← Chapters

ကြောက်စရာနတ်ဆိုး

Vol. 14 Ch. 197

ကြောက်စရာနတ်ဆိုး

Vol. 14 Ch. 197

လူတစ်အုပ်က ချီးမွှမ်းနေသည့်အရသာကို သူပျော်ပါသည်။ သို့သော် နေ့ဆက်ရက်ဆက် ချီးကျူးစကားများ နားထောင်ရသည်မှာ သည်းမခံနိုင်စရာဖြစ်လာသည်။ ထိုအရာများထက် ကျန်းယန်ပြည်နယ်၏ အစားအသောက်များကိုသာ ပို၍သဘောကျမိလာသည်။ ထို့ကြောင့် နောက်ထပ်ဖိတ်ခေါ်မှုများကို မတုံ့ပြန်တော့ဘဲ မီးဖိုတွင်လောင်စာအဖြစ်သုံးလိုက်သည်။

ထိုကဲ့သို့ ဆန့်ကျင်လိုက်သည့် အပြုအမူကြောင့် ကျန်းယန်စာဖြေသူများနှင့် ဖုန်ချင်အန်း သူစိမ်းလိုဖြစ်သွားသည်။ သူမျက်နှာလွှဲလိုက်သည့် ဖိတ်ခေါ်သူများ အရှက်ရသလို ခံစားကြရသည်။ ထိုခံစားချက်ရှိလျက်နှင့် သူ့ကိုအကောင်းပြောကြမည်ဆိုလျှင် အံ့ဖွယ်ကောင်းပေတော့မည်။

သို့သော် သူတို့ဝေဖန်ချက်များကို ခြင်မြည်သံလောက်သာ ဖုန်ချင်အန်း သဘောထားသည်။ စိတ်ရှုပ်စရာနည်းနည်းကောင်းသည်။ သို့သော် ခဏကြာပြီးလျှင် ထိုအသံများ ကြားရတော့မည်မဟုတ်။

ဘာအောင်မြင်မှုမှမရသေးသူများ အသင်းအဖွဲ့တည်ထောင်၍ စိတ်ထင်ရာလုပ်ရုံဖြင့် ဘာဖြစ်လာမည်နည်း။ တစ်ချို့က ပါရမီရှိကောင်းရှိမည်။ ထိုပါရမီကို လေ့လာရန် အသုံးမချလျှင် မည်မျှဝေးဝေးရောက်နိုင်မည်နည်း။ ကလေးစာသင်သားအဆင့်ပင်မရှိသူများအတွက် ထိုကိစ္စများကို စိတ်မပူသင့်သေး။

“ဟား”

စာဖြေခန်းမထဲသို့ သူလျှောက်သွားသည်။ မကြာမီ စာမေးပွဲစသည်။ ကောင်တီစာမေးပွဲလို သိပ်မနှိပ်စက်။ တစ်ရက်သာကြာသည်။ အပိုင်းသုံးခုခွဲသည်။ ထိုအပိုင်းသုံးပိုင်းပြီးသည်နှင့် စာမေးပွဲပြီးသွားသည်။

နောက်သုံးရက်အကြာတွင် အောင်စာရင်းထွက်လာသည်။ အံ့ဩစရာသိပ်မရှိ။ ဖုန်ချင်အန်း ပထမရသည်။ ‌ကြော်ငြာဘုတ်ကို တစ်ချက်သာကြည့်ပြီး စားသောက်ရန် ချက်ချင်းထွက်လာခဲ့သည်။

သူ့နောက်တွင် အချိမဆန့်အော်သံများ၊ ဝမ်းနည်းပက်လက်ငိုသံများ၊ ခံစားချက်ရောထွေးသည့် ရယ်သံများ၊ ဝမ်းသာအားရအော်ဟစ်သံများ လွင့်ပျံလာသည်။၍ ကျန်နေခဲ့သည်။

“အောင်ပြီကွ၊ အောင်ပြီ”

"ဟားဟားဟား၊ ငါလည်း ဖြေနိုင်ခဲ့ပြီကွ”

စာရင်းကိုကြည့်၍ မျက်နှာအမူအရာအမျိုးမျိုး ဖြစ်နေသည်။ ကောင်တီစာမေးပွဲထက် ပိုအသံမြိုင်သည်။ ပြည်နယ်စာမေးပွဲ အောင်မြင်လျှင် အရာရှိရာထူးတစ်ခုရသည်။ တစ်ခြားလူများထက် အဆင့်မြင့်သွားသည့်သဘောဖြစ်သည်။

ပြည်နယ်စာမေးပွဲအောင်မြင်နှုန်းက ကြမ်းတမ်းလှသည်။ ကျန်းယန်ပြည်နယ်တွင် စာဖြေသူ ထောင်ချီရှိသည်။ ရာဂဏန်းသာအောင်မြင်သည်။ ဆယ်ပုံတစ်ပုံနှုန်းဖြစ်သည်။

