နတ်ဘုရားမဆင်းလာခြင်း
Vol. 14 Ch. 205
“ဝင်ခဲ့ပါ ခေါင်းဆောင်စု”
အတွင်းဘက်မှ နူးညံ့သည့် စကားသံပေါ်လာသည်။ ခေါင်းဆောင်စုက တံခါးကိုတွန်းဖွင့်၍ ဝင်သွားသည်။ ဝိညာဉ်အာရုံသုံး၍ အတွင်းဘက်သို့ မစူးစမ်းမိအောင် စိတ်ထိန်းထားသည်။ သူမဆင်မခြင်လုပ်လိုက်သည့် အပြုအမူလေးကြောင့် နှစ်ရှစ်ရာနီးပါး တည်တံ့ခဲ့သည့် သူ့မျိုးနွယ် ပျက်စီးပျောက်ကွယ်သွားမည့်အဖြစ်မျိုး သူမလိုလားပေ။
“ဖုန်သခင်လေး၊ ကျွန်မ စီမံတာညံ့ဖျင်းလို့ သခင်လေးအနားယူတာကို အနှောက်အယှက်ပေးမိပါတယ်။ ကျွန်မ တကယ်တောင်းပန်ပါတယ်”
ဝင်လာလာချင်း ကြောက်လန့်နေသည့် မြေခွေးမသုံးကောင်၏အဖြစ်ကို စုလီမြင်ရသည်။ အိမ်ထောင့်တစ်နေရာတွင် ကုပ်၍ တုန်ရင်နေကြသည်။ အဖြစ်အပျက်ကို စုလီချက်ချင်းခန့်မှန်းမိသဖြင့် ဖုန်ချင်အန်းကို သူချက်ချင်းတောင်းပန်သည်။
“ရပါတယ်။ ဒါပေမယ့် ဒီသုံးယောက်က အတော်ကြောက်သွားတယ်ထင်တယ်။ သူတို့ကို အရင်ကြည့်လိုက်ပါ ခေါင်းဆောင်စု”
အလျင်စလိုရောက်လာသည့် ခေါင်းဆောင်စုအသွင်ကို ဖုန်ချင်အန်း အကဲခတ်နေသည်။ သူ့ကိုယ်ထဲမှထွက်လာသည့် ယန်တံဆိပ် ရေခဲပြာဖီးနစ်ကြောင့် သိပ်အားမနည်းသည့် မြေခွေးသုံးကောင် မူလအသွင်သို့ ပြန်ပြောင်းနေပြီဖြစ်သည်။ သူ့ကို ပွေ့ဖက်ခဲ့သည့်မြေခွေးက ပို၍အခြေအနေဆိုးသည်။ နတ်ဆိုးချီအတော်များများ ပျက်စီးသွားသည်။ သေလုမျောပါးဖြစ်နေသည်။
“သူတို့အတင့်ရဲလွန်းလို့ ဒီလိုအဖြစ်မျိုးကြုံတာပါ။ သူတို့နဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံရတာပါ။ စိတ်ထဲမထားပါနဲ့ သခင်လေး”
စုလီက အခန်းထောင့်မှ အရူးသုံးယောက်ကို လှည့်ပင်မကြည့်။ ဝိညာည်သစ်သီး စိတ်အေးလက်အေးစား်နေသည့် ဖုန်ချင်အန်းကိုသာ ကြည့်နေသည်။ ဖုန်ချင်အန်းသဘောထားကို သူသိမှဖြစ်မည်။ ခုနကအဖြစ်ကို ထိုလူငယ် မကျေနပ်လျှင် သူ့မျိုးနွယ်တစ်ခုလုံး နေရာပြောင်းရွှေ့ဖို့ ပြင်ဆင်ဖို့ လိုကောင်းလိုမည်။
“ဒီလောက်လှပတဲ့ အဖြစ်အပျက်လေးကို ကျုပ်ဘာလို့ စိတ်ထဲထားရမှာလဲ။ အခုလောလောဆယ် သင့်တော်တဲ့အချိန် မဟုတ်သေးလို့ပါ။ ခေါင်းဆောင်၊ သူတို့သုံးယောက်ဒဏ်ရာတွေကုဖို့ ခေါ်သွားလိုက်ပါ။ အချိန်ဖြုန်းမနေပါနဲ့။ ခေါင်းဆောင်စုစီစဉ်ထားတဲ့ ဧည့်ဝတ်ကျေပွန်မှုကို ကျုပ်ကျေနပ်ပါတယ်”
ဖုန်ချင်အန်း ရယ်ရယ်မောမော ပြောလိုက်သည်။ မြေခွေးမသုံးယောက် မကောင်းသည့်ရည်ရွယ်ချက် ရှိမရှိကို သူသိပါသည်။ သူ့အတွက် အိပ်ယာနွေးထွေးစေရန် ဖန်တီးပေးကြခြင်းသာဖြစ်ပြီး တစ်ခြားရည်ရွယ်ချက် ရှိဟန်မတူ။ ရှိခဲ့လျှင် အခန်းထောင့်တွင် တုန်ရင်သည့်အနေအထားမျိုး မြင်ရတော့မည်မဟုတ်။
