တွေးရခက်ခက်
Vol. 13 Ch. 186
“မင်းတို့နှစ်ယောက် ဘာဖြစ်နေတာလဲကွ။ ညကင်းစောင့်တာကို ဘယ်လိုစောင့်နေတာလဲ။ ဘာမှမသိဘဲ အိပ်ပျော်နေတယ်ပေါ့”
နွေဦးမနက်ခင်း နှင်းမစဲသေး။ သက်တော်စောင့်အဖွဲ့ခေါင်းဆောင်၏ ဒေါသတကြီးအော်ဟစ်ကြိမ်းမောင်းသံက တောင်တန်းအနီးလေကာကျောက်ဆောင်နားမှ လွင့်ပျံလာသည်။
အိပ်ပျော်နေသည့် စာဖြေသူကျောင်းသားများ သူ့အော်သံကြောင့် လန့်နိုးလာကြသည်။ မျက်လုံးကိုပွတ်၍ ဖွင့်ကြည့်ကြသည်။ အသားကြမ်းကြမ်း သက်လတ်ပိုင်းသက်တော်စောင့်ခေါင်းဆောင်က ခန္ဓာကိုယ်ထွားကျိုင်းသည့် သူ့လူနှစ်ယောက်ကို ကြိမ်းမောင်းနေသည်။ အစောင့်နှစ်ယောက် ယုန်ပေါက်လေးများသဖွယ် ခေါင်းငုံ့နေကြသည်။ ဘာလုပ်ရမှန်းမသိကြ။
သို့သော် လူငယ်စာပေသမားတစ်ယောက် စကားသံထွက်လာချိန်တွင် ခေါင်းဆောင်မျက်နှာ ချက်ချင်းပြေလျော့သွားသည်။
“ဘယ်သူမှ ပြည့်စုံတယ်မရှိပါဘူး။ အမှားအယွင်ဆိုတာ ဖြစ်တတ်ကြတာပဲ။ နည်းနည်းပြောရင် တော်ရောပေါ့။ မနေ့ညကကိစ္စကို သူတို့သင်ခန်းစာ ရလောက်ပါပြီ။ နောက်ထပ်အမှားလုပ်ရဲတော့မှာ မဟုတ်ပါဘူး”
“သခင်လေး၊ ဒီလူနှစ်ယောက်က သတိမပြတ်ရှိနေရမှာပါ။ နည်းနည်းလောက် ပေါ့ဆလိုက်တာနဲ့ အသက်အန္တရာယ်ဖြစ်လာနိုင်တယ်။ အဖွဲ့တစ်ခုလုံး အသတ်ခံရတာမျိုးတောင် ဖြစ်သွားနိုင်ပါတယ်”
ခေါင်းဆောင်ရှုက ဒေါသကိုထိန်း၍ ဖုန်ချင်အန်းကို ရှင်းပြသည်။ သူဆီးသွားရန် အိပ်ယာထချိန်တွင် အစောင့်နှစ်ယောက် အိပ်ပျော်နေသည်ကိုမြင်၍ ဒေါသထွက်ခဲ့ခြင်းဖြစ်သည်။ ဆူပူကြိမ်းမောင်းပြီးနောက် သူ့စိတ်များ ပြန်လည်တည်ငြိမ်လာသည်။
“မင်းတို့နှစ်ယောက် ကြားတယ်နော်။ မင်းတို့ခေါင်းဆောင်ကို တောင်းပန်လိုက်ပါ။ ဒီကိစ္စကို ဒီလောက်နဲ့ ရပ်လိုက်ကြတာပေါ့”
ဖုန်ချင်အန်း စိတ်ကြည်နေသဖြင့် ကြားဝင်ဖြန်ဖြေပေးလိုက်သည်။ မနေ့ညက ယုဟွမ်သခင်မ ရောက်လာသဖြင့် အားလုံးအိပ်မောကျသွားရခြင်းဖြစ်သည်။ မည်မျှအတွေ့အကြုံရင့်၍ သတိရှိသည့်အစောင့်ဖြစ်စေ ထိုအချိန်တွင် အိပ်မောကျသွားမည်သာဖြစ်သည်။
“ခေါင်းဆောင်ရှု၊ မနေ့ညက အားလုံးဘာမှမဖြတ်ဘူးဆိုတော့ ကျုပ်မျက်နှာကိုထောက်ပြီး ဒီနှစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ပါ”
