မြေခွေးရောင်းသူ
Vol. 13 Ch. 187
ထိုသော့ကို သူ့ဖခင်က ပေးထားခြင်းဖြစ်သည်။ ပြည်နယ်မြို့သို့ မလာမီ သူ့အတွက် အိမ်တစ်လုံး ကြိုဝယ်ပေးခဲ့သည်။
အစောပိုင်က ယုံကြည်ရသည့် ဆိုင်မန်နေဂျာနှစ်ယောက်ကို သူနှင့်အတူထည့်ပေးရန် သူ့ဖခင်က စီစဉ်းခဲ့သည်။ ထိုသို့မလုပ်ရန် သူဖျောင်းဖျ၍ တစ်ကိုယ်တည်းထွက်လာခြင်းဖြစ်သည်။
“မဆိုးပါဘူး”
အကျယ်အဝန်းသင့်တင့်မျှတသည့် ခြံဝင်းကိုစူးစမ်းကြည့်သည်။ ဖုန်နည်းနည်းရှိသေည်မှလွဲလျှင် အားလုံးအဆင်ပြေသည်။ ညစ်ပေနေသည့်နေရာမျိုးမရှိ။
“ဒီခြံထဲမှာ မင်းနဲ့ငါပဲ ရှိနေတာ နည်းနည်းတော့ ပျင်းစရာကောင်းတယ်ကွ”
လက်ဝါးကို မြှောက်လိုက်သည်။ တစ်ပေခန့်ရှည်သည့် ရွှေရောင်ရေနဂါးလေးက သူ့အင်္ကျီလက်ထဲမှ လျှောထွက်လာသည်။ သူ့လက်ချောင်းများကို ခွေပတ်၍ ကြည်လင်သည့်အသံတစ်ခု အော်မြည်နေသည်။
တုန်ဟွမ်းပေးခဲ့သည့် နဂါးသံချပ်ကာဖြစ်သည်။ ဝိညာဉ်စွမ်းအားအများစု ဖယ်ရှားထားသည်။ သူ့လက်ထဲတွင် မတူကွဲပြားသည့် အသက်ဓာတ်တစ်မျိုးဖြင့် သက်ဝင်လှုပ်ရှားနေသည်။
ထိုသံချပ်ကာကို သူအကဲဖြတ်ကြည့်ခဲ့သည်။
(နဂါးသံချပ်ကာ - မြေအောက်ကမ္ဘာတွင် သေဆုံးသွားသည့် ရေနဂါးခန္ဓာမှ ပြုလုပ်ထားသည့် ဝိညာဉ်သံချပ်ကာဖြစ်သည်။ သက်ရှိများက ဝတ်ဆင်သည်။ သို့သော် ယင်ဓာတ်များတိုက်စားမှုကြောင့် ဝိညာည်ချီအများစု ဆုံးရှုံးနေသည်။ အဆင့်နိမ့်သံချပ်ကာအဖြစ်သို့ ရောက်သွားသည်)
သို့သော် သူအဆက်မပြတ်ဝိညာဉ်စွမ်းအင် ထည့်သွင်းပေးခဲ့သဖြင့် အခြေအနေ နည်းနည်းပြောင်းသွားသည်။
(မျိုးစိတ် - ဝိညာည်ဆက်ရတနာသံချပ်ကာ)
(ဂုဏ်သတ္တိ - ဝိညာဉ်၊ နဂါး၊ ရေ)
(စွမ်းရည် - သခင်၊ အလတ်တန်း)
(တိုက်ခိုက်စွမ်းအား - ဂျင်နရယ်၊ ထိပ်တန်း)
တုန်ဟွမ်းက ဂရုတစ်စိုက်ဖန်တီးထားသည့် သံချပ်ကာက စာချုပ်ချုပ်နိုင်သည့် ဝိညာည်ဆက်ရတနာအဖြစ် အသွင်ပြောင်းခဲ့ပြီဖြစ်သည်။
ထိုသို့ဖြစ်မည်ကို ဖုန်ချင်အန်း ကြိုတွက်ပြီးဖြစ်သည်။ ပထမဆုံး မြင်တွေ့ဖူးခြင်းမဟုတ်။ အသွင်ပြောင်းစေချင်၍လည်း နေ့တိုင်း ဝိညာဉ်စွမ်းအား သွင်းပေးခဲ့ခြင်းဖြစ်သည်။
