← Chapters

နောက်လိုက်နောက်ပါ

Vol. 13 Ch. 183

နောက်လိုက်နောက်ပါ

Vol. 13 Ch. 183

“ကောင်းပါပြီ၊ မျောက်ဝါသခင်။ မင်းစိတ်မဆိုးပါနဲ့။ ငါမှားသွားပါတယ်။ ငါကတိပေးတယ်။ မင်းရှေ့မှာ မင်းကို နောက်ထပ်လှောင်မရယ်တော့ပါဘူး”

ဗေဒင်ဆရာ ချက်ချင်းမျက်နှာတည်သွားသည်။

“ငါ့ရှေ့မှာမရယ်တော့ဘူးဆိုတာ ဘာစကားလဲကွ”

“ငါတို့နှစ်ယောက်တည်းဆို ပျင်းစရာကောင်းတယ်လေ။ ငါတို့မိတ်ဆွေတွေသိသွားမှ ပိုပျော်ရမှာပေါ့”

“ခွေးမသား၊ ငါ့ဓားကိုမြည့်ကြည့်စမ်း”

မျောက်ဝါသခင် ဒေါသထွက်သွားသည်။ သို့သော် ဗေဒဒင်ဆရာက မြို့တော်ဂီတ်တံခါးဆီ အပြာရောင်မီးခိုးတန်းအတသွင်ဖြင့် ပြေးထွက်သွားပြီးဖြစ်သည်။ မျောက်ဝါသခင်က နောက်မှမြန်လိုက်သည်။

......................

“သခင်လေး၊ ခဏနားဦးမလား”

ရိုရိုသေသေမေးလိုက်သည့် စကားသံတစ်ခု ရထားလုံးအပြင်ဘက်မျ ထွက်လာသည်။ ခရီးရှည်များနှင့် အသားမကျသေးသည်ဖြစ်၍ ဖုန်ချင်အန်း တုံ့ဆိုင်းမနေတော့။

“ခဏနားကြမယ်”

“ဟုတ်”

လူပေါင်းတစ်ရာကျာ်ပါသည့်အဖွဲ့ ရပ်တန့်သွာကြသည်။ ဖုန်ချင်အန်း ရထားထဲမှ ထွက်သည်။ ကျောင်းသားများက မြေပေါ်တွင်ထိုင်သူထိုင် လှဲသူလှဲ၍ ခြေထောက်များ နာကျင်မှုသက်သာစေရန် နှိပ်နယ်နေကြသည်။

“သခင်လေး”

ထိုင်ရန်ပြင်လိုက်သည်နှင့် သပ်ရပ်သည့်နေရာတစ်ခု၊ သောက်ရေ၊ သစ်သီးနှင့်၊ အသားခြောက်များကို တစ်‌ယောက်က ပြင်ဆင်ပေးထားပြီးဖြစ်သည်။ ခြေကျင်လျှောက်ခဲ့ရသည် တစ်ခြားကျောင်းသားများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

“တကယ်မတရးတာပဲ။ သူက တစ်လမ်းလုံး ရထားပေါ် ထိုင်လိုက်လာတယ်။ ဆင်းတာနဲ့ သောက်စရာရေနဲ့ အသားရှိတယ်။ ငါတို့ပင်ပင်ပန်းပန်း လျှောက်လာခဲ့ရတာကျတော့ သောက်စရာရေတောင် အနိုင်နိုင်ပဲ”

ဖုန်ချင်အန်းအား ဆက်ဆံပုံကိုကြည့်၍ စာဖြေသူတစ်ယောက်က မကျေမနပ် ရေရွတ်လိုက်သည်။

“မင်း ငွေတုံးသုံးရာပေးနိုင်ရင် ငါ့နေရာကိုလာယူလို့ ရပါတယ်။ ငါလမ်းလျှောက်ပါ့မယ်”

