← Chapters

မြေခွေးညှို့ငင်နိုင်စွမ်း

Vol. 14 Ch. 199

မြေခွေးညှို့ငင်နိုင်စွမ်း

Vol. 14 Ch. 199

“မစ္စတာစု၊ ကျုပ်ရဲ့အိမ်မွေးသားရဲကို တောင်ပေါ်မှာ လမ်းလျှောက်ဖို့ ခေါ်လာခဲ့တာပါ။ ခင်ဗျားတို့မိသားစုနှစ်ခုရဲ့ ပျော်စရာအခါသမယကို ဖျက်ဆီးဖို့ မရည်ရွယ်ပါဘူး။ ခုနက လန့်ပြေးသွားတဲ့ မြေခွေးငယ်လေးတွေကို ပြန်ခေါ်လိုက်ပါလား”

“ကျုပ်...ကျုပ်က အဝေးကိုဆက်သွယ်နိုင်တဲ့ စွမ်းအားမရှိပါဘူး”

မြေခွေးအို စိတ်ပျက်လက်ပျက်အမူအရာပေါ်လာသည်။ သူသည် သက်တမ်းရင့်၍ ဗဟုသုများသည်။ ရိုးသားသည့် မြေခွေးဖြစ်သည်။ ဆက်သွယ်ရေးမှော်စွမ်းအင်များသည် သူ့အတွက် လက်လှမ်းမမီ။ လူသားသွင်ပြောင်းဖို့ပင် သူ့အသက်ဓာတ်တစ်ဝက်ခန့် သုံးထားရသည်။

“ဒါဆို လက်ထပ်မယ့်ကိစ္စ ပျက်စီးမသွားနိုင်ဘူးလား”

“တာအိုအရှင်က တမင်ရည်ရွယ်ကြီးလုပ်တာမှ မဟုတ်ပဲ။ ဒီလက်ထပ်ဖို့ကိစ္စက ပြဿနာမရှိပါဘူး။ နောက်တစ်ကြိမ် ထပ်သွားဖို့ ပြင်ဆင်လို့ရပါတယ်ဗျာ”

မြေခွေးကို လူငယ်ကို ပြစ်မပြောရဲ။ နေ့ကောင်းရက်သာ ရွေးမပေးသည်ကိုသာ နည်းနည်းဝမ်းနည်းသည်။

“မင်္ဂလာအခါကို လွတ်သွားရင် ဘယ်ကောင်းမလဲ။ ဒီလိုလုပ်ပါ။ ကျုပ် ဒီလက်ဆောင်ပစ္စည်းတွေကို ကူသယ်ပေးမယ်။ ခင်ဗျားနဲ့အတူ သတို့သမီးသွားတောင်းတာကို အဖေါ်လိုက်ခဲ့ပေးမယ်လေ”

ဖုန်ချင်အန်း အားတက်သရောအကြံပြုသည်။ ထိုမြေခွေးဝိညာဉ်တို့ နေထိုင်ပုံကို မြင်ချင်နေသည်။

“တာအိုအရှင်အနေနဲ့ ဒီလိုလုပ်ပေးလို့ ဘယ်သင့်တော်ပါ့မလဲ”

ဖုန်ချင်အန်းစကားကြောင့် မြေခွေးအို လန့်ဖြတ်သွားသည်။ သင့်တော်သည် မသင့်တော်သည်က အရေးမကြီး။

တာအိုအရှင်လိုက်လာလျှင် လီမိသားစုက မြေခွေးအမျိုးသမီးကို သဘောကျသွားနိုင်သည်။ ထိုသို့ဆိုလျှင် အဆင်မပြေ။ စုမိသားစု ဘာလုပ်ရမည်နည်း။

လူသားနှင့်မြေခွေး ပေါင်းဖက်သည့်ဇာတ်လမ်းသည် လူသားမျိုးနွယ်ကြားတွင်သာ ပျံ့နှံ့နေသည်မဟုတ်။ မြေခွေးမျိုးနွယ်တွင်လည်း များစွာကြားသိဖူးကြသည်။ ငယ်ရွယ်သည့်မြေခွေးမတစ်ကောင် လူသားမျိုးနွယ်သို့သွား၍ ကြင်ဖက်ရှာခဲ့သည့်ဇာတ်လမ်းများကို မြေခွေးအိုကြားဖူးသည်။