စွမ်းရည်နှင့် တိုက်ခိုက်စွမ်းအားအဆင့်သက်သက်ကို ကြည့်၍မရ။ ဤရတနာသည် အလွန်ထူးခြားသည့် ပစ္စည်းမျိုးဖြစ်သည်။
အချိန်ကာလကြာညောင်း၍ လိုအပ်ချက်များ မပြည့်ခဲ့၍သာ ဝိညာဉ်စွမ်းအားလျော့ကျခဲ့ခြင်းဖြစ်သည်။ ဝိညာဉ်ချီများ ပြန်ဖြည့်ပြီးလျှင် သံချပ်ကာ၏ သရုပ်မှန်စွမ်းအားမျိုး ပေါ်လာလိမ့်မည်။
ငါးခုမြောက်ဝိညာဉ်စာချုပ်။
အနီရောင်ဝိညာဉ်အလင်းတစ်ခု သူ့လက်ဖဝါးတွင် ပေါ်လာသည်။ ထိုသံချပ်ကာကို သူအပြစ်ပြောစရာမရှိ။ သူ့အသက်ကို ကယ်တင်နိုင်သည့် အကာအကွယ်ရတနာဖြစ်သည်။ စွမ်းအားမြင့်လေ ပိုကောင်းလာလေဖြစ်မည်။ သူတုံ့ဆိုင်းမနေတော့။
ဝိညာဉ်မွေးဖွားစ နဂါးက ဝိညာဉ်အလင်းစက်ဝန်း သူ့ကိုယ်ထဲသို့ တိုးဝင်ထိန်းချုပ်ရန် ကြိုးစားနေသည်ကို ခံစားမိသည်။ ငြင်းဆန်ခြင်းမရှိ အပြည့်အဝပူးပေါင်းပေးသည်။
သူ့ဝိညာဉ်ရင်းမြစ်သည် ထိုစွမ်းအားမှ လာခြင်းဖြစ်၍ သူမဆန့်ကျင်ခြင်းဖြစ်သည်။ ဖုန်ချင်အန်း၏ ငါးခုမြောက်ဝိညာဉ်စာချုပ် အလွယ်တကူ ပြီးဆုံးသွားသည်။
စာချုပ်ပြီးမြောက်သည်နှင့် အပြန်အလှန်အကျိုးသက်ရောက်မှုများ ဖြစ်လာသည်။ နဂါးဝိညာဉ်က ဖုန်ချင်အန်းအတွက် အကျိုးကျေးဇူး သိပ်များများမပေးနိုင်။ သူသည် ဝိညာဉ်ရတနာသာဖြစ်သည်။ နတ်ဝိညာဉ်မျိုး ယင်ဝိညာဉ်မျိုးမဟုတ်။ ဖုန်ချင်အန်းကို ပေးနိုင်သည်မှာ အမွေခံထားသည့် စွမ်းရည်များသာဖြစ်သည်။
ဖုန်ချင်အန်း တစ်စုံတစ်ခုကို သတိထားမိသဖြင့် နောက်လက်တစ်ဘက်ကို မြှောက်လိုက်သည်။ နှင်းမြူတစ်ချို့ သူ့လက်ချောင်းများကြားတွင် ချက်ချင်းပေါ်လာသည်။ ရေနဂါးဝိညာဉ်ကို ထိန်းချုပ်မှု နောက်တစ်ဆင့်တက်သွားသည်။ နောင်တစ်ချိန် သောက်ရေအတွက် စိုးရိမ်ပူပန်စရာမရှိတော့။
ထိုစွမ်းရည်လေးသာ ရသည်။ လေနှင့်မိုးကို ဆင်ခေါ်နိုင်သည့်စွမ်းအား၊ မိုးကြိုးထိန်းချုပ်နိုင်သည့်စွမ်းအားမျိုးကို လောလောဆယ်မျှော်လင့်၍မရသေး။ နောက်ဆိုလျှင်တော့ ဖြစ်ကောင်းဖြစ်နိုင်သည်။
ဖုန်ချင်အန်းထံမှ နဂါးသံချပ်ကာရသည့် အကျိုးကျေးဇူးက ပို၍တိုက်ရိုက်ဆန်သည်။ စွမ်းရည်က သခင်အဆင့်သို့ ချက်ချင်းတက်သွားသည်။