ထိုအဆင့်က ကလေးစာသင်သား(အငယ်တန်းပညာရှင်)အဆင့်မျှသာဖြစ်သည်။ နန်းမြို့တော်စာမေးပွဲဆိုလျှင် ပို၍ရက်စက်ကြမ်းတမ်းသည်။ သို့သော် ဖုန်ချင်အန်းက ပြည်နယ်ပထမရသူဖြစ်၍ အခက်အခဲသိပ်မရှိ။ နန်းမြို့တော်စာမေးပွဲ အောင်စာရင်းတွင် နေရာတစ်ခုရမည်မှာ သေချာနေသည်။

လောလောဆယ် သူ့အောင်မြင်မှုထက် သူ့ရှေ့မှ အစားအသောက်များကိုသာ သူပိုစိတ်ဝင်စားသည်။

“နန်းမြို့တော်စာမေးပွဲက ဖုန်ထျန်မြို့မှာ ကျင်းပမှာလို့ ကြားတယ်။ ကျန်းယန်က အစားအသောက်တွေ အားလုံးနီးပါး ငါမြည်းစမ်းကြည့်ပြီးပြီ။ ဖုန်ထျန်မြို့တော်ကို သွားဖို့အချိန်ကျလာပြီပဲ”

အားရအောင်စားသောက်ပြီး‌နောက် ခရီးဆက်ရန် အစီအစဉ်ချသည်။

ကလေးဘဝကတည်းက ဖုန်ထျန်မြို့တော်အကြောင်း ကြားဖူးသည်။ တာ့ကျင်း၏ မြို့တော်ခွဲတစ်ခုဖြစ်သည်။ ရှေးမင်းဆက်၏ မြို့တော်ဟောင်းဖြစ်သည်။ ယနေ့ထိပင် စည်ကားတိုးတက်မှုက တာ့ကျင်းနန်းမြို့တော်ထက် နည်းနည်းသာနိမ့်သည်။ ကျန်းယန်မြို့တော်ထက် များစွာသာလွန်သည်။

ပြည်နယ်စာမေးပွဲရလာဒ်ကို ကြေညာပြီး နောက်တစ်နေ့တွင် ဖုန်ချင်အန်း ကျန်းယန်မြို့တော်အပြင်ဘက်တွင် ပေါ်လာသည်။ သူ့ဘေးတွင် တောင်နက်နှင့်ပိုင်ယောက်တို့ရှိသည်. သို့သော် ဘယ်သူမှ ထူးခြားသည့် ထိုစုံတွဲကို အာရုံမစိုက်ကြ။ သူ့ရှေ့တွင် စာပေနတ်မင်းနှင့် စစ်နတ်မင်းတို့ ရပ်နေသောကြောင့်ဖြစ်သည်။

“နန်းမြို့တော်စာမေးပွဲတွေက ဩဂုတ်လရောက်မှ စမှာပါ။ ဘာလို့ အလျင်စလိုခရီးထွက်နေတာလဲ သခင်လေး။ ဒီမြို့တော်က အစားအသောက်တွေကို အကြိုက်မတွေ့လို့လား”

လာနှုတ်ဆက်သည့် စစ်နတ်မင်းမျက်လုံးတွင် ဝမ်းနည်းရိပ်သန်းနေသည်။ ဖြစ်နိုင်လျှင် ထိုသခင်လေးကို ဤမြို့တွင်သာ အခြေချစေချင်သည်။ သို့သော် မဖြစ်နိုင်။

“ကျန်းယန်အစားအသောက်တွေကို ကျုပ်အတော်သဘောကျပါတယ်။ ဒါပေမယ့် ဒီမြို့ထဲက အစားအသောက်တွေအားလုံးကို မြည်းစမ်းကြည့်ပြီးပြီ။ တစ်ခြားနေရာက အစားအသောက်တွေကို စားကြည့်ချင်သေးလို့ပါ”

“ဒါဆိုရင် ခရီးလမ်းချောမွေ့ပါစေ။ အရသာကောင်းတဲ့ အစားအသောက်အားလုံးကို မြည်းစမ်းနိုင်ပါစေ သခင်လေး”

ခဏစကားပြောပြီးနောက် နတ်မင်းများ နှုတ်ဆက်ဆုတောင်းပေးကြသည်။ ဖုန်ချင်အန်းက ခရီးထွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်၍ သူတို့ဖျောင်းဖျလည်း ရမည်မဟုတ်မှန်း သိနေသည်။