အသားခြောက်ဝါးနေရင်းမှ ကျောင်းသားကိုကြည့်၍ ဖုန်ချင်အန်း အော်ရယ်လိုက်သည်။

“အမှန်အတိုင်းပြောရရင် မြင်းရထားတဲ့ ထိုင်လိုက်ရတာ သိပ်မကောင်းဘူး။ ပြည်နယ်မြို့ကို လမ်းလျှောက်သွားတာ ပိုကောင်းမယ်”

သူခပ်တိုးတိုးရေရွတ်သည့်စကားကို ဖုန်ချင်အန်း ကြားသွားမည်ဟု မထင်သဖြင့် ထိုစာဖြေသူ မျက်နှာဖြူရော်သွားသည်။ နဖူးမှ ချွေးသီးချွေးပေါက်များ ျကလာသည်။ ခန္ဓာကိုယ် တုန်ရင်လာသည်။ အနီးမှ သူ့ဘေးမှစာပေသမားများ ချက်ချင်း ဘေးသို့ရှဲသွားကြသည်။

“သခင်လေး၊ ကျေးဇူးကန်းတဲံဒီကောင့်ကို မောင်းထုတ်လိုက်ရမလား”

ခန္ဓာကိုယ်တောင့်တင်းသည့် သက်တော်စောင့်တစ်ယောက် ချက်ချင်းအနားကပ်လာပြီးမေးသည်။ ကြောက်လန့်နေသည့်စာပေသမားကို အတော်အမြင်ကတ်နေဟန်ရှိသည်။

ငွေတစ်ပြားမှ အကုန်မခံဘဲ သူတို့စောင့်ရှောက်မှုအောက် ခိုလှုံ၍ လိုက်လာရသူက မတရားကြောင်းပြောနေသည်။ တကယ်ကျေးဇူးကန်းသူဖြစ်သည်။

“ထားလိုက်ပါ၊ စကားမှားပြောမိတာပဲလေ”

စာဖြေသူကို ဖုန်ချင်အန်း လှမ်းကြည့်လိုက်သည်။ ထိုစကားပြောကတည်းက ထိုစာဖြေသူ ဇာတ်သိမ်းသွားပြီဖြစ်သည်။ ယနေ့ဖြစ်သွားသည့်ကိစ္စ ချက်ချင်းပျံ့နှံ့သွားမည်။ နန်းတွင်းစာမေးပွဲဝင်ဖြေဖို့ကိစ္စ ထိုစာဖြေသူ စိတ်မကူးသင့်တော့။ စဉ်းစားဉာဏ်ရှိလျှင် အိမ်သို့စောစောပြန်သင့်သည်။

စာပေသမားများအတွက် နာမည်ဂုဏ်သတင်းသည် အရေးကြီးဆုံးဖြစ်သည်။ နာမည်ပျက်မရှိလျှင် ဘယ်နေရာမဆို အသက်ရှင်ရပ်တည်နိုင်သည်။ သို့သော် နာမည်ပျက်သွားသည်နှင့် ဘာမှရမည်မဟုတ်တော့။ ကိုယ့်ရပ်ကိုယ့်ရွာသို့သာ ပြန်သင့်သည်။

“ငါ့အကိုလည်း မင်းတို့လို မထင်မရှားနဲ့ မိုင်ထောင်ချီပြီးလျှောက်ပြီး ဘဝကိုစခဲ့တာပါ။ တစ်ပွဲပြီးတစ်ပွဲ သူကြိုးစားတိုက်ခိုက်တယ်။ အနိုင်ယူတယ်။ နာမည်ကျော်သွားတယ်”

ဖုန်ချင်အန်း ထရပ်၍ ပင်ပန်းနေသည့် စာဖြေသူများကို သူ့အကိုအကြောင်း ပြောပြလိုက်သည်။ အားလုံး အားတက်လာကြသည်။

