← Chapters

နွေဦးည

Vol. 13 Ch. 185

နွေဦးည

Vol. 13 Ch. 185

“တုန်ဟွမ်း၊ နောက်ကို ငါမင်းနဲ့ ဘယ်လိုတွေ့ရမှာလဲ”

နဂါးသံချပ်ကာကို ယူပြီးနောက် ဖုန်ချင်အန်း နည်းနည်းတုံ့ဆိုင်းဆိုင်းဖြစ်သွားပြီး သရဲနိုင်ငံ သခင်မကို မေးသည်။

“ငါ သရဲမသေမျိုးဖြစ်လာရင် မြေအောက်လေထုကို မလိုတော့ဘူး။ လူသားကမ္ဘာကို ခဏဆင်းလာလို့ရတယ်”

“ဒါဆိုမင်း...”

မေးမည်ပြင်ပြီးမှ ရုတ်တရက် စကားရပ်သွားသည်။

“အကဲဖြတ်မယ်”

(တတိယဝိညာဉ်စာချုပ် - တုန်ဟွမ်း)

(မျိုးနွယ် - မွေးရာပါယင်ဝိညာဉ်)

(ဂုဏ်သတ္တိ - ယင်၊ ကောင်းကင်၊ ဝိညာဉ်)

(စွမ်းရည် - အင်ပါယာ၊ အခြေခံဆင့်)

(တိုက်ခိုက်စွမ်းအား - မိုနာ့၊ ထိပ်တန်း)

“မင်းသတိထားမိလား”

ဖုန်ချင်အန်း မျက်နှာအပြောင်းအလဲကို တုန်ဟွမ်းရိပ်မိသည်။ အချိန်အတော်ကြာ အတူနေခဲ့သဖြင့် အချင်းချင်း အရိပ်အကဲကို နားလည်နေသည်။

“မင်း သရဲမသေမျိုး ဖြစ်လာတော့မယ်ပေါ့”

ဖုန်ချင်အန်း အံ့အားသင့်သလို ပျော်လည်းပျော်သွားသည်။ တုန်ဟွမ်းနှင့် နန်းကောတို့၏ စွမ်းရည်အပြောင်းအလဲကို သူစောင့်ကြည့်နေခဲ့သည်။ သူတို့အဆင့်က မြင့်မားလွန်းသည်။ ထိုညီအမကို သူကူညီခဲ့သော်လည်း ထူးထူးခြားခြား ပြောင်းလဲသွားအောင် လုပ်ပေးနိုင်ဟန်မရှိ။

“သရဲမသေမျိုးအဆင့်ကို တက်ရုံပဲလေ။ ငါကျင့်ကြံတဲ့လမ်းစဉ်က မြေအောက်ဘုံသရဲမျိုးနွယ်တွေနဲ့ မတူဘူး။ ယင်ကနေ ယန်မွေးဖွားလာအောင် ရှာဖွေရတာကတော့ အတူတူပါပဲ”

“ဒီလမ်းကြောင်းက မလွယ်ဘူးမဟုတ်လား”

သရဲမျိုးနွယ်တစ်ယောက် သရဲကျင့်စဉ်လမ်းဝင်၍ အောင်မြင်မှုရလိုလျှင် တစ်ခြားကျင့်စဉ်လမ်းများထက် ဆယ်ဆပိုခက်ခဲသည်။ အောင်မြင်ရန်လည်း ခဲယဉ်းသည်။

“ဘာပဲဖြစ်ဖြစ်ပါ။ ငါက ယင်ဝိညာည်ဗီဇနဲ့ မွေးလာတဲ့လူပဲ။ သာမန်သရဲမျိုးနွယ်တွေထက် အများကြီးပိုသာပါတယ်”

“အဆင့်တက်ဖို့ ဘယ်လောက်ကြာမှာလဲ”

“အခု ငါ့မှာ အဆင့်တက်နိုင်ခြေက သုံးပုံတစ်ပုံတောင် မရှိသေးဘူး။ ပြင်ဆင်နေတုန်းပဲ။ ပြင်ဆင်တာတွေ ပြည့်စုံသွားရင် ကောင်းကင်ဆင်းရဲဆင့်ခေါ်ပြီး အဆင့်တက်မယ်”