ဖုန်ချင်အန်း ပုံမှန်လမ်းမကြီးအတိုင်း မသွား။ တောနက်ထဲသို့ သွားသည်။ လူသူအရောက်အပေါက်နည်းသည့် တောအနက်ဆုံးနေရာကိုရွေးချယ်၍ ခရီးဆက်သည်။ ဖုန်ချင်အန်း ထွက်သွားသည့်လမ်းကြောင်းကိုကြည့်၍ နတ်မင်းနှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့အမူအရာများ ရှုပ်ထွေးနေသည်။

“ဒီသခင်လေးဖုန်ရှို့လင်ဲ့စိတ်ဓာတ်က သူ့အကိုနဲ့တကယ်တူတာပဲ”

စာပေနတ်မင်း သက်ပြင်းချသည်။

“ပထမဆုံးတွေ့တုန်းက မင်းသူ့ကိုအဲလိုမမြင်ဘူးလို့ ကြားပါတယ်”

“ငါမြင်တာမှားလို့လား”

"ဟားဟားဟား၊ မင်းတကယ်ဝန်ခံနေတာပါလား”

“ဘာရှက်စရာရှိလဲကွ၊ ငါက ပြည်နယ်မြို့တော်လေးရဲ့ အသေးစားနတ်မင်းလေးပဲ။ ကောင်းကင်သခင်တစ်ယောက်ကို ငါဘယ်လိုသတိထားမိနိုင်မှာလဲ”

“တကယ်လို့ ဖုန်သခင်လေးမှာ သူ့အကိုလို အရည်အသွေးမျိုးရှိနေရင် ဒီတောတောင်ထဲက သရဲတွေ ဝိညာဉ်တွေ ဘယ်လောက်များ ဒုက္ခရောက်ကြဦးမယ်မသိဘူး”

“ဟုတ်ပါ့”

နတ်မင်းနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ စကားသံ တိတ်သွားကြသည်။

ခြောက်ထပ်ကွမ်းပညာရှင်၏ နာမည်ဂုဏ်သတင်းက ကျော်ကြားလွန်းသည်။ နတ်မင်းများ နတ်ဘုရားများ သူ့နာမည်ကို အလွန်အကြူးမပြောရဲကြ။ သူ့ဓားအောက်တွင် သေသွားသည့် ဝိညာဉ်နတ်အရေအတွက်က ရေတွက်ရန်ပင် မလွယ်လှ။

တောင်တန်းများအလယ်တွင် ဖုန်ချင်အန်း တောင်နက်ကိုစီး၍ ဖြတ်သန်းလာသည်။ ပိုင်ယော်လည်း နောက်တွင်ကပ်လိုက်လာသည်။ အဆုံးမဲ့ကျယ်ပြန့်ဆန့်ထွက်နေသည့်‌ တောင်တန်းများ တောအုပ်များကို မြင်ရသဖြင့် ဖုန်ချင်အန်းစိတ်များ ကြည်လင်လန်းဆန်းနေသည်။

သာမန်သေမျိုးများအတွက် ဤတော်နက်သည် အန္တရာယ်ဇုံဖြစ်သည်။ ခြေတစ်လှမ်းလှမ်းတိုင်း အသက်အန္တရာယ်ရှိသည်။

သို့သော် ဖုန်ချင်အန်းအတွက် လူသားမြို့တော်ထက် ပိုလွတ်လပ်သလိုခံစားရသည်။ ပုန်းရှောင်စရာမလို၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်စရာမလို။ သူ့စွမ်းအားသူ လွတ်လပ်စွာ အသုံးပြုနိုင်သည်။

“ကူးကူးကူး”

ယန်မီးတောက်များ သူ့ပုခုံးမှ ထွက်လာသည်။ ထူးဆန်းသည့် မီးငှက်နှစ်ကောင်အဖြစ်ပြောင်းသွားသည်။ ရွှေရောင်ရေနဂါး သူ့အင်္ကျီကော်လာထဲမှ ခေါင်းပြုကြည့်လာသည်။ ထို့နောက် မြူခိုးတစ်ခု ထုတ်လွှတ်သည်။ နဂါးက မြူနှင့်အတူ အရောင်တောက်ပပြီး နှစ်မီတာခန့်ရှည်ထွက်လာသည်။ လေထဲတွင် တွန့်လိမ်လှုပ်ရှား၍ ဖုန်ချင်အန်းနောက်မှ ကပ်လိုက်လာသည်။

တောင်တန်းစိမ်း၏ စိုပြေလတ်ဆတ်မှုကြောင့် ဖုန်ချင်အန်းသာမက သူ့ခေါ်လာသည့် ဝိညာဉ်များပင်စိတ်အားတက်ကြွလာသည်။

သို့သော် တောတောင်မြင်ကွင်းကို အထပ်ထပ်မြင်ရလျှင် တဖြေးဖြေးငြီးငွေ့လာသည်သာဖြစ်သည်။ မီးငှက်က ဖုန်ချင်အန်း ကိုယ်ထဲသို့ ပြန်ဝင်လာသည်။ ရွှေနဂါးလည်း သူ့ဝတ်ရုံထဲ ပြန်ဝင်သွားသည်။