“တောင်နက်နဲ့ မာပိုင်ကို မြို့ထဲခေါ်ဖို့ အချိန်တန်ပြီ။ ဒါပေမယ့် နယ်ခံနတ်မင်းတွေကို သွားနှုတ်ဆက်ဦးမှဖြစ်မယ်”
ရေရှည်စီစဉ်ခဲ့သည့်ကိစ္စ ပြီးဆုံးသွားသည်။ ပင်ပန်းခြင်းအလျဉ်းမရှိ။ ခြံထဲမှထွက်၍ ကျန်းယန်မြိုတော်ထဲသို့ ခြေကျင်လျှောက်သွားသည်။ မြို့တော်နတ်ဘုရားဘုံကျောင်း၏ တည်နေရာကို မေးမြန်းကြည့်သည်။
ပတ်ဝန်းကျင်ကို လေ့လာစူးစမ်း၍ စိတ်အေးလက်အေးလျှောက်လာခဲ့သည်။ စိတ်ဝင်စားသည့် အစားအသောက်မျိုးတွေ့လျှင် အိတ်ထဲမှငွေကိုထုတ်၍ ချက်ချင်းမြည်းစမ်းကြည့်သည်။ ထို့နောက် ခရီးပြန်ဆက်သည်။
နတ်ဘုရားဘုံကျောင်းနားရောက်ခါနီးတွင် လူများဝိုင်းအုံနေသည့်မြင်ကွင်းတစ်ခုကြောင့် သူအံ့အားသင့်သွားသည်။ ဦးတည်ရာပြောင်း၍ ထိုနေရာသို့ လျှောက်သွားသည်။ ထိုလူများ အဘယ်ကြောင့် စိတ်လှုပ်ရှားနေသည်ကို သိလိုက်ရသည်။
မုဆိုးဝတ်စုံဝတ်ထားပြီး ရိုးသားသည့်မျက်နှာရှိသည့်လူတစ်ယောက်က ဘုံကျောင်းနားတွင် ဆိုင်တစ်ခုဖွင့်ထားသည်။ တောင်တန်းပေါ်မှ အမဲလိုက်၍ရသည့် ထုတ်ကုန်များကို ရောင်းနေခြင်းဖြစ်သည်။ သက်မဲ့ပစ္စည်းများရော သက်ရှိသားကောင်များကိုပါ ရောင်းသည်။
တောရစ်နှင့် ယုန်များက ဘာမှထူးဆန်းသည်မဟုတ်။ သို့သော် လူချမ်းသာသားသမီးများဖြစ်ဟန်ရှိသည့် စာပေသမားဝတ်ရုံနှင့် လူတစ်စုက ထိုဆိုင်နားတွင်ဝိုင်းအုံ၍ စကားအချေအတင်ပြောနေသည်။
သူတို့ဣန္ဒြေမဆည်နိုင်အောင် ဖြစ်နေကြသည်က မြေခွေးဖြူတစ်ကောင်ကြောင့် ဖြစ်သည်။ နောက်ခြေတစ်ဘက်တွင် သွေးစွန်းနေသည်။ မုဆိုးရှေ့မှ လှောင်အိမ်ထဲတွင် ထည့်ထားသည်။
တောရိုင်းသားရဲဖြစ်သော်လည်း သန့်စင်ဖြူဖွေးသည့် အမွှေးများက အတော်လှသည်။ အရည်လဲ့နေသယောင်ရှိသည့် မျက်လုံးများက ဆွဲဆောင်အားကောင်းသည်။ ကြည့်သူတိုင်း သနားစိတ်ဝင်လာသည်။
လူပြိန်းများပင် ထိုမြေခွေး သာမန်သတ္တဝါမဟုတ်မှန်း သိနိုင်သည်။ ထုံထုံထိုင်းထိုင်း ရစ်များ ယုန်များနှင့်စာလျှင် ထိုမြေခွေးက ပို၍ဉာဏ်ရည်မြင့်ပုံပေါ်သည်။