“ဒီဆင်းရဲကိုဖြတ်ရတာ အဲလောက်အန္တရာယ်များ်လား”

ဖုန်ချင်အန်း မျက်မှောင်ကျုံ့သွားသည်။ အောင်မြင်နိုင်ခြေက တစ်ဝက်ပင်မရှိ။ ထိုအခြေအနေကို သူလက်မခံနိုင်။

“တစ်ခြားသရဲဘုရင်တွေနဲ့ယှဉ်ရင် ငါ့အခြေအနေက အတော်ကောင်းတယ်လို့ ပြောရမှာပါ”

တုန်ဟွမ်း အကြောက်အလန့်မရှိ။ ကောင်းကင်ဆင်းရဲဖြတ်ကျော်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်။

“ဒါက ဗီဇယင်ဓာတ် ချို့ယွင်းနေလို့လား”

ညီအမနှစ်ယောက်ကြုံနေရသည့်ပြဿနာကို သူနားလည်သည်။

“ဟုတ်တယ်”

“ဒီနေ့ခွဲခွာပြီိးရင် နောက်ထပ် ဘယ်အချိန်မှ ပြန်တွေ့နိုင်မယ်မသိဘူး။ မင်းကို နောက်ဆုံးတစ်ကြိမ် အကူအညီပေးပါရစေ”

ဝတ်ဆင်ပြီးစ နဂါးဝတ်ရုံကို ကိုယ်ပေါ်မှ ချွတ်လိုက်သည်။ ယုဟွမ်သခင်မမျက်နှာက အပြောင်းအလဲ မရှိ

“ကောင်းပြီလေ”

.......................

ဆယ်မိုင်အကွာတွင် စိုးရိမ်ပူပန်နေဟန်ရှိသည့် ဗေဒင်ဆရာတစ်ယောက် အလံရှည်တစ်ခုကိုင်၍ ငှက်မွှေးဝတ်ရုံနှင့်အဘိုးအိုကို အတင်းတွန်းနေသည်။

“မျောက်ဝါသခင်၊ ဒီအချိန်မလှုပ်ရှားရင် ဘယ်အချိန်လှုပ်ရျားမှာလဲ။ မင်းလိုချင်တဲ့ တပည့်လေးကို ယင်သရဲတစ်ကောင်က စောင့်ကြည့်နေတယ်။ အခုမလှုပ်ရှားရင် မင်းတပည့် သေပြီပဲ”

“ဘာတပည့်လဲ။ ပေါက်တတ်ကရတွေပြောမနေနဲ့။ ဒီကောင်က ငါ့တိမ်နင်းဖိနပ်ကို အမှိုက်ပုံထဲ ကန်ထည့်ခဲ့တာ။ ဖိနပ်တစ်ခုလုံး ညစ်ပေသွားတယ်။ ဒီလိုအချိန်မျိုးကို ငါစောင့်နေတာပဲ”

ငှက်မွှေးဝတ်ရုံအဘိုးအို ထူးထူးခြားခြား သိပ်သည်းနေသည့်ညအမှောင်ထဲသို့ စိုက်ကြည့်နေသည်။ သက်တော်စောင့်တပ်ဖွဲ့နှင့် စာဖြေသူကျောင်းသားများ လုံးဝပျောက်ကွယ်သွားသည်။ သူ့မှော်မျက်လုံးဖြင့်ပင် ခြေရာခံ၍မရ။

“မျောက်ဝါသခင်။ အခု နာကျည်းချက်တွေ ရှေ့တန်းတင်ရမယ့်အချိန်မဟုတ်ဘူး။ အရေးကြီးဆုံးက ကယ်တင်ဖို့ပဲ”

