ဓားနာမည်
Vol. 13 Ch. 184
“နဂါးသံချပ်ကာလား”
ဖုန်ချင်အန်းမျက်လုံးများ အရောင်တောက်လာသည်။ နဂါးအရွယ်အစားကြောင့် သူအရူးဖြစ်မသွား။ ကျင့်ကြံမှုအဆင့်မြင့်လာသည်နှင့် အရာရာကို ထိန်းချုပ်နိုင်လာသည်။
“ဒါကို ဘယ်လိုဝတ်ရမလဲ”
“မင်းရဲ့ သွေးစက်ချလိုက်ပါ”
တုန်ဟွမ်း တမင်စီစဉ်ထားသည့် အမြန်ဆုံး ပိုင်ရှင်သတ်မှတ်နည်းပင်ဖြစ်သည်။ ဖုန်ချင်အန်း ကျင့်စဉ်သည် ပုံမှန်စနစ်များနှင့်မတူ။ ထို့ကြောင့် ရှေးကတည်းက သုံးလာသည့် ရိုးရှင်းသည့်နည်းဖြင့် ပိုင်ရှင်သတ်မှတ်နိုင်အောင် ကြံဆ၍ ထိုနဂါးသံချပ်ကာကို ဖန်တီးခဲ့သည်။
“သွေးစက်လား”
ခဏတုံ့ဆိုင်းနေပြီးနောက် လက်ချောင်းကို ရွှေနဂါးဦးချိုပေါ် ဖိလိုက်သည်။ ချွန်ထက်သည့် ဦးချို့က သူ့အရေပြားကို ချက်ချင်းထိုးခွဲသွားသည်။ သွေးတစ်စက် စိမ့်ထွက်လာပြီး သံချပ်ကာထဲသို့ ဝင်သွားသည်။
နဂါးအော်သံတစ်ခု လေထဲတွင် ပဲ့တင်ထပ်သွားသယောင်ရှိသည်။ တုန်ဟွမ်းလက်ထဲမှ သံချပ်ကာနှင့် ချိတ်ဆက်မှုတစ်ခု ရှိနေသကဲ့ဖို့ ဖုန်ချင်အန်း ခံစားလိုက်ရသည်။
ရွှေနဂါးလည်း တစ်ခါမှ မပြဖူးသည့် ပေါ့ပါးသွက်လက်မျိုး ပြလာသည်။ အသက်ဝင်လာသကဲ့သို့ပင် ဖြစ်သည်။ ရွှေအကြေးခွံများကြားမှ မြူခိုးများ ထွက်လာသည်။ ရေနဂါး အသက်ပြန်ဝင်လာသည်နှင့်တူသည်။
တုန်ဟွမ်းက ထိုမြင်ကွင်းကို အံ့ဩခြင်းမရှိ။ ဖုန်ချင်အန်းကြောင့်ဖြစ်လာသည့် ထူးခြားသည့်ဖြစ်ရပ်အားလုံးကို သူမြင်ဖူးသည်။
“မင်းအခု ဝတ်လို့ရပြီ”
“အင်း”
ဘာလုပ်ရမည်ကို ဖုန်ချင်အန်း နားလည်သည်။ တုန်ဟွမ်း သင်ပေးစရာပင်မလို။ လက်ကိုဆန့်ထုတ်၍ ခေါ်လိုက်သည်။ ရွှေနဂါးက တုန်ဟွမ်းလက်ဝါးပေါ်မှ ပျံထွက်လာသည်။ လေထဲတွင် ရှည်ထွက်လာသည်။
မျက်တောင်တစ်ခတ်အတွင်း အစိတ်အပိုင်းများစွာ ကွဲထွက်သွားသည်။ ထို့နောက် ဖုန်ချင်အန်း ခန္ဓာကိုယ်ကိုယ်ပေါ် အပြည့်အဝဖုံး၍ ပြန်ဆက်သွားသည်။ အရေပြားပင်မပေါ်။
မျက်နှာကိုလည်း သံချပ်ကာက ဖုံးထားသည်။ မျက်လုံးများကို အလင်းပေါက်သလင်းသားဖြင့် ကာကွယ်ထားသည်။ အမြင်အာရုံ အနှောက်အယှက်မဖြစ်သည့် အကာအကွယ်မျိုးဖြစ်သည်။
“ဘယ်လိုခံစားရလဲ”
တုန်ဟွမ်း ဖုန်ချင်အန်းကို သေချာအကဲခတ်သည်။ ကျေနပ်နေသည်။ သို့သော် ဖုန်ချင်အန်းခံစားချက်က အရေးကြီးဆုံးဖြစ်သည်
“အရမ်းကောင်းတယ်”