“သခင်လေးကျေနပ်တယ်ဆို ဝမ်းသာလှပါပြီ”
စုလီ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူများအိပ်ယာကို နွေးထွေးစေရန် ဖန်တီးပေးခြင်းသည့် မျိုးနွယ်ခေါင်းဆောင်တစ်ယောက် စီစဉ်ပေးသင့်သည့်အလုပ်မျိုးမဟုတ်။ အောက်တန်းကျလွန်းရာရောက်သည်။ သို့သော် ထိုကိစ္စကို သူရိပ်မိသည်။ မသိချင်ယောင်ဆောင်ခဲ့ခြင်းသာဖြစ်သည်။
ထိုလူငယ်ကို သူစမ်းသပ်ချင်သည်။ စွမ်းအားအတိမ်အနက်ကို သိလိုသည်။ မျိုးနွယ်ထဲတွင် မြေးမများကို ထိုးထည့်ပေးချင်သည့် အရူးမြေခွေးအိုတစ်ချို့ ရှိနေသည်။
ထို့ကြောင့် သူမသိချင်ယောင်ဆောင်၍ အခြေအနေကို စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုလိုဖြစ်လာမည်ဟု ထင်မထား။ လူငယ်က ယန်တံဆိပ်ပိုင်ရှင်ဖြစ်နေသည်။ ထိုလူငယ်စွမ်းအားကို သူနည်းနည်းနားလည်လိုက်သည်။ လုံလောက်ပါသည်။ နောက်ထပ်လည်း မစူးစမ်းချင်တော့။ စူးစမ်းခွင့်လည်းမရှိပါ။
“ဒါဆိုရင် ဒီအသုံးမကျတဲ့သုံးယောက်ကို ကျွန်မခေါ်သွားပါတော့မယ်။ သူတို့ဒဏ်ရာတွေကုပြီးရင် သခင်လေးကို ကိုယ်တိုင်လာတောင်းပန်ခိုင်းပါ့မယ်”
“တောင်းပန်ဖို့မလိုပါဘူး။ သူတို့ဘာအမှားမှမလုပ်ခဲ့ပါဘူး။ ဒဏ်ရာကုပြီး အနားယူခိုင်းလိုက်ပါ”
မျက်စိအစာကျွေးရုံလောက်သာ ကြုံခဲ့ရသော်လည်း ဖုန်ချင်အန်း ကျေနပ်နေပြီဖြစ်သည်။ သူတို့ဖြစ်တည်မှုကို သူကြုံတွေ့ခဲ့ပြီးဖြစ်သည်။ အပြစ်တင်ဖို့ အပြစ်ပေးဖို့ မလိုအပ်။
“သခင်လေးက တကယ်ကြင်နာတတ်တဲ့လူပါပဲ”
ဖုန်ချင်အန်းသဘောထားကြောင့် စုလီ စိတ်သက်သာရာရသွားသည်။ ထိုကိစ္စကို ပြန်စဉ်းစားနေစရာ မလိုတော့။ ထိုလူငယ်သည် လူပျိုပေါက်အရွယ်သာဖြစ်သည်။ အဘယ်ကြောင် ရင်ခွင်ထဲဝင်လာသည့် မိန်းမတစ်ယောက်၏အာရုံကို တွန်းလှန်နိုင်သည်မသိ။ လျှို့ဝှက်တံဆိပ်ကြောင့်သာ ထိုသို့ဖြစ်ရခြင်းဖြစ်သည်။ မဟုတ်လျှင် အချင်းချင်း ကိုယ်လက်နှီးနှောပြီးဖြစ်ပေလိမ့်မည်။
“ဒါနဲ့စကားမစပ်...ကျုပ်မေးစရာတစ်ခုရှိတယ် ခေါင်းဆောင်စု”
မြေခွေးသုံးယောက်နှင့်အတူ ထွက်သွားရန်ပြင်နေသည့်စုလီကို ဖုန်ချင်အန်း ရုတ်တရက် လှမ်းတားသည်။
“မေးပါ သခင်လေး”
စုလီ ပြန်လှည့်ကြည့်သည်။ သူ့သာမန်လှုပ်ရှားပုံကပင် မြင်သူတိုင်း သွေးသားဆူပွက်လောက်အောင် ဆွဲဆောင်မှုရှိနေသည်။
“ဒီသုံးယောက်က ခင်ဗျားတို့မျိုးနွယ်မှာ ဘယ်လိုအဆင့်အတန်းမျိုးလဲ”
ဖုန်ချင်အန်း စိတ်ဝင်စားသည်။ မြေခွေးသုံးယောက်က မိန်းမပျိုအသွင်ပြောင်းခဲ့သည်။ အသွင်တစ်ခုသာ မြင်ရသည်။ ရုပ်ခန္ဓာအစစ်ဖြစ်သည်။ ထိုစွမ်းအားမျိုးရှိသူတို့သည် မျိုးနွယ်ထဲတွင် အဆင့်မနိမ့်နိုင်။
“သုံးယောက်လုံးက စုမျိုးနွယ်ရဲ့ အကြီးအကဲတွေပါ”
“အကြီးအကဲ...”