ဗေဒင်ဆရာလက်ပေါ်မှ အလံရှည် ပုံစံပြောင်းသွားသည်။ “ကံဆိုးကံကောင်း ခန့်မှန်းပါ။ နေ့ကောင်းရက်သာ ရွေးချယ်ပါ”ဟူသည့် စကားလုံးများ ပျောက်သွားသည်။ ထူးဆန်းသည့် ငှက်များနှင့် နဂါးသဏ္ဌာန်များ ထွက်ပေါ်လာည်။

“အကြီးအကဲနှစ်ယောက်၊ စိတ်ရှည်သည်းခံကြပါ”

ရိုသေလေးစားမှုအပြည့်ရှိသည့် စကားသံတစ်ခု တာအိုဆရာနှစ်ယောက်နောက်ဘက်မှ ပေါ်လာသည်။ သူထွက်လာပြီး သတိမပေးလျှင် နားလည်မှုလွဲတော့မည်။ ထိုတာအိုဆရာနှစ်ယောက် အပြင်းအထန် ဒဏ်ရာရသွားနိုင်သည်။

“မင်းက ဘယ်သူလဲ”

မျောက်ဝါသခင် အင်္ကျီလက်ထဲမှ ကြေးနီဓားကို ဆွဲထုတ်ထားပြီးဖြစ်သည်။ ရောက်လာသည့် လူငယ်စာပေပညာရှင်ကို မျက်မှောင်ကျုံ့၍ ကြည့်နေသည်။ ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း အရည်အသွေးနိမ့်သည့် ထိုလူငယ်၏ ချီစွမ်းအားကို သူသိပ်သဘောမတွေ့။

“ကျုပ်က တာ့ကျင်းမင်းသမီးအိမ်တော်က တမန်တော်ရှုကျဲပါ။ မင်းသမီးချုန်ယန်ရဲ့ အမိန့်အရ ဒုတိယဖုန်သခင်လေး ပြည့်နယ်စာမေးပွဲသွားဖြေတာကို စောင့်ရှောက်ပြီး ပို့ပေးနေတာပါ။ ဒါကြောင့် အားနာနာနဲ့ ကျပ်ဝင်ပါရတာပါ”

“မင်းက ဒီလိုလိုက်ပို့တာလား”

မျောက်ဝါသခင် မျက်မှောင်ပိုကျုံ့၍ တောင်တန်းတစ်ဘက်ဆယ်မိုင်အကွာမှ ယင်စွမ်းအင်များကို လက်ညှိုးထိုးပြသည်။ သူ့ရင်ထဲတွင် ဖျောက်မရသည့် အကြောက်တရားတစ်ခု လွှမ်းမိုးလာသည်။ ရှုကျဲသာ လာသတိမပေးလျှင် သူလှုပ်ရှားပြီးဖြစ်မည်။ မှားသည်မှန်သည်ကို သူတွက်ဆမနေတော့။

“အကြီးအကဲတို့ မသိလို့ပါ။ အဲဒီယင်ဝိညာဉ်နဲ့ ဒုတိယသခင်လေးတို့ သိကျွမ်းခဲ့တာ အတော်ကြာပါပြီ။ ဒီည သူရောက်လာတာဟာ သခင်လေးကို နှုတ်ဆက်ဖို့ ဖြစ်မှာပါ။ ဒါကြောင့် ဝင်မစွက်ကြဖို့ ကျုပ်တောင်းဆိုပါတယ်”

သူတို့မင်းသမီးအိမ်တော်အဖွဲ့သည် ဖုန်မိသားစုရွာအနီးတွင် နှစ်အတော်ကြာစောင့်ရှောက်နေခြ့သည်။ ယုဟွမ်နိုင်ငံမှ ကြောက်စရာစွမ်းအားရှင်အကြောင်းကိုလည်း သူတို့သိသည်။ သို့သော် သိရုံသာဖြစ်သည်။ ဘေးကြည့်ပရိတ်သတ်အဖြစ်သာ နေရသည်။ မဆင်မခြင်လှုပ်ရှားခွင့်မရှိ။

“သိတာကြာပြီတဲ့လား။ ဟား၊ ဒီကောင်လေးက ချစ်ရေးချစ်ရာမှာ တကယ်ကံကောင်းတာပဲ”

ဗေဒင်ဆရာ စိတ်လက်ပေါ့ပါးသွားဟန်ရှိသည်။ လက်ထဲမှ အလံရှည်လည်း မူလအသွင် ပြန်ပြောင်းသွားသည်။

“အဓိပ္ပါယ်မရှိတာပဲ။ သေသူနဲ့ ရှင်သူဟာ လမ်းမတူဘူး။ ယင်နဲ့ယန်ဆိုတာ...”

