နားလည်ခြင်း
Vol. 14 Ch. 198
သူ့ကိုမြင်သည်နှင့် မြေခွေးတစ်ဝက်လောက် ထွက်ပြေးသွားသဖြင့် ဖုန်ချင်အန်း နည်းနည်းအားနာသွားသည်။ ထိုမြေခွေးများကို တိုက်ခိုက်ရန် သူမရည်ရွယ်ခဲ့။
မျိုးစိတ် - ဝိညာဉ်မြေခွေး
ဗီဇ - နတ်ဝိညာဉ်၊ သားရဲ
စွမ်းရည်အဆင့် - ကွန်မန်ဒါ၊ အခြေခံအဆင့်
တိုက်ခိုက်စွမ်းအား - ဂျင်နရယ်၊ အလတ်တန်းအဆင့်
ဝိညာဉ်မြေခွေးများသည် လူသားမျိုးနွယ်တို့၏ စွမ်းအင်ကို စားသုံးကြသည့် နတ်ဆိုးမြေခွေးများနှင့် လုံးဝကွဲပြသည်။ တောင်တန်းပေါ်တွင် သူတို့ကိုယ်ပိုင်ဘဝကို တည်ဆောက်သည်။ တစ်ခြားဝိညာဉ်များကို မနှောက်ယှက်ကြ။ ဒုက္ခမပေး။ သူတို့စွမ်းအင်ရောင်ဖြင့်ပင် မနှိပ်ကွပ်ကြ။
“ဝူလင်တောင် စုမိသားစုက စုတု၊ တာအိုသခင်ကို ဂါရဝပြုပါတယ်”
တောင်ဝှေးတစ်ချောင်းကိုင်ထားသည့် ဆံပင်နီညိုရောင် သက်ကြီးပိုင်းမြေခွေးဝိညာဉ်က ရှေ့သို့လျှောက်လာပြီး ဖုန်ချင်အန်းကို နှုတ်ဆက်သည်။
တောတောင်ထဲတွင် လျှောက်သွားနေသည့် နတ်ဆိုးများ ဝိညာဉ်များကို သာမန်လူများ ကြောက်ရွံ့ကြသည်။ တောတောင်ထဲတွင် သီးခြားနေကြသည် နတ်ဆိုးများဝိညာဉ်များက လူသားများကို ကြောက်ရွံ့ကြသည်။
သက်တမ်းရင့်တောနက်အလယ်တွင် သာမန်လူတစ်ယောက်ကို တွေ့ဖို့မဖြစ်နိုင်။ ရောက်လာစရာအကြောင်းမရှိ။ ရောက်လာသည့်လူသားသည် သာမန်မဟုတ်နိုင်ပေ။
စုမိသားစုကိုယ်စားလှယ်ဖြစ်သည့် ထိုမြေခွေးအိုသည် တစ်ခြားဝိညာဉ်မြေခွေးမျိုးနွယ်နှင့် ဆွေးမျိုးစပ်ရန် ရောက်လာခြင်းဖြစ်သည်။ တောနက်အလယ်တွင် လူသားတစ်ယောက်တွေ့ရသဖြင့် ကြီးမားသည့် စိတ်ဖိအားတစ်ခု ကြုံနေရသည်။ သာမန်လူများ ခရီးလမ်းတစ်ဝက်တွင် ဝိညာဉ်တစ်ခု တွေ့ကြုံရသဖြင့် ကြောက်ရွံ့ခြင်းမျိုးဖြစ်သည်။
လူသားမျိုးနွယ်တွင် ပြန်လည်မွေးဖွား၍ ဗီဇပြောင်းလဲသွားသည့် စစ်သည်များ၊ နေလသန္ဓေကို အဟာရပြုသည့် တာအိုရှင်များ၊ သင်္ကန်းဝတ်ဗုဒ္ဓကိုယ်တော်များအားလုံး သူတို့အတွက် ထိတ်လန့်စရာဖြစ်တည်မှုများဖြစ်သည်။
နတ်ဘုရားများ ဝိညာဉ်နတ်များကို မြေခွေးအို လုံးဝမကြောက်ပါ။ တောင်တန်းထဲတွင် သူတို့နေထိုင်သေရွေ့ ထိုနတ်ဘုရား ဝိညာဉ်နတ်များ သူတို့ကို လုံးဝမခြိမ်းခြောက်နိုင်။ သို့သော် လူသားကျင့်ကြံသူများက ထိုသို့မဟုတ်။