ထိုမြေခွေး ဝိညာဉ်သားရဲဖြစ်ကြောင်း အမြင်စူးရှသူတိုင်း သိကြမည်ဖြစ်သည်။ ငွေမရှိသူများက ငေးကြည့်ရုံသာ တတ်နိုင်သည်။ ငွေရှိသူများက ဈေးပြိုင်ပေးကြသည်။
ကျေးဇူးပြန်ဆပ်သည့်မြေခွေး။
သဘာဝလွန်ပုံပြင်များထဲတွင် ထူးခြားသည့် ပုံပြင်တစ်ပုဒ်ဖြစ်သည်။ စာတတ်သူများရော စာမတတ်သည့် သာမန်လူများပါ ထိုပုံပြင်ကို ကြားဖူးကြသည်။
စိတ်ဓာတ်ကျနေသည့် လူဆင်းရဲ စာပေပညာရှင်တစ်ယောက်က ဝိညာဉ်မြေခွေးတစ်ကောင်ကို သနားသဖြင့် ကယ်တင်လိုက်သည်။ ထိုမြေခွေးက ကျင့်ကြံမှုအောင်မြင်ပြီးနောက် မိန်းကလေးအသွင်ပြောင်း၍ အသက်သခင်ကို ကျေးဇူးပြန်ဆပ်ရန် ရောက်လာသည်ဟူ၏။
“သခင်လေး၊ ဒီမြေခွေးဖြူကို ကယ်ဆင်ဖို့ဆန္ဒရှိလား”
အနားတွင်ရပ်ကြည့်နေသည့် ဖုန်ချင်အန်းကို သတိထားမိသွားဟန်ဖြင့် မုဆိုးက စိတ်အားထက်သန်စွာ မေးသည်။ ဖုန်ချင်အန်း အသွင်အပြင်က ထူးခြားနေ၍လည်းဖြစ်သည်။
သူပြန်မဖြေမီ ရန်လိုသည့်အကြည့်များ သူ့ထံစုပြုံကျလာသည်။
“ကောင်လေး။ အခုချက်ချင်း ထွက်သွားစမ်း။ ဒီမှာ လာမရှုပ်နဲ့”
“ဟေ့ကောင်လေး။ မင်းက နှုတ်ခမ်းမွှေးတောင် ကောင်းကောင်းမပေါက်သေးဘူး။ ဝိညာဉ်မြေခွေကို ငါတို့နဲ့အပြိုင်ဝယ်ချင်နေတယ်ပေါ့။ အိမ်ပြန်ပြီး နို့စို့နေစမ်းပါကွာ”
ဝိညာဉ်မြေခွေးအတွက် စာပေပညာရှင်များ လူချမ်းသာသခင်လေးများ အငမ်းမရ ဖြစ်နေကြသည်။ လူရှေ့သူရှေ့မှာပင် သိက္ခာထိန်းနိုင်စွမ်းမရှိတော့။ စကားလုံးရိုင်းရိုင်းများ ပြောနေသည်။
သူတို့ကိုကြည့်၍ ဖုန်ချင်အန်း အော်မရယ်မိအောင် ထိန်းထားရသည်။ ‘အောက်ပိုင်း’စိတ်က အထက်ပိုင်းစိတ်ကို လွှမ်းမိုးနေသည့် ထိုလူစုကို သူအရေးမစိုက်တော့။ ရိုးသားဟန်ရှိသည့် မုဆိုးကိုသာ အသိအမှတ်ပြုသည့်သဘော ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်။
“ကျုပ်က ဆင်းရဲပါတယ်ဗျာ။ ငွေတုံးငါးဆယ်မပြောနဲ့။ ငါးတုံးတောင် မတတ်နိုင်ပါဘူး။ ဘေးကနေကြည့်ရုံသက်သက်ပဲ လာခဲ့တာပါ”
သာမန်လူများ သုံးလေးနှစ်စားလောက်သည့် ငွေပမာဏကို တောရိုင်းသားရဲတစ်ကောင်အတွက် ဖြုန်းတီးနေကြသည်။