“အကြီးအကဲ၊ စကားကို သတိထားပြီးပြောပါ”

မျောက်ဝါသခင် မကျေမနပ်ရေရွတ်လိုက်သည်နှင့် ရှုကျဲမျက်နှာ ဖြူရော်သွားသည်။ သူ့ရှေ့မှလူနှစ်ယောက်သည် ကျင့်ကြံသူအစစ်များ ဖြစ်သော်လည်း ယုဟွမ်မှဝိညာဉ်ကို ယှဉ်နိုင်မည်ဟု သူမယုံကြည်။ တာကျင်းသမိုင်းမှတ်တမ်းဝင် သရဲဘုရင်တို့သည် လူသားကမ္ဘာသို့ သက်တောင့်သက်သာ ဆင်းလာနိုင်သည်ဟု သူမတွေ့ဖူး။

“မင်း...”

“ငါ့လုပ်ရပ်ကို မင်းကန့်ကွက်စရာရှိလို့လား”

တစ်နေရာမှ အမှောင်ထုက သူတို့ခြေရင်းထိ မသိမသာ ပျံ့နှံ့လာသည်။ အစောကတည်းက ထိတ်လန့်နေသည့်ရှုကျဲ ပို၍စိတ်ခြောက်ခြားလာသည်။ ဗေဒင်ဆရာနျင့် မျောက်ဝါသခင်လည်း မျက်နှာဖြူရော်သွားကြသည်။

“သေမျိုးကမ္ဘာနှင့် မြေအောက်ဘုံကို ယင်နဲ့ယန်က အုပ်ချုပ်တယ်။ စည်းမျဉ်းသတ်မှတ်ချက်ရှိတယ်။ မင်းလုပ်ရပ်ကြောင့် ကောင်းကင်ဆင်းရဲကျလာမှာ မကြောက်ဘူးလား”

အခြေအနေမလှမှန်းသိသော်လည်း မျောက်ဝါးသခင် ကြေးနီးဓားကို တင်းတင်းဆုပ်ကိုင်ထားသည်။

“မင်းပြောချင်တာ အဲဒါလား”

ယုဟွမ်သခင်မက တာအိုဆရာနှစ်ယောက်ကို ငုံ့ကြည့်လိုက်သည်။ ထိုနှစ်ယောက် ကျင့်စဉ်အားမြင့်ကောင်းမြင့်မည်။ မသေမျိုးဖြစ်ခါနီးအဆင့် ရှိကောင်းရှိမည်။ သို့သော် သူ့မျက်လုံးထဲတွင် ယုဟွမ်၌ သူသတ်ခဲ့သည့် သရဲဘုရင်များနှင့်မခြားပေ။

“မင်းပြောတဲ့ ပေါက်ကရစကားတွေကို နားထောင်နေဖို့ ငါ့မှာအချိန်မရှိဘူး”

ပြောနေရင်းမှပင် တုန်ဟွမ်း လက်ဖြင့်ရိုက်ချသည်။ စိတ်လုံးဝမရှည်။ အချိန်ကုန်မခံ။

ကျင့်ကြံသူနှစ်ယောက်ပေါ်သို့ တွန်းလှန်မရနိုင်သည့် ကြောက်စရာအားလှိုင်းက ကျလာသည်။ ခုခံနိုင်စွမ်းမရှိ။ လေထဲသို့ လွင့်ထွက်သွားသည်။