ယခုပင်ကြည့်ပါ။ သူက သွားရန်မစပါဘဲနှင့် လူသားတစ်ယောက်ကို သူ့နယ်မြေထဲတွင် ရုတ်တရက်တွေ့ရသည်။ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည်။
တွေ့ရုံဖြင့် ထွက်ပြေးသွားကြသည့် မြေခွေးငယ်များနှင့်မတူ။ တစ်ချက်ကြည့်ရုံဖြင့် ထွက်ပြေးလည်းမလွတ်နိုင်ကြေင်း မြေခွေးအိုကောင်းကောင်းသိသည်။
လူငယ်စီးလာသည့် ဝံပုလွေနက်ဖြစ်စေ၊ နောက်မှကပ်လိုက်လာသည့် ဝံပုလွေဖြူကိုဖြစ်စေ သူတို့မြေခွေးမျိုးနွယ်များ ယှဉ်နိုင်သည့်စွမ်းအားမရှိ။
ထိုလူငယ် ဘာမှမလုပ်လျှင်ပင် ထိုဝံပုလွေနှစ်ကောင်ကို အမိန့်တစ်ချက်ပေးရုံဖြင့် သူတို့မြေခွေးအုပ်စုကို ရှင်းပစ်နိုင်သည်။
လူသားတစ်ယောက်လက်ထဲ အသက်ပေးထားရသည့်အဖြစ်သည် အတော်ခံစား၍မကောင်း။ သို့သော် မြေခွေးအို သည်းခံရုံမှတစ်ပါး တစ်ခြားရွေးစရာမရှိ။
ဝိညာဉ်မြေခွေးဖြစ်သည့် သူတို့သည် မည်သည့်လူသား မည်သည့်ကမ္ဘာလောကသက်ရှိကိုမှ အန္တရာယ်မပေးဖူးသဖြင့် အသက်ချမ်းသာပေးရန် ထိုလူငယ်ထံ တောင်းဆိုရုံသာရှိတော့သည်။
ထိုသို့မျှော်လင့်သော်လည်း အဆိုးဆုံးအခြေအနေဖြစ်သည့် အရှင်လတ်လတ်အရေခွံခွာခံရသည့်မြင်ကွင်းကို သူကြိုမြင်ယောင်နေသည်။ လူသားများထံမှ သနားကြင်နာမှုကို သိပ်မယုံကြည်ချင်။
ထိုကဲ့သို့ ဝမ်းနည်းစရာဇာတ်သိမ်းမျိုးကြုံလျှင်ပင် သူ့မျိူးဆက် မြေခွေးငယ်များအတွက် တတ်နိုင်သလောက် အချိန်ဆွဲထားလိုသည်။ သူသည် အိုမင်းရင့်ရော်၍ သက်တန်းနည်းနည်းသာကျန်တော့သည်။ မျိုးနွယ်တူတို့ အသက်ရှင်သန်ခွင့်ဖန်တီးနိုင်လျှင် ဘဝအဆုံးသတ်ကောင်းသည်ဟု သူယူဆသည်။
“ဝူလင်တောင်က စုမိသားစုလား”
ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ တောင်တန်းပေါ်မှ နတ်ဆိုးများက မိသားစုကြီးများအဖြစ် ဖွဲ့စည်းနေထိုင်ကြသည်။ တောင်တန်းနတ်ဘုရားအကာအကွယ်ရှိသည့် မြွေစိမ်းတောင်တန်းမှာပင် နတ်ဆိုးမိသားစုဟူ၍ သတ်သတ်မှတ်မှတ်မရှိ။ ဝံပုလွေဖြူမိသားစုက မိသားစုနဲ့ နည်းနည်းတူသည်။ သို့သော် အရေအတွက် နည်းလွန်းသည်။
“စုမိသားစုအကြောင်း တာအိုအရှင် ကြားဖူးသလား”