ဖုန်ချင်အန်း ခဏမှင်သက်မိသွားသည်။ ထို့နောက် ထပ်မေးသည်။
“သူတို့အခု အသက်ဘယ်လောက်ရှိပြီလဲ”
“အငယ်ဆုံးက သတ္တမအကြီးအကဲပါ။ သက်တမ်း ၁၈၀ ရှိပါပြီ”
ဒဏ်ရာအပြင်းဆုံးရပြီး သတိမေ့နေသည့် မြေခွေးကို စုလီလက်ညှိုးထိုးပြသည်။
“၁၈၀...”
ဖုန်ချင်အန်း ချက်ချင်း အသံတိတ်သွားသည်။ နှစ်တစ်ရာရှစ်ဆယ်သည် သေမျိုးများအတွက် အတော်များသည်။ သို့သော် တောင်တန်းမြေခွေးများတွက် သက်တမ်းအစိတ်အပိုင်းလေးမျှသာဖြစ်သည်။
“ဒီတစ်ယောက်က တတိယအကြီးအကဲပါ။ အသက်အကြီးဆုံးပါ။ သက်တမ်း ၃၅၀ ပြည့်ခါနီး....”
“ရပါပြီ ခေါင်းဆောင်စု။ သူတို့ကို ကုသဖို့ ခေါ်သွားပါတော့”
မြေခွေးများသက်တမ်းကို သူဆက်မမေးချင်တော့။ ငယ်ရွယ်သည်ထင်ရသည့် ဤမြေခွေးများပင် အတော်သက်တမ်းရင့်နေသည်။
ကျားဇီ (နှစ်သုံးဆယ်)ဖြင့် တွက်ချက်သည်က ထိုမြေခွေးများအတွက် ထူးဆန်းသလို ဖြစ်နေသည်။ သို့သော် အလွန်တရာရှည်လျားသည့် သူတို့သက်တမ်းကြောင့် အတွေ့အကြုံလည်း အတော်များကြမည်ဖြစ်သည်။
အတွေ့အကြုံရင့်နေသည့် မြေခွေးများကို ဖုန်ချင်အန်း လက်ခံရန် ခက်ခဲနေသည်။ ထပ်မစူးစမ်းလိုတော့။
နန်းကောနှင့်တုန်ဟွန်းတို့ ဖြတ်သန်းခဲ့ရသည့် နှစ်ကာလသည် အတော်ရှည်လျားသည်။ ထောင်စုနှစ်ဖြင့် တွက်ချက်ရန်ပင် မဖြစ်နိုင်။ သို့သော် ထိုသက်တမ်းအများစုတွင် သူတို့ အိပ်မောကျနေသည်။ ကျင့်ကြံမှုစတင်သည့်အချိန်ကိုတွက်လျှင်ပင် ထိုမြေခွေးများလောက် သက်တမ်းရှိမည်မဟုတ်။
“ကျွန်မသွားပါတော့မယ်။ ခဏနေရင် သခင်လေးကို ပြုစုဖို့ ရှောင်ဝမ်ကို လွှတ်လိုက်ပါ့မယ်”
“သူနားပါစေဦး။ တစ်နေကုန် ကျုပ်နဲ့အဖော်ပြုပေးခဲ့တာပဲ။ အတော်ပင်ပန်းနေလောက်ပြီ”
မြေခွေးမျိုးနွယ်အိမ်တော်ထဲမှ ဆူညံသံများ တဖြေးဖြေးငြိမ်ကျသွားသည်။ သခင်းက တောင်တန်းပေါင်းထောင်ချီ၍ ချက်ချင်းပျံ့နှံ့သွားသည်။ ဖိတ်စာရသော်လည်း အစက မလာဘဲနေကြသည့် နတ်ဆိုးများ စိတ်ဝင်စားလာပြီး မြေခွေးမျိုးနွယ်အိမ်တော်သို့ ချက်ချင်းခရီးထွက်လာကြသည်။ နောက်တစ်ရက်တွင် အိမ်တော်ဝင်းထဲသို့ ဖုန်ချင်အန်း လမ်းလျှောက်ပြန်သည်။ ထင်မှတ်မထားသည့် ရိုသေလေးစားမှုမျိုး သူရလာသည်။ သတင်းကြားထားသည့်လူများက သူ့ကို အံ့ဩရိပ်အပြည့်ဖြင့် ကြည့်နေကြသည်။