သို့သော် အခြေအနေမလှခဲ့။ မြေခွေးပျို လူသားနယ်မြေသို့ ခိုးဝင်ချိန်တွင် ကင်းလည့်နတ်မင်းက မိသွားပြီး နတ်ဆိုးနှိပ်ကွပ်သည့် အကျဉ်းထောင်ထဲသို့ ပစ်ချလိုက်သည်။

နောက်ပိုင်း လူသားအဆက်အသွယ်များသုံး၍ မြေခွေးပျို၏ သရုပ်မှန်ကိုပြောပြီး အရင်းအနှီးအားထုတ်မှုများစွာ အကုန်ကျခံပြီးမှ ထိုမြေခွေးပျိုကို ပြန်ရွေးထုတ်နိုင်ခဲ့သည်။ ထိုသို့မလုပ်ခဲ့လျှင် မြေခွေးပျို လုံးဝပြန်လာနိုင်ခဲ့မည်မဟုတ်။

သူ့ရှေ့မှလူငယ်က အတော်ချောမောသည်။ သူသဘောကျသည်။ လီမိသားစု မြေခွေးပျိုကလည်း ထိုလူငယ်ကို သဘောကျပေလိမ့်မည်။ လက်ထပ်ဖို့ကိစ္စ ရပ်စဲသွားနိုင်သည်။

အဆိုးဆုံးကို သူတွေးထားသည်။ တကယ်လည်းဖြစ်လာနိုင်သည်။ ချောမောခံ့ညားသည့်လူရည်သန့်များကိုသာ မြေခွေးပျိုများက သဘောကျသည်မဟုတ်။ လူသားများလည်း မြေခွေးပျိုများကို သဘောကျကြသည်။ ထိုလူငယ် မြေခွေးပျိုတစ်ယောက်ယောက်ကို သဘောကျသွားလျှင် အခက်တွေ့မည်။

“ဘာလို့ မဖြစ်နိုင်တာလဲ”

“ထုံးတမ်းဓလေ့နှင့် မကိုက်ညီလို့ပါ။ ပြီးတော့ သခင်လေးရဲ့ မြင့်မားတဲ့အဆင့်အတန်းနဲ့ စုမိသားစုဘက်ကနေ စေ့စပ်ကြောင်းလမ်းဖို့ကိစ္စ စီစဉ်ပေးလို့ ဘယ်ဖြစ်ပါ့မလဲ။ တောင်တန်းပေါ်က ကျုပ်တို့အရိုင်းဝိညာဉ်တွေအနေနဲ့ ဒီလိုချီးမြှောက်မှုမျိုးကို လက်ခံလို့မဖြစ်ပါဘူး”

မြေခွေးအို သူ့ကိုယ်သူ နှိမ်ချ၍ပြောသည်။

“ဒါလည်း ဟုတ်ပါတယ်”

“တာအိုအရှင်က ကျုပ်တို့ဝိညာဉ်တွေရဲ့ လက်ထပ်ပွဲကို စိတ်ဝင်စားလို့လား”

“ဒါမျိုး ကျုပ်ပထမဆုံးကြုံးဖူးတာပဲ”

ဖုန်ချင်အန်း အမှန်အတိုင်း ဝန်ခံလိုက်သည်။ မြေခွေးများကျင်းပမည့်လက်ထပ်ပွဲကို သူကြည့်ချင်သည်။

“တာအိုအရှင် မြင်ချင်တယ်ဆိုရင် ကျုပ်တို့မိသားစုနှစ်ခုလုံးအတွက် ဂုဏ်ယူစရာပါပဲ။ စုမိသားစုအိမ်တော်ကို အရင်လိုက်ခဲ့ပါ သခင်လေး။ ကျုပ်တို့သခင်ကလည်း အထူးဧည့်သည်ရောက်လာတဲ့အတွက် ဝမ်းသာနေမှာပါ”