ခြောက်ထပ်ကွမ်းပညာရှင်လို ဖြစ်လာရန် ရည်ရွယ်ထားသူ အများအပြားရှိသည်။ အခက်ခဲ နည်းနည်းလောက်ကို သူတို့မမှုပါ။ သို့သော် လူတစ်ယောက် နေ့ချင်းညချင်း နာမည်ကျော်သွားလျှင် ထိုအကြောင်းရင်းကို အးလုံးသိကြသည်။

“ခေါင်းဆောင်ရှု”

သက်တော်စောင့်ခေါင်းဆောင်ကို ခေါ်လိုက်သည်။ သန္ဓေအဆင့်ရောက်နေသည့် ထိပ်တန်းသိုင်းဆရာဟု နာမည်ကြီးသူဖြစ်သည်။ ဖုန်ချင်အန်းဆီသို့ ချက်ချင်းရောက်လာသည်။

“ခင်ဗျားတို့ အလျင်မလိုဘူးမဟုတ်လား။ အလျင်မလိုရင် ရထားပေါ်ကဆင်းပြီး လမ်းလျှောက်ပြီးသွားချင်တယ်”

“ဘာလို့ ဒီလိုလုပ်ချင်တာလဲ သခင်လေး”

ခေါင်းဆောင်ရှု နားမလည်။

“ကျုပ်အကိုက မြို့တော်ရောက်တဲ့အထိ တစ်လှမ်းချင်းလျှောက်ခဲ့တာ။ ကျုပ်လည်း သူ့လိုပဲ လုပ်ချင်တယ်”

ဘယ်သူမှ ငြင်းဆန်မည်မဟုတ်သည့် မြင်းရထားက သူ့အတွက် အသက်ရှူကြပ်လွန်းနေသည်။ ထို့ကြောင့် ပြည့်စုံသည့် အကြောင်းပြချက်တစ်ခု ပေးရသည်။

မြေနတ်ဘုရားခန္ဓာ ပိုင်ဆိုင်ထားသဖြင့်‌ မြေပေါ်လမ်းလျှောက်ရသည်ကို သူလုံးဝမောပန်းခြင်းမရှိ။ သူ့အဖေသာ သက်တော်စောင့်အဖွဲ့ မထည့်ခဲ့လျှင် တောင်တန်းများကိုကျော်၍ ပြည်နယ်မြို့တော်သို့ သွားလိုက်ချင်သည်။ သို့သော် အဆင်မပြေမှုများက ယာယီသာဖြစ်မည်။ ပြည်နယ်မြို့သို့ရောက်သည်နှင့် သက်တော်စောင့်အဖွဲ့ကို ချန်ထားခဲ့ရန် သူစိတ်ကူးထားသည်။

“ဒါက.. သခင်လေးသဘောပါ”

လက်နက်ကိုင်ထားသည့် သက်တော်စောင့်အဖွဲ့အတွက် မြင့်မြတ်သည့်သခင်လေး တမင်သက်သက်ဒုက္ခခံခြင်းဟု ယူဆသည်။ သို့သော် စာပေသမားများအမြင်က ထိုသို့မဟုတ်ကြ။

“ဒီသခင်လေးက သူ့အကိုလုပ်ခဲ့တဲ့အတိုင်း တကယ်လုပ်မယ်ပေါ့။ နောက်ထပ်ခြောက်ထပ်ကွမ်း စာပေပညာရှင်တစ်ယောက် ပေါ်လာတော့မှာလား”

“ပြောဖို့စောပါသေးတဘ်။ ဒါပေမယ့် ဒုတိယသခင်လေးသာ တော်ဝင်စာပေပညာရှင်ဖြစ်ဖို့ တကယ်မျှော်မှန်းထားပုံပဲ”

တစ်ခြားလူများအမြင်ကို ဖုန်ချင်အန်း ဂရုမစိုက်။ ဆက်လျှောက်နေသည်။ နေဝင်ချိန်ရောက်သည်ထိ ပင်ပန်းသည့်အရိပ်အယောင်မရှိ။ အင်အားပြည့်သည့် သူ့ဟန်ပန်က နောက်ဘက်မှ ကျွမ်းထိုးမှောက်ခုံ ပင်ပန်းစွာလိုက်လာကြသည် စာဖြေသူများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