ဖုန်ချင်အန်း လက်မောင်းကိုမ၍ နည်းနည်းလှုပ်ရှားကြည့်သည်။ အခက်အခဲမရှိ။ သံချပ်ကာ၏ အလေးချိန်ကို ခံစားမိသည်။ သို့သော် သူ့အပေါ်တွင် ဖိအားမရှိ။ ခြေလှမ်းနည်းနည်းလျှောက်ကြည့်သည်။ အားလုံး ချောမွေ့နေသည်။
“ကောင်းရင် အဆင်ပြေပါပြီ။ ဒီသံချပ်ကာက ရေနဂါးရုပ်ကြွင်းခန္ဓာနဲ့ လုပ်ထားတာ။ ထူးခြားတဲ့ သတ္တဝါမျိုးပဲ။ သန့်စင်ထားတဲ့ နဂါးဝိညာဉ်ကို သရဲဘုရင်အဖြစ် ပြောင်းလဲနိုင်တယ်။ ဒါပေမယ့် မြေအောက်ကမ္ဘာမှာ ယင်ဓာတ်တွေတိုက်စားခံရတာ နှစ်တွေကြာပြီ။ ငါတွေ့တဲ့အချိန်မှာ ရေနဂါးခန္ဓာက အနက်ရောင်ပြောင်းနေပြီ။ ယင်ဓာတ်တွေကို အချိန်အကြာကြီး သန့်စင်ခဲ့ရတာ။ မင်းကို အန္တရာယ်မဖြစ်စေချင်လို့လေ။ အဲလိုလုပ်လိုက်တဲ့အတွက် နဂါးခန္ဓာထဲက ဝိညာဉ်စွမ်းအင်တွေလည်း အတော်များများပျက်စီးသွားတယ်။ ဒီတော့ အခုသံချပ်ကာက ပစ္စည်းကောင်းနဲ့ လုပ်ထားပေမယ့် ဝိညာဉ်စွမ်းအားမရှိဘူး။ သရဲဘုရင် ဒါမှမဟုတ် နတ်ဆိုးဘုရင်ရဲ့ တိုက်ခိုက်မှုကို ယာယီပဲ တောင့်ခံနိုင်မယ်။ ဒါပေမယ့် မင်းဒါကို ဝိညာဉ်စွမ်းအင်ပြန်သွင်းပေးဖို့ ပြဿနာမရှိလောက်ပါဘူး”
တုန်ဟွမ်း ဆက်ရှင်းပြသည်။ ဖုန်ချင်အန်း ပျော်ရွှင်သွားသည်။
မြေအောက်သရဲဘုရင်၏ ကြောက်စရာစွမ်းအားများကို သူမြင်ဖူးသည်။ အဆင့်နိမ့်သရဲဘုရင်များသည်ပင် တောင်တန်းများကို ဖြိုဖျက်၍ မြို့တစ်မြို့ကို အလွယ်တကူ ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိသည်။ ထိုစွမ်းအားမျိုးကို ယာယီတောင့်ခံနိုင်ခြင်းသည်ပင် အတော်ကျေနပ်စရာကောင်းနေပြီဖြစ်သည်။
“ဝိညာဉ်ပြန်သွင်းပေးတာက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ဝိညာဉ်စွမ်းအားဖြည့်ရင် ဒီသံချပ်ကာရဲ့ ခုခံကာကွယ်နိုင်စွမ်းက ပိုတိုးလာမှာလား”
နဂါးသံချပ်ကာကို ဖုန်ချင်အန်း ခံစားမိသည်။ သူသယ်လာသည့် အရိုးစုကြီးနှင့် သဘောချင်းတူသည်။ သို့သော် ရုပ်အခြေအနေက ကျောက်ဖြစ်ရုပ်ကြွင်းဘဝရောက်နေသည့် အရိုးစုကြီးထက် ပို၍ကောင်းသည်။ နည်းနည်းသန့်စင်လိုက်လျှင် ထိပ်တန်း သံချပ်ကာမျိုးဖြစ်လာမည်။
“တိုးမှာပါ။ ဒါပေမယ့် ဝိညာဉ်ပြန်သွင်းရင်လည်း ဒီသံချပ်ကာမှာ အကန့်အသတ်တွေရှိတယ်။ စွမ်းအားပိုမြှင်ချင်ရင် ဝိညာဉ်ရတနာတွေ ဒီထဲကို များများပေါင်းစပ်ပေးနိုင်မှပဲ ရမယ်”