မြေခွေးအိုအကြံပြုသည်။

ခဏစကားပြောကြည့်ပြီးနောက် ထိုလူငယ်၏နောက်ခံသည် သာမန်မဟုတ်မှန်း မြေခွေးအို ရိပ်စားမိသည်။ မြေခွေးမျိုးနွယ်အပေါ်လည်း မကောင်းသည့်ရည်ရွယ်ချက်မျိုး ရှိဟန်မတူ။

ထိုလူမျိုးကို အိမ်တော်သို့ ဖိတ်ခေါ်ရမည်။ ထိုသခင်လေး မြေခွေးပျိုများကို တကယ်သဘောကျခဲ့လျှင်လည်း စုမိသားစုတွင် အလှအပမရှားပေ။ မြေခွေးပျို များစွာရှိသည်။

ထိုမြေခွေးပျိုများနှင့် အဆင်မပြေလျှင်လည်း အလွန်ပါရမီထူးသည့် သူ့မြေးမလေးရှိသေးသည်။ အသက်ငယ်သော်လည်း ပါရမီက မြေခွေးအိုငယ်စဉ်ကထက် ပိုထူးခြားသည်။

မြေခွေအို၏သက်တမ်းက အဆုံးသတ်တော့မည်။ လူသားအသွင်ပြောင်းဖို့ပင် ပုံရိပ်ယောင်စွမ်းအင်ကို အားထားရသည်။ သို့သော် သူ့မြေးမက လူသားအစစ်အသွင်မျိုး ပြောင်းနိုင်သည်။ ပုံရိပ်ယောင်သက်သက်မဟုတ်။ တကယ့်အသွင်ပြောင်းစွမ်းအားစစ်ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ် သားသမီးများမွေးဖွားနိုင်သည်။ စွမ်းအင်ထိန်းချုပ်နိုင်စွမ်း သိပ်မတည်ငြိမ်သေးသော်လည်း အချိန်ကြာလာသည်နှင့် ကျွမ်းကျင်လာမည်။

(**စုတ်တွေလာယ်တွေ စန်းတွေပန်းတွေ အကုန်ပွင့်နေပါလားကွာ...)

ထိုမျှပါရမီထူးသည့် မြေးမလေးရှိနေ၍လည်း စုမိသားစုတွင် မြေခွေးအို သူ့နေရာသူ ထိန်းထားနိုင်ခြင်းဖြစ်သည်။ သခင်လေးတစ်‌ယောက်လက်အောက်မှာပင် တာဝန်ထမ်းဆောင်ခွင့်ရနေသည်။

“ကောင်းတာပေါ့”

ဖုန်ချင်အန်း ချက်ချင်းသဘောတူလိုက်သည်။

တော်ဝင်စာမေးပွဲက နှစ်ဝက်လောက် အချိန်လိုသေးသည်။ ဖုန်ထန်မြို့တော်သို့ အလျင်စလို သွားစရာမလိုသေး။ တောင်တန်းပေါ်တွင် ထိုမျှစိတ်ဝင်စားစရာပွဲတော်မျိုး ကြုံနေသည်။ သူလက်လွတ်မခံနိုင်။

“တာအိုအရှင် ကျုပ်နောက်ကနေ လိုက်ခဲ့ပေးပါ”

မြေခွေးအိုပျော်ရွှင်သွားသည်။ ပွယောင်းနီရဲသည့် သူ့အမြီးက နောက်ဘက်သို့ မကြာခဏ ထွက်ကျနေသည်။ သို့သော် ချက်ချင်း ပြန်ရစ်ခွေသည်။

“ရှေ့က လမ်းပြပါ”

ဖုန်ချင်အန်း ညွှန်ကြားလိုက်သည်။ အမွေအနှစ်အဆင့်အတန်းမြင့်မားသည့် မြေခွေးမျိုးနွယ်ဆီ ဦးတည်သွားနေသော်လည်း သူသိပ်တော့မျှော်လင်မထား။ ထိုမြေခွေးတို့၏စွမ်းအားကို သူ့မျက်လုံးတွင် သေချာမြင်နေရသည်။ ထူးထူးခြားခြား စွမ်းအားကြီးသည့်မျိုးနွယ် မဖြစ်နိုင်။