အစားအသောက်ကိစ္စကို ဖုန်ချင်အန်း စတင်စဉ်းစားမိလာသည်။ လူသားမြို့တော်နှင့် ဝေးရာအရပ်တွင် ရွှေပြာငွေပြာသုံးလိုက်ရုံဖြင့် အရသာရှိသည့်ဟင်းလျာမျိုး ရလာမည်မဟုတ်။

ထိုသို့စဉ်းစားနေစဉ် ပိုင်ယော် သတိပေးသည့်အနေဖြင့် တစ်ချက်ဟိန်းလိုက်ည်။ တောင်နက်လည်း တစ်စုံတစ်ခုမူမမှန်သည်ကို အာရုံခံမိသွားသည်။

တောင်နက်က ပိုင်ယော်ထက် သတိနည်းခြင်း အာရုံခံနိုင်စွမ်း နိမ့်ပါးခြင်းကြောင့်မဟုတ်။ သူတို့လျှောက်ကြသည့် လမ်းကြောင်းချင်း မတူညီသောကြောင့်ဖြစ်သည်။ ဝိညာဉ်သားရဲဖြစ်သည့်ပိုင်ယော်က တောထဲမှသတ္တဝါများနှင့် တစ်သားတည်းလိုဖြစ်နေသည်။ ထို့ကြောင့် သူ့အာရုံကို သဘာဝရေမြေတောတောင်က တားဆီးနိုင်ခြင်းမရှိ။

နတ်ဆိုးချီ။

ဝံပုလွေနှစ်ကောင်ကြည့်ရာဘက်သို့ ဖုန်ချင်အန်းကြည့်လိုက်သည်။ ထူးထဲသည့် နတ်ဆိုးချီများ တော်အုပ်ထဲမှ ထိုးထွက်လာသည်။လာသ်ည။ ထူးဆန်းသည့်အုပ်စုတစ်ခု သူ့မြင်ကွင်းတွင်ပေါ်လာသည်။ သူစိတ်ဝင်စားသွားသည်။

လူသူအရောက်နည်းသည့် တော်အုပ်ထဲတွင် သရဲမှင်စာများ တွေ့ရသည်မှာ မဆန်းလှ။ သို့သာ သီးခြားသရဲမျိုးစိတ်များကို တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

သူ့ရှေ့တွင် အနီရောင်ပွဲတက်ဝတ်စုံဝတ်ထားသည့် လူတစ်စုရှိသည်။ သူတို့မျက်နှာ ပြုံးရွှင်နေသည်။ တစ်ချို့က လက်ဆောင်ပစ္စည်းများသယ်လာသည်။ အထူးခြားဆုံးမှာ တောင်ပံတဖျတ်ဖျတ်ခတ်နေသည့် ငန်းနှစ်ကောင်ဖြစ်သည်။

ဤဝတ်ပုံစားပုံ၊ သယ်လာသည့်ပစ္စည်းများကိုကြည့်ရုံဖြင့် လက်ထပ်ပွဲတစ်ခုဖြစ်မှန်း လူသားကမ္ဘာတွင် သိကြပေလိမ့်မည်။

သို့သော် တောနက်ထဲတွင် ထိုမြင်ကွင်းကို မြင်ရသည်က အလွန်ထူးဆန်းနေသည်။ အထူးသဖြင့် ထိုလူများနှင့် ဖုန်ချင်အန်း ကွဲပြားနေသည်။

လူသားလိုဝတ်ဆင်ထားသည့် မြေခွေးတစ်စု။ ခြေနှစ်ချောင်းဖြင့်ရပ်၍ လူသားလိုလမ်းလျှောက်သည်။ နီညိုရောင်အမွှေးပွနှင့် မုတ်ဆိတ်မွှေးရှည်လျားသည့် မြေခွေအိုတစ်ကောင်က ဦး‌ဆောင်လာခြင်းဖြစ်သည်။

ဖုန်ချင်အန်း ခြေလှမ်းရပ်သွားသလို ထိုမြေခွေးအုပ်စုလည်း ဝံပုလွေစီးလာသည့်သူ့ကိုကြည့်၍ အံ့အားသင့်သွားဟန်ရှိသည်။

ပျော်နေသည့်မြေခွေးအုပ်ကြီး ဝရုန်းသုန်းကားဖြစ်သွားသည်။ လက်ဆောင်သယ်လာသည့်တစ်ချို့ မြေခွေးများ မှော်အစွမ်းကို ထိန်းမထားနိုင်တော့။ အဝတ်များ ကျွတ်ကျသွားပြီး မူလပုံစံအစစ်ပြောင်း၍ တောထဲသို့ တဟုန်ထိုး ပြေးထွက်သွားကြသည်။

All Chapters