“သခင်လေးက ဒီလိုပြောမှတော့ သူတို့ကို ဒီတစ်ခါခွင့်လွှတ်ပေးလိုက်ပါ့မယ်။ ဒါပေမယ့် နောက်တစ်ခါ ဒီလိုထပ်ဖြစ်ရင်တော့ ကျုပ်ညှာမှာမဟုတ်ဘူး။ အဖွဲ့ထဲက အပြီးထုတ်ပစ်မယ်။ နောက်ထပ် သူတို့ကို လုံးဝမငှားတော့ဘူး”
ခေါင်းဆောင်ရှု သက်ပြင်းချလိုက်သည်။ သူဆူပူကြိမ်းမောင်းနေသည်မှာ ဒေါသကြောင့်လည်းဖြစ်သလို သခင်လေးစိတ်မဆိုးစေလိုသောကြောင့်လည်း ဖြစ်သည်။
ထိုသခင်လေး တစ်ခုခု ဖြစ်လျှင် သူတို့သက်တော်စောင့်အဖွဲ့ ပြိုလဲသွားမည်မှာသေချာသည်။ သခင်လေးကို စိတ်အလိုမကျဖြစ်မသွားစေချင်။
ဝါရင့်သက်တော်စောင့်အဖွဲ့သားဖြစ်၍ ထိုအခြေအနေအားလုံးကို ခေါင်းဆောင်ရှုနားလည်သည်။ သို့သော် သူ့အစောင့်နှစ်ယောက် ထူးထူးဆန်းဆန်း နှစ်ခြိုက်စွာအိပ်မောကျသွားသည့်အဖြစ်ကို နားမလည်နိုင်အောင်ဖြစ်ရသည်။ ဖြစ်ရိုးဖြစ်စဉ်မှန်သော်လည်း သူ့လူများအကြောင်း သူကောင်းကောင်းသိသည်။
မနေ့ညက တစ်စုံတစ်ခု ဖြစ်ခဲ့သည်မှာ သေချာသည်။ သခင်လေး ကူညီခဲ့၍လားတော့ မသိ။ အဖွဲ့သားအားလုံး ဘေးကင်းသည်။
ထို့ကြောင့် ထိကိစ္စကို ထပ်မစုံစမ်းတော့ရန် ဆုံးဖြတ်လိုက်သည်။ သိုင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ရာမှ ရလာသည့် အသိပညာဖြစ်သည်။ သေမျိုးများသည် သာမန်လူတို့ ဉာဏ်မမီသည့် ကိစ္စများကို အရမ်းစိတ်မဝင်စားသင့်။ မတော်တဆ တွေ့ကြုံခဲ့လျှင် မသိသလိုနေလိုက်ခြင်းသာ အကောင်းဆုံးဖြစ်သည်.။
ခရီးလမ်းက ချောမွေ့နေသည်။ ဖုန်ချင်အန်းက ပြဿနာမရှာ။ ပြည်နယ်မြို့သို့ လိုက်ပါပို့ဆောင်သည့် အဖွဲ့တစ်ခုလုံး အေးအေးချမ်းချမ်းရှိသည်။ ထို့အဖြစ်ကြောင့်လည်း အားလုံးအံ့အားသင့်ရသည်။
သူတို့အဖွဲ့လိုက်ပို့သည့်ခရီးစဉ်တိုင်း ထိုသို့ချောမွေ့နေလျှင် သူတို့ စောစောစီးစီးငွေစုနိုင်မည်။ အိမ်ပြန်နိုင်မည်။ အသက်ကြီးလာသည်အထိ မကြောင့်မကြနေနိုင်ပေလိမ့်မည်။
သို့သော် ထိုအတွေးမျိုးက ဖြစ်နိုင်စရာမရှိ။ ထိုသက်တော်စောင့်များ နားမလည်ကြ။ သူတို့က သခင်လေးကို လိုက်ပါပို့ဆောင်နေခြင်းမဟုတ်။ တစ်ခြားအဖွဲ့က လမ်းတစ်လျှောက်ကာကွယ်နေသောကြောင့် ဖြစ်သည်။ ကြမ်းတမ်းသည့် သားရဲများကိုပင် မကပ်နိုင်အောင် ရှင်းလင်းထားသည်။
“သခင်လေး၊ ကျုပ်တို့ သခင်လေးကို ဒီအထိ ချောချောမောမောရောက်အောင် ပို့ဆောင်ပေးပြီးပါပြီ။ နောက်ရက်တွေကျရင် မြို့တော်မှာ ကျုပ်တို့အနားယူကြမှာ။ သခင်လေး တစ်ခုခု လိုအပ်တာရှိရင် မြို့အနောက်ပိုင်းက “လေးမျက်နှာ”စားသောက်ဆိုင်မှာ ကျုပ်တို့ကို လာရှာလို့ရပါတယ်”