တောင်တန်းလျိုမြောင်များကိုဖြတ်၍ မြေခွေးအိုနောက်မှ သူလိုက်သွားသည်။ ကျယ်ပြန့်ကြီးမားသည့် အိမ်တော်တစ်ခု ရေပတ်လည်ဝိုင်းနေသည့် တောင်တန်းအလယ်တွင် ပေါ်လာသည်။ တောင်တန်းပေါ်တွင် နေထိုင်သည့် မြေခွေးမျိုးနွယ်ကို လျှော့တွက်ခဲ့မိကြောင်း ဖုန်ချင်အန်း နားလည်လိုက်သည်။

လူသားများကဲ့သို့ လက်ထပ်ထိန်းမြားသည့်ဓလေ့ကို တုပကျင့်သုံးသည့် ဤမြေခွေးဝိညာဉ်တို့သည် သူတို့နေထိုင်ရာအိမ်တော်ကို ပုံရိပ်ယောင်ဖြင့် တည်ဆောက်ထားခြင်းမဟုတ်။

အိမ်တော်၊ ခြံဝင်းနှင့် လေသာဆောင်များ၏ ခမ်းနားထည်ဝါမှု၊ အုတ်ချပ်အုတ်ကြွပ်အစစ်ဖြင့် တည်ဆောင်ထားသည့်အဖြစ်က ထိုမြေခွေးများ မည်မျှအားအင်စိုက်ထုတ်ထားသည်ကို သိသာစေသည်။

“တာအိုအရှင်၊ ကျုပ်တို့စုမိသားစုအိမ်တော်ကို ဘယ်လိုမြင်ပါသလဲ။ အုတ်ချပ်အုတ်ကြွပ်တိုင်းကို ကျုပ်တို့ဘိုးဘေးစဉ်ဆက် ဒီနေရာကို သယ်ယူတည်ဆောက်ခဲ့ကြတာပါ။ တောင်တန်းအပြင်ကနေ အပင်ပန်းခံပြီး သယ်ယူခဲ့တာဖြစ်ပါတယ်”

တောင်ခြေတွင်ရပ်လျက် မနီးမဝေးမှ ခမ်းနားသည့်အိမ်တော်ကိုကြည့်၍ မြေခွေးအိုက ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ဆိုသည်။ တောအုပ်ထဲမှ သာမန်မြေခွေးများသည် လူသားတို့ကိုလှည့်စားရန် ပုံရိပ်ယောင်နေရာထိုင်ခင်းများကိုသာ ဖန်တီးကြသည်။ စုမိသားစုအိမ်တော်က အစစ်အမှန်ဖြစ်သည်။ အိမ်ထဲတွင်နေထိုင်သည့် မြေခွေးများသာ နည်းနည်းအတုအယောင်ဆန်သည်။

“တကယ်အပင်ပန်းခံပြီးတည်ဆောက်ထားတာပဲ”

ဖုန်ချင်အန်း ချီးကျူးမိသည်။ ထိုမြေခွေးများသည် သက်တောင်သက်သာနေလို့သည်ဆန္ဒ တကယ်ကြီးမားသည်။

“တာအိုအရှင်၊ ဟိုမှာကြည့်ပါ။ ခေါင်းဆောင်ကြီးက လာကြိုဆိုနေပါပြီ”

ရုတ်တရက် မြေခွေးအို တအံ့တဩပြောလိုက်သည်။

ဖုန်ချင်အန်းလည်း မြင်ပြီးဖြစ်သည်။ ချောမောခံ့ညားသည့် ယောက်ျားမိန်းမတစ်စု အိမ်တော်ဆီမှ လာနေသည်။ မျက်နှာအမူအရာက သတိအပြည့်ရှီသည်။ နည်းနည်းရန်လိုသည့်အရိပ်မျိုးပါသည်။ ထွက်ပြေးသွားသည့်မြေခွေးများက ဘာပြောထားသည်မသိ။

ဆယ်ယောက်ခန့်ပါသည့် ထိုလူစုကို ဖုန်ချင်အန်း ဂရုမစိုက်။ လူသားများလို လှပသည့်အသွင်သဏ္ဌာန်ဖြင့် လျှောက်လှမ်းလာသည့် ထိုမြေခွေးများ၏ပုံစံက သူ့မျက်လုံးထဲတွင် ရယ်စရာကောင်းနေသည်။ သို့သော် ထိုအဖွဲ့ထဲမှတစ်ယောက်ကို ဖုန်ချင်အန်း မျက်စိကျမိသည်။