အသိပြန်ဝင်လာချိန်တွင် ယုန်င်ကောင်တီနယ်စပ်သို့ ပြန်ရောက်နေသည်ကို တွေ့ရသည်။ သူတို့ဘေးတွင် ကြောက်စရာတွင်းနက်ကြီးတစ်ခု ရှိနေသည်။

“မျောက်ဝါသခင်၊ အဆင်ပြေရဲ့လား”

ဗေဒင်ဆရ ကလူးကလဲထရပ်ပြီး သူ့ကိုယ်သူစစ်ဆေးသည်။ ထို့နောက် သူ့အဖေါ်ကို မေးသည်။

“ဘာမှမဖြစ်ပါဘူး”

မျောက်ဝါသခင်လည်း အံ့အားသင့်နေသည်။ သို့သော် သူတို့ဘေးမှ တွင်းနက်ကို ကြည့်ပြီးနောက် အသံတိတ်သွားကြသည်။

“ဒါ ဗောဓိကျောင်းနေရာမဟုတ်လား”

“ဟုတ်တယ်”

“ဒီဘုန်းကြီးတွေ ဘာလို့ပျောက်သွားသလဲဆိုတာ အခု ငါနားလည်ပြီ”

“သူတို့သေတွင်း သူတို့တူးလိုက်တာပဲ”

“ငါတိုဘာလုပ်ကြမလဲ။ သူတို့နောက်ကို ဆက်လိုက်ကြမလား”

“နေထွက်ချိန်အထိ စောင့်သေးတာပေါ့။ တစ်ခြားလူတွေရဲ့ အချိန်ကောင်းကို မနှောက်ယှက်သင့်ဘူး။ နွေဦးညအချိန်လေးဟာ ရွှေစင်တစ်သောင်းထိုက်တန်တယ်တဲ့”

“ကောင်းပြီလေ”

တာအိုရှင်နှစ်ယောက် အသိပြန်ဝင်လာကြသည်။

တမန်တော်ရှုကျဲ ကြောက်လွန်း၍ ချွေးပြန်နေသည်။ သို့သော် ယုဟွမ်သခင်မက တာအိုနှစ်ယောက်ကို လက်ဝါးဖြင့်ရိုက်ထုတ်ပြီးနောက် သူ့ကိုလုံးဝလှည့်မကြည့်ဘဲ ပျောက်ကွယ်သွားသဖြင့် စိတ်သက်သာရာရမိသည်။

“ဟိုမျက်ကန်းတွေကို မင်းဘယ်လို ဖြေရှင်းလိုက်တာလဲ”

ယုဟွမ်သခင်မ ပျောက်ကွယ်သွားပြီး ချက်ချင်းပြန်ရောက်လာချိန်တွင် ဖုန်ချင်အန်း မေးလိုက်သည်။

“အဝေးကို ပို့လိုက်တယ်”

“ဘယ်နေရာကိုလဲ”

ဖုန်ချင်အန်း မျက်နှာနည်းနည်းတင်းနေသည်။

“သူတို့က မင်းကိုကာကွယ်ချင်ကြတာပါ။ ဒီတော့ သူတို့အသက်ကို ငါမယူပါဘူး။ ယုန်နင်ကောင်တီကိုပဲ ပြန်ပို့လိုက်တာ”

“အဲလိုလား။ ဒါဆိုလည်း..တို့အလုပ်ကို ဆက်လုပ်ကြမယ်လေ”

ဖုန်ချင်အန်း စိတ်သက်သာရာရသွားပြီး ရှေ့တစ်လှမ်းတိုးလာသည်။

မှန်သည်။

နူးညံ့သည့် ဆွဲသီးများက သူ့ရင်ဘတ်ပေါ် ညင်သာစွာဖိနှိပ်လာသည်။ အသွင်အပြင်ကို မမြင်ရ။ ပျော်ဝင်လာသည့်အာရုံတစ်ခုကိုသာ ခံစားရသည်။

ထိုကြည်နူးစရာအာရုံ ဘယ်နေရာက အစပြုလာသည်တော့မသိ။ လက်ချင်းယှက်၍ ယုဟွမ်သခင်မကိုသာ

All Chapters