သွားလေရာတွင် အာရုံစိုက်ခံရသည်။ ကောင်တီစာမေးပွဲဖြေစဉ်က အဖြစ်မျိုး ကြုံရသည်။ အစပိုင်းတွင် သဘောကျသလိုရှိသည်။ နောက်ပိင်းတွင် လမ်းလျှောက်ရသည်ကို ငြီးငွေ့လာသည်။
အိမ်တော်ထဲတွင် သူတစ်ချိန်လုံးနေသည်။ သို့သော် လာလည်သူများ မရှိသည်မဟုတ်။ သို့သော် သူ့နောက်ခံအဆင့်အတန်းကို ခန့်မှန်းမိကြသဖြင့် လာလည်ပတ်သူအားလုံးက အထင်ကရနတ်ဆိုးသားရဲများသာဖြစ်သည်။
နှစ်ရက်အတွင်း အဓိကနတ်ဆိုးမျိုးနွယ်ဝင်အတော်များများကို လက်ခံတွေ့ဆုံရသည်။ တစ်ယောက်က ဆောင်းဦးအော်သံလှိုဏ်ဂူမှ မျိုးနွယ်ခေါင်းဆောင်ဖြစ်သည်။ စုမိသားစုနှင့် လက်ဆက်ကြသည့် တစ်ခြားမြေခွေးမျိုးနွယ်စုဖြစ်သည်။ တကယ်တော့ ထိုခေါင်းဆောင် ဤနေရာသို့လာလည်ဖို့ တွေးမထား။ ဖုန်ချင်အန်းသတင်းကြား၍သာ ထုံးဓလေ့ကျင့်ဝတ်ကို ဘေးဖယ်၍ လာလည်ခြင်းဖြစ်သည်။
အထင်ကရနတ်ဆိုးများ လာလည်သော်လည်း ဖုန်ချင်အန်း စိတ်လှုပ်ရှားမှုမရှိ။ တော်ဝင်နတ်ဆိုးမျိုးနွယ်မျှသာဖြစ်သည်။ ထိုနတ်ဆိုးမျိုး သူကိုယ်တိုင် အနိုင်ယူခဲ့ဖူးသည်။ ထိုထက်ပိုစွမ်းအားကြီးသည့် နတ်ဆိုးဘုရင်များကိုပင် သူမကြောက်။
တည်ငြိမ်အေးဆေးသည့် သူအမူအရာကြောင့် သူ့ကို နာမည်ကျော်ကျင့်ကြံသူမိသားစုဝင်ဖြစ်သည်ဟု ကောလဟာလက ပိုပျံ့နှံ့လာသည်။ ထို့ကြောင် စုမိသားစုသို့ လာကြသည့် နတ်ဆိုးများ အရေအတွက် များသထက်များလာသည်။ အများစုက ဖိတ်စာမရဘဲ လာကြခြင်းဖြစ်သည်။
စုမိသားစုတစ်ခုလုံး အံ့ဩနေကြသော်လည်း ကျေနပ်ပျော်ရွင်နေသည်။ အားလုံးကို တတ်နိုင်သမျှ နေရာထိုင်ခင်းပေးသည်။
အလွန်တရာထူးခြားသည့် လူတစ်ယောက် ရောက်လာချိန်တွင် ပုံမှန်စည်းကားနေသည့် ပတ်ဝန်းကျင်က ချက်ချင်းပွက်လောရိုက်သွားသည်။
ဝူလင်တောင်တန်းနတ်ဘုရားမ ရောက်လာခြင်းဖြစ်သည်။
ငယ်ရွယ်သည့်မိန်းကလေးတစ်ယောက်။ ကျားသစ်နီကို စီးလာသည်။ တောင်တန်းအတွင်းမှ သက်ရှိအားလုံး၏ စွမ်းအင်ရောင်များ ရောယှက်နေသည်။ စုမိသားစုခေါင်းဆောင်ကိုယ်တိုင်ထွက်၍ ကြိုဆိုနှုတ်ဆက်သည်။ ရှိနေသည့်နတ်ဆိုးအားလုံးလည်း ထွက်ကြိုကြသည်။ ငြိမ်ထိုင်နေသူ