ကျန်းယန်မြို့တော်မှ အိမ်ငယ်တစ်လုံးသို့ ဖုန်ချင်အန်းကို လိုက်ပို့ကြပြီးနောက် ခေါင်းဆောင်ရှုက လေးလေးစားစားပြေသည်။
ယုန်နင်မှ အတူလိုက်လာသည့် စာဖြေသူများလည်း မြို့တော်ထဲရောက်သည်နှင့် ဖုန်ချင်အန်းကို နှုတ်ဆက်ပြီးနောက် သက်ဆိုင်ရာနေရာများသို့ တည်းခိုရန် ထွက်သွားကြသည်။
“ခင်ဗျားအကူအညီလိုရင် ကျုပ်အားမနာပါဘူး”
ဖုန်ချင်အန်း ပြုံးလိုက်သည်။ သူ့နောက်ခံကြောင့် ထိုလူများ လေးစားနေခြင်းဟုတ်မဟုတ်မသိ။ သို့သော် ထိုသက်တော်စောင့်အဖွဲ့၏ စေတနာထားသည်ကို သူမငြင်း။
“ဒါဆို ကျုပ်တို့ သခင်လေးကို အနှောက်အယှက်မပေးတော့ပါဘူး။ ကောင်းကောင်းအနားယူပါ”
သိုင်းသမားများထက်ပင် ပို၍စွမ်းအင်ပြည့်ဝပုံပေါ်နေသည့် ဖုန်ချင်အန်းကိုကြည့်၍ ခေါင်းဆောင်ရှုနှင့် အဖွဲ့သားများ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
“ဒီသခင်လေးက အသက်ငယ်ငယ်လေးနဲ့ ကောင်တီစာမေးပွဲမှာ ပထမရတယ်။ သာမှန်လူမဟုတ်တာ သေချာတယ်”
အဝေးသို့ရောက်ပြီးနောက် သက်တော်စောင့်တစ်ယောက်က ပြောသည်။ သူတို့သည် သိုင်းသမားများဖြစ်သည်။ ထိုလူငယ်၏ ထူးခြားချက်ကို အားလုံးသတိထားမိကြသည်။
ခရီးပန်းသည်ဆိုသည်မှာ ပေါ့သေးသေးမဟုတ်။ သူတို့လို သိုင်းသမားများပင် သုံးလေးရက် အနားယူရသည်။ စာဖြေသူများလည်း ထိုသို့သာဖြစ်မည်။ မြို့တော်သို့ရောက်ချိန်တွင် အားလုံးပင်ပန်းနေကြသည်။ နားစရာနေရာ အရင်ရှာချင်ကြသည်။
“ငါတို့လို လူကြမ်းတွေက သခင်လေးအကြောင်း မဆင်မခြင်မပြောသင့်ဘူး။ မင်းတို့ပါးစပ်တွေ ပိတ်ထားပါ”
ခေါင်းဆောင်ရှုက သူ့လူများကို စိုက်ကြည့်၍ အော်ငေါက်လိုက်သည်။ သူတို့လို သက်တော်စောင့်များအတွက် ငွေရလျှင် ကိစ္စပြီးသည်။ အန္တရာယ်မရှိလျှင် တစ်ခြားအကြောင်းများကို အရေးစိုက်မနေသင့်။
“ဟုတ်ကဲ့”
ခေါင်းဆောင်၏ဩဇာကို ဘယ်သူမှ မလွန်ဆန်ရဲကြ။
ဖုန်ချင်အန်းက အိမ်ငယ်ကိုတစ်ချက်လှည့်ကြည့်သည်။ ခဏလေ့လာပြီးနောက် ရင်ဘတ်ထဲသို့ လက်ဖြင့်စမ်း၍ သော့တွဲကိုထုတ်သည်။ တံခါးကိုဖွင့်၍ အိမ်ထဲသို့ ဝင်သွားသည်။
*****************************************
နဲ့ဆိုရင် ပြည့်တန်ဆာအိမ်က မိန်းမတစ်ယောက်ကိုဝယ်ပြီး အိမ်ခေါ်သွားတာကမှ ပိုကောင်းဦးမယ်”