဲကနေ ဟော်ကျင်းတို့ကို ရွံရှာသွားခဲ့သည်။

အစောပိုင်းက ကျန်းချန်သာ အစီအရင်ကို မချိုးဖျက်ခဲ့လျှင် သူတို့သည် သွေးတိမ်တိုက်အရှင်သခင် လက်ချက်ဖြင့် အလောင်းဘဝသို့ ပြောင်းသွားလောက်ပြီ ဖြစ်၏။

သို့သော်လည်း ဟော်ကျင်းတို့သည် ယခုအခါတွင် ကျန်းချန်ကို သေဆုံးစေချင်၍ လျစ်လျူရှုရန်သာ ရွေးချယ်ခဲ့ကြသည်။

ထိုသုံးယောက်သည် အမှန်တကယ်ပင် ကျေးဇူးကန်းသော လူယုတ်မာများ ဖြစ်၏။

အခန်း(၄၆၁) ပြီး၏

အခန်း(၄၆၂)

လင်းထျန်းကျုံး၏ ဒေါသတကြီး ကြိမ်းမောင်းခြင်းကို ရင်ဆိုင်ခဲ့ရသော်လည်း ဟော်ကျင်းသည် အေးစက်သော အမူအရာဖြင့်သာ ရှိနေခဲ့သည်။

ဤကမ္ဘာကြီးသည် အင်အားကြီးသူကိုသာ လေးစားသော ကမ္ဘာကြီး ဖြစ်သည်။

အပြစ်တင်မည်ဆိုလျှင် ဤကောင်လေး အနေဖြင့် တိုက်ရိုက် တပည့် ကွမ်းချွမ်ကို မလေးမစား စော်ကားခဲ့သည်ကိုသာ အပြစ်တင်ရပေမည်။

ကွမ်းချွမ်သည် အင်အားကြီးသူ တစ်ယောက် မဟုတ်သော်လည်း သူ၏ဆရာမှာ သိုင်းသခင်နယ်ပယ်အဆင့် အကြီးအကဲ ရှိသည်။

သူ့ရှေ့မှ ကျန်းချန်ကမူ နောက်ခံ မရှိဘဲ အတွင်းစည်း တပည့် ဖြစ်လာသော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်၏။

ဟော်ကျင်း၏ မျက်လုံးထဲတွင် အမှန်နှင့်အမှား မရှိခဲ့ပေ။

ထို့အပြင် ကျေးဇူးကန်းခြင်းက ဘာကိုဆိုလိုမှန်းလဲ သူမသိချေ။

အင်အားကြီးသူ၏ ဘက်၌ အမြဲတမ်း ရပ်တည်ရမည်မှာ သူလက်ကိုင်ထားသည့် ဥပဒေသ ဖြစ်သည်။

ကွမ်းချွမ်က ဤကောင်လေးကို ရှင်းပစ်ရန် သူ့ကိုခိုင်းစေခဲ့သောကြောင့် သူ့အနေဖြင့် ကျန်းချန်ကို အသက်ရှင်လျက် ထိုက်ရှဂိုဏ်း ဆီသို့ ပြန်လာခွင့်ပြုမည် မဟုတ်ပေ။

သူ့ဘေးမှ ရှန်းယွဲ့နှင့် ဖူထုံ တို့သည် ဟော်ကျင်း မလှုပ်ရှားသောကြောင့် သဘာဝကျစွာပင် လှုပ်ရှားခြင်း မပြုခဲ့ချေ။

စင်စစ် သူတို့၏ ရည်ရွယ်ချက်မှာလည်း ကျန်းချန်ကို ရှင်းပစ်ရန်သာ ဖြစ်၏။

ထို့ကြောင့် ဤအချိန်၌ သူတို့သည် ကျန်းချန်ကို အဘယ်ကြောင့် ကယ်တင်ရပါမည်နည်း။

"ဟားဟား"

ကျန်းချန်က အခြေအနေကို ခြုံငုံ၍ နားလည်လိုက်ပြီး ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။

သူ၏ လုပ်ဆောင်ချက် မရှိလျှင် ဤအရူး သုံးယောက်သည် သွေးတိမ်တိုက် အရှင်သခင်၏ အလောင်းအဖြစ်သို့ စုပ်ယူခံရလောက်ပြီ ဖြစ်၏။

ဤသုံးယောက်က ယခုအခါတွင် ဤမျှအထိ ကျေးဇူးကန်းသောကြောင့် သူ့အနေဖြင့် ညှာတာရန် မလိုအပ်တော့ပေ။

ထိုခဏမှာပင် ကျန်းချန်က ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ ကျန်းချန် ၉၉ယောက်က လေထဲတွင် ထွက်ပေါ်လာခဲ့၏။

ကျန်းချန်က လက်သီးချက်ကို ထုတ်ဖော်လိုက်ရာ ကိုယ်ပွားများကလည်း လက်သီးချက်များကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်ကြသည်။

သူ့အနီးသို့ချဥ်းကပ်လာသော သွေးပုံရိပ်သည် လက်သီးချက်ပေါင်းများစွာဖြင့် ရင်ဆိုင်ရပြီး နောက်ဆုတ်သွားခဲ့၏။