မြေခွေးအို နည်းနည်းစိတ်လှုပ်ရှားလာသည်။ စုမိသားစုအကြောင်း ထိုလူငယ်ကြားဖူးလျှင် သနားငဲ့ညှာမှု ပေးကောင်းပေးနိုင်သည်။ ကပ်ဆိုးကိုရှောင်ရှားနိုင်မည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူတို့မိသားစုမျိုးဆက်မှ စွမ်းအားကြီးသည့် နတ်ဆိုးဘုရင်တစ်ပါး ပေါ်ထွက်ဖူးသည်။ သို့သော် ယခု သေဆုံးသွားပြီဖြစ်သည်။
“ကျုပ်တစ်ခါမှ မကြားဖူးဘူး။ ဒီနေ့မှ ကြားဖူးတာပါ။ ခင်ဗျားတို့က ဘယ်သူ့ကို မင်္ဂလာလက်ဆက်ဖို့လဲ”
ပထမစကားကြောင့် မြေခွေးအို စိတ်ပျက်သွားသော်လည်း နောက်ဆက်တွဲစကားကြောင့် ကျိတ်ပျော်လာသည်။
ရိုးရှင်းသည့် မေးခွန်းဖြစ်သည်။ သို့သော် ထိုလူငယ် သူတို့အပေါ် မည်သို့သဘောထားသည်ကို သိလိုက်ရသည်။ တိုက်ခိုက်ခြင်းဖြင့် ဇာတ်လမ်းမစလျှင် ညှိနှိုင်းဆွေးနွေးနိုင်ခွင့် များစွာရှိသည်။
“တာအိုအရှင်၊ ကျုပ်က ဆောင်းဦးအော်သံလှိုဏ်ဂူကို သွားနေတာပါ။ လီမိသားစုရဲံ သမီးတော်နဲ့ ကျုပ်တို့ရဲ့ ဒုတိယသခင်လေးကို လက်ဆက်ပေးဖို့ပါ”
ဖုန်ချင်အန်းအမေးကို မြေခွေးအိုက လေးစားမှုအပြည့်ဖြင့် ပြန်ဖြေသည်။ လူသားတို့စေ့စပ်မင်္ဂလာပြုသည့် ရိုးရာထုံးတမ်းဓလေ့ပွဲ(စာသုံးစောင်နှင့်ဝတ္တရားခြောက်ခု)အတိုင်း လုပ်နေကြသည်။ ကွဲပြားသည်မှာ အားလုံးက မြေခွေးများဖြစ်နေသည်။
လူသားမျိုးနွယ်ထဲမှာပင် လေးစားရသည့် မြို့တော်လူချမ်းသာကုန်သည်များသာ ထိုအစဉ်အလာမျိုး လုပ်ဆောင်ကြသည်။ သာမန်လူများက မိတ်သားစုနှင့် မိတ်ဆွေများကို ကျွေးမွေးဧည့်ခံရုံသာ လုပ်ကြသည်။ ရိုးရာဓလေ့အတိုင်းလုပ်ဖို့ မတတ်နိုင်ကြ။
“ဆောင်းဦးအော်သံလှိုဏ်ဂူ”
နောက်ထပ် မြေခွေးတို့နေထိုင်ရာ နေရာတစ်ခုအကြောင်း သိလိုက်ရပြန်သည်. ဖုန်ချင်အန်း ပိုစိတ်ဝင်စားသွားသည်။ အရိုင်းမြေခွေးဝိညာဉ်တို့သည့် ပေါ့သေးသေးမဟုတ်။ မြို့တော်ပြည်ရွာ တည်ထောင်နေကြသည့် ထိုမြေခွေးဝိညာဉ်များကို သူတွေ့ချင်လာသည်။ လူအသွင်ပြောင်းမြေခွေး မည်မျှလှသည်ကို မြင်လိုရုံမှတစ်ပါး တစ်ခြားရည်ရွယ်ချက်မရှိ။
ခရီးသွားခြင်းသည် မမြင်ဖူး မကြားဖူးသည့်အရာများကို တွေ့ကြုံခံစားဖို့ဖြစ်သည်။ ရှာဖွေလေ့လာမှသာ သူ့အမြင်ကျယ်မည်။
********************************************
းလျှင် စိစိညက်ညက်ကျေသွားနိုင်သည်။