ကိုယ်လုံးကိုယ်ပေါက်၊ မျက်နှာသွင်ပြင်၊ အသားအရေ ကြည်လင်ရှင်းသန်သည့် မိန်းမတစ်ယောက်။ ချောမွေ့သည့် နဖူးပြင်အောက်တွင် ကြည်လင်သည့်ပုလဲကုံးတစ်ခုရှိသည်။ ဝတ်ဆင်ထားသည့် အဖြူရောင်ဝတ်စုံက နှင်းပန်းတစ်ခုနှင့်တူသည်။ ပုခုံးထက်တွင် ရွှေကွင်းများတပ်ထားသည့် ပုဝါဖြူတစ်ထည် တင်ထားသည်။ ဣန္ဒြေရသည်။ ကြော့ရှင်းသည်။ အဆင့်နိမ့်ထဲကမဟုတ်မှန်း မြင်ရုံနှင့်သိသာသည်။

တော်ဝင်မြေခွေးဝိညာဉ်။

ပျင်းပျင်းရိရိဖြင့် ဖုန်ချင်အန်းကို သယ်လာသည့် တောင်နက်ပင် အမွှေးနက်များအောက်မှ ကြွက်သားများ တောင့်တင်းလာသည်။ သတိအနေအထားသို့ ရောက်သွားခြင်းဖြစ်သည်။

“ခေါင်းဆောင်”

မြေခွေးကို ရှေ့သို့အမြန်တိုးသွားသည်။ မိန်းကလေး၏မျက်လုံးကို တစ်ချက်ကြည့်ပြီးနောက် မလိုအပ်ဘဲနားလည်မှုလွဲမသွားစေရန် အဖြစ်အပျက်များကို အစီရင်ခံသည်။

“ကျွန်မက စုမိသားစုရဲ့ခေါင်းဆောင် စုလီပါ။ လူသားမျိုးနွယ်က အထူးဧည့်သည်တော် ရောက်လာမယ်မှန်းမသိလို့ ထွက်မကြိုမိတာ ခွင့်လွှတ်ပေးပါ”

နောက်ဘက်တွင် အမြီးခြောက်ခုထွက်နေသည့် မိန်းမလှက သိပ်သည်းသည့်နတ်ဆိုးချီများကို ထုတ်လွှတ်ရင်း ဖုန်ချင်အန်းကို ညှို့ဓာတ်အပြည့်ပါသည့် မျက်လုံးများဖြင့်ကြည့်၍ ပြောသည်။ ကြည်လင်သည့်အသံက နူးညံ့သည်၊ ညှို့ငင်အားပါသည်။ စွဲမက်ဖွယ်ကောင်းသည်။

သူ့အသံကြားပြီးနောက် ဖုန်ချင်အန်း ပင့်သက်ရှည်တစ်ချက် ရှိုက်လိုက်သည်။

သူ့ရှေ့မှ စွဲညှို့ရှင်သည် စာပေပညာရှင်များစွာ တောင့်တကြသည့် မြေခွေးဝိညာဉ်မျိုးပင် ဖြစ်သည်။ မြေခွေးအသွင် လုံးဝပျောက်နေသည်။ လူသားအစစ်လို ဖြစ်နေသည်။ လူသားများကို ပုံရိပ်ယောင်ဖြင့် လှည့်စားကြသည့် တစ်ခြားမြေခွေးဝိညာဉ်တို့နှင့် အဆင့်အတန်းချင်း များစွာကွာခြားသည်။

သို့သော် ထိုအဆင့်မြင့်မြေခွေးဝိညာဉ်က လူသားများထံမှ မည်သည့်အကူအညီမျိုး ပြန်တောင်းမည်နည်း။ သာမန်သေမျိုးသားသမီးများ မွေးဖွားဖို့ဖြစ်မည်လား။

မြေခွေးမျိုးနွယ်တို့သည် ရုပ်ခန္ဓာစွမ်းအား မမြင့်မားသော်လည်း စွမ်းအားကြီးသည်။ သေမျိုးများ သွားထိနိုင်သည်မဟုတ်။ အကဲသွားစမ်

All Chapters