သက်တော်စောင့်အဖွဲ့လည်း သူ့အပေါ် အမြင်ပြောင်းသွားကြသည်။ သိုင်းပညာတစ်မျိုးမျိုးသင်ထားသည်ဟု ထင်လာကြသည်။ ဖုန်ချင်အန်း အသက်ရှူနှုန်းသည် လုံးဝပြောင်းလဲမသွားမှန်း ခေါင်းဆောင် သတိထားမိသည်။ မယုံနိုင်လောက်အောင် သက်လုံကောင်းလွန်းသည်။

နေဝင်ချိန်ရောက်လာသည်။ ကြယ်များပြန့်ကျဲနေသည့်ကောင်ကင်ရှိနေသည်။ မိုးမရွာနိုင်သဖြင့် လွင်ပြင်နေရာတစ်ခုသာ ရှင်းလင်း၍ စခန်းအဖြစ်ဖန်တီးကြသည်။ မီးဖိုထားသည်။ တော်အုပ်ထဲမှ ထွက်လာနိုင်သည့် သားရဲများကို သတိမပြတ်စောင့်ကြည့်နေကြသည်။ သို့သော် သူတို့အစိုးရိမ်လွန်နေခြင်းသာဖြစ်သည်။

ဖုန်ချင်အန်း အနီးတွင် ဝံပုလွေဖြူမ ရှိနေသည်ဖြစ်၍ မည်သည့်သားရဲမှ အနီးသို့ကပ်ရဲမဉ်မဟုတ်။

ညာဉ့်နက်ချိန်တွင် ယင်ချီဓာတ်များ ပိုသိပ်သည်းလာသည်။ ညစောင့်ကျသည့်သက်တော်စောင့်များ မီးပုံဖြင့် အနွေးဓာတ်ယူရရင်း သတိထား၍စောင့်ကြပ်နေသည်။

သို့သော် မည်မျှသတိရှိသည်ဖြစ်စေ သူတို့သည် သာမန်သိုင်းသမားများဖြစ်သည်။ စစ်သည်တော်တစ်ယောက်လို မကျင့်ကြံဖူး။ အမှောင်ထုသိပ်သည်းလာသည်နှင့် သူတို့နှစ်ခြိုက်စွာ အိပ်မောကျသွားသည်။ ဆန့်ကျင်နိုင်စွမ်းမရှိ။

“ဝု...”

စခန်းကိုလွှမ်းခြုံထားသည့် အမှောင်ထုထဲမှ တောက်ပသည့်မျက်လုံးများနှင့် ဝံပုလွေနက်တစ်ကောင် ထိုးထွက်လာသည်။ ပြုံးနေသည့်လူငယ်ဆီ ရောက်လာပြီး အမွှေးပွဦးခေါင်းဖြင့် တိုးဝှေ့ပွတ်သပ်နေသည်။

“ဟုတ်ပါပြီ။ မင်းငါ့ကို သတိရနေမှန်းသိပါတယ်။ ဒါပေမယ့် အခုချိန်ကစလို့ တစ်လမ်းလုံး မင်းငါနဲ့အတူ လိုက်ရမှာပါ။ မင်းရဲ့ မာပိုင်ကို သွားတွေ့လိုက်ဦး”

တောင်နက်ဦးခေါင်းကို ခဏပွတ်ပေးပြီးနောက် ခပ်ကြမ်းကြမ်း တွန်းလွှတ်လိုက်သည်။ တောင်နက်ကလည်း စိတ်မဆိုးပါ။ မာပိုင်ကိုမြင်သည်နှင့် ချက်ချင်း တန်းလျှောက်သွားသည်။