“သခင်လေးရဲ့ခါးက ကျောက်စိမ်းပြားဟာ ငွေတုံးတစ်ရာလောက် တန်ကြေးရှိပါတယ်”
မုဆိုးက အလျှော့မပေး။ ဖုန်ချင်အန်းခါးမှ စွမ်းအင်ရောင်ဖုံးကွယ်ပေးနိုင်သည့် မိုးမြေသန္ဓေကျောက်စိမ်းကို ကြည့်နေသည်။ သာမန်ပစ္စည်းဟု ထင်ရသည်။ အမှန်တော့ ထိပ်တန်းကျောက်စိမ်းမျိုးဖြစ်သည်။
“ဒီကျောက်စိမ်းက ကျုပ်မိန်းမလက်ဆောင်ပေးထားတာပါ”
ဖုန်ချင်အန်း ချက်ချင်း မျက်နှာတည်သွားသည်။ သူ့အမူအရာကိုကြည့်၍ မုဆိုးက မလုံမလဲရယ်ပြီး တစ်ဘက်သို့လှည့်သွားသည်။ နောက်ထပ်အကဲမစမ်းရဲတော့။ ဆိုင်ရှေ့မှ လူချမ်းသာစာပေပညာရှင်များကိုသာ ဆွဲဆောင်နေတော့သည်။
ဖုန်ချင်အန်း လှောင်ပြုံးတစ်ချက်ပြုံး၍ လှည့်ထွက်လာခဲ့သည်။ မြေခွေးဖြူသည် သူ့အတွက် ဝိညာဉ်ချီလုံးဝမရှိသည့် တောရိုင်းတိရစ္ဆာန်တစ်ကောင်နှင့် မခြားပေ။
သို့သော် ဆိုင်နောက်ဘက်တွင် သာမန်လူများမမြင်နိုင်သည့် မြင့်မားသည့်သဏ္ဌာန်နှစ်ခု ရပ်နေသည်။
သရဲတမန်များ။
သူ့လိုပင် သရဲနှစ်ကောင်လည်း ရှိုးပွဲကို အပျော်လာကြည့်ခြင်းဖြစ်သည်။ သူလှည့်ထွက်လာချိန်တွင် ထိုသရဲများ လှောင်ပြောင်ပြောဆိုနေသည့်စကားများကို ကြားရသည်။
“ဒီစာပေသမားတွေဆိုတာက ကိုယ်ကျင့်တရားအကြောင်း ကျင့်ဝတ်အကြောင်းတွေ လျှောက်ပြောကြတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ ယုတ်ညံ့တဲ့အတွေးတွေ ပြည့်နေတာပဲ။ ဒီမုဆိုးမိသားစုက မြေခွေးမွေးတာပဲ ကျွမ်းကျင်တာ။ ဒီအလုပ်နဲ့ပဲ မျိုးရိုးငါးဆက်လုံး ရပ်တည်လာတာ”
"ဟားဟား၊ ကျေးဇူးပြန်ဆပ်တဲ့ မြေခွေးပုံပြင်တဲ့လား။ ငါလည်းကြားဖူးပါတယ်။ ဒီမုဆိုးရဲ့ ကျွမ်းကျင်မှုနဲ့ဆို သူ့သားသမီးမြေမြစ်တွေက ဟိုစာပေပညာရှင်တွေ မျိုးမတုန်းမချင်း စားဝတ်နေရေး ပူပင်ရတော့မှာမဟုတ်ဘူး”
“ဒီအရူးတွေက စဉ်းတောင်မစဉ်းစားတတ်ကြဘူး။ သာမန်မြေခွေးရိုင်းတစ်ကောင် လူသားအသွင်ပြောင်းနိုင်တဲ့အထိ ကျင့်ကြံနိုင်ဖို့ ဘယ်လောက် ခက်ခဲသလဲဆိုတာကိုလေ။ ဒါမျိုးကို အရင်းအနှီးထုတ်ပြီး စွန့်စားရဲတယ်ပေါ့။ ဒီငွေ