“ကိစ္စမရှိပါဘူး”
ဖုန်ချင်အန်း ထိုကိစ္စကို သိပ်မစိုးရိမ်။ နောင်တစ်ချိန် သူ့အတွက် ရတနာများ ရှားပါးလိမ့်မည်မဟုတ်။ ရတနာများမရှိလျှင်လည်း သူ့ဘာသာ ဖန်တီးနိုင်သည်။ ဝိညာဉ်ရတနာမရှား။ သေးတစ်အိုးဖြင့်ပင် ဝိညာဉ်သီးနှံများကို ဖန်တီးပေးနိုင်ခဲ့သည်။
“ဒီနဂါးသံချပ်ကာမှာ နာမည်ရှိလား”
“နာမည်မပေးရသေးဘူး။ မင်းအားတဲ့အချိန်ကျမှ ကိုယ့်ဘာသာ နာမည်ပေးလိုက်ပေါ့”
“”နဂါးအင်ပါယာ”ဆိုရင် အဆင်ပြေလား”
“နဂါးမျိုးနွယ် မင်းကိုပြဿနာလာရှာမှာမကြောက်ရင် ဒီနာမည်သုံးလို့ရပါတယ်”
“ရေနဂါးသံချပ်ကာကိုတောင် အသုံးပြုနေပြီပဲ။ နဂါးမျိုးနွယ် ပြဿနာလာရှာမှာကို ကြောက်နေရဦးမှာလား”
ဖုန်ချင်အန်း နားမလည်နိုင်အောင်ဖြစ်သွားသည်။
“သာမန်နဂါးတွေကို မင်းဂရုစိုက်စရာမလိုပါဘူး။ ဒါပေမယ့် နဂါးအစစ်တွေလာရင် ဘယ်လိုလုပ်မလဲ”
“အဲလောက် စိုးရိမ်ရလို့လား”
“နဂါးအစစ်တွေတောင် ရေခြားမြေခြားမှာ “ဘုရင်”လို့ပဲ နာမည်ခံနိုင်တာ။ “အင်ပါယာ”လို့ မကြွေးကြော်ကြဘူး”
တုန်ဟွမ်းက လူသိနည်းသည့်အချက်တစ်ခုကို ပြောပြသည်။ ဖုန်ချင်အန်း သူ့အကြံကို လက်ခံ၍ နာမည်ချက်ချင်းပြောင်းလိုက်သည်။
“ဒီသံချပ်ကာရဲ့ မူလပိုင်ရှင်က ရေနဂါးပဲ။ မြေအောက်ကမ္ဘာကိုကျပြီးတော့ အခု လူသားကမ္ဘာကို ပြန်ရောက်လာတယ်။ သေခြင်းရှင်ခြင်း ယင်နဲ့ယန်အပြောင်းအလဲနှစ်ခုလုံးကို ကြုံတွေ့ရတယ်။ နေနဲ့လကို ကိုယ်စားပြုတယ်လို့ ဆိုနိုင်တယ်။ နေနဲ့လက အလင်းကို ရည်ညွှန်းတယ်။ ဒီတော့ ဒါကို “အလင်းနဂါးသံချပ်ကာလို့” ခေါ်ကြတာပေါ့”
“မဆိုးပါဘူး”
တုန်ဟွမ်း ခေါင်းငြိမ့်သည်။ ထိုနာမည်က အနှောင့်အသွားလွတ်သည်။ ပြန်လည်ဖန်တီးထားသည့် ရတနာကို နာမည်ပေးရာတွင် စွမ်းအားလုံလောက်အောင်မမြင့်လျှင် မသင့်တော်သည့်နာမည်မျိုး မပေးသင့်။
လူသားကမ္ဘာမှ အင်ပါယာများ ဓားတစ်လက်ကိုကိုင်ပြီး အင်ပါယာဓားဖြစ်ကြောင်း ကြေညာနိုင်သည်။ ဘယ်သူမှ ငြင်းဆန်ရဲမည်မဟုတ်။ သို့သော် သာမန်ပြည်သူတစ်ယောက်က ကျောက်မျက်ရတနာစီချယ်၍ ရွှေသားတစ်ထောင်ဖြင့် သွန်းလုပ်ထားသည့်ဓားကို အင်ပါယာဓားဟု ကြေညာလျှင် ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်လာမည်။
*****************************************
မေးရတော့မည်။