“မင်းခရီးထွက်တာ အတော်ဂယက်ထခဲ့ပုံပဲ။ နောက်လိုက်နောက်ပါတွေလည်း မနည်းပါလား”

ဖုန်ချင်အန်း၏ မျှော်လင့်နေသည့် အကြည့်များအောက်သို့ အရပ်ခုနစ်ပေမြင့်သည့် တုန်ဟွမ်းက အမှောင်ထဲမှရောက်လာသည်။ ဖုန်ချင်အန်းဆီ လှမ်းကြည့်နေသည်။

“ငါ့ဘေးက ခိုးကြောင်ခိုးဝှက်လိုက်နေတဲ့ လူတွေကို ပြောတာလား။ သူတို့ကို ငါ့မရီးတော်ရမယ့် မင်းသမီးက လွှတ်လိုက်တာဖြစ်လိမ့်မယ်။ ဒီအတိုင်းထားလိုက်ပါ”

ဖုန်ချင်အန်း အရေးမစိုက်။ ထို့နောက် လက်ကိုပွတ်၍ တုန်ဟွမ်းကို ကြည့်လိုက်သည်။

“ပြည်နယ်စာမေးပွဲမဖြေခင် ရတနာတစ်ခုလက်ဆောင်ပေးမယ်လို့ မင်းပြောခဲ့တယ်။ အဲဒါ ဘာလက်ဆောင်လဲ”

စကားတစ်ခွန်းမှ ပြန်မပြောဘဲ တုန်ဟွမ်း လက်ကိုဆန့်ထုတ်လိုက်သည်။ ရွှေရောင်ကြေးခွံများ အပြည့်ရှိည့် ပစ္စည်းတစ်ခု ပေါ်လာသည်။ အိပ်ပျော်နေသည့် ရွှေနဂါးတစ်ကောင်နှင့် တူနေသည်။

“ဒါက ဘာလဲ”

ဖုန်ချင်အန်း အံ့ဩသွားသည်။ အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် အသက်ဓာတ်မရှိကြောင်း သိလိုက်ရသည်။ သက်မဲ့ပစ္စည်းသာဖြစ်သည်။

“ငါ့လက်အောက်ခံတစ်ယောက်က နဂါးသရဲပါ။ ငါ့လက်အောက်မှာ တာဝန်ထမ်းဆောင်တုန်းက ငါသိပ်စုံစမ်းခဲ့ဘူး။ ဒါပေမယ့် သိပ်မကြာသေးခင်က သူငါ့ကိုသစ္စာဖေါက်တယ်။ ငါသူ့ကိုသတ်ပြီး ဝိညာဉ်ဓာတ်လက်ကျန်ကို ထိန်းသိမ်းထားတာ။

အဲဒီလက်ကျန်ဝိညာည်ဓာတ်ကိုသုံးပြီး မြေအောက်ဘုံကို ကျလာတဲ့ သူ့ရဲ့မူလခန္ဓာကိုယ်ကို တွေ့တယ်။ အဲဒီ့ကိုယ်ထဲက ယင်ချီဓာတ်ကြွင်းတွေကို ရက်အတော်ကြာသန့်စင်ခဲ့ရတယ်။ ပြီးမှ အရေခွံနဲ့ အရိုးတွေကို ခွာယူပြီး ဒီပစ္စည်းကို ဖန်တီးထားတာ။

ရွှေနဂါး၏ မူလဇစ်မြစ်ကို တုန်ဟွမ်း ပြောပြသည်။ နဂါးတွင် ခြေလေးချောင်းသာရှိသည်ကို တွေ့ရသည်။ နဂါးအစစ်မဟုတ်။ ရွှေရောင်ငါး(ရေ)နဂါး ဖြစ်သည်။

“ဪ...ဒီလိုလား”

“ဒီနဂါးသံချပ်ကာက ငါဆင်းမလာခင်အထိ မင်းကို ကာကွယ်ပေးနိုင်မှာပါ”

***************************************

All Chapters