"ဒါ.. ဒါက ထိုက်ရှစစ်ပွဲအရိပ်ကိုယ်ခံပညာပဲ"

"သူ... သူက တကယ်ပဲ စစ်ပွဲအရိပ် ဒါဇင်ပေါင်းများစွာကို ဖော်ထုတ်နိုင်ခဲ့တယ်လား.. ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

သူတို့၏ ရှေ့မှ မြင်ကွင်းကို မြင်လျှင် ဟော်ကျင်းတို့ သုံးယောက်၏ မျက်လုံးများသည် ရုတ်တရက် ကျုံ့သွားခဲ့သည်။

ထိုက်ရှဂိုဏ်း၏ အတွင်းစည်း ဂိုဏ်းဝင်တစ်ယောက် အနေဖြင့် သူတို့သည် တစ်ချက် ကြည့်ရုံဖြင့် ကျန်းချန်က ထိုက်ရှ စစ်ပွဲ အရိပ်ကိုယ်ခံပညာကို အသုံးပြုမှန်း သဘာဝကျစွာ သိရှိခဲ့၏။

သို့သော် ဤမျှအထိ အရိပ် အများအပြားကို ဖော်ထုတ်နိုင်သော လူတစ်ယောက်ကို သူတို့အရင်က မမြင်ဖူးခဲ့ပေ။

စစ်ပွဲ အရိပ် ကိုးဆယ့်ကိုးခု။

ယင်းက ဤကောင်လေးသည် ထိုက်ရှ စစ်ပွဲအရိပ်ကိုယ်ခံပညာကို ပြီးပြည့်စုံသော အဆင့်အထိ လေ့ကျင့်ပြီးပြီဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလား။

"ဝုန်း"

ဟော်ကျင်းတို့ အံ့သြ တုန်လှုပ်နေသောအချိန်မှာပင် ကျန်းချန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုသည် သွေးပုံရိပ်ကို ပေအနည်းငယ် အကွာအဝေးထိ တိုက်ရိုက် လွင့်စင်စေခဲ့၏။

ထိုခဏတွင် ကျန်းချန်သည် လင်းထျန်းကျုံး၏ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး လင်းထျန်းကျုံးနှင့်အတူ ကွင်းပြင်ထဲကနေ ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ဥပေက္ခာပြုသော အသံသည် ကွင်းပြင်ပေါ်၌ ထွက်ပေါ်လာခဲ့သည်။

"ငါ မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့ပေမဲ့ မင်းတို့က တန်ဖိုးမထားခဲ့ဘူး"

"မင်းတို့ရဲ့လုပ်ရပ်ကို မင်းတို့ကိုယ်တိုင်ပဲ တာဝန်ယူရမယ်"

"သွေးတိမ်တိုက်အရှင်... ဒီလူ သုံးယောက်ရဲ့ သေခြင်းတရားကို ငါဝင်မပတ်သက်တော့ဘူး.. မင်းကြိုက်သလို စီရင်လိုက်တော့"

ကျန်းချန်က သူ၏ ကိုယ်ပွားကို နောက်ဆုတ်စေပြီး ကွင်းပြင်ကနေ ပျောက်ကွယ်သွားသည်ကို မြင်လျှင် သွေးတိမ်တိုက် အရှင်သခင်သည် တုန်လှုပ်သွားခဲ့၏။

ဤကောင်လေး၏ ကျင့်ကြံခြင်းအဆင့်က ဤထိုက်ရှဂိုဏ်း တပည့်များထဲတွင် အားအနည်းဆုံး ဖြစ်ပုံရသော်လည်း တကယ့် အင်အားသည် အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

သူသန့်စင်ထားသည့် ကိုယ်ပွားသည် အချိန်အကြာကြီး အသုံးပြုနိုင်သည့် အရာမျိုး မဟုတ်ပေ။

ထို့ကြောင့် သွေးတိမ်တိုက် အရှင်သခင်က အချိန်မဖြန်းတော့ဘဲ သူ့ရှေ့မှ သုံးယောက်၏ သွေးများကို ဝါးမျိုရန် ဆုံးဖြတ်လိုက်၏။

ဤသုံးယောက်၏ အင်အားသည် အားမနည်းပေ။

သူတို့ထဲမှ တစ်ယောက်တွင် အထူး သွေးစွမ်းအားပင် ရှိနေခဲ့၏။

၎င်းတို့၏ သွေးများကို ဝါးမျိုသရွေ့ သူ၏ အင်အားသည် သဘာဝစွမ်းအားဖွင့်ခြင်း အထွတ်အထိပ် အဆင့်အထိ ပြန်လည် ရရှိနိုင်မည် ဖြစ်သည်။

ထိုအချိန်သို့ရောက်မှ ကျန်ရှိသော ကောင်လေး နှစ်ယောက်ကို ဝါးမျိုမည် ဆိုလျှင်လည်း နောက်မကျသေးပေ။

အခန်း(၄၆၂) ပြီး၏

All Chapters